အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)   ************************************************************* ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ […]


ကျွန်မမှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားတော့ မသိပါဘူး။ အဲဒါကတော့ ကျွန်မတစ်ခုခုသိလာပြီဆိုရင်၊ အဲဒီ သိလာတဲ့အရာကလည်း ကျွန်မအတွက် အရမ်းအကျိုးများစေတဲ့အရာ၊ ကျွန်မအရမ်းသဘောကျတဲ့အရာဆိုရင် ကျွန်မပတ်ဝန်းကျင်ကိုပါ ပြောပြချင်တာပါပဲ။ ဆရာကြီးလုပ်ပြီး ငါသိတယ် ဆိုတဲ့ ပုံစံနဲ့ ပြောပြချင်တာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ကောင်းတယ်လို့ သတ်မှတ်တဲ့အရာကို ကျွန်မပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုပါ သိစေချင်တဲ့ သဘောပါ။ အထူးသဖြင့် သင်တန်းတို့၊ ကျောင်းတို့က ပြန်လာပြီဆိုရင် သင်ခဲ့ရသမျှထဲက ကျွန်မအရမ်းကြိုက်တဲ့စာတွေ၊ ကျွန်မအတွက် လင်းကနဲဖြစ်သွားစေတဲ့စာတွေဆိုရင် ရုံးကသူငယ်ချင်းတွေ၊ အတူနေတဲ့သူငယ်ချင်းတွေ၊ အခုဆိုရင် အတူနေတဲ့ အမေ့ကိုပါ ပြန်ပြောပြမိတာပါပဲ။ ဆိုတော့ ဒီလောက် စကားပလ္လင်ခံပြီးတဲ့အတွက် စပြောပါတော့မယ်။ ပြီးခဲ့တဲ့စနေနေ့၊ ရက်အတိအကျပြောရရင်တော့ (၅.၁၀.၂၀၁၃) ရက်နေ့က သင်တန်းမှာ အကြောင်းအရာတစ်ခုကို ဆွေးနွေးရပါတယ်။ ကျွန်မတက်နေတဲ့သင်တန်းရဲ့ သဘာဝကိုက […]


အူးမိုက်ရဲ့ ကြိမ်စကြာကြောင့် ပြန်လာကြတဲ့ရွာသူားတွေ၊ ပို့စ်တွေပြန်တင်ကြတဲ့ ရွာသူားတွေကိုတွေ့တော့ လုံမလည်း ပို့စ်တင်ချင်စိတ်တွေ ဖြစ်လာပါတယ်။ ဘာတင်ရမလဲ စဉ်းစားလိုက်ပြန်တော့လည်း တစ်ချို့က ခေါင်းထဲကနေ စာရွက်ပေါ် (အဲ) ကွန်ပျူတာပေါ်ကို ထွက်မလာ၊ ထွက်လာတာကြပြန်တော့လည်း အဆုံးက သတ်လို့မရသေး။ ဒီကြားထဲ ပို့စ်တင်ချင်စိတ်ကလည်း ထိန်းမရဆိုတော့ ကြံမိကြံရာနဲ့ ပို့စ်တင်လိုက်ပါတယ်။   ဒါကြောင့် “လုံမလေးမွန်မွန် ရွာထဲမှာ ရှိနေပါတယ်။ ပို့စ်တင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေမယ့် စိတ်သာရှိပြီး စာမရှိလို့ ပို့စ်မတင်နိုင်သေးတာ ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ကွန်မန့်တွေလည်း ကြိုးစားပြီးပေးနေပါတယ်။ စာတွေလည်း ဖတ်ပါတယ်။ ရွာထဲဝင်မရလည်း ရွာပြင်က ပတ်ချောင်းပါတယ်” လို့ ပြောကြားရင်း ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။   အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙂


တကယ်တော့ အစက ဒီပဟေဠိအစီအစဉ်ကို ဒီလိုလုပ်မယ်လို့ စိတ်မကူးခဲ့ပါဘူး။ ထူးထူးခြားခြားလေးဖြစ်အောင်လို့ နာမည်တွေကို တိုက်ရိုက်မပြောဘဲ ထည့်ထားခဲ့ရုံလောက်ပါပဲ။ ဒါပေမယ့် ပြခန်းကို ပရိုမိုးရှင်းလုပ်သလိုလည်း ဖြစ်အောင်၊ ပြခန်းကိုလာတဲ့သူတွေအတွက် ပျော်စရာလေးလည်းဖြစ်အောင်ဆိုပြီး ဆုပေးမယ့် အစီအစဉ်လေးကို လုပ်ဖြစ်လိုက်ပါတယ်။ တကယ်လည်း ပျော်စရာကောင်းပါတယ်။ ကိုရာမည နဲ့ ကိုဘီယာ ရဲ့ ပို့စ်တွေ အပြိုင်အဆိုင်တက်လာတာကိုကြည့်ပြီး တော်တော်လည်း ဝမ်းသာမိပါတယ်။ အခုလို ပါဝင်ပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် (သဂျီးကို မွဲဆေးဖော်တဲ့အနေနဲ့) အဖြေတွေကို ပို့စ်တစ်ပုဒ်တင်ပြီး ပြောပြလိုက်ပါတယ်။ ၁။ တကယ်တော့ ကွက်လပ်ထားခဲ့တာ မဟုတ်ပါဘူး။ ပို့စ်ကို အချိန်စာရင်းနဲ့ တင်ပြီးတဲ့အချိန်မှာမှ တော်သလင်းလဖွဲ့ဆိုတဲ့ ကဗျာကို ရလာခဲ့တာပါ။ ပို့စ်မတက်ခင်ကြားရက်ထဲမှာကလည်း ဖျားနေတာနဲ့ ပို့စ်ကို သွားမပြင်နိုင်ခဲ့ပါဘူး။ ကဗျာဆရာအမည်မပါဘဲနဲ့ ပို့စ်တက်သွားတဲ့အချိန်မှာ ဘယ်သူကများ […]


ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။ ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။ ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။ ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။ ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။ ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို […]


(၇) ရက် နေ့စဉ်သတင်းစာ အမှတ် (၁၃၇) ပါ အယ်ဒီတာ့ထံပေးစာကဏ္ဍမှာ “စာကျက်ချိန်ပို ရအောင် လုုပ်ပေးကြပါဦး” ပေးစာကို ဖတ်လိုက်ရပါတယ်။ ထူးခြားချက်ကတော့ ရေးသားပေးပို့သူက ရပ်စောက်မြို့က ဆယ်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး အကြောင်းအရာက ကျောင်းချိန် နှင့် ဘော်ဒါစာသင်ချိန်များကြား ကိုယ်ပိုင်စာကြည့်ချိန် မလုံလောက်တဲ့အတွက် ကျောင်းချိန်ကို နေ့တစ်ဝက်ကျောင်းအဖြစ် ပြောင်းလဲပေးနိုင်ဖို့ စဉ်းစားပေးပါရန် တင်ပြထားတာဖြစ်ပါတယ်။ သူ့ရဲ့ပေးစာကို ဖတ်အပြီးမှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်နဲ့ အဲဒီစနစ်အောက်မှာ ပညာသင်ကြားနေကြတဲ့ လူ့စွမ်းအားအရင်းမြစ်မျိုးဆက်သစ်တွေရဲ့ အချိန်ငတ်နေကြတဲ့ ဘဝကို တွေးမိရင်း သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်မိလိုက်ပါတယ်။   ကျူရှင်ဆိုတာ ကျောင်းသားတွေရဲ့ အဓိကအားထားရာ ဖြစ်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျူရှင် နဲ့ ဘော်ဒါကို အချိန်ပေးရနေရလို့ ကိုယ်ပိုင်စာကြည့်ချိန် လျော့နည်းတာကြောင့် ကျောင်းချိန်ကို […]


– – – – – – – – – – ပညာရေးစနစ်တွေ ပြောင်းလဲတယ်ဆိုတာ ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ ဘာတွေကို ပြောင်းလဲတာလဲလို့ လေ့လာကြည့်လိုက်တော့ တက္ကသိုလ်ပညာရေးကို အဓိကထား ပြောင်းလဲတာကို တွေ့ရပါတယ်။ ကျွန်မ စဉ်းစားမိပါတယ်။ တက္ကသိုလ်ပညာရေးစနစ်ကို အဆင့်မြှင့်တင်ပြောင်းလဲရုံနဲ့ မျိုးဆက်သစ်ကလေးတွေ တိုးတက်လာမှာလားလို့ပါ။ ကျွန်မ အမြင်ကတော့ အခြေခံပညာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ထပ်မြင့်တွေ ဘယ်လောက်ကောင်းအောင်ဆောက်ဆောက် အခြေမခိုင်ရင် အန္တရာယ်များသလိုပဲ တက္ကသိုလ်ပညာရေး ဘယ်လိုပဲပြောင်းပြောင်း အခြေခံပညာမှာ အောက်သက်မကျေလာတဲ့ ကလေးတွေအတွက်ကတော့ သိပ်အန္တရာယ်များလှပါတယ်။ ဟိုလပိုင်းတွေက ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဖွင့်မယ့် ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအတွက် ဝင်ခွင့်ခေါ်တာတွေပါ။ ဘာသာစုံအမှတ်ပေါင်း (၄၉၀) ရရမယ်။ အထူးပြုဘာသာရပ်တွေမှာ အမှတ် […]


အချစ်…. အချစ် ဆိုသော အရာသည် ကျွန်မ၏ ဘဝတွင် ဒုတိယနေရာတွင်ပင် ရှိခဲ့သည့်အရာဖြစ်သည်။ ကျွန်မနားမလည်ချင်ဆုံး အရာလည်း ဖြစ်သည်။ ဖြစ်ချင်တာတွေဖြစ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရသည့် ကျွန်မအတွက် အချစ်သည် ဘဝလောက် စိတ်ဝင်စားဖွယ်မကောင်းသည်က အမှန်ပင်။ ဘဝတိုက်ပွဲကြားက မိဘနှစ်ပါး၏ ပဋိပက္ခများ၊ မပြည့်စုံသောအခြေအနေအောက်က ကျွန်မ၏ အောင်မြင်မှုကို စောင့်ကြည့်အကဲဖြတ်နေကြသော ပတ်ဝန်းကျင်၏ မျက်လုံးများကြားတွင် ကျွန်မသည် အချစ်ကို သိချင်လျှင်တောင် ဘဝကို ရှေ့တန်းတင်ခဲ့သည်။ ထိုမှတစ်ဖန် ကျွန်မဖတ်ဖူးသော စာအုပ်များ၊ ကြုံတွေ့နေရသော သူငယ်ချင်းတို့၏ အဖြစ်အပျက်များကလည်း အချစ်ကို အယုံအကြည်မဲ့စေခဲ့သည်။ သို့သော် အချစ်နှင့် ပတ်သက်သော ခံယူချက်လေးတစ်ခုတော့ ကျွန်မတွင်ရှိသည်။ “သံယောဇဉ်နှောင်ကြိုး ရစ်ပတ်မှုများလာလျှင် ချစ်မိသွားတတ်သည်” ဟူ၍။ သို့သော် အချိန်ကာလကြာရှည်စွာ သံယောဇဉ်တွယ်မိသော သူငယ်ချင်းများကို မချစ်မိသည့်အခါ ကျွန်မခံယူချက်ကို […]


– – – – – ======================= ငယ်ငယ်ကတည်းက အခုချိန်ထိ အမေဆုံးမနေကျ စကားလေးတစ်ခွန်းရှိတယ်။ “လူတစ်ယောက်က ကိုယ့်အပေါ်မကောင်းရင် တစ်ချိန်က သူကောင်းခဲ့တာလေးတွေနဲ့ ဖြေတွေးပါ” တဲ့။ တစ်ခါတစ်လေကျတော့လည်း ရံဖန်ရံခါလုပ်ဖူးတဲ့ ကောင်းကွက်လေးတွေက အမြဲတမ်းလုပ်နေတဲ့ မကောင်းကွက်တွေကို မဖုံးနိုင်ဘူး ဖြစ်နေတတ်တယ်။ စဉ်းစားကြည့်မိတယ်။ ကိုယ်နေရာတစ်ခုရဖို့၊  ကိုယ့်အပေါ်ကို အကောင်းမြင်ဖို့ သူတစ်ပါးကို ကျော်နင်းတာ၊ သူတစ်ပါးကို အပုပ်ချတာတွေ ဘာလို့ လုပ်နေကြတာလဲလို့။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”၊ “ငါ လုပ်တာ မှန်နေဖို့ပဲ အရေးကြီးတယ်” လို့ နှလုံးသွင်းကြည့်ပေမယ့်လည်း ကိုယ့်အပေါ် မကောင်းပြောနေတာ၊ မကောင်းကြံနေတာတွေ၊ အထူးသဖြင့် လိုတာထက်ပိုပြီး  ကုန်းချောတာတွေကို ပြန်သိရတဲ့အခါမှာ (ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကို ချိုးနှိမ်ရင်း) ဒေါသတွေကို မျိုသိပ်ရတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း “Confidential” ဆိုတဲ့ […]


 – – – – – – – ၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့) မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။ Shanti စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) […]


၂၁.၇.၂၀၁၃ (တနင်္ဂနွေနေ့) မိုးလေးက မဆိုစလောက်လေး ဖွဲဖွဲကျနေသည်။ ရာသီဥတုက အေးမြ၏။ မိုးဖွဲကြားက ကန်တော်ကြီး၏ ပတ်ဝန်းကျင်ကလည်း စိတ်ကို လန်းဆန်းစေသည်။ ဒုတိယအကြိမ်မြောက် မန္တလေးဂဇက်အဖွဲ့ဝင်များ ဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆု၊ ကဗျာဆုပေးပွဲ ကျင်းပမည့်နေ့ပင် ဖြစ်ပေသည်။ Shanti စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လက်ဝဲဘက်တွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ တက်ရောက်မှတ်တမ်းလက်မှတ်ရေးထိုးပြီးသည်နှင့် ရွာလူကြီး ကိုပေါက် (မန္တလေး) က လက်ဆောင်ပေးသော ဓာတ်ပုံများကို လက်ခံရရှိနိုင်သည်။ ဓာတ်ပုံထည့်ထားသောမန္တလေးဂဇက်လိုဂိုပါ စာအိတ်မှာ ရွာသား ကို P Chogyi ၏ စေတနာဖြစ်၏။ (မအားလပ်သည့်ကြားက ပွဲသို့ အစောကြီးရောက်လာပြီး လက်ဆောင်များကို လာပေးသွားခြင်းဖြစ်သည်။) ထို့နောက် Green Rose စီစဉ်ထားသော “မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု (၁)” […]


– – – – – – – – – ကျွန်မ ပူလောင်နေတယ်..အရမ်း ပင်ပန်းနေတယ်..စိတ်တွေ ရှုပ်ထွေးနေတယ်… ဖြစ်နိုင်ရင် အားလုံးနဲ့ အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား….   နားထဲမှာ..နားထဲမှာ..အသံတွေကြားနေတယ်… ကျေးဇူးပြုပြီး အားလုံးထွက်သွားပေးပါ… ငါ… ငါလည်း လူတစ်ယောက်ပါ… ငါ့ခံစားချက်တွေနဲ့ ငါ ရပ်တည်ပါရစေ… ငဲ့ကွက်ထောက်ထားမှုတွေကို ခဏလောက်… မေ့ခွင့်ပေးပါ…. ငါ အရမ်းပင်ပန်းနေချိန်မှာ..ခဏလောက် နားပါရစေ… ပေါ့ပါးချင်တဲ့ ငါ့စိတ်ကို … ခဏလောက် လွတ်လပ်ခွင့်ပေးပါ….   “သမီး..အားတင်းပြီး […]