ဝတီ၏ ကြိုးစားမှုများ အရာထင်ခဲ့ပါသည်။ ပဉ္စမတန်း ပထမလပတ် စာမေးပွဲတွင် ဝတီက ဒုတိယအဆင့်ကို ရရှိခဲ့၏။ နာမည်ကြီးကျောင်းမှ စာတော်သူများကိုကျော်၍ သူနှင့်ကပ်လိုက်လာသည့် ဝတီ့ကို နှင်းဆီတို့ တစ်မိသားစုလုံးက အံ့အားသင့်ခဲ့ကြသည်။   “ဟဲ့..နင် ဘယ်သူ့ဆီမှာ ကျူရှင်တက်တာလဲ..” “ငါတို့အိမ်နားက ဆရာမဆီမှာ…”   သိပ်မကြာပါချေ။ နှင်းဆီကို ကျောင်းလိုက်ပို့သော သူ့အမေက ဝတီ့ကို လာတွေ့ခဲ့သည်။   “သမီး..ဝတီ…အဆင့် (၂)ရတယ်ဆို… သိပ်တော်တာပဲ.. ဘယ်သူ ဂိုက်လုပ်ပေးလဲ…” “ဂိုက်ရယ်လို့တော့ မရှိပါဘူး.. သမီးတို့အိမ်နားက ဆရာမ ဒေါ်သီတာ့ဆီမှာ စာသွားကျက်တာ..” “အော်… သူက ငါးတန်းသင်တာတော့ မဟုတ်ဘူးမို့လား…” “မဟုတ်ဘူး အန်တီ..ဆရာမက (၇)တန်းသင်တာ… အိမ်နီးနားချင်းဆိုတော့ သူ့တူတွေ၊ တူမတွေနဲ့ စာအတူတူကျက်ဖို့ အမေက ပို့ပေးထားတာ…” “ဟုတ်လား…ဆရာမက […]


မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁)  https://myanmargazette.net/148470/creative-writing မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၂)  https://myanmargazette.net/149069/creative-writing   အောင်စာရင်းထွက်လာသောအခါ ဝတီက ဂုဏ်ထူးမပါသော်လည်း အမှတ်အားလုံးညီနေ၍ အဆင့်ဒုတိယ၊ နှင်းဆီက သင်္ချာ၊ ပထဝီဝင် ဂုဏ်ထူးဖြင့် ပထမ ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြားရသည့်ကောလဟာလက ဝတီနှင့်နှင်းဆီသည် အမှတ်ချင်းတူနေသဖြင့် ပထဝီဝင်ဘာသာတွင် နှင်းဆီကို ပိုပေးလိုက်သည် ဟူ၍။ မြို့နယ်အဆင့် ကျောင်းပေါင်းစုံစာမေးပွဲဖြစ်သဖြင့် ထိုသတင်းမှာ မသေချာသော်လည်း ဝတီ၏ ရင်ထဲတွင်မူ အမည်မသိ ဒဏ်ရာတစ်ခု ရရှိလာခဲ့သည်။   ထိုဒဏ်ရာကို ပိုနက်စေသည့် အဖြစ်တစ်ခုက မကြာမီပင် ထပ်မံဖြစ်ပွားခဲ့သည်။ ပထဝီဝင်ဆရာမက ခြေတိုင်ရှည်အိမ်များအကြောင်း သင်ကြားရာတွင် စာသင်ပုန်း၌ “ခြေတံရှည်” ဟု ရေးရင် စာရှင်းပြသည်။ ကျောင်းသားအားလုံးကလည်း “ခြေတံရှည်” ဟု မှတ်ခဲ့ကြသည်။ […]


ဒီကဗျာလေးကတော့ လုံမလေးရဲ့ ဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးထားတဲ့ ကဗျာလေးဖြစ်ပါတယ်။ တပည့်တွေကို အင်တာနက်မှာတင်ဖို့ ခွင့်ပြုပေးပြီး ရေးထားတာ ဖြစ်ပါတယ်။ တနေ့က နယ်ပြန်ရင်း ဆရာကြီးနဲ့တွေ့ဖြစ်လို့ ဆရာကိုယ်တိုင် ရေးပေးခဲ့တာ ဖြစ်ပါတယ်။   “ပြည်တော်ပြန် ဟင်္သာကြီးများသို့”   မြန်မာပြည်သူတွေကို ချစ်သတဲ့ အနှစ်မပါတဲ့အသံနဲ့ သူတို့ပြန်လာကြ ကျန်ခဲ့တဲ့ နှစ်(၂၀) ငါတို့တွေ သောကပင်လယ်ဝေတုန်း အမှောင်ဆုံးညတွေမှာ ငါတို့ကိုစွန့်ခွာသွားတဲ့ ဇာတ်တူသားစားသူတို့ရဲ့စကား ဘယ်လိုနားနဲ့ ငါတို့ယုံစားရမလဲ။   ငါတို့ရင်ထဲက သူရဲကောင်းဆိုတာ “ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက် မငိုက်ဦးခေါင်း၊ သူရဲကောင်း” ဟေ့ ဇာတ်တူသားလည်းမစား ပြည်သူတွေကိုလည်း စွန့်မသွား ဝံ့စားရဲရင့် (မင်းကိုနိုင်၊ ကိုကိုကြီး တို့လို) အရေးကြုံလျှင် ပြည်သူအတွက် အသင့်ရှိသူများသာ။   ဒီမယ်ကိုယ့်လူတို့ […]


မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁) https://myanmargazette.net/148470/creative-writing#comment-255925   ပထမတန်းတွင် နှင်းဆီ၏အကြောင်းကို ပိုသိလာခဲ့သည်။ နှင်းဆီ၏အမေသည် မြို့တွင် နာမည်ကြီးသော ဆရာဝန်တစ်ယောက်ဖြစ်၍ အဖေသည် ချမ်းသာသော လူကုံထံတစ်ယောက်ဖြစ်သည်။ တစ်ဦးတည်းသော အစ်ကိုမှာလည်း တစ်မြို့လုံးတွင် အတော်ဆုံးဟုဆိုနိုင်သည့် ထူးချွန်ကျောင်းသားဖြစ်၏။ ထို့ကြောင့် အနှစ်ချုပ်လျှင် နှင်းဆီသည် မြို့မျက်နှာဖုံး၊ အထက်တန်းလွှာမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။   နှင်းဆီ၏အခြေအနေကို သိလိုက်ရချိန်တွင် ဝတီတစ်ယောက် အားကျစိတ်များဝင်မိ၏။ ဝတီ့အဖေသည် ပုံနှိပ်စက်လုပ်ငန်းကို လုပ်ကိုင်သည်။ ပုံနှိပ်စက်သုံးခုလောက်သာရှိသော မြို့တွင် အဖေသည် အတော်ဆုံးဟု ဆိုနိုင်၏။ လုပ်ငန်းအခြေအနေကောင်းမွန်သော်လည်း ချမ်းသာသည်ဟု မဆိုနိုင်။ အဘွား၏ စီမံအုပ်ထိန်းမှု၊ အဖေ၏ အလုပ်ကြိုးစားမှုနှင့် အမေ၏ ဖြည့်ဆည်းပေးမှုအောက်တွင် ဝတီနှင့်မောင်လေးတို့နှစ်ယောက် လိုတရမဟုတ်သော်လည်း လိုအပ်သမျှတော့ ပြည့်စုံခဲ့သည်။ သို့ရာတွင် ကလေးပီပီ နှင်းဆီ၏ […]


“ဘာ..နောက်ဆုံးတော့ နင်ပဲနိုင်မှာ ဟုတ်လား…ဒီမှာ ဝတီ…နင်က ငါ့ရဲ့ငယ်နိုင်ပဲ…ငါလည်း ဒီလိုပဲသတ်မှတ်ထားတယ်…ငါ့မိဘတွေလည်း ဒီလိုပဲ သတ်မှတ်ထားတယ်…နင်ငါ့ကို ဘယ်တော့မှ မကျော်စေရဘူး…” စကားလုံးတွေက ်ဝတီခင့်နားထဲသို့ သံရည်ပူအလား စီးဝင်လာကြသည်။ မျက်လုံးတွေလည်း ပြာဝေလာသည်။ အသားတွေက တဆတ်ဆတ်တုန်၍..အာခေါင်တွေလည်း ခြောက်လာသည်။ လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်လျက်သား။ မထင်မှတ်ထားသော စကားများ…ယောင်လို့တောင် မတွေးမိသော အကြောင်းအရာ။ ဒေါသစိတ်နှင့် မခံချင်စိတ်များက ငယ်ထိပ်မှတစ်ဆင့် ပေါက်ထွက်တော့မည့်အလား။ ချက်ချင်းဆိုသလိုပင် စကားလုံးများကလည်း ပါးစပ်ထဲမှ ခုန်ထွက်လာသည်။ “နင့်စကားကို နင်မှတ်ထားစမ်း နှင်းဆီမေ…ငယ်နိုင် ဟုတ်လား…ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတယ်ပေါ့…လူဆိုတာ မဖြစ်နိုင်တာမရှိဘူး…မဖြစ်သေးတာပဲရှိတယ်…နင်သိပ်သတ္တိရှိတယ်ဆိုရင် နင်နဲ့ငါ ဆယ်တန်းမှာ တွေ့မယ်…” ပြောပြီးပြီးချင်း ချာကနဲ လှည့်ထွက်လာခဲ့သည်။ ရုတ်တရပ်ပြောင်းလဲသွားသော အခြေအနေတွင် သူငယ်ချင်းတွေကတော့ ပါးစပ်အဟောင်းသား။ အစော်ကားခံလိုက်ရတော့ စကားလုံးများကို ပြန်ကြားရင်း မျက်ရည်က ဝဲတက်လာသည်။ […]


အိမ်မှာ အမှားလုပ်ရင် အမေက ရိုက်တယ် ပါးပါးလေးပါပဲ။ ကျောင်းမှာ အမှားလုပ်ရင် ဆရာမက ရိုက်တယ် ပါးပါးလေးပါပဲ။ ဘဝမှာ အမှားဖြစ်တော့ လောကကြီးက ရိုက်တယ် ရိုက်ချက်က ပြင်းလိုက်တာ… သိလို့ပဲ မှားမှား မသိလို့ပဲ မှားမှား မှားတာနဲ့ ခံရမယ်တဲ့။ ဒီလိုနဲ့ပဲ… အမှားတွေ တစ်ခုပြီးတစ်ခု သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု အမှားထဲက သင်ခန်းစာယူ ငါလည်းပဲ… လူထဲကလူ…။ ။


ဒီရက်ပိုင်း ကျွန်မတစ်ယောက် ချစ်သူနဲ့ အဆင်မပြေဘူး ဖြစ်နေတယ်ရှင်။ သူအချိုးမပြေတာ တော်တော်ကြာနေပါပြီ။ ကျွန်မလည်း သည်းခံကြည့်တာပဲ။ ဒါပေမယ့် အချိန်တွေသာ ကုန်သွားတယ်။ သူက ပြောင်းလဲမလာဘူး။ ဒီတော့ အခုကျွန်မ သူငယ်ချင်းတွေကို ရင်ဖွင့်ရတော့တာပေါ့။ နည်းနည်းလောက် စဉ်းစားပေးကြပါဦး။   သူနဲ့ ကျွန်မက ဆယ်တန်းနှစ်မှာ စသိခဲ့ကြတာပါ။ အမှန်တော့ ကိုးတန်းလောက်ကတည်းက ကျွန်မအစ်မတွေနဲပ ခင်နေတဲ့ သူ့ကို သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ခပ်တည်တည်ပေါ့။ သိတယ်မို့လား။ ဆယ်တန်းနှစ်ရောက်တော့ စာကျက်ရင် အချိုးမပြေတဲ့ ကျွန်မကို အစ်မတွေက သူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စသိခဲ့ရော ဆိုပါတော့။ အစက နည်းနည်း ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် တစ်စတစ်စနဲ့ သူ့ကို တွယ်ငြိလာခဲ့မိတယ်။   အစပိုင်းမှာတော့ ကျွန်မကို ကူညီနေတဲ့သူ့ကို အမေတို့က […]


ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လစဉ်ကျင်းပလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောပွဲ (စက်တင်ဘာလ – ၂၀၁၂) တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ပူးပေါင်း၍ ဒေါက်တာ ဦးသိန်း က “အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်” အကြောင်းအရာ ခေါင်းစဉ်နှင့် ပတ်သက်သည့် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြပါကြောင်း ဖိတ်ကြားအပ်ပါသည်။ ဟောပြောမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။   ကျင်းပမည့်နေ့ရက်            – ၁-၉-၂၀၁၂ (စနေနေ့) ကျင်းပမည့်အချိန်              – နေ့လည် ၁၄:၀ဝ နာရီ ကျင်းပမည့်နေရာ              -UMFCCIOfficeTower(ပထမထပ်) ခန်းမကြီး အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်။   ဦးသိန်း၏ […]


အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။   ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ […]


ကိုဖြိုးရေ…   ဒီအချိန်ဆို နင်ဘာတွေလုပ်နေမလဲ။ အိပ်ပျော်နေမလား။ အလုပ်နဲ့ပတ်သက်တဲ့ စာတွေပဲ ပြန်ကြည့်နေမလား၊ ဂိမ်းပဲ ဆော့နေမလား။ ဇာတ်လမ်းပဲ ကြည့်နေမလား။ ဘာပဲဖြစ်ဖြစ် နင်စိတ်ချမ်းသာနေမှာပါဟာ။ ပိုပြီး ပျော်စရာကောင်းတာကလေ မကြာခင်မှာ နင်ချစ်တဲ့သူက နင့်ကိုချစ်ပါတယ် ဆိုတဲ့ အဖြေကို နင်ကြားရတော့မယ်လေ။   တကယ်တော့ ငါလည်း နင်နဲ့ထပ်တူ ပျော်ချင်ပါတယ်ဟာ။ အမြဲတမ်း ငါက နင်နဲ့ မျှဝေခံစားနေကြလေ။ ဒါပေမယ့် ဒီတစ်ခါတော့ ငါမပျော်နိုင်တော့ဘူးဟာ။ နင်သိရဲ့လား။ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရခြင်းနဲ့ မုန်းသူနဲ့ အတူတူနေရခြင်း ဆိုတဲ့ ဆင်းရဲခြင်းနှစ်ခုက ငါ့ဆီမှာ တစ်ပြိုင်နက်တည်းရှိနေတယ်လေ။ အဲဒီထဲမှာမှ မုန်းသူနဲ့ အတူတူနေရခြင်းက ပိုဆင်းရဲပါတယ်ဟာ။   ငါ နင့်ကို အဆက်အသွယ်ဖြတ်ထားလိုက်တာ ကြာပြီနော်။ နင်လည်း ငါ့ကို စိတ်ထဲမှာရှိမှာ […]


မနေ့က နယ်က ဆရာမတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ဆရာမဆိုပေမယ့်လည်း ငါးတန်းကနေ ကိုးတန်းအထိ စာသင်ပေးလာတဲ့အပြင် အိမ်နီးနားချင်းပါဖြစ်နေတော့ ဆရာနဲ့တပည့်တင်မကဘဲ အဒေါ်နဲ့တူမလို ဖြစ်နေပါတယ်။ ပြီးတော့ ဆရာမရဲ့ တူ၊ တူမတွေနဲ့လည်း ရွယ်တူလိုဖြစ်နေတော့ သူတို့ခေါ်တဲ့အတိုင်း တီလေးလို့ပဲ ခေါ်ဖြစ်ပါတယ်။   တီလေးက အထက်တန်းကျောင်းက အလယ်တန်းပြဆရာမပါ။ ငါးတန်းစတက်ကတည်းက ညနေကျူရှင်က ပြန်လာတာနဲ့ ရေချိုး၊ ထမင်းစားပြီး ခြောက်နာရီခွဲလောက်ဆိုရင် တီလေးတို့အိမ်မှာ စာသွားကျက်ပါတယ်။ သင်သမျှစာတွေအလွတ်ရေး၊ အလွတ်တွက်နဲ့ ည ကိုးနာရီလောက်မှ ပြန်လာရပါတယ်။ သင်သမျှစာကို အကုန်သင်တာတင်မကဘူး၊ supplement တို့၊ Guardian တို့ထဲက စာတွေကိုပါ ဖြေခိုင်း၊ စာမေးပွဲနီးရင် သင်ပြီးသမျှစာတွေကို revision ပြန်လုပ် နဲ့ အခြေခံကောင်းကောင်း ရခဲ့ပါတယ်။ မေးခွန်းဆိုတာ ဝေလာဝေးလို့ တစ်လတစ်လ […]


တစ်ကြိမ်လောက်ပါပဲ… အဖေ လို့ အားရပါးရလေး ပြန်ခေါ်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်မောင်းကိုကိုင်ပြီး ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေနင်းတဲ့စက်ဘီးနောက်က ခဏလေး လိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်ရာ ငါးရံ့ဆန်လှော်ဟင်းပူပူလေး နည်းနည်းစားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… သူချက်ကိုယ်ချက်နဲ့ မီးဖိုခန်းမှာ ဟင်းလုချက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ဟင်းချက်ရင်းနဲ့ အမေ့အကြောင်း တိုးတိုးလေး ပြောပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ငါ့သမီးပြန်လာပြီ ဆိုတဲ့ အသံလေး ကြားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ညဘက်စကားပြောရင်းနဲ့ နင်းပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေဝတ်နေကျ ဂျာစီအကျီတစ်ထည်လောက် ဝယ်ပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… …….   တစ်ကြိမ်လောက်ပါပဲ…. ……….   တစ်ကြိမ်တွေများနေပြီ ထင်ပါရဲ့… […]


ဟိုတလောက မမနောဖြူလေးရေးတဲ့ ဆယ်တန်းအောင်ရင် ဘာလုပ်ကြမလဲ  ပို့စ်တွေကို ဖတ်ပြီးကတည်းက ရေးချင်နေတာ။ ခုမှပဲ ရေးဖြစ်တော့တယ်။   အခု ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီးလို့ အမှတ်တွေတောင် ထုတ်လို့ရနေတဲ့အချိန်မှာ ကလေးတွေ ဘာတက္ကသိုလ်တွေ ရွေးမှာလဲဆိုတာ အရမ်းစိတ်ဝင်စားမိပါတယ်။   ဆေးကျောင်းက အခုဆို ထက်ဝက်လျှော့ချပြီး ခေါ်မှာဆိုတော့ အမှတ် ၅၀ဝ နားမနီးလို့ကတော့ မသေချာဘူးပဲ။ အဲဒီထက်ဝက်မှာလည်း တကယ်တက်ချင်စိတ်ရှိတဲ့သူတွေပဲ လျှောက်ပါစေလို့ ဆုတောင်းမိပါတယ်။ နို့မို့ဆို လျှောက်ပြီးမှ မတက်ဖြစ်တော့ရင် ကပ်ပြီးပြုတ်ကျန်ခဲ့တဲ့သူတွေအတွက် ရင်နာဖို့ကောင်းပါတယ်။   နောက် GTC တွေကိုလည်း YTU အဖြစ်နဲ့ အမှတ် ၄၅ဝ ကျော်တဲ့သူတွေသာ ခေါ်မယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါကိုတော့ သေသေချာချာ သိချင်သား။ ရန်ကုန်မှာပဲ အရင်တုန်းက RIT လိုမျိုး […]