Min SoeJune 20, 20121min632
စီမံကိန်းဆောင်ရွှက်ဖို့လည်း လိုအပ်သည်၊ အကောင်အထည်ဖော်ဖို့လည်း ထိုက်တန်သည်။ ထို့အပြင် Master Plan, Overall Plan များဖြင့်လည်း စဉ်းစားပြီးဖြစ်ပါက အဓိကအရေးကြီး ဆုံးတစ်ချက်ကတော့ ဘတ်ဂျက်ပဲ ဖြစ်သည်။ ဒီစီမံကိန်းတွေအတွက် မည်သည့်ဘတ်ဂျက်နှင့် သုံးပါမည်နည်း။ တိုင်းဒေသကြီးဘတ်ဂျက် (သို့) နိုင်ငံတော်ဘတ်ဂျက်ဖြင့် သုံးမည်ဆိုပါက ပြည်သူ့ငွေများဖြစ်၍ ပြည်သူလူထု၏ သဘောတူညီချက် ယူရမည်ဖြစ်သည်။ ပြည်သူ့ ဘဏ္ဍာငွေ မဟုတ်ဘဲ တစ်ဦးတစ်ယောက် (သို့မဟုတ်) အများ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကလည်း မည်သူ၏ ရင်းနှီးမြှုပ်နှံမှုများပါလဲ။ အဆိုပါရင်းနှီးမြှုပ်နှံမှုများကို နှစ်ကာလမည်မျှအတွှင်းပြန်ရဖို့ မျှော်မှန်း ထားပါသနည်း။ မည်သည့်နည်းလမ်းဖြင့် ပြန်ရဖို့စီမံထားပါသနည်း ဆိုသည့် အချက်အလက် များမှာလည်း ပွင့်လင်းမြင်သာမှု ရှိသင့်သည့် အကြောင်းအရာများဖြစ်သည်ဟု ယူဆမိသည်။ အသားလို၍ အရိုးတောင်းခြင်း၊ ဆန်ပေး၍ ဆီရခြင်း ဟူသည့် လမ်းဟောင်းများ ဆက်မသွားမိကြစေရန်လည်းမျှော်လင့်ပါသည်။ […]


Min SoeJune 20, 20121min806
(လွန်ခဲ့သည့် (၆)လခန့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ရေးသားထားပြီး ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်ထံသို့ (၅)လခန့်ခြားပြီး ပေးပို့ခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ အယ်ဒီတာများ မကြိုက်သဖြင့် အရွေးမခံရသော်လည်း ကိုယ့်ရင်သွေးသဖွယ်ဖြစ်နေသော ကိုယ့်ယုံကြည်ချက်များကို ဖော်ပြထားသော ဆောင်းပါးလေးမို့ မပစ်ရက်နိုင်ပါ။ ယခု အွန်လိုင်းမီဒီယာပေါ် တင်ခွင့်ရပြီဖြစ်လို့ တင်ပြလိုက်ရပါသည်။ ကောင်းကောင်းဆိုးဆိုး ရေးသူ၏  အားနည်းချက်သာဖြစ်ပြီး ဖွံ့ဖြိုးရေးအတွက် အတွေးတစ်စဖြစ်လိုဖြစ်ငြား စေတနာမှန်ကိုတော့ မှန်းဆနိုင်မည်ဟု ယုံကြည်ပါသည်။) အပိုင်း(၁) သူကပြောသည် “အခု လေးလနဲ့ အပြီးဆောက်မယ်ပြောတော့၊ ပြီးနိုင်ပါ့မလား လူတွေက ပြောကြတယ်။ ပြီးပြီပဲထားပါ၊ ဒီတံတားရဲ့ ခိုင်ခံ့မှုကို ဘယ်သူက တာဝန်ယူမှာလဲ။ တစ်ခုခုဖြစ်လို့ ထိခိုက်မှုတွေရှိလာရင်ဘယ်သူတာဝန်ယူပေးမှာလဲ။ ကျွန်တော်ကပဲ ဆန္ဒစောနေသလားတော့ မသိပါဘူးဗျာ။ ပြောရရင်တော့ အများကြီးပေါ့ဗျာ… ရန်ကင်းမြို့နယ်အတွင်းရှိ မိတ္တူကူးဆိုင် တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်ဟန်တူသော်လည်း […]