moeloneOctober 15, 20101min975
၁၉၈၈ အရေးအခင်းကာလတုန်းကပါ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရလည်းမရှိတဲ့အချိန်ပေါ့။ ဒီမိုကရေစီရရှိရေး တို့အရေး၊ တို့အရေးလို့ လူတွေအော်ဟစ်ဆန္ဒတွေပြနေဆဲအချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကဗျာတွေ စာတွေ လက်ကမ်းစာစောင်တွေလည်း လူထုကြားမှာ အင်မတန်ရေပန်းစားနေခဲ့ပါတယ်။ အဲဒီအချိန်က ဆယ်ကျော်သက်တစ်ယောက်ဖြစ်တဲ့ မိုးလုံး လည်း အဲဒီ စာတွေ ကဗျာတွေကို ဖတ်ခဲ့ရပါတယ်။ အမှတ်တမဲ့ ဖတ်ခဲ့တဲ့ စာတွေ ကဗျာတွေထဲမှာ အခုအချိန်အထိ စိတ်ထဲစွဲနေတဲ့ ကဗျာလေးတစ်ပုဒ် အကြောင်းဆွေးနွေးချင်လို့ပါ။ အဲဒီကဗျာရေးတဲ့သူရဲ့အမည်က မှိုင်းမျိုးဆက် လို့ရေးထားပါတယ်။ ကဗျာမှာပါတဲ့ ပထမတစ်ပိုဒ်နှစ်ပိုဒ်လောက်ကို မိုးလုံးအလွတ်ရနေတဲ့အတွက် အခုရေးပြပါ့မယ်။ ဖတ်ကြည့်ပါ။ မဟုတ်မဟပ် လုပ်ဇာတ်ထွင်လိမ်စဉ်နဲ့ စိန်လွင် ကိုနေရာပေးတာ တွေသာကြည့်ပေတော့ ခွေး သဘာပတိဖြစ်သလို။ သတင်းမမှန် ညာပုံနဲ့ နေဝင်းရာ မင်းအကြံဒါအကုန်လား…။ ဆိုရှယ်လစ် ဆိုရှယ်လစ်နဲ့ အပျိုအရွယ်သစ်ကလေး ခြေတော်တင် […]


moeloneOctober 14, 20101min1184
မနေ့ကမေးလ်ထဲရောက်လာတဲ့ မဟာတဘောင်တော်ကြီးဆိုတဲ့ forward mail လေးကို အားလုံးဖတ်ရှုနိုင်အောင်လို့ ဝေမျှလိုက်ပါတယ်။ မဟာတဘောင်တော်ကြီး ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့ ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ ရှေ့လူ နောက်တက် နင်းလတ္တံ့ သီတင်းကျွတ်ရေတက်တိုင်းပြည်ပျက် ကောင်းအောင်ညီဖို့ လိုလတ္တံ့။ ၁၀-၁၀-၂၀၁ဝ ဟာ ဝလေးလုံးဆုံတဲ့ ကာလဖြစ်လို့ အနိမ့်စံနေရတဲ့သူတွေ အမြင့်စံရတော့မယ့်အချိ်န်ဖြစ်ပါတယ်တဲ့။ ဆင်ဖြူတော်ကလည်း ငါးကောင် ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တက် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်ဖြစ်ပါတယ်တဲ့။ သီတင်းကျွတ်ကာလ ဒီအချိန်မျိုးမှာ မြန်မာပြည်နေရာတော်တော်များများမှာ ရေလွှမ်းမိုးတာဟာ တိုင်းပြည်ပျက်မယ့်  အတိတ်နိမိတ်လို့ ဆိုပါတယ်။ ကောင်းတာတွေဖြစ်ချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့်မယ်လို့ ဆိုထားခြင်းပါ။ အမှားပါရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။