moegyothwarSeptember 1, 20111min25319
ကျွန်တော်သိတဲ့ မလောက်လေးမလောက်စား အတွေ့အကြုံလေးနဲ့ ဒီနေ့ ကားထုတ်လုပ်မှု အပေါ် နဲနဲလေး သုံးသပ်ကြည့်ချင်ပါတယ်။ အခုတလော ကားလောကမှာ ဖြစ်နေတာတွေ မြင်ရ၊ ကြားရ နားဝမှာ မချမ်းသာတာရယ်၊ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံပိစိလေးကို ကျွန်တော့်ထက်ပိုနားလည်တဲ့ ညီအစ်ကိုတွေ၊ ညီအမတွေ ပြန်လည်ဝေဖန်ဆွေးနွေးပေးကြနိုင်အောင်ပါ။ ကျွန်တော် သိရသလောက် MG ကို နိုင်ငံတော် က တာဝန်ရှိသူတွေ လာပြီးဖတ်တာတွေ့ဖူး၊ သိဖူးတာကြောင့် ဒီဆွေးနွေးမှု့လေးတွေကနေ တခုခု သိသွားမယ်ဆိုရင် နိုင်ငံအတွက် တစိတ်တဒေသ အထောက်အကူပြုနိုင်အောင်ရည်ရွယ်ပါတယ်…   မော်တော်ကားထုတ်တယ်ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်တဲ့ လုပ်ငန်းပါ။ မတည်ရင်းနှီးငွေ များသလို၊ အသိပညာ အတတ်ပညာ တီထွင်ဖန်တီးနိုင်မှု အများကြီး လိုတဲ့လုပ်ငန်းပါ။ အဲဒီတော့ ငါတို့ ကားမထုတ်ရတော့ဘူးလား ဆိုရင်….. ထုတ်ပါ.. ထုတ်သင့်ပါတယ်.. ထုတ်လဲထုတ်ရပါမယ်.. […]


moegyothwarAugust 31, 20111min31026
ရေးချင်နေတာကြာပါပြီ.. ရေးမယ်ရေးမယ်နဲ့။ အခုက တော်တော်ကိုဆိုးဆိုးဝါးဝါဖြစ်နေလို့။ တဆက်ထဲမှာ နိုင်ငံတော်ရဲ့ ငွေစာရင်းမှာ ဘီလီယံ ၂၂၀ဝ လောက် လိုငွေပြနေတယ်ဆိုတော့ နိုင်ငံတော် က ရသင့်တဲ့ အခွန်တွေ ဘယ်သူတွေလက်ထဲရောက်နေလို့လဲ ဆိုတာ စဉ်းစားစရာဖြစ်လာလို့ပါ။ တိုင်းပြည်တိုးတက်ချင်ရင် စက်မှု့ကုန်ထုတ်လုပ်တဲ့ ကဏ္ဍကိုတိုးတက်အောင်လုပ်ရတယ်ဆိုတာ ငြင်းလို့မရတာအမှန်ပါ။ ဒါပေမယ့် သီအိုရီမှာကိုက Competitive Agvantage ဆိုတာရှိနေလေတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကားထုတ်မယ်ဆို ရင် တွက်ချေကိုက်ပါ့မလား ဆိုတာစဉ်းစားကြည့်ရင်းသိသာလာနိုင်ပါတယ်။ ပြည်ပမှာ ဒေါ်လာ ၃၀၀ဝ လောက်ရှိတဲ့ကားကို သိန်း ၂၀ဝ လောက်ပေးပြီး ငွေလက်ငင်းချေစီးနေကြတဲ့ ကျွန်တော်တို့တွေကို သူများနိုင်ငံတွေကလူတွေ အံဩကြပါတယ်။ မော်တော်ကားဟာ Luxury ပစ္စည်းမဟုတ်တော့ပါဘူး နေ့စဉ်လိုအပ်ချက်တခုပါ။ ဒါကို သေသေချာချာ စဉ်းစားပြီး သင့်လျှော်တဲ့ ဆုံးဖြတ်ချက် နိုင်ငံတော်ကချသင့်နေပါပြီ။ ကားထုတ်တဲ့ကိစ္စဆက်ပြောရအောင်….. မြန်မာနိုင်ငံမှာ […]


moegyothwarAugust 31, 20111min1077
၂၈ရက်နေ့က Morning Star Cafe က ရေပိုက်ပေါက် ကာဒုတိယထပ်ရေဝင်တယ်လို့သိရပါတယ်။ MK က ပျက်စီးတဲ့အတွက် လျှော်ခိုင်းတယ်လို့သိရပါတယ်။ Update လုပ်ပေးပါအုန်းမယ်။


moegyothwarApril 4, 20111min20313
ကုန်သည်/စက်မှုအသင်းချုပ်ရဲ့ ဥက္ကဌ ဦးဝင်းမြင့် စီး/ကူးဝန်ကြီးဖြစ်သွားတဲ့အတွက် လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့ ဥက္ကဌအသစ်ရွေးချယ်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ ဒီဥက္ကဌနေရာက တော်တော်ပါဝါရှိ တဲ့အတွက်လိုချင်တဲ့လူတွေ ၊ လိုချင်ရက်နဲ့မလိုချင်ယောင်ဆောင်နေသူတွေ၊ဘယ်လူကြီးဆီဝင်တွေ့ပြီး နေရာရအောင်ပြောရပါလိမ့်လို့စဉ်းစားနေသူတွေ အသင်းချုပ်ကြီးထဲမှာ တပုံကြီးဖြစ်နေပါတယ်။ နိုင်ငံတော်အစိုးရအသစ်လက်ထက်မှာ အသင်းချုပ်ဥက္ကဌဘယ်သူဖြစ်လာမလဲဆိုတာကတော့ ခန့်မှန်းရခက်နေပါတယ်။ အခုကြားရတာကတော့ လက်ရှိဒု ဥက္ကဌ ၆ ယောက်အပြင် အရွေးခံချင်တဲ့သူတွေ ပါဝင်ပြီး လျှို့ဝှက်မဲစနစ်နဲ့ရွေးကြမယ်လို့သိရပါတယ်။ လက်ရှိဒု ဥက္ကဌ ၆ ယောက်ကတော့- ဦးအောင်လွင် ( လူရှုပ်လေး ) ၊ နေရာတကာဒိုင်ဘင်ပစ်တတ်တဲ့ ဒိုင်ဘင်ဝင်းအောင် ( Dagon International ) ၊ KMD ကကိုသောင်းတင်၊ Fortune က ကိုမြဟန်၊ ကုန်ဈေးနှုန်းဆရာကြီး ကိုထွန်းအောင်၊ ပြင်ပနိုင်ငံခြားခရီး ကန်ထရိုက်ဆွဲထားတဲ့ ကိုဇော်မင်းဝင်း တို့ပါဘဲ။ ခေတ်သစ်စနစ်သစ်နဲ့သွားရမယ့်အချိန်မှာ အရင်ကမဲပြာပုဆိုးတွေ၊ […]