သံတွဲမြို့ ခရိုင်ဆေးရုံကြီး မှ ခရိုင်ဆရာဝန်ကြီး နှင့် စာရေးကြီး ဦးတင်အောင် တို့သည် ခရီးသွားဗီစာ တစ်စောင် (တစ်ဦးလျှင်) ၂ဝဝဝဝ (နှစ်သောင်း) ကျပ်နှုံးဖြင့် စီးပါွးရေးသောင်းကြမ်းနေသည်မှာ  ၁၉၉၃ နှစ်မှစ၍ ယနေ့ထိတိုင်ပင်ဖြစ်ပါသည်၊ ခရိုင်ဆရာဝန်ကြီးအဆက်ဆက်ပြောင်းသော်လည်း ဈေးနှုံး မပြောင်းခဲ့ပါ၊ စာရေးကြီးဦးတင်အောင် ကမူ ၁၉၉၃ ခုနှစ်မှစ၍ အပြောင်း အလဲမရှိပဲ ယ္ခုထိ လာဘ် စား၍ ကြီးပွါး လျှက်ရှိနေပါသည်၊ အစ္စလာမ် ဘာသာကိုးကွယ်သူတို့မှာ  ကျန်းမာရေး မကောင်းပါ၍ ဟူသော ဆေးစာ ပြနိုင်မှ သာလျှင် လ.ဝ.က ရုံးမှ ဗီစာ ရရှိနိုင်သော ကြောင့် ဖြစ်ပါသည်၊ ဆေးစာ ဟုဆိုရာတွင်လည်း မည်သည့်မြို့  မည်သည့် နိုင်ငံ မှရေးပေးလိုက်သော ဆေးစာကိုမဆိုလိုပါ၊ ၎င်းဆေးစာများကိုလည်း သံတွဲမြို့ […]


အခင်းဖြစ်ပွားသောနေရာမှာ သံတွဲမြို့နယ်အတွင်းရှိ ဂျိတ္တောကျေးရွာ စည်ပင် သာယာပိုင် ဂျိတ္တောဈေးတွင်ဖြစ်ပါသည် ။ ယ္ခုနှစ် ၂၀၁၁-၂၀၁၂ ဈေးလေလံ ရရှိသူများမှာ ဒေါ်စိန်စိန် (သံတွဲ) နှင့် မ မိုးမြင့်မြင့်စိုး (ဂျိတ္တော) တို့ဖြစ်ကြပါသည် ၊ ၎င်း ၂ ယောက်မှာ မနှစ်ကထက် ၁၀% တိုးမြှင့် ဈေးလေလံရရှိထားသူများဖြစ်ပါသည်၊ ယ္ခင်နှစ်လေလံ တွင်ဈေး ခြင်းတောင်းကြီးတစ်လုံးလျှင် နေ့စဉ် ၃၀ဝ နှုန်း ကောက်ခံ ခဲ့ပါသဖြင့် ယ္ခုနှစ် လေလံကြေးတိုးနှစ်တွင် ၄၀ဝ နှုန်းထားဋ္ဌ ဖြစ်သင့်ပါသည်၊ သို့သော် ယ္ခုဈေးကောက် ဒေါ်စိန်စိန် နှင့် မ မိုးမြင့်မြင့် စိုး တို့မှ ဈေးခြင်းတောင်းကြီး တစ်လုံးကို ၅၀ဝ နှုန်းကောက်ခံသည့် အ ပြင် ဈေးကောက်သူ မှ […]


နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် ၏ လာဘ်စားသူများအားပြင်းထံစွာအရေးယူ မည် ဟု ကြေငြာချက်ထွက်ပေါ်လာပီးများမကြာမီ ၎င်း ခရိုင်လ.ဝ.က မှုးမှနေရပ်ပြန် မွတ်စ် များထံတွင် တစ်ဦးလျှင် ၅၀၀ဝိ/ (ငါးထောင်) ကျပ်နှုံးစီ ဖြင့် အတင်းတောင်းယူကောက်ခံလျှက်ရှိနေပါသည်ခင်ဗျား….။ သင်္ကြန်ပိတ်ရက် အနားမယူ ရုံးမပိတ်ဘဲ နံနက်ချိန်မှစ၍ နေဝင်သည်အထိ ရုံးရော နေအိမ်ပါမကျန် ပိတ်ရက်မရှိ ကြိုးကြိုးစားစား အလုပ်လုပ်လျှက်ရှိနေ ပါသည်ခင်ဗျား…။ ယ္ခုသော်ကြားသိရသည့် သတင်းအရ ကောက်ခံရရှိပါသောလာဘ်ငွေများမှာ ၁၀၀၀၀၀ဝိ/(ဆယ်သိန်း) မပြည့်ပါသေး၍ များစွာစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါသည်ခင်ဗျား…။