moonpoemAugust 9, 20111min42831
ရန်ကုန်မြို ့တွင် ကန်တော်ကြီးနှင့် အင်းလျားကန်ရှိရာတွင် နှစ်ခုစလုံးသည် စည်ကားလှပါသည်။ ကန်တော်ကြီးကတော့ ကျွန်မအထင်ပြောရမည်ဆိုလျှင် ဝင်ပေါက်များစွာ ရှိသည့်အနက် မျှော်စင်ကျွန်းရှိရာ ဝင်ပေါက်သည် အစည်ကားဆုံးဖြစ်မည် ဟုထင်ပါသည်။ ကျွန်မသည် မကြာခဏဆိုသလို မြို့ထဲမှ အလုပ်သွားရာတွင် ဗဟန်းသုံးလမ်းမှတ်တိုင်ကို ဖြတ်ရခြင်း၊ ရတနာပုံတယ်လီပို့ကို သွားရာတွင် မာလာမှတ်တိုင်ကို ဖြတ်ရခြင်းတို့ကြောင့် ထိုကန်နှစ်ခုလုံးကို ဖြတ်သွားတိုင်း ကြည့်မိပါသည်။ ကြည့်မိတိ်ုင်း မပြောင်းလဲသည့်မြင်ကွင်းကတော့ လက်ချင်းချိ်တ်ပြီး လမ်းလျှောက်နေသောအတွဲများ၊ ထီးဆောင်းပြီးထိုင်နေသော အတွဲများ၊ပုံစံမျိုးစုံ စတိုင်မျိုးစုံသာဖြစ်ပေသည်။ ကန်တော်ကြီးကတော့ မိသားစုတွေ ကလေးတွေရော လာတတ်သည့်နေရာဖြစ်သည့်အတွက် အင်းလျားကန်လောက်တော့ အတွဲတွေက အခြေအနေဆိုးမည်ဟု မထင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်မတို ့အိမ်ကို ဧည့်သည်လာသော အခါ လူကြီးပိုင်းဖြစ်ပါက ရွှေတိဂုံဘုရားကို ပို ့ရသည်မှာ စိတ်ချမ်းသာစရာကောင်းသလောက် လူငယ်နှင့်ကလေးများက သူတို ့ဗွီဒီယိုကားထဲတွင် […]


moonpoemAugust 8, 20112min1326
အနုပညာနဲ ့ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် အဆို၊ အက၊ စာရေးဆရာ၊ ပန်းချီ၊ မော်ဒယ်၊ သရုပ်ဆောင်၊ ဇာတ်သဘင်၊ ဒါရိုက်တာ တွေရဲ ့အသီးသီးသော Site တွေကို အောက်ပါအတိုင်း မိတ်ဆက်ပေးချင်ပါတယ်။ ဆရာအောင်သင်း http://aungthin.com/ ဆရာမလွန်းထားထား http://www.lunhtarhtar.info Director Sin Yaw Mg Mg http://www.sinyawmgmg.com/ Director Zaw Ko Ko http://www.zawkoko.com/ Director Kyi Phyu Shin http://www.kyiphyushin.com/ Singer Htoo Eain Thin http://www.htooeinthin.com/ Singer Si Thu Lwin http://www.siethulwin.com/ Singer Zaw Paing http://www.zawpaing.com/ Singer R Zar […]


moonpoemAugust 5, 20111min32326
လူ ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန် ၃ချိန်ရှိတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ ့၊ ထောင်ကထွက်တဲ့နေ ့၊ မင်္ဂလာဆောင်တဲ့နေ ့တဲ့။(ကြားဘူးတာကို ရေးတာကြောင့် မှားခဲ့ရင်လည်း ပြင်ပေးကြပါဦး)။ သေသေချာချာ သတိထားပြီးစဉ်းစားကြည့်မယ်ဆိုရင် အဲဒါအမျိုးသားတွေအတွက်ကိုပဲ ရည်ရွယ်သလားလို ့ထင်မိပါတယ်။ ဟုတ်တယ်လေနော် ရှင်လိင်ပြန်တယ်ဆိုတာက ဘုန်းကြီးလူထွက်တာ၊ မိန်းကလေးတွေ အတွက် မယ်သီလရှင်လူထွက်တာကိုရော ထည့်တွက်လို ့ရသလား။ ထောင်ကထွက်တယ်ဆိုတာကို စဉ်းစား ကြည့်မယ်ဆိုရင်လည်း အမျိုးသားအများစုကသာလျှင် ခိုက်ရန်ဖြစ်ပွားမှုကစလို ့ထောင်ကျပြီး ထောင်ထွက်တဲ့နေ ့က ပျော်တာကို ဆိုလိုတယ်လို ့ထင်ပါတယ်။ အမျိုးသမီးတွေ ထောင်ကျတာ ရှိသော်လည်း ရာခိုင်နှုန်းနည်းတယ် မဟုတ်ပါလား(ရန်တော့ ဖြစ်ကုန်တော့မယ်ထင်တယ်)။ အဲနောက်ဆုံးမင်္ဂလာဆောင်တဲ့နေ ့အပျော်ကတော့ ကျွန်မလည်း မသိပါဘူး။ ရွာသူရွာသားထဲက အိမ်ထောင်ရှင်တွေကို ဗျူးကြည့်တာ ကောင်းပါလိမ့်မယ်။ စာတွေပေတွေထဲမှာ ပါတတ်တဲ့ အပျော်သုံးမျိုးထဲမှာ ကျွန်မထပ်ဖြည့်ချင်တာက […]


moonpoemAugust 4, 20111min17213
ကျွန်မငယ်ငယ်လေးကတည်းက စလို ့ ထူးဆန်းတဲ့ အရာတွေ ဖြစ်တတ်တာ တစ်ခုတေ့ာရှိတယ်။ အခြားတော့ မဟုတ်ပါဘူး။ ညညမက်တဲ့ အိပ်မက်တွေက အပြင်လောက မှာ ပြောင်းပြန်ဖြစ်တတ်တာပါ။ အကြားအမြင်ပေါက်တဲ့လူတို ၊့ ဆဋ္ဌမအာရုံရတဲ့လူတွေကတော့ ဘဝမှာ ဘာဖြစ်မယ်ဆိုတာကို အိပ်မက်တစ်ဆင့် သိရှိကြရပြီး ၊ ကျွန်မကတော့ ပြောင်းပြန်ဖြစ်နေတာ ဘာကြောင့်ပါလိမ့် ဆိုတာ အခုချိန်ထိ တကယ့်ကိုနားမလည်နိုင်တဲ့ အရာတစ်ခုပါ။ ငယ်ငယ်ကတော့ သတိမထားမိပေမယ့် အလယ်တန်းကျောင်းသူဘဝကစလို ့ အိပ်မက်တွေထဲကနဲ့ ဆန် ့ကျင်ဘက် ပြောင်းပြန်ဖြစ်တတ်တာကို သိလာတယ်။ အသေးအဖွဲလေးတွေတော့ မပြောတော့ပါဘူး။ ၁ဝတန်းအောင်စာရင်းမထွက်ခင် တစ်ပတ်လောက်အလိုက ကိစ္စကိုတော့ ပြောပြချင်ပါတယ်။ အဲဒီနေ ့ညက ကျွန်မအိပ်မက်ထဲမှာ ဂုဏ်ထူး၄ဘာသာထွက်ပြီး အမှတ်ပေါင်းက 156မှတ်ရတယ်တဲ့။ အိပ်မက်ကနေ နိုးလာတော့ ရယ်နေတာပေါ့။ ဘယ်နှယ့် ဂုဏ်ထူး၄ဘာသာထွက်ပြီး […]


moonpoemAugust 4, 20111min1257
ဆင်းကဒ် ကိုတစ်ရက်ငှားခ ၂ဒေါ်လာ၊ ဟန်းဆက်ကိုတစ်ရက်ငှားခ ၂ဒေါ်လာဈေးရှိပါတယ်။ ဖုန်းငွေဖြည့်ကဒ်ကတော့ ကိုယ့်ဟာကိုယ်ဝယ်ထည့် ရမှာပါ။ ရတနာပုံတယ်လီပို ့က ငှားရမ်းပေးမှာ ဖြစ်ပြီး အာမခံကြေးအနေနဲ ့ဆင်းကဒ် အတွက်က ဒေါ်လာ၁၀၀.၊ ဟန်းဆက်အတွက်က ဒေါ်လာ၁၀ဝ ပေးခဲ့ရမှာပါ။ ပြန်အပ်တဲ့နေ ့မှာတော့ ဒေါ်လာ၂၀ဝ လုံးကို ပြန်ပေးမှာဖြစ်ပြီး ဆင်းကဒ် နဲ ့ဟန်းဆက် အသုံးပြုခတွေကို အဲဒီနေ ့မှာ အပြီး ရှင်းပေးရမှာဖြစ်ပါတယ်။ ဥပမာ ဆင်းကဒ်ရော ဟန်းဆက်ပါ ငှားခဲ့မယ်ဆိုရင် တစ်ရက်ကို ၄ဒေါ်လာကျမှာဖြစ်ပါတယ်။


moonpoemAugust 2, 20111min19311
လွန်ခဲ့တဲ့ဇူလိုင်လက ရုံးပိတ်ရက်၃ရက်ရလို ့အိမ်ပြန်တော့ ဘာရယ်မဟုတ် သိပ်မကြာခင်မှာ ကျင်းပတော့မယ့် ရတနာ့ဂူပွဲလုပ်ရာ နတ်နန်းဘက်ကို သွားကြည့်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အမရပူရမှာနေပေမယ့် နတ်ပွဲလုပ်ရင် အမူးအရူး၊ခါးပိုက်နှိုက်တွေပေါတာက တစ်ကြောင်း၊ အိမ်ကလည်း နတ်ကိုးကွယ်တာ မဟုတ်လေတော့ တစ်ခါမှ မရောက်ဖြစ်ပါဘူး။ ဒါပေမယ့် ခရီးသွားလားရေးကုမ္ပဏီမှာ အလုပ်လုပ်တော့ နိုင်ငံခြားသားတွေက နတ်ပွဲတွေဘာတွေ သိချင်တာတွေ ရှိရင် ကျွန်မမှာ အမရပူရသူဖြစ်ပြီး ဘာမှပြန်မပြောနိုင်လေတော့ အခုတစ်ခေါက်တော့ သေသေချာချာ နတ်နန်းတွေ၊ နတ်ပွဲကျင်းပတာတွေကို သေသေချာချာ နတ်နန်းထိန်းတွေကိုမေး ၊ ဓာတ်ပုံရိုက်ပြီး ယူလာခဲ့တယ်။ ထားပါတော့ ကျွန်မအဓိက ပြောချင်တာက အဲဒီမှာ နတ်နန်းမှာ အလှူရှင်ဆိုပြီး ကမ္ဗည်းထိုးထားတွေကိုပါ ဖတ်လိုက်တဲ့အချိန်ပါပဲ။ နတ်နန်းအတွင်းတံခါး အလှူရှင်က မိတ်ကပ်ခင်စန်းဝင်း+ပြည်စိုးအောင်၊ အပြင်သံပန်းတံခါးအလှူရှင်က မိတ်ကပ်ပွင့်+ကိုကိုအောင်တဲ့လေ။ အဲဒါနဲ ့ဆက်ဖတ်တော့ မိတ်ကပ်ဖန်တီးရှင်+?တွေက လှူတာပိုများလို […]


moonpoemAugust 1, 20111min22621
ရှေးခေတ် အဖိုးအဖွားတွေလက်ထက်က အဖြူအမည်းကားတွေကိုကြည့်မယ်ဆိုရင်ဧည့်သည်တွေ အိမ်လာလည် တဲ့ အခါ ရေနွေးကြမ်း ၊ လက်ဖက်၊ ထန်းလျက်နဲ ့ဧည့်ခံကြပါတယ်။ မင်းသားတွေ စိတ်ညစ်ရင် အသည်းကွဲရင် လက်ဝှေ ့ထိုးမယ်၊ အရက်သောက်ကြတယ်ပေါ့။ အဖေတို ့အမေတို ့လက်ထက်က ရောင်စုံစပေါ်ကာစ ဇာတ်ကားတွေကိုကြည့်မယ်ဆိုရင် ဧည့်သည် အိမ်လာလည်ရင် ကော်ဖီ၊အအေးနဲ ့မုန် ့ဧည့်ခံတယ်။ စိတ်ညစ်တဲ့အခါ အရက်သောက်ကြတာတော့ မပြောင်းလဲသေးပါဘူး။ အခု ကျွန်မတို ့ခေတ် မင်းသားသူငယ်ချင်းတွေနဲ့တွေ ့ရင် ကော်ဖီ လက်ဖက်ရည်သောက်တာထက် ဘီယာသောက်တာ အရက်သောက်ရင်း အမြည်းစားရင်း စကားပြောဧည့်ခံတာပိုများတယ်။ စိတ်ညစ်ရင် နိုက်ကလပ်တက်မယ်၊ ကောင်မလေးတွေ နဲ ့တွဲကမယ်ပေါ့။ ကျွန်မတို ့ခေတ်ပြီးရင်လာမယ့်နောက်ခေတ်မှာကော ……..? (ကိုယ်ပိုင်ထင်မြင်ယူဆချက်များဖြစ်ပါသဖြင့် လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါသည်)


moonpoemJuly 29, 20111min1327
ရန်ကုန် မြို ့ထဲ၊ မန ္တလေးမြို ့တွင်းမှာသာ ရေမီတာတွေ အသုံးပြု နေရတာ။ နယ်မြို ့လေးတွေမှာ ဆိုရင် အဆင်ပြေတဲ့သူက ကိုယ့်အိမ်ခြံဝင်းထဲ မှာ ရေစက်တူးပြီး ရေသုံးပေမယ့် အဆင်မပြေတဲ့ ရပ်ကွက်လေးမှာတော့ လမ်းထိပ်တွေ ၊ လမ်းထဲမှာ ရေတွင်းတွေ ထားရှိတတ်ကြပါတယ်။ ရေတွင်းရေကန်မှာလည်း တချို ့ရေတွင်းတွေဆိုရင် အမိုးအကာမပါတတ်ကြပါဘူး။ မိုးရွာတဲ့အခါမှာဆိုရင် မိုးရေတွေ၊ လေတိုက်တဲ့အခါ သစ်ရွက်တွေ ဖုန်တွေဟာ ရေတွင်းထဲမှာ ကျတဲ့အတွက်ကြောင့် တစ်နှစ်လောက်ရှိပြီ ဆိုရင် ရေတွင်း ဟာ အတော်ညစ်ပတ်လာပါတယ်။ ဒါကိုမှ မပြင်ဆင် မသန် ့ရှင်းဘူးဆို ရင် သုံးလို ့မရတော့ပါဘူး ။ များသောအားဖြင့်ရေတွင်းဆယ်တဲ့အခါ နှစ်ဆန်းတစ်ရက်နေ ့မှာ လုပ်တာများပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေ သန် […]


moonpoemJuly 18, 20111min42625
ဘယ်သူမဆို နေမကောင်းဘူးလို ့ ကိုယ့်ကိုကိုယ် ခံစားမိတာနဲ ့ တော်ရုံသင့်ရုံလောက် ရောဂါဆိုရင် ဆေးဆိုင်မှာ ဆေးပြေးပြီး ဝယ်သောက်မယ်။ နေမကောင်းတာထက် အဆင့်ကျော်ပြီး ဖျားလာပြီဆိုရင်တော့ ဆေးခန်းကိုသွားပြီး ဆရာဝန်ပြကြတာ ထုံးစံပါပဲ။ ဒါပေမယ့် အခု မြို ့ကြီးတွေမှာသာ အဲလိုဆိုပေမယ့် နယ်ဘက်တွေမှာတော့ ကလေးတစ်ယောက် နေမကောင်းဖြစ်ပြီ ဆိုရင် ဆေးဝယ်သောက်တာ ဆေးခန်း ပြတာကနောက်မှ လုပ်ပြီး ၊ဗေဒင်မေးပြီ း ခေါစာပစ်ကြတာအရင် လုပ်ကြပါတယ်။ ကလေးကို လေချွန်နတ်သူငယ် ဒါမှမဟုတ် သရဲ တို ့ပြိတာ္တတို ့က အစားစားချင်လို ့ဖျားအောင်လုပ်တာဆိုတဲ့ အစွဲနဲ ့ နှီးနဲ ့ယက်ထားတဲ့ ခွက်ငယ်လေးမှာ ထမင်းလုံး၃ဆုပ်၊ မုန် ့ဖြူ မုန် ့နီတွေ ထည့်ပြီး ဘုရားပုထိုးတွေမှာ […]


moonpoemJuly 1, 20111min945
သင်္ကြန်ပိတ်ရက်ရှည်ပြီးတော့ အခုလာမယ့် ဇူလိုင်မှာ ၁၅ရက်၊၁၆ရက်၊၁ရရက်၊၁၈ရက်၊၁၉ရက်ဆိုပြီးပိတ်ရက်တွေရှိနေပါတယ် ၁၅ရက်နေ ့က ဝါဆိုလပြည့်နေ၊ ၁၉ရက်နေ့က အာဇာနည်နေ ့စနေနေ့နဲ ့တနင်္လာနေ ့ကိုခွင့်ယူပြီး နယ်ကိုပြန်လို ့ရတယ်လေ။ ဒီပိတ်ရက်မှာ အိမ်မပြန်ဖြစ်ဘူးဆိုရင်နောက်ထပ်ဒီလိုပိတ်ရက်ဆက်တိုက်ရဖို ့မလွယ်တော့ပါဘူး။ ရန်ကုန်နေတဲ့သူအနေနဲ ့လည်း ခရီးထွက်သင့်တယ်လို ့ထင်ပါတယ်။ အမြဲတမ်း အလုပ်နဲ ့အိမ်နဲ ့ပဲဆိုရင် ငြီးငွေ ့မှာပဲလေနော်။ အဲဒါကြောင့်အိမ်ပြန်ရင်ကောင်းမလားလို ့စဉ်းစားနေတယ်လေ။ ပိတ်ရက်တွေက တနင်္ဂနွေ နဲ ့ကြုံရင်သိပ်မုန်းတာပဲ။ ဒီဇူလိုင်လကတော့ သိပ်ချစ်ဖို ့ကောင်းတယ်နော်။ ခရီးသွားမယ်ဆိုရင်ရော ကျိုက်ထီးရိုးက မိုးတွင်းသွားလို ့မကောင်းဘူး။ ခက်တယ်။ ပဲခူး၊သန်လျင်လောက်ဆိုရင်တော့ မဆိုးဘူ။ ဇလွန်ပြည်တော်ပြန်ဘုရားကိုလည်း မရောက်ဘူးသေးဘူ။။ တော်ပါပြီး ခရီးသွားရင် ပိုက်ဆံကုန်မယ့် အစားအမရပူရ ကိုပြန်ပြီး ဦးပိန်တံတားကိုပဲ သွားလည်တာ ကောင်းမယ်ထင်တယ်။ မိဘနဲ့လည်း တွေ […]


moonpoemJuly 1, 20111min873
သင်္ကြန်ပိတ်ရက်ရှည်ပြီးတော့ အခုလာမယ့် ဇူလိုင်မှာ ၁၅ရက်၊၁၆ရက်၊၁ရရက်၊၁၈ရက်၊၁၉ရက်ဆိုပြီးပိတ်ရက်တွေရှိနေပါတယ် ၁၅ရက်နေ ့က ဝါဆိုလပြည့်နေ၊ ၁၉ရက်နေ့က အာဇာနည်နေ ့စနေနေ့နဲ ့တနင်္လာနေ ့ကိုခွင့်ယူပြီး နယ်ကိုပြန်လို ့ရတယ်လေ။ ဒီပိတ်ရက်မှာ အိမ်မပြန်ဖြစ်ဘူးဆိုရင်နောက်ထပ်ဒီလိုပိတ်ရက်ဆက်တိုက်ရဖို ့မလွယ်တော့ပါဘူး။ ရန်ကုန်နေတဲ့သူအနေနဲ ့လည်း ခရီးထွက်သင့်တယ်လို ့ထင်ပါတယ်။ အမြဲတမ်း အလုပ်နဲ ့အိမ်နဲ ့ပဲဆိုရင် ငြီးငွေ ့မှာပဲလေနော်။ အဲဒါကြောင့်အိမ်ပြန်ရင်ကောင်းမလားလို ့စဉ်းစားနေတယ်လေ။ ပိတ်ရက်တွေက တနင်္ဂနွေ နဲ ့ကြုံရင်သိပ်မုန်းတာပဲ။ ဒီဇူလိုင်လကတော့ သိပ်ချစ်ဖို ့ကောင်းတယ်နော်။ ခရီးသွားမယ်ဆိုရင်ရော ကျိုက်ထီးရိုးက မိုးတွင်းသွားလို ့မကောင်းဘူး။ ခက်တယ်။ ပဲခူး၊သန်လျင်လောက်ဆိုရင်တော့ မဆိုးဘူ။ ဇလွန်ပြည်တော်ပြန်ဘုရားကိုလည်း မရောက်ဘူးသေးဘူ။။ တော်ပါပြီး ခရီးသွားရင် ပိုက်ဆံကုန်မယ့် အစားအမရပူရ ကိုပြန်ပြီး ဦးပိန်တံတားကိုပဲ သွားလည်တာ ကောင်းမယ်ထင်တယ်။ မိဘနဲ့လည်း တွေ […]


moonpoemJune 30, 20111min42930
သိပ်မကြာသေးခင်က ဦးဖက်တီး က စိတ်ဝင်စားရင် ဆက်ပြောမယ် ဆိုတဲ့ ခေါင်းစဉ်နဲ ့ အကြောင်းအရာတစ်ခုကို ရေးလိုက်ပါတယ်။ အဖြစ်အပျက် ဦးဖက်ရဲ ့မိတ်ဆွေ ဖြစ်ခဲ့တာလို ့ဆိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မကိုယ်တိုင် ဒေါသ ထွက်ခဲ့ရပြီး ရှက်လို ့ဘယ်သူ ့ကိုမှ ပြောမပြတော့ဘူး ဆိုပြီး အခု သူငယ်ချင်းတွေကို တိုးတိုးတိတ်တိတ်ရင်ဖွင့်လိုက်ရတာပါ။ မိန်းကလေး ရေးဖော်ရေးဖက်တွေ သတိထားစရာလေးတစ်ခုအနေနဲ့ပေါ့။ လွန်ခဲ့တဲ့ ၆လလောက်ကပါ။ကျွန်မနေတာက ၂၈လမ်းမှာ အပေါ်ဘလောက်ဆိုတော့ လမ်းထိပ်ထွက်တာနဲ့ စူပါဝမ်းနဲ ့ဗိုလ်ချုပ်ဈေးနား ရောက်ပါတယ်။ အဲဒီနေ ့က ကျွန်မ နဲ ့မတွေ ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် လာတာ အိမ်ရှာမတွေ ့မှာ စိုးလို ့လမ်းထိပ်ကို ညရနာရီလောက်မှာ […]


moonpoemJune 28, 20111min1619
အအိပ်အနေကမောက်ကမဖြစ်ခြင်းဆိုသည့် ခေါင်းစဉ်ကိုကြည့်ပြီး ဇောက်ထိုးကြီး အိပ်နေသလား၊ ကင်းမြီးကောက်ထောင်အိပ်နေသလား ဟု မထင်လိုက်ကြပါနှင့်။ စိတ်ဖိစီးမှု၊ စိ်တ်ပူပန်မှုများပြီး ဖြစ်သည့် အိပ်မရသည့် အခြေအနေ တစ်ခု ဖြစ်ပါသည်။ နေ ့ဖက်တွင် အလွန်အမင်း ကြည့်မကောင်း ရှူမကောင်းအောင် အိပ်ငိုက်နေသော်လည်း ညဘက်တွင် မျက်လုံးကြောင်ခြင်း၊ ခဏခဏ နိုးလာခြင်း၊ မနက် နိုးလာသည့်အခါတွင်လည်း လန်းဆန်းမှုမရှိခြင်း တို ့ဖြစ်သည်။ တစ်ခါတစ်ရံ တွင် အိပ်ပျော်သော်လည်း သွားကြိတ်ခြင်း ၊ ဟောက်ခြင်း တို ့ဖြစ်နေပါက သင့်တွင် စိုးရိမ်ပူပန်မှုတို ့ရှိနေသည်မှာ သေချာသလောက်ဟု ဆိုနိုင်ပါသည်။ ထို ့ကြောင့် အိပ်ခါနီးတွင် လက်ဖက်ရည် ကော်ဖီမသောက်ပါနှင့်။ ပြသနာများပေါ်ပေါက်လာပါက ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ။ ရယ်မောဖို ့မမေ့ပါနှင့်။ မိ်တ်ဆွေ သူငယ်ချင်းများကို ရင်ဖွင့်ပါ။ […]