mi npJanuary 16, 20131min1228
သို့ နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်မှ ကျာင်း ဆင်း သူနာပြုနှင့် ဆေးဘက်ပညာသယ်များဖြစ်ကြပါသည်။ ကျွန်တော်တို့ သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သက်ဆိုင်ရာပညာရပ်တို့ အလိုက် ( ၄ ) နှစ်တာ ပညာသင်ကြားခဲ့ရပါသည်။ ထို့အတူ တပ်မတော်သား တစ် ဦးအဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက်လည်း တပ်မတော်သားတစ်ဦး တက်မြောက်အပ်သော စစ်ပညာရပ်များကို စာပေပညာ ရပ်များနှင့်အတူ ပူးတွဲ၍ လေ့ လာသင်ယူခဲ့ရပါသည်။ အခြေခံစစ်ပညာ ရပ်များမှ သည် ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ပညာရပ် များကို တပ်ခွဲအဆင့်ထိလေ့ကျင့် သင်ကြားခဲ့ ရပါသည်။ စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသောတပ်မတော်မှဖွင့်လှစ်ထား သည့် တက္ကသိုလ်များနည်းတူသင်ယူတက်မြောက် […]