Moe TharMay 21, 20101min690
“ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး´´ စာကြောင်းလေးက တိုတိုလေးပါ။ စဉ်းစားစရာတွေကတော့ အနောက်မှာ အများကြီးပဲ၊ လူတွေကကော. . . . ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုတွေ အများကြီးပဲ၊ မြန်မာပြည်မှာတောင် တစ်ရာကျော်ရှိတယ်၊ သူတို့တွေမှာ အသားအရောင်ကွဲပြားတယ်၊ ဘာသာစကားမတူဘူး၊ ကိုးကွယ်ရာတစ်မျိုးစီ၊ အလေ့အကျင့်၊ ထုံးတမ်းစဉ်လာ စသဖြင့်ပေါ့ မတူတာတွေ အများကြီးပဲ၊ သူတို့တွေမှာ အချင်းချင်းကူညီမှု၊ စာနာထောက်ထားမှု၊ သည်းခံမှု၊ လေးစားမှု၊ ညှာတာမှုတွေ အရမ်းကိုနည်းတယ်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မပေါ်ခင်ကတဲက လူသားတွေဖြစ်မယ့် အသိဉာဏ်နိမ့်ပါးသေးတဲ့အဆင့် ကတဲကကို အချင်းချင်းသတ်ဖြတ်မှု တွေကရှိနေပြီလေ၊ အသိဉာဏ်မြင့်မားလာလေလေ လူသတ်လက်နက်တွေက အဆင့်မြင့်လာလေပဲ။ ဟိုး…ကျောက်လက်နက်ခေတ်ကနေ အခုနြူကလီးယားခေတ်အထိ ရောက်လာပြီ၊ လူ့သမိုင်းတစ်လျှောက် သမိုင်းတင်ထားတဲ့ စစ်ပွဲကြီးက (၂)ခုရှိတယ်။ သမိုင်းမတင်နိုင်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဘယ်လောက်များလိုက်မလဲ၊ […]


Moe TharMay 21, 20101min2161
blog တွေလိုက်ဖတ်ရင်းနဲ့ Meanings of Flowers ဆိုတာကို ကြိုက်လို့ copy ကူးထားလိုက်တာ… ဘယ်သူ့ဆီကလဲဆိုတာတော့ မမှတ်မိတော့ဘူး… ကူးထားတာတော့ ကြာပါပြီ… ပန်းတွေရဲ့ အဓိပ္ပါယ်က ရေးထားသလို ဟုတ် မဟုတ်ဆိုတာတော့ မပြောတတ်ဘူး… သူများရေးထားလို့ ပြန်ကူးလိုက်တာ… မှားခဲ့တာရှိရင် ကျွန်တော်နဲ့ မည်သို့မှ မသက်ဆိုင်ပါကြောင်း. . . . 🙂 Meanings Of Flowers ၁. ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ် ၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင် ၃. ခတ်တာပန်း =အားငယ်သူမို့ညှာတာပါ ၄. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ် ၅. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ် ၆. ဂန်နမာဖြူ = […]


Moe TharMay 21, 20101min1060
မှန်လိုက်တဲ့ စကားလေး… ဘဝမှာကိုယ်လုပ်ချင်တာကို ကိုယ့်ရဲ့စိတ်ကြိုက် လုပ်လို့ရတယ်… လုပ်ခဲ့တဲ့အတိုင်း လည်း အကျိုးပြန်ခံစားရမယ်… ကောင်းတာလုပ်ခဲ့ရင် ကောင်းမယ်… မကောင်းတာလုပ်ခဲ့ရင် မကောင်းတာကို ခံရမယ်… ဘယ်လိုမှ ငြင်းလို့မရဘူး… လက်မခံလို့မရဘူး… နောင်တ ဆိုတာလေးပဲ ရမယ်… အခုမျက်မှောက်ခေတ်မှာလည်း ဘဝကို ကစားစရာတစ်ခုလိုသဘောထားပြီး အပူအပင်မရှိ ပေါ့ပေါ့တန်တန် နေနေတဲ့သူတွေ အများကြီးပဲ… သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲတော့ မသိဘူး… ရှိပဲမရှိတာလား.. ထားပဲမထားတာလားဆိုတာတော့ သူတို့ပဲသိမှာပေါ့… `မရှိတာထက် မသိတာကခက်တယ်´တဲ့… မသိတာထက် ဆိုးတာကတော့ ဘာမှမလုပ်တာပါပဲ တဲ့… ဖတ်ဖူးထားတာတွေပေါ့… ကိုယ်ကိုတိုင်လည်း တစ်ခါတစ်လေ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ လေနေတဲ့အချိန်လေးတွေရှိခဲ့တာပေါ့… ဒါပေမယ့် သတိလေးထားပြီး စိတ်မလေအောင်ကြိုးစားရတာပေါ့… ငယ်ငယ်တုန်းကတော့ ကလေးအတွေးနဲ့ စိတ်ကူးယဉ်ခဲ့တာပေါ့… ငါကြီးလာရင် ဘာဖြစ်အောင်လုပ်မယ်… ပိုက်ဆံတွေကို ဘယ်လိုရအောင်ရှာလိုက်မယ်… လုပ်ငန်းတွေလဲ အများကြီးလုပ်နိုင်အောင်ကြိုးစားမယ်ပေါ့… […]


Moe TharMay 21, 20101min1001
အမှိုက်ထဲမှစိတ်ဓါတ်များ (((((အမှိုက်.. အမှိုက်..))))) (((((အမှိုက်.. အမှိုက်..))))) နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။ နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်.. “သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ […]