Moe ZNovember 17, 20111min34334
ကလေးငယ်များသည် အလွန်ဖြူစင်ရိုးသားကြသည်။ သူတို့စိတ်ထဲရှိသည့်အတိုင်း ဟန်မဆောင်တတ်ပဲ ပြုမူပြောဆိုကြသည်။ ကလေးတစ်ယောက်၏ အမူအယာ၊ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့သည် မိဘနှစ်ပါးနှင့် ပတ်ဝန်းကျင်၏အရိပ်ကို ထင်ဟပ်စေသည်။ မိဘတိုင်း မိမိတို့၏သားသမီးများကို ချစ်ကြပါသည်။ သို့သော်နည်းလမ်းမှန်စွာ ချစ်တတ်ဖို့ လွန်စွာအရေးကြီးပါသည်။ ကလေးများသည် မိဘများဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ကြရရှာပါသည်။ မိဘများ၏ အပြုသဘောဆောင်သည့် အပြောအဆို၊ ကိုယ်ဟန်အမူအယာ၊ အတွေးအခေါ်များက ကလေးများကို လွှမ်းမိုးထားတတ်ပါသည်။ (ဥပမာ – သားလေးကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်လုပ်နော် ဆိုတာမျိုး၊ သားလေး ဆရာဝန်ကြီးဖြစ်ရင် ဖေဖေနဲ့ မေမေကို ဆေးကုပေးမှာလား) စသည်တို့သည် ကလေးများအတွက်ကန့်     သတ်ချက်များ ဖြစ်လာပါသည်။ မိဘများသည် မိမိတို့သားသမီး၏ဉာဏ်ရည်နှင့် အရည်အချင်းကို အမှန်အတိုင်း နားလည်သိမြင်ပြီး လက်ခံနိုင်ဖို့လိုအပ်ပါသည်။ မိဘအများစုသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်သည်ဟု အထင်ရှိတတ်ကြသည်။ အရေးကြီးသည့်အချက်မှာ ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားခြင်း ဖြစ်ပါသည်။ […]


Moe ZNovember 15, 20111min35735
ဒီတစ်ခါလည်း အလုပ်ကိစ္စနဲ့ မန္တလေးရောက်ရပြန်ပါပြီ၊ ၂၀၁၁ ထဲမှာ ၄ ခေါက်မြောက်။ ဘော့စ်ကမန္တလေးကရုံးကို ပြောင်းချင်လားလို့တောင်မေးနေပြီ။ ဘော့စ် ၂ယောက်ကို ဟော်တယ်ပို့ပေးပြီး မိုးစက်ကတော့ ဦးလေးတော်ရဲ့အိမ်ကိုပြေးပါသည် (လူကြီးတွေအနားနေရင် အသက်ရှုကြပ်တတ်တယ်)။ အလုပ်ကိစ္စနည်းနည်းရှင်းတာနဲ့ မန္တလေးကသူငယ်ချင်းတွေနဲ့ လျှောက်သွားတာပေါ့။ မန္တလေးရောက်တိုင်း ဆိုင်ကယ်စီးသင်ထားလို့ လမ်းရှင်းရင် ကိုယ်တိုင်မောင်းတတ်နေပြီ။ အခုလည်းမန္တလေးတောင်ကပြန်လာတော့မနက် ရနာရီပဲရှိသေးတော့ ကျုံးဘေးလမ်းကလူရှင်းနေပါတယ်။ ရုံးပိတ်ရက်မို့လို့လည်းဖြစ်မယ်ထင်တယ်။ ဒါနဲ့သူငယ်ချင်းကိုအနောက်မှာထိုင်ခိုင်းပြီး ဆိုင်ကယ်ကို မိုးစက်ကိုယ်တိုင်မောင်းလာပါတယ်။ မန္တလေးသူတွေဒေါက်ဖိနပ်အချွန်တွေနဲ့ ဆိုင်ကယ်စီးကြတာအားကျပြီး ဖိနပ်ကိုလည်းမလဲခဲ့ပါဘူး ၃လက်မ ပွိုင့်ဒေါက်နဲ့။ ဆီဒိုးနားဟော်တယ်ထောင့်ကမီးပွိုင့်ရောက်တော့ မန္တလေးစကားနဲ့ပြောရင် အနောက်ဘက်ကိုဆင်းလိုက်တယ်ပေါ့ (မန္တလေးမှာလမ်းမေးရင် အရပ်မျက်နှာနဲ့ညွှန်းကြလို့ အစပိုင်းကတော်တော် ဒုက္ခရောက်တယ် နေမထွက်တဲ့နေ့ဆို ပိုဆိုးတယ်)။ ၂၆လမ်းအတိုင်းသွားရင်း မိုးစက်တို့ရဲ့ရှေ့ခပ်လှမ်းလှမ်းမှာ စက်ဘီးနဲ့ကောင်မလေး ၂ယောက်ဒုက္ခရောက်နေကြတယ်။ ဖြစ်ပုံက အနောက်ကထိုင်လိုက်တဲ့ကောင်မလေးက စကပ်အရှည်ဖားဖားကြီးဝတ်ထားတယ် ချမ်းချမ်းစကပ်ဆိုလား၊ အဲဒီစကပ်က လည်နေတဲ့စက်ဘီးနောက်ဘီးထဲဝင်ပြီး လျှောကျတာ […]


Moe ZNovember 3, 20111min22518
မနေ့က အလုပ်ကိစ္စနဲ့ အစိုးရရုံးတစ်ခုကိုသွားရပါသည်။ မနက်ပိုင်းက အလုပ်ရှုပ်နေတာနဲ့ နေ့လည် ၁နာရီခွဲမှပဲသွားလိုက်ပါသည်။ ၁၂ နာရီကနေ ၁နာရီအထိက သူတို့ရဲ့ထမင်းစားချိန်ဆိုတော့လေ။ ဟိုရောက်တော့ အပြင်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပေးနေတဲ့ ဝန်ထမ်းတစ်ယောက်က သူ့ဘေးကတစ်ယောက်နဲ့ ကိုယ်ရေးကိုယ်တာတွေပြောရင်း လုပ်နေတာမို့တော်တော်လေးစိတ်မရှည်စွာစောင့်လိုက်ရပါတယ်။ လက်မှတ်ထိုးဖို့ ဦးစီးမှူးဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့အခန်းကို ဝင်တော့ အရက်နံ့ကနှာခေါင်းထဲကို ထောင်းခနဲဝင်ဆောင့်ပါသည်။ အထဲမှာ အပေါ်ပိုင်းအင်္ကျီမပါတဲ့ဦးစီးမှူးဆိုသူက ရေချိန်ကိုက်ပြီး dream bed ပေါ်မှာအဆန့်သား။ ဝင်သွားရမှာလား ပြန်လှည့်လာရမလားစဉ်းစားနေတုန်း ကျွန်မကိုလှမ်းမြင်သွားတော့ ဝင်ခဲ့လေ ဟုပြောပါသည်။ နောက်တစ်ခေါက်လည်းမလာချင်သောကြောင့် အရက်နံ့စူးစူးကို အောင့်အီးသည်းခံကာ မေးသမျှဖြေရင်း တော်တော်လေးစိတ်ညစ်ခဲ့ရပါသည်။ ပြန်ထွက်လာတော့ ခုနကဝန်ထမ်းတွေ အလျှိုအလျှိုထွက်သွားကြပါသည်။ သူတို့၏ လက်ဖက်ရည်သောက်ချိန်ပါတဲ့။ ဪ သူတို့တွေဘယ်အချိန်အလုပ်လုပ်ကြပါသနည်းဟု စဉ်းစားမိပါသည်။ ရုံးချိန် ၁ဝနာရီမှ ၅နာရီတွင် ထမင်းစားချိန် ၁နာရီ၊ လက်ဖက်ရည်သောက်ချိန်က အနည်းဆုံး […]


Moe ZOctober 31, 20111min21827
မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်မိတော့ အပျော်လွန်နေတဲ့ပုံက ဖုံးမရဖိမရ မျက်နှာပေါ်မှာအတိုင်းသား။                            အင်း … ဒီလောက်ကြီးသိသာနေလို့တော့မဖြစ်ဘူး၊ နည်းနည်းတော့ဟန်ဆောင်ရဦးမယ်။ ဘယ်လောက်ကြီးပဲ ကျေနပ်ပျော်ရွှင်နေဦးတော့ မျက်နှာ အမူအရာမှာ လုံးဝပေါ်နေလို့မဖြစ်။ ကိုယ်ကမိန်းကလေး အသက် ၃၄ နှစ်ပြည့်ပြီးတဲ့အထိ ယင်ဖိုတောင်မသန်းခဲ့ဖူးတာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်းသိနေတာပဲ။ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေရဲ့ပျော်ရွှင်စရာမိသားစုလေးတွေတွေ့ရင် အားကျစိတ်ဖြစ်မိပေမယ့် လုံးဝမပေါ်လွင်စေပဲ သူတို့ကကိုယ့်ကို ပြန်အားကျအောင်နေပြနိုင်ခဲ့သူပဲ။ အခုမှကြီးဒေါ်တွေကောင်းမှုနဲ့ နိုင်ငံခြားကပြန်လာတဲ့ သဘောင်္သားတစ်ယောက်က ကမ်းလှမ်းလို့စွံရတော့မယ်။ သတို့သားလောင်းက ကိုယ့်ထက် ၃ နှစ်လောက်ငယ်နေတာတော့ သိပ်သဘောမကျပေမယ့် ကိုယ်တိုင်ကလည်းအစွမ်းအစရှိသူ (ယောက်ျားတွေနဲ့ပတ်သက်ရင်)မဟုတ်တော့ လက်ခံလိုက်ပါတယ်။ ပုံစံကတော့ မိန်းကလေးတွေကျမယ့် ရုပ်ရည်မျိုးပဲ။ သဘောင်္သားတွေက သိပ်စိတ်မချရပေမယ့် သူ့အမေနဲ့ကိုယ့်အဒေါ်က သူငယ်ချင်းအရင်းခေါက်ခေါက် အသိုင်းအဝိုင်းလည်းမဆိုးဘူးဆိုပြီး မိဘတွေကသဘောတူကြတယ်လေ။ မနက်ဖြန်ဆိုရင်လူကြီးစုံရာရှေ့ စေ့စပ်ရတော့မယ်၊ ၁ လခြားပြီးမင်္ဂလာပွဲလုပ်မှာဆိုတော့ လုပ်စရာတွေကလည်းများသား။    အရင်ဆုံးကိုယ်အရမ်းကြိုက်တဲ့ ကော်ဖီတောင်ဖြတ်ထားတယ် အသားအရည်အတွက်မကောင်းဘူးဆိုလို့၊ မင်္ဂလာပွဲမှာ […]


Moe ZOctober 27, 20111min16314
လောကမှာသာမန်မျက်စိနဲ့ကြည့်လို့မရ မမြင်နိုင်တဲ့အရာတွေများစွာရှိပါတယ်။ ကိုယ်မမြင်ရဘူးဆိုပေမယ့် မရှိဘူးလို့ငြင်းလို့လည်းမရဘူး။ မိုးစက်သိတဲ့ ဖိလစ်ပိုင်မလေးတစ်ယောက်ဆိုရင် ပရလောကသားတွေကိုမြင်နိုင်တဲ့ Third Eye  ရှိတယ်။ သူငယ်ငယ်လေးကတည်းက ပုံစံမျိုးစုံတွေ့ဖူးတယ်တဲ့။ တစ်ချို့က တိမ်တွေလိုအဖြူရောင် မီးခိုးရောင်အရိပ်တွေပိုများတယ်ဆိုပဲ။ တစ်ခါတစ်လေများမိုးစက်အခန်းထဲသူဝင်လာပြီး တစ်နေရာကိုစိုက်ကြည့်လိုက်ရင် လန့်လန့်သွားတယ် ဘာများတွေ့လို့လဲဆိုပြီး။ တကယ်တော့မိုးစက်ကသူရဲဘောကြောင်တဲ့အထဲမပါဘူး (ကိုယ့်ဟာကိုယ်သတ်မှတ်ထားတာ 🙂 ) ကိုယ်တိုင်မကြုံဖူးရင် သူများပြောတိုင်းလဲသိပ်လက်မခံတတ်ဘူး။ အခုပြောပြမှာ မိုးစက်ကိုယ်တိုင်ကြုံခဲ့တာ ယုံတာမယုံတာတော့ စာဖတ်သူများသဘောပါ။ ကြိုက်သလို ထင်မြင်ယူဆနိုင်ပါကြောင်း ….. ၁၁နှစ်သမီးမိုးစက် ၆တန်းကျောင်းသူအရွယ်ကပါ။ မေမေ့ဘက်ကအမျိုးတွေရှိတဲ့ နယ်မြို့လေးတစ်မြို့ကို မေမေနဲ့မိုးစက် ၂ယောက်တည်းသွားလည်ကြတယ်။ အမျိုးထဲကပဲ ဘုန်းကြီးဝတ်နေတဲ့အဖိုးတစ်ယောက်က မျက်လုံးခွဲဖို့ဆေးရုံတက်ရတယ်။ ငယ်ဖြူဆိုတော့ သားသမီးမရှိတော့ နီးစပ်ရာအမျိုးတွေကပဲသွားပြုစုရတာပေါ့။ မိုးစက်အဒေါ်ဝမ်းကွဲတစ်ယောက်နဲ့ အဲဒီဆေးရုံကသူနာပြုဆရာမလေးနဲ့က သူငယ်ချင်းတွေ။ အမျိုးသားလူနာဆောင်မှာ အမျိုးသမီးတွေညအိပ်စောင့်လို့မရဘူး။ နေ့ဘက်ပဲစောင့်ရတယ်  အဲဒီဆရာမလေးက မျက်လုံးစခွဲထားတဲ့နေ့ကျတော့ ညအိပ်စောင့်ချင်ရင် သူတို့ဆရာမတွေညဂျူတီကျရင် အိပ်တဲ့အခန်းမှာအိပ်လို့ရတယ်ပြောလို့ […]


Moe ZOctober 24, 20111min13016
မိုးစက်ကရင်ရွာလေးမှာလုပ်အားပေးဆရာမလုပ်နေတုန်းက  ကျောင်းသားမိဘတစ်ယောက်က တောထဲက ကြောင်ပေါက်စလေးတစ်ကောင်ယူလာပေးတယ်။ အမှန်ကသူတို့ကကြောင်အမေကြီးကို သတ်စားပြီးမှ ကြောင်သားလေးကိုမိုးစက်ကိုလာပေးတာ။ တောကြောင်သားကဆေးဘက်ဝင်တယ်တဲ့လေ။ သူ့ပုံစံက အိမ်မွေးကြောင်တွေနဲ့မတူပဲ မျက်နှာရှည်ပြီး ခြေတံလက်တံတွေ လည်းရှည်တယ်၊ အရောင်ကမီးခိုးရောင်။ သေးသေးလေးပေမယ့် အရမ်းရိုင်းတယ်၊ တစ်ချိန်လုံးမာန်ဖီနေပြီး ဘယ်သူမှအနားကပ်မခံဘူး။ လက်သည်းတွေကချွန်ထက် နေတာပဲ။ မိုးစက်တပည့်လေးတစ်ယောက်က သူ့ကိုအတင်းယူချီလို့ ကုတ်ထည့်လိုက်တာ သွေးတွေရဲခနဲထွက်လာတယ်။ ဒဏ်ရာတော်တော်နက်လို့ မိုးစက်တို့အားလုံးစိတ်ပူခဲ့ရသေးတယ်။ တော်တော်ကိုစိတ်ရှည်လက်ရှည်နဲ့ ချော့မော့ပြီးတိုက်မှနွားနို့ကိုသောက်တယ်။ တစ်လလောက်နေတော့ မိုးစက်နဲ့အိုကေသွားတယ်။ တခြားတော့ဘယ်သူမှခေါ်လို့မရဘူး။ သုံးလလောက်အတွင်းမှာ အရမ်းကြီးလာတယ်။ ခေါင်းကနေအမြီးထိ အလျားရှည်ပြီး ဝတော့မဝဘူး။ ခြေထောက်နဲ့လက်တွေ တော်တော်ရှည်တယ်။ အရပ်မြင့်တယ်လို့ပြောရမှာပေါ့။ သူ့ရဲ့ကိုယ်က ကောက်ညှင်းလိုမျိုးအနံ့တစ်မျိုးရတယ်။ အနေကြာတော့ အားလုံးနဲ့ အဆင်ပြေသွားတယ်။ အိမ်လာတဲ့ကလေးတွေနဲ့လည်း ဆော့ကစားနေတတ်တယ်။ သူကအစားသိပ်မစားဘူး။ နွားနို့တော့အရမ်းကြိုက်တယ်။ မိုးစက်ရန်ကုန်ပြန်သွားပြီး ၃ရက်လောက်နေတော့ အိမ်ကပျောက်သွားတာ လုံးဝပြန်မလာတော့ဘူး။ သူများခိုးစားတာလား အိမ်ကထွက်သွား တာလားတော့မပြောတတ်ဘူး။ […]


Moe ZOctober 21, 20111min15110
သီတင်းကျွတ်မှာ အမျိုးတွေကိုလှည့်ပတ် ကန်တော့ရင်း မုန့်ဖိုးလည်းယူရင်း ရေးစရာလေးတစ်ခုရလာတယ်။   အပြင်သွားဖို့ကားနဲ့ထွက်လာတဲ့အဒေါ်က ခြံဝမှာသူတို့အိမ်မှာမွေးထားတဲ့ ခွေးလေးကမီးသွေးခဲလေးတစ်ခဲကိုပါးစပ်နဲ့ကိုက်ပြီး ဆော့နေတာတွေ့လို့ ကားရပ်ပြီးအဲဒီမီးသွေးခဲလေးကိုဆင်းကောက်ပြီး အိမ်အနောက်ဘက်ထဲသွား ပြန်ထားတာတွေ့ခဲ့ရတယ်။ အဲဒီအဒေါ်ကဖေဖေ့ရဲ့ညီမဝမ်းကွဲ၊ သူတို့ရဲ့အမေကဖေဖေရဲ့အဒေါ်ဆိုတော့ မိုးစက်တို့အဖွားပေါ့။ စည်းကမ်းနဲ့ပတ်သတ်ရင် သူ့ကိုမှီနိုင်မယ့်သူတစ်ယောက်မှ မတွေ့ဖူးသေးဘူးတကယ်။ မုဆိုးမဘဝနဲ့ သမီးနှစ်ယောက်ကို ဘွဲ့ရတဲ့အထိပြုစုပျိုးထောင်နိုင်ခဲ့သူပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဝါးထရံကာ ပျဉ်ခင်းအိမ်လေးတစ်လုံးပိုင်ပါတယ်။ ပျဉ်ခင်းဆိုပေမယ့် နင်းလိုက်တိုင်း ပတ္တလားလို ယိမ်းထိုးလှုပ်ရှားနေတဲ့ ကြမ်းခင်းမျိုးပေါ့။ အဖွားကအဲဒီအချိန်က အသက်၄ဝကျော်ပေါ့။ အသက်၄ဝကျော် သမီးနှစ်ယောက်နဲ့ပေမယ့် အဖွားက အဲဒီအချိန်တုန်းက တော်တော်လှသေးတယ်ဆိုပဲ လူကြီးတွေပြောပြတာ။ မိုးစက်တို့အဲဒီတုန်းကနယ်မှာဆိုတော့ မတွေ့ဖူးလိုက်ဘူး။ လက်ထပ်ချင်လို့ကမ်းလှမ်းတဲ့သူတွေကို လက်မခံခဲ့ဘူး။ သမီးနှစ်ယောက်က ၅တန်းနဲ့ ရတန်း၊ သူတို့နှစ်ယောက်ကလည်း အရမ်းကိုလိမ္မာကြတယ်။ အိမ်ရှေ့မှာအဖီလေးဆွဲပြီးတော့ ကုန်စုံဆိုင်သေးသေးလေးဖွင့်ထားတယ်။ လက်လုပ်လက်စားတွေနေတဲ့ရပ်ကွက်ဆိုတော့ ဆန်လေး၊ ဆီလေး […]


Moe ZOctober 18, 20111min1267
အခုတစ်လော အလုပ်တွေရှုပ်နေတာရယ် သီတင်းကျွတ်မှာ လူကြီးတွေကိုလှည့်ပတ်ကန်တော့နေတာရယ်ကြောင့် ရွာထဲတောင်မရောက်ဖြစ်ဘူး။ လူကြီးတွေဆိုပေမယ့် ဆရာ ဆရာမတွေနဲ့ အမျိုးတွေပါပဲ။ အလုပ်နဲ့မပတ်သတ်ပါဘူး။ မိုးစက်ရဲ့အထက်လူကြီးတွေက နိုင်ငံခြားသားတွေဆိုတော့ ကန်တော့စရာမလိုဘူး။ တစ်ချို့အကျင့်ပါနေတဲ့ မြန်မာတွေကတော့  မြန်မာ့ဓလေ့ဆိုပြီးလက်ဆောင်တွေ လာပေးကြတာတော့ရှိတယ်။  ဘာပဲပြောပြော မိုးစက်ကသီတင်းကျွတ်ကိုချစ်တယ် (ဗျောက်အိုးသံတွေကလွဲရင်)။ ဆရာ ဆရာမတွေသွားကန်တော့ရင်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေပြန်တွေ့ရတယ်။ တစ်ချို့အမျိုးတွေဆို တစ်မြို့တည်းနေပြီး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ကာ မတွေ့ဖြစ်ကြဘူး။ သီတင်းကျွတ်သွားကန်တော့မှပဲ မတွေ့ဖြစ်တာတစ်နှစ်လောက် ကြာသွားတာသိကြတယ်။ ကျောင်းပြီးကတည်းက မန္တလေးရောက်နေတဲ့မိုးစက်ရဲ့သူငယ်ချင်းကလည်း တစ်နှစ်မှတစ်ခေါက်ပြန်လာပြီး ရန်ကုန်ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဟောင်းနွမ်းညစ်ပတ်လာတယ်တဲ့။ ရေညှိရောင်နဲ့ညစ်ထေးနေတဲ့ တိုက်တွေ၊ ရှေ့ကဖာရင် နောက်ကပေါက်တဲ့ကတ္တရာလမ်းတွေ၊ အမှိုက်ပုံးမရှိပဲ ဖြစ်သလိုပစ်ထားပုံထားတဲ့အမှိုက်တွေ၊ ပလက်ဖောင်းပေါ်က ကျိုးပျက်နေတဲ့ မြောင်းဖုံးတွေနဲ့ စည်းကမ်းမဲ့ထွေးထားတဲ့ ကွမ်းတံတွေးကွက်တွေရယ်က မြို့ရဲ့ဂုဏ်ဆောင်နေတာပေါ့နော်။ မိုးစက်တို့ကတော့ တစ်နေ့တစ်နေ့ ရုံးနဲ့အိမ်နဲ့၊ မဆုံးနိုင်တဲ့စာမေးပွဲတွေ၊ စာအုပ်ပုံတွေနဲ့လုံးလည်ခြာလည်လိုက်ရင်း ရန်ကုန်မြို့ရဲ့မြင်ကွင်းကို ထူးပြီးမမြင်ခဲ့မိဘူး။ […]


Moe ZOctober 4, 20111min23412
အိမ်တံခါးဖွင့်ဖွင့်ချင်းရလိုက်တဲ့ ဒူးရင်းသီးအနံ့ရယ် ဖိနပ်စင်ပေါ်က နီညိုရောင်ကတ္တီပါဖိနပ်တစ်ရံရယ်ကြောင့် ကြီးကြီးနုရောက်နေတယ်ဆိုတာ အတပ်သိလိုက်ပြီ။ အိမ်ထဲလှမ်းဝင်ဝင်ချင်းပင် “ဟဲ့ ယုယု နင်တို့ရန်ကုန်မှာ ထမီဝတ်တဲ့မိန်းကလေးဆိုရင် အလုပ်လုပ်လို့မရဘူးလား” ဟု မေမေ့ကိုလှမ်းပြောပါတယ်။ မေမေက “ဪ မမကလည်း အဲဒါသမီးတို့ရုံးကသတ်မှတ်တဲ့ဝတ်စုံလေ” လို့ ပြန်ဖြေပါတယ်။ နှုတ်ဆက်ဖို့ပြင်နေတဲ့ပါးစပ်ကို အသာပိတ်ပြီးအခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ စတိုင်လ်ပန်နဲ့ရှပ်အင်္ကျီ အပေါ်က ကုတ်တစ်ထပ်ပါသည့် သူမရဲ့ယူနီဖောင်းက လုံခြုံလိုက်တာမှ ဟိုဖက်တောင်လွန်သေး။ ဘယ်လောက်လှလှ ဘယ်လောက်ဈေးကြီးကြီး မလုံ့တလုံအဝတ်အစားများကိုသူမလည်း သဘောမကျပါ။ ကြီးကြီးနုဆိုတာ မော်လမြိုင်ကမေမေ့ရဲ့အစ်မတစ်ဝမ်းကွဲ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်သီးခြံများကို ဦးစီးလုပ်ကိုင်နေသူ အသက် ၅ဝကျော်အပျိုကြီးပါ။ သူကလည်းတစ်ဦးတည်းသောသမီး၊ မေမေကလည်း တစ်ဦးတည်းသော သမီးမို့ ညီအစ်မအရင်းကဲ့သို့ချစ်ကြပါသည်။ မကြာခဏဆိုသလိုရောက်လာပြီး လာတိုင်းလည်း မေမေ့အကြိုက် ခြံထွက်ဒူးရင်းသီးများ၊ ငါးပိ၊ ငါးခြောက်များ သယ်လာတတ်ပါသည်။ ဘယ်ဘဝကရေစက်ရယ်မသိ တစ်အိမ်လုံးနှင့် […]


Moe ZSeptember 25, 20111min17414
မနေ့က Boss ကစီစဉ်ပေးလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားပွဲတစ်ခုလုပ်ဖြစ်ခဲ့တယ်။ မိုးစက်တို့ဝိုင်းမှာ အားလုံးက လက်မထပ်ရသေးသူ(single)တွေချည်းပဲစုမိကြတယ် (ကြော်ငြာဝင်တာမဟုတ်ပါ  🙂  ဆွေးနွေးကြတဲ့ခေါင်းစဉ်နဲ့ သက်ဆိုင်လို့ပါ)။အမေရိကန်နိုင်ငံသား အမျိုးသမီး ၁ယောက်၊ အမျိုးသား၂ယောက်၊ ဖိလစ်ပိုင်သူ ၂ယောက်၊ ပြင်သစ်သူ ၁ယောက်၊ မိုးစက်နဲ့ နောက်သူငယ်ချင်းတစ်ယောက် အားလုံး ၈ယောက်ပေါ့။ မိုးစက်တို့အတူတူ အလုပ်လုပ်ခဲ့ကြတာ၂နှစ်လောက်ရှိပြီဆိုတော့ အားလုံးရင်းရင်းနှီးနှီးနဲ့ တစ်ယောက်အကြောင်းလဲ တစ်ယောက်သိနေကြပါပြီ။ အလုပ်ချိန်မှာစကားသိပ်မပြောဖြစ်ကြတော့ အခွင့်အရေးရတုန်း စားရင်းသောက်ရင်းနဲ့ ပြောကြတဲ့စကားတွေ ရေပက်မဝင်ဘူး။ ဟိုပြောဒီပြောနဲ့ နောက်ဆုံး ခေါင်းစဉ်တစ်ခုအောက်ရောက်သွားတယ်။ အမေရိကန်သူကစပြောတာ different culture of love ကို ဘယ်လိုမြင်သလဲတဲ့ (သူကမြန်မာ tour guide တစ်ယောက်နဲ့တွဲနေတယ် 🙂  )။ အရင်ဆုံး ဖိလစ်ပိုင်သူ တစ်ယောက်က စဖြေတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူးတဲ့။ ဘာသာလည်းမတူ […]


Moe ZSeptember 22, 20111min27624
မိုးစက် မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ရော အမျိုးတွေဆီအလည်သွားတာရောပေါ့။ ဒီတစ်ခေါက်တော့ အလုပ်ကလွှတ်လို့ workshop တစ်ခုသွားတက်ရတယ်။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာပဲ အဖော်တွေနဲ့အတူတည်းဖြစ်ခဲ့တယ်။ အလုပ်ကိစ္စမပါရင်တော့ အမျိုးတွေအိမ်မှာပဲတည်းတယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံကုန်မှာကိုး  🙂 ။ မိုးစက်က morning person မဟုတ်ပါ။ ကိုယ့်အိမ်မှာဆိုရင် မနက် ရးဝဝ နာရီမထိုးမချင်း ထလေ့မရှိပေမယ့် ခရီးသွားရင်တော့ ၆းဝဝ နာရီဆိုရင်အပြင်ထွက်ဖို့ အဆင်သင့်၊ နေရာဒေသအသစ်မှာ လေ့လာစူးစမ်း(စပ်စု)ရမယ့် အချိန်တွေကိုတော့ အိပ်ပစ်ဖို့နှမျောတယ်လေ။ အခုတစ်ခေါက်မန္တလေးခရီးမှာ တည်းရတဲ့ဟိုတယ်ကမြို့လည်ခေါင်မှာပါ။ ထုံးစံအတိုင်း ၅ နာရီခွဲမှာထ ရေချိုးအဝတ်အစားလဲပြီးတော့ ၆နာရီအတိ။ Breakfast စားဖို့ကစောသေးတော့ အတူလာတဲ့အဖော်တွေကိုစောင့်ရင်း Lobby မှာသတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။ ၆နာရီဆိုပေမယ့် sightseeing ထွက်တဲ့ နိုင်ငံခြားသားဧည့်သည့်တွေ၊ check out လုပ်တဲ့သူတွေနဲ့ Reception […]


Moe ZSeptember 13, 20111min45439
အဖြစ်ကမနှစ်ကနဲ့မတူ တစ်ယောက်ယောက်ကိုပြောပြရင်လည်း ရူးနေလားလို့အမေးခံရမှာသေချာတာမို့ ရွာထဲကလူတွေ ကိုပဲဒုက္ခပေးတော့မယ်။ ဘုရားစူး ဒီအရွယ်အထိအချစ်ဆိုတာဘာမှန်းမသိခဲ့ရပါ။ ၁ဝတန်းအောင်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်လို့ကြွေးကြော်ကာ အလုပ်လုပ်ရင်း ဘွဲ့ရခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် up date ဖြစ်အောင်ပေါ်သမျှသင်တန်းတွေတက်ရင်းနဲ့ အားလပ်ချိန်ကိုမရှိခဲ့တာ။ သူငယ်ချင်းတွေဖိတ်စာလာပေးတော့လည်း အလှဆုံးပြင်ပြီးသွားလိုက်တာပဲ။ ကိုယ့်အလှည့်ဘယ်တော့လဲလို့မေးရင် ကိုယ့်ဒုက္ခကိုယ်မရှာဘူးလို့ ခပ်တည်တည်နဲ့ ပြန်ပြောပစ်ခဲ့တာချည်းပဲ။ တကယ်လဲ ကိုယ့်ကိုသဘောကျတဲ့သူတွေ ဝိုင်းနေခဲ့တာကိုး။ မင်းသမီးရှုံးအောင်လှနေတာတော့ မဟုတ်ပေမယ့် တော်တော်လေးကြည့်ကောင်းတာတော့ ကိုယ့်ဘာသာကိုယ် လက်ခံပါတယ်။ တွေ့တဲ့သူတိုင်းကလည်း အသားအရည်အရမ်းလှတာပဲလို့ မှတ်ချက်ပေးကြတယ်လေ။ ပြီးတော့ကိုယ်က ဖက်ရှင်ဒီဇိုင်းတွေကိုစိတ်ဝင်စားတယ်။ ခေတ်နဲ့အညီ လုံလုံခြုံခြုံနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေမယ့် ကိုယ့်ရဲ့ဒီဇိုင်းတွေကို သူငယ်ချင်းတွေကသဘောကျကြတော့ မအားတဲ့ကြားကသူတို့ကို ဒီဇိုင်းဆွဲပေးရသေးတယ်။ ကိုယ်က International ကျောင်းတစ်ကျောင်းမှာဆရာမလေ။ ချွေးမတော်ချင်သူတွေကလည်းပေါမှပေါ။ အိမ်ထောင်ရေးကိုစိတ်မဝင်စားဘူးလို့ ငြင်းရတာကိုပဲဂုဏ်ယူခဲ့တာ။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့နည်းပညာနဲ့ ပညာရေးတွေနောက်ကိုအမှီလိုက်ရင်း အသက်တွေလည်းတဖြည်းဖြည်းကြီးလာခဲ့ပြီ။ အခုမှငါအရမ်းအထီးကျန်နေပါလားလို့ […]