မင္း သာဂီApril 27, 20121min592
ကျွန်တော့်သားကိုကျွန်တော်က ဗုဒ္ဓဘာသာဝင်ကောင်း တစ်ဦးဖြစ်အောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲအောင်လုပ်လို့ မိဘတို့ဝတ္တရားရှိတဲ့အတိုင်း ပြောဆိုဆုံးမပါတယ်။ ကျွန်တော်သားက …..အဖေ ပုဆိုးက ခဏခဏ ပြင်ဝတ်ရတာ…ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုဆိုရင်…ခဏခဏပြင်နေရမယ့် သဘောလားတဲ့။ သင်္ကြန်တွေမှာဆိုရင်…အဖေတို့ မနက်သီလယူလိုက်. နေ့လည်ယူလိုက်….ညနေယူလိုက်…ဟိုအိမ်တက်သွားသီလယူလိုက်… ဒီဆွမ်းကျွေးယူလိုက်နဲ့ တနေ့ဆို အကြိမ်ပေါင်းမှ မနည်းတာတဲ့။ ဒါကြောင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို ခဏခဏပြင်ဝတ်နေကြတာလား အဖေလို့ပြန်ပြောပါတယ်။ ကျွန်တော်ဘယ်လိုပြန်ပြောရပါ့မလဲ။ သားကပြန် မေးသေးတယ်။ အဖေ အရှေကြီးတော့မဖြေနဲ့ဗျာတဲ့။ သီလဆိုတာ ဘုန်းကြီးတွေက ပေးမှရတာလားတဲ့။ ဘုန်းကြီးတွေက မပေးရင် သီလက မရဘူးလားတဲ့။ နောက် သီလဆိုတာ တောင်းမှ၊ ပေးမှ၊ ရတာလားတဲ့။ ဘုန်းကြီးတွေ မပေးရင် သီလက မရဘူးလားတဲ့။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ခဏခဏ ဘာကြောင့်သီလ ယူယူနေကြတာလဲတဲ့။ ကိုယ့်ဖာသာကို အဲဒီကျင့်ဝတ်တွေကို မကျူးလွန်ဘဲ […]


မင္း သာဂီApril 24, 20121min11612
ကျွန်တော်သားက အိမ်မှာရှိတဲ့ဘုရားစင်ပေါ်ကဘုရားရုပ်ပွားတော်ပေါ်မှာ ကပ်နေတဲ့ အိမ်မြောင်ကို သရေကွင်းနဲ့ပစ်နေပါတယ်။ ကျွန်တော်က မိဘဆိုတော့….ငါ့သား အဲလိုမလုပ်ရဘူး။ ဘုရားရုပ်တုကို မှန်သွားရင် ငရဲကြီးလိမ့်မယ်။ လို့ပြောဆိုပါတယ်။ အဲဒီတုန်းက ဘာမှပြန်မပြောပေမယ့်…လေးငါးရက်လောက်ရှိလာတဲ့ တစ်နေ့…. အဖေအဖေ…ဘုရားကြီးနားမှား ကျောက်ဆင်းတုဘုရားတွေကို တူနဲ့ထုပြီး ဆောက်တွေနဲ့ထွင်းနေတာ..နှာခေါင်းကိုချော်ထုမိရင် သူတို့ငရဲမကြီးဘူးလားလို့ လာမေးပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ အဲဒီဘုရားဆင်းတုတွေက အနေကဇာတွေမတင်ရသေးဘူး။ ဒါကြောင့်တန်ခိုးမရှိသေးဘူး။ အသက်မဝင် သေးဘူး။ အိမ်ကဘုရားက အနေကဇာတင်ပြီးပြီ။ အသက်ဝင်လို့ တန်ခိုးရှိနေပြီလို့ ပြောလိုက်ပါတယ်။ ကျွန်တော်က အဖေလေ။ဘယ်ရမလဲ။ အဲအဲဒီလိုပြောလိုက်တော့ သားကပြန်ပြောပါတယ်။ အဖေတဲ့…အိမ်ကဘုရားက အနေကဇာတင်ပြီးလို့ အသက်ဝင်ပြီးတန်ခိုးရှိနေပြီဆိုတော့.. အနေကဇာတင်တယ်ဆိုတာ..ဘုန်းကြီးတွေက ရွတ်ဖတ်ပေးရတာမဟုတ်လား။ အဲလိုဆိုရင် ဘုရားမှာ အသက်ဝင်ဖို့..တန်ခိုးရှိဖို့က ဘုန်းကြီးတွေပေးမှ ရမှာလားတဲ့။ ဘုန်းကြီးတွေမပေးရင် တန်ခိုးမရှိတော့ဘူးလားတဲ့။ ကိုကြီးကြောင်တို့ရေ..ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲ…ရယ်စရာမဟုတ်ပါဘူးနော်။ စဉ်းစားစရာပါ ကိုကြီးကြောင်တို့..အဖွဲ့သားနောင်ရင်းများတို့ရေ….ပြသနာ တစ်။


မင္း သာဂီApril 23, 20121min816
ကျွန်တော်ကို နွေးနွေးထွေးထွေးကြိုဆိုလိုက်ကြတာ ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်ဘဝမှာ အပျော်ဆုံးခံစားမှု တစ်ခုပါပဲ။ နေ့စဉ်ပြသနာရှာပါမယ်။ ခုထိတော့လဲ ကျွန်တော် မလုပ်တတ်သေးဘူး။ စမ်းသပ်နေတုန်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ပြီး အာကြတာကိုတော့ တကယ်ကို ဝမ်းသာတယ်။