Moe ZMay 8, 20121min22925
“ဆုလာဘ်”ဟူသော ဝေါဟာရကို ကျွန်မတို့ မကြာခဏအသုံးပြုကြပါသည်။ ထိုစကားလုံးကို မြန်မာစာအဘိဓာန်၌ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတော့ ကျွန်မ မလေ့လာရသေးပါ။ ကျွန်မ၏အယူအဆမှာ ဆုနှင့်လာဘ်သည် အဓိပ္ပါယ်လုံးဝကွဲပြားခြားနားပါသည်။ “ဆု”ဟူသည် တစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “လာဘ်”ဟူသည် တစ်စုံတစ်ဦးအား မိမိ၏အလိုဆန္ဒအတိုင်းဖြစ်လာစေရန် တွန်းအားပေးခြင်းနှင့် စွဲဆောင်သိမ်းသွင်းခြင်းဖြစ်သည် ဟုဆိုချင်ပါသည်။ အကယ်၍မိမိမှ ကလေးတစ်ယောက်အား “အိမ်စာတွေပြီးအောင်လုပ်ရင် မင်းကြိုက်တဲ့သကြားလုံးဝယ်ကျွေးမယ်” ဟု ပြောလိုက်ခြင်းသည် ကလေးအားလာဘ်ထိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကလေး၏အိမ်စာပြီးအောင် ကြိုးစားအားထုတ်မှုမှာ သကြားလုံးတစ်ထုပ်အတွက်ဖြစ်သွားပါသည်။ ကလေးများနှင့် ဈေးဝယ်ထွက်သည့် အခါမျိုးတွင်လည်း ကုန်တိုက်တွင် ဟန့်တားမရနိုင်အောင် ပြေးလွှားဆော့ကစားနေခြင်းမျိုးရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေးများရပ်တန့်သွားအောင် “ငြိမ်ငြိမ်နေရင် မင်းတို့ကြိုက်တဲ့ချောကလက်တစ်တောင့်စီဝယ်ပေးမယ်” ဟူသောစကားမျိုး ပြောမိကြပါသည်။ ထိုနည်းလမ်းသည် တစ်ခဏတော့အသုံးကျပါလိမ့်မည်။ သို့သော် သိပ်မကြာခင်မှာပင် မိမိကိုယ်တိုင်၏အရေးပါအရာရောက်မှုနှင့် မိဘတစ်ယောက်၏အရှိန်အဝါမှေးမှိန်သွားသလို ခံစားမိပါလိမ့်မည်။ ကလေးများအနေဖြင့်လည်း မိဘများကိုအကြပ်ကိုင်နိုင်မည့် […]


Moe ZApril 29, 20121min30665
ကျွန်မရဲ့တစ်နေ့တာအချိန်ဇယားအတိုင်း နံနက် ၆ နာရီမှစတင်ကာ ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက် ရုံးတက်ရုံးဆင်းဖြင့် မိုးချုပ်ရသည့် နေ့ရက်များကိုအပြောင်းအလဲမရှိကျော်ဖြတ်ရင်း သံပတ်ပေးထားသည့် စက်ရုပ်တစ်ရုပ်လိုလှုပ်ရှားနေရပါသည်။ ကိုယ်တိုင်က နှစ်သက်မက်မောစွာ ရွေးချယ်ခဲ့သည့်ဘဝဟုဆိုသော်လည်း တစ်ခါတစ်ရံ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းများအကြား တာဝန်မကျေသလို ခံစားမိပါသည်။ ဘယ်တုန်းကမှ အိမ်အကူမထားခဲ့တဲ့ကျွန်မတို့အိမ်တွင် မနက်စာ၊ နေ့လည်စာ၊ ညစာအားလုံးကို မေမေကပဲတာဝန်ယူထားပါသည်။  အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးအားလုံးကတော့ ကျွန်မရဲ့တာဝန်ဖြစ်ပြီး၊ ခြံဝန်းအတွင်းသန့်ရှင်းရေးနှင့် အပင်များရေလောင်းခြင်းက ဖေဖေ့ရဲ့တာဝန်ဖြစ်ပါသည်။ အကိုတော်က အိမ်ထောင်ကျပြီး အိမ်ခွဲနေနေသောကြောင့် ဖေဖေရဲ့တာဝန်က ပိုများပါသည်။ ဒီတနင်္ဂနွေတစ်ရက်မှာတော့ ကျွန်မတို့မိသားစု မနက်စာကိုအပြင်ထွက်စားဖြစ်ပါသည်။ သွေးတိုးရှိတဲ့မေမေ့အတွက် ဆီ၊ အချိုမှုန့်မပါ အငံလျှော့ထားတဲ့ မြီးရှည်တစ်ပွဲမှာပေးပြီး စားစရာတွေစောင့်နေတုန်း ကျွန်မရဲ့မျက်လုံးက ခပ်လှမ်းလှမ်းက စားပွဲတစ်လုံးကိုရောက်သွားပါသည်။ ကျွန်မဖေဖေနဲ့ ရွယ်တူလောက်ရှိမယ့် ဦးလေးကြီးတစ်ယောက်က အသက် ၉ဝ […]


Moe ZFebruary 21, 20121min27834
မိဘများသည် မိမိတို့ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေရန်၊ ပညာရေးအဆင့်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ငယ်စဉ်ကပင် မူကြိုကျောင်းများသို့ပို့ကြပါသည်။ မိဘအများစုသည် မိမိတို့နေထိုင်ကြီးပြင်းခဲ့ရသော စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုများနှင့်၊ ညွှန်ကြားမှုအတိုင်းလုပ်ဆောင်ရသော ကျောင်းပတ်ဝန်းကျင်များကိုသာ  နှစ်ခြိုက်ကြပါသည်။ အဆော့သန်သောကလေးများက မိဘများကိုစိတ်ပျက်စေပါသည်။ အံ့ဩစရာကောင်းသောအချက်မှာ ကလေးစိတ်ပညာရှင်များ၏ ကစားခြင်းသည် အကျိုးမဲ့သက်သက်အချိန်ဖြုန်းခြင်းမဟုတ်ဟူသော အဆိုပင်ဖြစ်ပါသည်။ ပညာရှင်များ၏ သုတေသနပြုချက်များအရ ကစားခြင်းသည် ကလေးများအတွက် သင်ယူရာတွင် အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည်ဟုဆိုပါသည်။ကလေးများသည်ကစားနည်းများမှ သူတို့ကိုယ်တိုင်အကြောင်း၊ အခြားသူများနှင့် ပတ်ဝန်းကျင် ကမာ္ဘလောက အကြောင်းကို အခြေခံအကျဆုံးသင်ယူနိုင်ပါသည်။ ကစားခြင်းက ကလေးများ၏ဦးနှောက်ကို ပုံသွင်းတည်ဆောက်ပေး ပါသည်။ အာရုံကြောများ၏ ဆက်နွယ်ဖွဲ့စည်းမှုများကိုလည်း ပို၍သိပ်သည်းအားကောင်းစေပါသည်။ ဦးနှောက်ဆဲလ်များသည် လေ့လာသင်ယူနေသည်နှင့်အမျှ ပို၍သန်မာကြီးထွား ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ကစားခြင်းသည် ကလေးများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံမှကလေးတိုင်း ကစားကြပါသည်။ ကစားနည်းအမျိုးမျိုးရှိကြသလို ကလေးများအား လွတ်လပ်စွာကစားစေခြင်းက […]


Moe ZFebruary 19, 20121min49320
“ …….” ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလေး ပန်းရောင်ဂါဝန်လေးနဲ့ သိပ်လှပါတယ်။ တကယ်ပါ အဲဒီသူငယ်ချင်းက မင်းသမီးရှူံးလောက်အောင်ကိုလှပါတယ်။ နဂိုကလှပြီးသားအပေါ်မှာ လိုက်ဖက်လွန်းတဲ့အပြင်အဆင်ထပ်ပေါင်းပြီး သိပ်လှနေတဲ့သူငယ်ချင်း ကျွန်မကိုဘာမှမပြောပဲ အကြာကြီးရပ်ကြည့်နေတယ်။ ………………………………………………………………………………………………………………………………………. Feels like I’m walking in the rain… I find myself trying to wash away the pain…… ဖုန်းမြည်သံနဲ့အတူ လန့်နိုးပြီး နာရီကြည့်လိုက်တော့ နံနက် ၂ နာရီနဲ့ ၁ဝမိနစ်ကိုပြနေသည်။ ကျွန်မ မအိပ်ခင် ဖုန်းပိတ်ဖို့မေ့ခဲ့သည်ပဲ။ ကြည့်လိုက်တော့ မသိတဲ့နံပါတ်မို့ မကိုင်တော့ပဲပိတ်ပစ်လိုက်ပါသည်။ ကျွန်မအိပ်မက် မက်နေခဲ့တယ်။ မိန်းကလေးတစ်ယောက် အလှဆုံးအရွယ်လို့ပြောလို့ရတဲ့ ၁၉ နှစ်အရွယ်မှာ လောကကြီးကိုအရှုံးပေးပြီး ထွက်ပြေးသွားတဲ့သူငယ်ချင်းလေးကို ကျွန်မအိပ်မက်ထဲမှာပြန်တွေ့ခဲ့တယ်။ ဪ မနက်ဖြန်ဆို […]


Moe ZJanuary 17, 20121min32839
“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။ […]


Moe ZJanuary 10, 20121min29839
ယနေ့ခေတ်တွင် မိဘများသည် မိမိတို့ကလေးများအား ပုံပြင်များပြောပြရန် အချိန်မပေးကြတော့ပါ။ ကလေးများအား ပုံပြင်စာအုပ်ဖတ်ပြခြင်း၊ ပုံပြောပြခြင်းဖြင့် ကလေးကို မိမိဖြစ်စေချင်သော သတ်မှတ်ထားသော စံတစ်ခုကို ပုံပြင်များမှတဆင့် ပြောပြနိုင်ပါသည်။ လမ်းလျှောက်တတ်ကာစ ကလေးများကိုပင် ပုံပြင်စာအုပ်များကို ရင်းနှီးအောင် စိတ်ဝင်စားလာအောင် ဖတ်ပြသင့်ပါသည်။ သို့မှသာ ကလေးများ၏စာဖတ်လိုစိတ်ကို ဖန်တီးတည်ဆောက်နိုင်မည့်အပြင် ဘဝတစ်လျှောက်လုံး အတွက်လည်း စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်လာစေပါမည်။ ပုံပြောချိန်မည်မျှကြာသင့်သနည်း ဆိုသော် ကလေး၏ အသက်အရွယ်နှင့် အာရုံစူးစိုက်နိုင်မှုအပေါ်မူတည်ပါမည်။ သတိထားသင့်သည်မှာ ကလေးအားငြိမ်ငြိမ် ထိုင်ပြီးနားထောင်ဟူသော ဖိအားပေးမှုမျိုးမရှိစေရပါ။ ကလေးများစိတ်ဝင်စားမှု မကုန်ဆုံးမီ ပုံပြင်ပြီးဆုံးသင့်ပါသည်။ သို့မှသာ နောက်ထပ်တစ်ဖန် ပုံပြင်နားထောင်ချင်ပေလိမ့်မည်။ ကလေးများအား စာပေအမျိုးမျိုးနှင့်ထိတွေ့ပေးသင့်ပါသည်။ ဥပမာ- ရုပ်ပုံများသာပါသော ပုံပြစာအုပ်များ၊ ပုံပြင်အမျိုးမျိုး (ဒဏ္ဍာရီပုံပြင်များ၊ ကျေးလက်ပုံပြင်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ)၊ မူကြိုကဗျာစာအုပ်များ၊ ကလေးမဂ္ဂဇင်းများ၊ ကလေးအဘိဓာန်များ၊ ဂဏန်းအက္ခရာစာအုပ်များ၊ […]


Moe ZJanuary 6, 20121min34147
ကျွန်မတို့သည် စကားလုံးများကို အသုံးပြုပြီး မိမိတို့၏အတွေးအခေါ်များနှင့် အကြောင်းပြချက်များကို တွေးတောဖော်ထုတ်ခွင့်ရကြပါသည်။ စကားလုံးများကိုအသုံးပြုရာ၌ ဝေါဟာရမကြွယ်ဝလျှင် အကြောင်းပြချက်များအားနည်း နိုင်ပါသည်။ တစ်နည်းအားဖြင့် ဝေါဟာရကြွယ်ဝပါက ဆိုလိုရင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာပေးနိုင်သည့်အပြင် ရေရှည်အဖိုးတန်သည့် စကားပြောစွမ်းရည်ကို မြင့်မားစေပါသည်။ ထိုသို့ဖြစ်စေရန် စကားလုံးများ၊ ဝေါဟာရများကို နှစ်ခြိုက်တတ်ရန် လိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် ဝေါဟာရပေါင်း (၅၀၀၀၀၀) ကျော်ရှိသည့်အနက် (၃၀၀၀) ခန့်ကိုသာ ကျွန်မတို့နေစဉ် ပြောဆိုအသုံးပြုပါသည်။ ထိုစကားလုံးများထဲ၏ ၆၅%ဖြစ်သော ဝေါဟာရ (၄၀၀)ခန့်ကိုသာ ကလေးများအတွက်ထုတ်သောစာအုပ်များတွင် တွေ့ရပါသည်။ ကျွန်မတို့နေ့စဉ်သုံး ဝေါဟာရ (၃၀၀၀)တွင် ရှေ့ဆက်များ ဖြစ်သည့် dis-, mis-, re-, နောက်ဆက်များဖြစ်သည့် -ed, -ful စသည်ဖြင့် စကားလုံး (၅၀၀၀)ခန့်တိုးလာပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် ထိုရှေ့ဆက်၊ နောက်ဆက်စကားလုံးများကို သိရှိနားလည်လာပြီဆိုပါက […]


Moe ZDecember 18, 20111min32025
၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ ဒါအကုန်ပဲ။ နေ့တိုင်းသူမဈေးဖိုးကို နည်းနိုင်သမျှနည်းအောင်သုံးခဲ့သည်။ ဈေးအပေါဆုံး အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် မရ ရအောင်ရှာဝယ်ခဲ့ပြီး ငွေကိုတတ်နိုင်သလောက်စုခဲ့ရတာ။ ငွေတွေကို နောက်တစ်ခေါက်ပြန်ရေကြည့်တယ်။ သူမ မမှားပါ၊ ၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ သူမမှာရှိသမျှ အကုန်ပါပဲ။ မနက်ဖြန်ဆိုရင် ခရစ်စမတ်ရောက်ပြီ။ ဒီငွေလေးနဲ့ သူမဘာမှလုပ်လို့မရတော့။ သူမတတ်နိုင်တာဆိုလို့ ငိုကြွေးဖို့ပဲ ရှိတော့တယ်။ ဆင်းရဲစုတ်ပြတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်ထဲ ထိုင်ငိုနေလိုက်သည်။ သူမနာမည် ဒဲလာပါ။ ဒီအခန်းကျဉ်းလေးထဲမှာ သူမရဲ့ခင်ပွန်းဖြစ်သူ ဂျင်မ်နဲ့ အတူနေပါတယ်။ ကံကောင်းထောက်မလို့ ဂျင်မ်က အလုပ်တစ်ခုရပေမယ့် သူ့လခရဲ့ တော်တော်များများကို ဒီအခန်းလေးရဲ့လခအဖြစ်အသုံးပြုရသည်။ သူမအလုပ်ရဖို့ ကြိုးစားကြည့်ပေမယ့် ခေတ်ကာလကြောင့် အမျိုးသမီးတစ်ယောက်အလုပ်ရဖို့မလွယ်ကူပါ။ ခက်ခဲကြမ်းတမ်း တဲ့ဘဝမှာ သူမအတွက် စိတ်အချမ်းသာဆုံးအချိန်က […]


Moe ZDecember 15, 20111min26231
ကျွန်မကို တောင်ပေါ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မကို မမွေးခင်အထိတော့ မေမေကဂီတာတီးပါတယ်။ အရမ်းတော်တဲ့ ဂီတာပညာရှင်တစ်ယောက်လို့လည်းသိရတယ်။ ကျွန်မလူ့လောကထဲရောက်တဲ့အချိန်ကစပြီး မေမေက တီးဝိုင်းအဖွဲ့က ထွက်လိုက်ပါတယ်။ အခုတော့ ဂီတာလေးက အခန်းထောင့်မှာ တီးသူမဲ့လို့ပေါ့။ ကျွန်မငယ်ငယ်က ဘယ်အရွယ်ဆိုတာ သေချာမမှတ်မိတော့ဘူး ၅ နှစ်လား ၆နှစ်လား၊ အဲဒီတုန်းက မေမေဂီတာတီးရင် ကျွန်မရဲ့ လက်သေးသေးလေးကို ဂီတာအိုးပေါ်တင်ထားရတာကို အရမ်းသဘောကျခဲ့တာ။ မေမေကပြောတယ် အဲဒါတုန်ခါမှု ကြောင့်တဲ့။ ဂီတာတီးတိုင်း ကျွန်မရဲ့လက်ကလေးကို တင်ထားပြီး သူမရဲ့ဂီတသံကိုခံစားနိုင်တာကို မေမေကလည်း သဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မကဆွံ့အနားမကြားသူတစ်ယောက်အဖြစ် မွေးဖွားခဲ့လို့ပါ။ နောက်ပိုင်းတော့ မေမေကဂီတာကို လုံးဝမတီးတော့ပါဘူး။ ကျွန်မအသက် ၁၈နှစ်ပြည့်တဲ့အထိပါပဲ။ အဖေဆိုတာကိုတော့ ကျွန်မမွေးကတည်းကမမြင်ဖူးပါဘူး၊ ကျွန်မကိုမွေးပြီးကတည်းက ထွက်သွားတာ တစ်ခါမှကို ပြန်မလာခဲ့ပါဘူး။ ဆွံ့အနားမကြားတဲ့သမီးလေး မွေးလာလို့များလား၊ မေမေကတော့ ဘယ်လိုမှတ်ချက်မျိုးမှမပေးပါဘူး။ […]


Moe ZDecember 11, 20111min30626
လောကမှာလူတစ်ယောက်အဖြစ်မွေးဖွားလာဖို့ အဆင့်အတန်းအမျိုးမျိုးသော မိဘတွေဆီမှာ လာပြီးတော့ သန္ဓေတည်ရတယ်။ ဆင်းရဲတဲ့၊ ချမ်းသာတဲ့၊ ပညာမဲ့၊ ပညာတတ်စတဲ့ အလွှာအမျိုးမျိုးမှာ မွေးဖွားကြီးပြင်း လာရတယ်။ သားသမီးတွေအနေနဲ့ မိဘတွေကို ရွေးချယ်ခွင့်မရှိပေမယ့် မိဘတွေကတော့ သားသမီးများကို လိုချင်တဲ့ပုံစံ ရအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။ ကလေးတစ်ယောက်က မွေးရာပါမှတ်ဉာဏ်နည်းမယ်၊ ထိုင်းမယ်ဆိုရင် တစ်ခုခုကိုသင်ယူတဲ့အခါမှာ နှောင့်နှေးတတ်ပါတယ် စာတစ်ပုဒ်ဆိုရင်အကြာကြီးကျက်ရမယ်။ ဒါကိုမိဘတွေက စိတ်မရှည်ပဲ ကဲ့ရဲ့ အပြစ်တင်မိမယ်ဆိုရင် ကလေးရဲ့စိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်သွားတယ်။  မိဘတွေအမြင်မှာ သူ့ကို အထင်မသေးစေချင်တဲ့အတွက် စာမရသေးပဲနဲ့ရချင်ယောင်ဆောင်မယ် နောက်ဆုံးကလေးပဲ ထိခိုက်နစ်နာ ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ ပုံစံတူကလေးတစ်ယောက်ဆိုရင် မြန်မာပြည်ရဲ့ပညာရေးစံနစ်နဲ့ တစ်နှစ် တစ်တန်းတက်လာပြီး ၁ဝတန်းထိရောက်လာတယ်။ ဒါပေမယ့် ၁ဝတန်းကို သူဘယ်လိုမှ မကျော်ဖြတ် နိုင်ခဲ့ဘူး။ မိဘတွေကသူ့ကို ၉တန်းအထိ တစ်ယောက်တည်း ကားလမ်းကိုပေးမကူးဘူး။ သူတို့ကိုယ်တိုင် […]


Moe ZDecember 9, 20111min29224
ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတွေက ၆ နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရတော့ပါ။ ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အအိပ်မက်တဲ့မိန်းမက သူ့အတွက်ထမင်းချိုင့်ပြင်စရာမလိုတာကြောင့် နံဘေးမှာ တုတ်တုတ်တောင်မလှုပ်။ သူကသာ ဆက်အိပ်လို့လည်းမရတော့ အိပ်ယာမှထကာ မနက်စာပြင်ဖို့လုပ်ရပါသည်။ မိန်းမကိုစောင့်ရင်တော့ မနက်စာနဲ့နေ့လည်စာ ပေါင်းစားရမှာက သေချာပါသည်။ သူအိမ်ထောင်ပြုတော့ အသက် ၂ရနှစ် မိန်းမကသူ့ထက် ၁နှစ်ကြီးပါသည်။ အိမ်မှာအငယ်ဆုံးသမီးဖြစ်သည့်အပြင် အစွမ်းကုန်အလိုလိုက်ခံရပြီး ကြီးပြင်းခဲ့ရသောကြောင့် အိမ်မှာတော့ တော်တော်လေးဆိုးပါသည်။ သူ့ကိုတော့ သိပ်ချစ်ရှာပါသည်။ ချစ်သူသက်တမ်း ၂နှစ်အတွင်းမှာ သူဘာလုပ်လုပ် သူ့ဘက်ကအမြဲထောက်ခံအားပေးခဲ့သည်။ အလုပ်မှာ အဆင်မပြေသမျှ သူမရှေ့မှာ ဖွင့်ဟတိုင်ပင်ရင်း သူမရဲ့နှစ်သိမ့်မှုတွေခံယူရင်း ကျေနပ်ခဲ့ရပါသည်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ဦးကာလများသည် ပျော်စရာအတိ၊ ထမင်း ဟင်းမချက်တတ်သည့် မိန်းမကိုချက်ကျွေးရင်း ချက်နည်းပြုတ်နည်းသင်တန်းပေးသည်။ လအနည်းငယ်ကြာတော့ သူ့ဟာသူကြိုးစားချက်ရင်း နည်းနည်းတော့ အဆင်ပြေလာသည်  (သူကြိုက်တဲ့ အမဲကလီစာဟင်းချက်ကျွေးမယ်ဆိုပြီး မျက်နှာသုတ်ပုဝါလိုဖြစ်နေတဲ့ အမဲရောင်အူကြမ်းကို […]


Moe ZDecember 7, 20111min19723
ညနေက ကရင်ပြည်နယ်ထဲမှာ အခြေကျနေပြီဖြစ်တဲ့ အန်တီလေးနဲ့ ဖုန်းပြောပြီး သူနဲ့အတူတူ နေခဲ့ဖူးတဲ့ ရွာလေးကိုသတိရသွားတယ်။ လွန်ခဲ့တဲ့ ၈နှစ်ကျော်ကဆိုတော့ အခုဆိုရင်အနည်းနဲ့အများတော့ ပြောင်းလဲနေလောက်ပါပြီ။ မိုးစက်ရောက်ခဲ့တုန်းကတော့ လျှပ်စစ်မီးမရှိပဲ ရွာရဲ့စုပေါင်းမီးစက်လေးနဲ့ ည ရနာရီကနေ ၉နာရီအထိပဲတစ်အိမ်ကို ၂ပေမီးချောင်းလေးတစ်ချောင်းပဲထွန်းခွင့်ရတယ်။ TV မရှိ၊ ရေခဲသေတ္တာမရှိ ထမင်းဟင်းချက်ရင် ထင်းနဲ့ချက်ကြတဲ့ ရွာလေးပေါ့။ အခုလောက်ဆိုရင် အဲဒီရွာနားကတောတွေလည်း ကုန်လောက်ပြီ။ အပျင်းပြေစရာ ရန်ကုန်ကသယ်သွားတဲ့ စာအုပ်တွေနဲ့ ဆိုနီဝေါ့ခ်မန်းလေးပဲရှိတယ်။ အန်တီလေးကိုသနားတာရယ် ကလေးတွေကိုသံယောဇဉ်ဖြစ်သွားတာရယ် ကြောင့်သာ ၄လလောက်နေဖြစ်ခဲ့တာ။ ရောက်စကတော့ တော်တော်လေးဒုက္ခရောက်တယ်။ morning person မဟုတ်တဲ့မိုးစက် မနက်၅နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရအောင် ရွာလေးကဆူညံနေသလို ၉နာရီမှာ မီးပိတ်ပြီး တစ်ရွာလုံးတိတ်ဆိတ်အိပ်မောကျသွားပေမယ့် ၁၂နာရီအထိ ဖယောင်းတိုင်နဲ့ စာဖတ်နေရတယ်။ နင်ငါနဲ့ပြောတဲ့ အကျင့်လေးတွေကိုလည်း ပြင်ပေးလို့မရခဲ့ပေမယ့် အခုတော့လည်းစိတ်ရင်းနဲ့ အဲဒီလိုပြောတဲ့အသံလေးတွေကို […]


Moe ZNovember 24, 20111min21630
ဦးဦးဘလက်ရဲ့တံခါးစောင့်ပို့စ်ကိုဖတ်ပြီးတော့ မိုးစက်ရဲ့ဘတ်စ်ကားစီးတဲ့အတွေ့အကြုံကို ပြန်ရေးဖို့သတိရတယ်။ အထင်မလွဲကြပါနဲ့ မိုးစက်ကသူများအတွက် သူရဲကောင်းဝင်လုပ်ပေးခဲ့တာပါ 🙂 ။ ရန်ကုန်မြို့မှာနေပေမယ့် ရုံးကအကြိုအပို့လုပ် ပေးလို့ ကံကောင်းထောက်မစွာနဲ့ လိုင်းကားစီးရတဲ့ဒုက္ခမှကင်းဝေးပါတယ်။ တစ်ခါတစ်လေစီးရင်လည်း ပြဿနာမျိုးစုံကြုံရ တတ်တယ် ကိုယ်ကပဲသူများကိုဒုက္ခပေးခဲ့တာများတယ်။ ကားပေါ်အလုအယက်တက်ရင်း သူများခြေထောက်ကို တက်နင်းမိတာမျိုး၊ ပြိုင်ပွဲဝင်သလိုမောင်းနေတဲ့ကားက ဘရိတ်ဆောင့်အုပ်လိုက်ရင် အနားကလူကိုဝင်တိုက်မိတာမျိုးက အမြဲတမ်းဖြစ်နေကြ။ တစ်ရက်တော့ရုံးကပြန်လာပြီး အိမ်ရောက်မှ memory stick လေးရုံးမှာကျန်ခဲ့တာသတိရတယ်။ မနက်ဖြန် presentation အတွက်ပြင်နေတာ တစ်ဝက်ပဲပြီးသေးတယ် ဒီညဆက်လုပ်ရမှာမို့ သွားပြန်ယူမှရမယ်။ အသွားကိုတော့ စိတ်လောနေတာနဲ့ ကားငှားသွားလိုက်တယ်။ အပြန်မှာတော့ မိုးစက်လည်းကားဂိတ်အရောက် အဓိပတိတစ်စီးလည်းရောက်ဆိုတော့ တက်လိုက်ခဲ့တယ်။ taxi ခ ၁၅၀ဝ သက်သာလည်း နည်းလားနော်။ ကားကတော့ ထုံးစံအတိုင်းပဲ ကြပ်ပါတယ်။ မိုးစက်လည်းကောင်မလေးတစ်ယောက်ဘေးမှာ ဝင်ရပ်လိုက်တယ်။ ကျောင်းသူလေးပါ အဖြူအစိမ်းနဲ့ ကျူရှင်ကပြန်လာတာထင်တယ်။ […]