kyaw moe moeMay 13, 20121min1967
အိမ်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီ  အဖွဲ့ ရုံး ခန်း ဖွင့် လှစ်ပွဲကို မြို့နယ်တွင်း က လူများ အားတက်သရော ပါဝင် ကြသည်။တို့ပြင် ပုသိမ်ကန်ကြီးဒေါင့်၊ ကျောင်းကုန်မြို့ ၊မြောင်းမြ မြို့နယ်၊ ဝါးခယ်မ မြို့နယ် တွင်းရှိ အန်အယ်ဒီ ပါတီ ဝင်များ လည်း တက်ရောက်ကြသည်။ အဆိုပါ ပွဲသို့ အန်အယ်ဒီ ဋ္ဌာနချုပ် မှ နာယကကြီး ဦးတင်ဦး၊ ဦးလှဖေတို့ တက်ရောက် ဖွင့်လှစ်ပေးပါသည်။ အိမ်မဲမြို့နယ်  အန်အယ်ဒီ အဖွဲ့ တွင်  ဦးမောင်မောင်ကြီး မှ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အတွင်းရေးမှူးမှာ ဒေါ်ခင်ဆွေဦး ဖြစ်ပါသည်။ လူငယ်ရေးရာတာဝန်ခံမှာ ဦးခင်ဇော်လင်းဖြစ်ပါသည်။မြို့နေလူထုက သောင်းသောင်း ဖျဖျကြိုဆိုထောက်ခံ  အားပေးကြသည်ကို မြင်တွေ့ရပါသည်။