minn_annawarJanuary 17, 20131min1726
Post ထဲမှာကော၊ comments တွေထဲမှာကော၊ ကျွန်တော့ နာမယ်ကို မင်းနန္နဝါလို့ သုံးနေကြပါတယ်။ တကယ်တော့   မင်းအန္နဝါပါ။ အရင်ဆုံးရွာထဲဝင်တုံးက အဲဒီလိုလုပ်လို့ရမှန်းမသိလို့ပါ။ ခွင့်လွတ်ကြပါ။ အခုတော့ မင်း(minn)ရယ်    အန္နဝါ (annawar)ရယ် ခွဲပြီး ပြန်ဖေါ်ပြပေးဖို့ ပြင်လိုက်ပါပြီ။၊ minn ကလဲ သူများလို min မဟုတ်တော့၊ လွဲနေတာ ကျွန်တော့အပြစ်ပါ။ အမည်ပေးကင်းပွန်တပ်ပွဲ လုပ်ပါ   ဆိုရင်လဲ လုပ်ပေးပါ့မယ်။ အားလုံးကို ကြိုတင်ကျေးဇူးတင်လိုက်ပါတယ်။  


minn_annawarJanuary 9, 20131min25918
မြန်မာပြည်မှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားအတော်များများ ကွန်ပြူတာသုံးနိုင်လို့   အသုံးပြုနေကြပါပြီ။ ဒါပေမဲ့ တရားဝင် software သုံးနေကြ၊ သုံးနိုင်ကြသူ ရာခိုင်နှုံးဘယ်လောက်များရှိနေပါပြီလဲ။ တနေ့ တနေ့   တွေ့တွေ့ နေရတဲ့ software အသစ်အသစ်လေးများကို သုံးချင်နေကြသူများလည်း ရှိကြမှာပါ။ ဒါပေမဲ့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လိုချင်တဲ့ software ကိုအလွယ်တကူ၊ တရားဝင်ဝယ်ယူလို့  ရနိုင်ပါပြီလား။ နိုင်ငံခြားငွေ account ရှိမှဖြစ်မယ်ဆိုရင်လဲ    ဘဏ်တွေ မှာ account လဲဖွင့်လို့  ရနေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ တရားဝင် software ဘယ်လိုဝယ်လို့  ရနိုင်ပါမလဲ၊ သိရင်ပြောကြပါ။ ဘဏ်များမှ တာဝန်ရှိသူများလည်း ဒီကိစ္စ စဉ်းစားပေးကြစေလိုပါတယ်။ Computer software များကို သိက္ခာရှိရှိ၊  စိတ်သန့်  သန့်    နဲ့    သုံးချင်လို့  ပါ။


minn_annawarDecember 24, 20121min18311
ပုံပါအတိုင်း သတင်းစာမှာတွေ့   လို့      ကလေးတွေအတွက် ဈေးသက်သာတာနဲ့  အားရဝမ်းသာ ဝယ်ပေးမယ်ဆိုပြီးရောက်သွားပါတယ်။ ပြထားတဲ့ စက်ဘီးတွေထဲက နဲနဲကောင်းတာတွေကို  “SOLD”လို့  ကပ်ထားပါတယ်။ ရောင်းမယ်ဆိုတဲ့စက်ဘီးနှစ်စီးကျတော့ တစ်စီးက တစ်သိန်း၊ နောက်တစ်စီးက ၉၀၀၀ဝ ဆိုပြီးပြောပါတယ်။ သတင်းစာထဲကြော်ညာထားတာနဲ့   ကတော့ တစ်ခြားစီပေါ့။ လူတွေမှာ သွားကြည့်ကြပြီး စရိပ်ကုန်တာ၊ မောတာဘဲ အဖတ်တင်တယ်။ “ကြော်” အောင် “ညာ”ထားတာ ကို နောက်လူတွေ မောမှာစိုးလို့  ၊ ဂီတာတွေတော့   ၃၀၀၀ဝ ကနေ ၅၀၀၀ဝ ဆိုပြီး စီပြထားပါသေးတယ်။ Organ Keyboard တွေလဲပြထားပါတယ်။ စိတ်ဝင်စားရင်တော့  သွားကြည့်ကြပေါ့။ ကြော်ညာခြင်း လုံးဝမဟုတ်ပါ။  မပြောရင် ထပ်မောနေကြ မှာ စိုးလို့  ပြောရတာပါ။


minn_annawarJuly 3, 20121min27019
သူရဇ္ဇမဂ္ဂဇင်းမှာ  ဆရာစောငုဝါ(ပျဉ်းမနား)ရဲ့   ဆီးချို၊သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်အပင် များလိုအပ်လို့   ဆရာရှိရာ ပျဉ်းမနားအထိ ခက်ခက်ခဲခဲ သွားရောက်ယူနေကြရသူတွေထဲမှာ ရန်ကုန်မြို့ နဲ့ အနီးအနားက လူများလည်းပါနေတာကို ဖတ်မိပြီး လွယ်ကူစေချင်တဲ့ အတွက်၎င်း၊ မိမိအိမ်မှာလည်း ပျားမြီးရွက်အပင် များ အောင်မြင်ဖြစ်ထွန်းနေတာဖြစ်လို့   ကုသိုလ်ယူလိုတာကြောင့် လာရောက်ယူဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်၊ လိပ်စာက- Captain Minn Aung, အမှတ်(၁)အသောကလမ်း၊ ပြည်ထောင်စုရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့   ုဖြစ်ပါတယ်။ (တောင်ဒဂုံ၊မြောက်ဒဂုံဘက်သွားတဲ့ ငမိုးရိပ်တံတားထိပ် ညာဘက်၊ လေးထောင့်ကန်လမ်းနဲ့  အပြိုင်၊ အသောကလမ်း၊  ချောင်းမရောက်ခင် ၃ခြံမြောက်)


minn_annawarApril 2, 20121min1132
ပသို့  ဆိုစေ (မောင်သာရ၏ စကာလုံးကိုသုံးခြင်း) ကြားဖြတ်ရွေကောက်ပွဲကြီး ၊ ခြိမ့်ခြိမ့်သဲကျင်းပပြီးစီးသွာပါပြီ။ ဖယောင်းသုတ်၊ စာရင်းဖျောက်၊ အတားအဆီးမျာစွာကြားမှ  NLD ကျော်ဖြတ်ခဲ့ခြေပြီ။ အောင်ပွဲခံ ခဲ့ ကြပါပြီ။ နန္ဒာသိမ်းဇံ၏  ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း ကဲ့သို့ NLD လဲ   ဖယောင်းလမ်းကိုဖြတ်ကျော်နိုင်ခြင်း အတွက် ဂုဏ်ပြုအပ်ပါသည်။ ၂၀၁၅ အတွက် အားသစ်လောင်း  ပြီး    စတင်ပြင်ဆင်ကြပါ စို့


minn_annawarMarch 8, 20121min1007
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့     post နဲ့  ပါတ်သက်ပြီး Activities လေးတွေသိချင်လို့   ဒီနေ့  မနက် ရွှှေဂုန်တိုင်က NLD ရုံးကိုဝင်မေးခဲ့ပါတယ်၊  NLD ရုံးမှာလည်း သူတို့ အလုပ်နဲ့သုတို့ ရှပ်နေကြပါတယ်။  Activities များနဲ့ ပတ်သက်ပြီးသိလာတာလေး မျှဝေပေးချင်ပါတယ်။ အခုလောလော ဆယ်ရှိနေတဲ့ Activities များကတော့ ၁။  HIV / AIDS ဝေဒနာရှင်များကူညီစောင့်ရှောက်ရေး၊ ၂။ ပညာဒါန ကူညီရေး၊ ၃။ နိုင်ငံရေး အကျင်းသားများကူညီစောင့်ရှောက်ရေး၊ ၄။ ကျန်းမာရေး စောင့်ရှောက်ရေး၊ ၅။ သွေးလှူဒါန်း (သွေးကူညီပေးရေး)လုပ်ငန်း၊ ၆။ အမျိုးသမီးလုပ်ငန်းအဖွဲ့  ၊(ငွေချေး) ၇။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး စသည်များဖြစ်ပါတယ်။ စကားလုံးအတိအကျတော့မဟုတ်ပါ။  နှုတ်နဲ့ပြောပြလိုက်တာကိုပြန်ရေးပြတာပါ။ တကယ်တော့ ဒါမျိုး အတွက်  ကြောညာစာရွက်လေးများရခဲ့ရင်ပိုကောင်းမှာပါ။ ကဲ […]


minn_annawarFebruary 16, 20121min913
အရီးလတ်ရဲ့ ဒါ့ပုံနဲ့  ပတ်သက်လို့   သတိရသွားတာလေးတစ်ခုပေါ်လာလို့ ပါ။ သမီးကြီးငယ်ငယ် က မြန်မာပြည်မှာ TV ပေါ်ကာစလေ၊ လူကြီးတွေ TVဖွင့်ရင် ကလေးတွေက ထိုင်ကြည့်ကြပေါ့၊ တစ်နေ့   မှာ  လူကြီးတစ်ယောက်က TV ဖွင့်နေတုံး အစဉ်မပြေဖြစ်နေတာနဲ့   သမီးကြီး က အော်ဖူးပါတယ်၊ “သဝေထိုးနှိပ်၊ သဝေထိုးနှိပ်’ တဲ့၊ သူနှိပ်စေချင်တာက Channel 6 လေ။  ဒါပေမဲ့ သူသိထားတာက “သဝေထိုး’ဖြစ်နေတာကိုး၊ နောက်တစ်ခါ သမီကြီးကမွေးတဲ့ မြေးမ သူတို့ ခေတ်ကျတော. မူကြိုမှာထဲက English လိုသင်ပြီး English လိုအပြောများတဲ့ခေတ်၊ သူ့  အဖွား ကပိုက်ဆံလာတောင်းတော့  သူ့  မှာရှိတဲ့ သူ့   အဖေပေးထားတဲ့ ၁၀ဝတန်ငွေစက္ကူ ကိုထုတ်ပေးတယ်၊ သူ့  အဖွားနောက်ချင်တာနဲ့    အဲဒါဘာလဲ […]


minn_annawarFebruary 15, 20121min1025
နိုင်ငံတကာမှာတော့ Fomular One ပေါ့၊ Yangon မှာတော့ ဘာမှတွက်ချက်၊ စမ်းသပ်ထားခြင်းမရှိလို့   Formular Zero လို့   ဘဲနာမယ်ပေးလိုက်ပါတယ်၊ တွေ့  တာ က ၁၄ရက် ဖေဖေါ်ဝါရီ ၂၀၁၂နေ့   ၊ အချိန်က ညနေ ၄း၃ဝနာရီ၊ နေရာက ရန်ကုန်မြို၊ ပြည်ထောင်စုရိပ်သာလမ်း နဲ့   ခရေပင်လမ်းဒေါင့်၊ ဒဂုံမြို့  နယ်။ ဘယ်လိုမှအမြန်မောင်းလို့  မရတဲ့နေရာ နဲ့  အချိန်၊  ဟိုအရင် သိုင်းဝတ္ထုထဲကလို မည်သို့  လုပ်လိုက်သည်မသိ- လို့  ပဲပြောရတော့မယ် ထင်ပါရဲ့   ။ ပက်လက်လန်အောင်မောင်းထားတာ၊ (ကားမှောက်တယ်လို့  ပြောရမလားတော့ မသိဘူး) ဟို post လေးကို ဆက်ရ ရင် တော့ တရုပ်ကားစီးမလား၊ ဂျပန်ကားစီးမလား ပြီးတော့ ?


minn_annawarFebruary 13, 20121min1013
“ကြက်ခြေခတ်” (X) ဆိုတာ အမှတ်အသား တစ်ခု အမှားပြု မိသူအတွက်။   ဆက်မှားခဲ့သော် အမှားပေါင်းမြောက်များစွာ အမြောက်လက္ခဏာ(X)ဖြစ်…   မစမ်း စစ်နိုင်ရင် အဆိုးအညစ် ဖြစ် ဘဝပါနစ် နိုင်တယ် သင်…အဖြစ်ခံနိုင်လား…   တစ်ချက်တွေးကြည့်ပါ.. မခက်၊ မဝေးပါဘူး အလှည့်ကလေးမှာ ဒေါင့်မှန်တော့…  ကျပါစေ။   “ကြက်ခြေခတ်” ပေမဲ့ လေးဆယ့်ငါးဒီဂရီ ဘယ်ဆီပဲလှည့်လှည့် အတည့်ဖြစ်သွားရင်…   အမှား(X) နေရာမှာ၊ အပေါင်း(+)ဖြစ်သွားမှာပါ…..   အပေါင်း (+) ဆိုတာ.. တိုးပွားခြင်း… စုစည်းခြင်း… ညီညွတ်ခြင်း ရဲ့ လက္ခဏာ၊   ကဲ-   သင်.. ဘာလုပ်မလဲ။