moonpoemJune 7, 20141min600
ရှင့်ကို ကျွန်မ တကယ်ကို စိတ်တိုတယ် သိလား။ကျွန်မဓာတ်ပုံ Upload တင်တာကျ Like မလုပ်ဘဲမေမြတ်နိုးတို ့မိုးစက်ဝိုင်တို ့Status တင်ရင်ကျတော့ Comment ဝင်ဝင်ပေးနေတာလေ ကျွန်မ မသိဘူးများ ထင်နေလား။ ပြီးတော့ အရေးကြီးတဲ့ သတင်းတွေ Post ကိုကျတော့ Share မယ် မရှိဘူး။ရှင့်သူငယ်ချင်းတွေနဲ ့လျှောက်သွား၊ သွားသမျှနေရာ Check-in ဝင်ပြီး ဟိုလူဒီလူ Tagged လုပ်ဖို ့ပဲ စဉ်းစားနေတယ်။သတင်းကလည်းရပြီးသားနော်။ဘာတဲ့ အရက်ကြိုက်တတ်သူများGroup တို ငမ်းချင်ရင် ဒီကိုလာ Group ဆိုတာတွေလျှောက်ဖွဲ ့ပြီး ပေါက်တတ်ကရတွေ လုပ်နေတာတဲ့။ အမလေးလေး ရှင်က Group ဝင်တဲ့သူသာ Notification ဝင်မယ့် Setting ချိန်ထားတယ်ဆိုပြီး ကျွန်မကို လျှော့တွက်တာကိုး။ကျွန်မကလည်း ရှင့်အကြောင်း နောကျေနေလို […]


moonpoemJune 4, 20141min16712
ငါဒီနေ ့ပြည်သူ့ဆေးရုံသွား ခဲ့တယ်။အဲဒါလေတံခါးစောင့် ဒရမ်ဝမ်ကငါဝင်လာတာကို ပြုံးပြပြီး မင်္ဂလာပါခင်ဗျာဆိုပြီး နှုတ်ဆက်တယ်။ လက်ဖက်ရည်ဖိုးလည်း မတောင်းဘူးတော့။ အသံကြားရာသို့ နားစွင့်နေစဉ် နောက်တစ်ယောက်အသံကြားရ လေသည်။ငါကတော့ မနေ့က ပွိုင့်မိနေတဲ့ လိုင်းကားကို တက်စီးမယ်လုပ်တာ စပယ်ယာကတံခါး မဖွင့်ပေးဘူးတော့။မှတ်တိုင် မဟုတ်ရင်မဖွင့်ပေးနိုင်ဘူး တဲ့လေ။ အဲဒါနဲ့ မှတ်တိုင်သွားပြီး စောင့်ပြန်တော့ တစ်ခါစီး ၄၅ယောက် ထိုင်ခုံထက် ကျော်ပြီး မတ်တပ်ရပ်မတင်လို့ စောင့်လိုက်ရတာ တမေ့တမောပါဟယ်။ စိတ်ဝင်စားသဖြင့်ဆက် နားထောင်နေရာယောက်ျားလေး တစ်ဦး အသံကြားလိုက်ရသည်။ ငါကတော့ ဒီနေ့ကွမ်းယာစားချင် လို့ ဆူးလေတစ်ဝိုက်ရှာကြည့် တာ လမ်းဘေးဆိုင်တွေ ဘာမှမရှိတော့ဘူး။ စိတ်ညစ်ညစ်နဲ့ မြို့ထဲလမ်းလျှောက်ကြည့်တော့ တစ်နေ့လုံး ခလုတ်မတိုက်လို့ ထူးဆန်းတယ်ဆိုပြီး အောက်ငုံ့ကြည့်တော့ ပလက်ဖောင်းတွေ အကုန်လုံး ပြင်ပြီးသားဟေ့။စည်ပင်ကလည်း တစ်နေ့၃ခါအမှိုက်သိမ်းတော့ လမ်းကြားတွေကအစ သန့်နေတာ။ ထိုအချိန်မှာပင်နောက်တစ်ယောက်ကအမောတကော […]


moonpoemJune 3, 20141min14915
လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး ခရီးအသွားများတဲ့ဒဏ်တွေရော အိပ်တဲ့အချိန်မွေ့ယာမခင်းမိဘဲ အိပ်မိတာရော ချော်လဲတာတွေ ပေါင်းပြီး ကျွန်မခါးတော်တော် နာနေပါတယ်။ အထိုင်အထလုပ်ရင် ခါးရိုးထဲက တအားနာတာကြောင့် အရိုးအဆစ်ကုသရာမှာ နာမည်ကြီးတဲ့ ဆရာဝန်မကြီး ဆီမှာ ပြသဖို့ ဆေးခန်းကိုသွားခဲ့ပါတယ်။ ဆေးခန်းက ဆိုင်းဘုတ်မှာ ရေးထားတာတော့ အချိန်က ကြားရက်ဆိုရင် ညနေ၃နာရီမှ ၉နာရီတဲ့။စနေ တနင်္ဂနွေဆိုရင် ညနေ၅နာရီမှ ၉နာရီတဲ့။ ကျွန်မပြမှာကြားရက် ဖြစ်တာကြောင့် စောစောသွားပြီးတိုကင်ယူထား ပေမယ့် ည၈နာရီထိုးမှ ဆရာမရောက်လာပါတယ်။ ကျွန်မပြပြီးတော့ည၉နာရီခွဲသွား ပါပြီ။ဆေးထိုးပေးပြီး ခါးနာတဲ့ ဒဏ်တွေပျောက်ဖို့ ရေခဲကပ်ဖို့ မှာလိုက်ပါတယ်။အဲဒါ ပထမနေ့မှာပါ။ ပထမနေ့ပြပြီး သိပ်မသက်သာလို့ ဒုတိယတစ်ခါ လာပြပြန်တော့ အရင်နေ ့က ည၈နာရီမှလာတာပဲဆိုုပြီး ညရနာရီခွဲမှ တိုကင်ယူပြီး စောင့်ပြန်တော့လည်း ည၉နာရီမှ ရောက်ချလာပြန်တယ်။ အဲဒါ […]


moonpoemMay 31, 20141min31118
မနေ ့ကသမီး ပုဒ်မ ၄၃၆ပြင်ဆင် ရေးအတွက် NLDရုံးချုပ်မှာ လက်မှတ်သွားထိုးခဲ့ပါတယ် အမေ။ အဲဒါကလေ စိုင်းစိုင်းခမ်းလှိုင်လို သူများတွေဝိုင်းဆဲမှ သွားထိုးတာ မျိုး မဟုတ်သလို ဟိုအဖွဲ့အစည်းက ဟိုလူကြီးပြောသလို လက်မှတ်ထိုးရင် လမ်းတစ်ခြမ်း အဲလေ လမ်းခင်းပေးမယ်ဆိုလို့ သွားထိုးတာမျိုးလည်း မဟုတ်ပါဘူးအမေ။ ကိုယ့်အသိစိတ်နဲ့ကိုယ် လက်မှတ်ထိုးဖို ့သွားခဲ့တာပါ အမေ။ စကားမစပ် အခု ဝါတွင်းလည်း ရောက်ခါနီးပြီဆိုတော့ အမေရေ သမီး ကုသိုလ်လည်းရအောင် ဟိုလူကြီးပြောတဲ့ ထမင်းတနပ်လျှော့စားဆိုတဲ့ စကားနားထောင်ရာလည်း ရောက်အောင် ဥပုသ်စောင့်မယ်လို့ စိတ်ကူးမိတယ်အမေ။သာဓု ခေါ်ပါ အမေ။ ပြီးတော့လေ နိုင်ငံတော်ကြီးကို ချစ်တဲ့အမေ့သမီး ဟိုလူကြီး ဗိုက်လှန်ပြတဲ့ ဖက်ရှင်ကို သဘောကျလို့ အခု ချက်ပေါ်ဘောင်းဘီ ဝယ်ထားတယ်အမေ။လှမှာပါ အမေ။ ဒါနဲ့ အမေအိမ်က နွားမမိညိုကြီး […]


moonpoemMay 30, 20141min24512
ညိုတိုတိုနဲ ့ချောတဲ့ ကျွန်မဟာ…ဖြူလွှလွှ တိမ်တိုက်များနဲ ့ပြာလဲ့လဲ့ ကောင်းကင်ကြီးကို စိုတိုတို စိမ်းတိမ်းတိမ်း မြက်ခင်းပြင်ကြီးမှာ ထိုင်ပြီး နီရဲရဲ စိန်ပန်း ဝါတာတာ ငုဝါပန်းတွေကြားကနေ ငေးကြည့်မိနေလေရဲ ့။ အချိန်ခဏမှာပဲ ပြာလဲ့လဲ့ ကောင်းကင်ပြာကြီးဟာ ညိုမဲမဲ တိမ်တိုက်တွေ ဖုံးအုပ်သွားပြီး မိုးတွေရွာချလိုက်တာ ထိုင်နေတဲ့ မြက်ခင်းဘေး မြောင်းကနေ မဲသဲသဲ ရေတွေလျှံတော့မှပဲ ပြေးဖို ့သတိရပါတော့တယ်။ နှေးတေးတေးလျှောက်နေရင်အလုပ်မဖြစ်တာကြောင့် ဖုန်းဒိုင်းဒိုင်းပြေးလိုက်တယ်ဆိုရင်ပဲ ခြေလှမ်းတွေဟာ ချော်တော်တော်ဖြစ်ပြီး လဲကျသွားပါတယ်။အဲဒီအချိန်မှာပဲ ကျွန်မနဲ ့ ငြိတိတိ ဖြစ်နေတဲ့ အောင်ရဲလင်းနဲ ့ဂျစ်တစ်တစ်နိုင်လှတဲ့ နေတိုးတို ့ဟာ အသည်းကြားက မဲတစ်ပြားအတွက် အားယားယား မလုပ်ကြတော့ဘဲ အဘားအဘားနဲ ့ကူညီဖို့ကြိုးစားကြပါတယ်။ အဲဒီလို ကောင်းခန်းရောက်ချိန် ဖလား ဖလားနဲ ့အော်သံကြားတာကြောင့် အမားအမားဆိုတဲ့ […]


moonpoemMay 27, 20141min20515
အရင် တစ်ပတ်က အုပ်စုနဲ ့ပုဂံ၊ပုပ္ပါးဘက် Tour သွားခဲ့ပါသေးတယ်။ အုပ်စုနဲ ့သွားတဲ့အခါ ကိုယ်ရှင်းပြတာကို စိတ်ဝင်တစားနဲ ့နားထောင်ပြီး မေးမြန်းတဲ့သူတွေရှိသလို ပတ်ဝန်းကျင်ကို ငေးကြည့်ပြီး ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေပြီး တစ်ရေးနိုးမှ သိချင်တာကို ပြန်မေးသူ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ထူးထူးခြားခြား အနေနဲ ့ဒီအုပ်စုထဲမှာ အင်္ဂလိပ်လို စကားထထပြောတတ်တဲ့ဂျပန်အဘိုးကြီးတစ်ဦး ပါပါတယ်။ သူအင်္ဂလိပ်လိုပြောတာကလည်း သိပ်ပြီး ရိုးစင်းတော့ မခက်ခဲလှပါဘူး။ သူက ဝက်အစ်စ်ရွာနိမ်းဆိုရင်ကျွန်မကလည်း ရွာနိမ်းအစ် ညောင်ပင်သာ။ သူက ဘဲရီးနိုက်စ်ဆိုရင်ကျွန်မကလည်း အိုးရက်စ်ဆိုတာမျိုးနဲ ့အိုကေနေကြတယ် ဆိုပါတော့။ ဒီလိုနဲ ့ပုပ္ပါးဘက်ရောက်တော့ ပုပ္ပါးနတ်တောင်အကြောင်း အဘဘိုးမင်းခေါင်ရဲ ့အကြောင်းတွေကိုကျွန်မ ပြောပြရှင်းလင်းပါတယ်။မနေ ့က ပုဂံမှာသွားခဲ့တဲ့ စေတီပုထိုးတွေ၊ မြတ်စွာဘုရားရဲ ့ရုပ်ပွားတော်တွေကို ဖူးမြင်ခဲ့ရပေမယ့် ဒီပုပ္ပါးဘက်မှာတော့ အနည်းငယ် ကွဲပြားတဲ့အကြောင်းကိုပါ။ […]


moonpoemMay 26, 20141min37121
ကျွန်မ အကနဲ့ ပတ်သတ်ရင် လှလှပပ မဟုတ်ပေမယ့် ကတတ်တယ်လို့ ပြောလို့ရမယ်။ ဂျပန်စကားပြော အပြင်သင်တန်းတက်တုန်းက သင်တန်းက ပွဲလုပ်တဲ့အချိန် ကျွန်မတို့ သင်တန်းက အစ်မတွေနဲ့ ရခိုင်ဆီမီးခွက် အက ကကြတော့ ကျွန်မကတာ ငြင်သာမှုဘယ်လောက်ရှိလဲ မရှိလဲဆိုုတာ ညာဘက်လက်မှာ ကိုင်ထားတဲ့ ဆီမီးခွက်ထဲက ဖယောင်းတိုင် ဘယ်လွင့်သွားမှန်းကို မသိတော့သာကြည့်တော့။ အဲဒီပွဲနေ့က ဓာတ်ပုံတွေ ပြန်ရတော့ ကြည့်လိုက်တဲ့အချိန် ကျွန်မခြေထောက်ရဲ့ လှမ်းနေတဲ့ အက က ရခိုင်သမီးပျိုနဲ့မတူဘဲ ဘောလုံးအသင်းက ရှေ ့တန်းတိုက်စစ်မှူး တစ်ယောက်နဲ့ တူနေပြန်ပါရောလား။ အဲလိုနဲ့ နောက်တစ်နှစ်အကြာ သင်တန်းက ပွဲလုပ်ရင် အငြိမ့်ကကြမယ် ပြီးတော့ ဦးရွှေရိုး ဒေါ်မိုးအက ထည့်ကြမယ်လို့ သတင်းကြားရပြန်တယ်။ အငြိမ့်မင်းသမီးနေရာက ကျွန်မကို ဇွတ်ထည့်ကြတော့မှာမို့ စိတ်ညစ်ညစ်နဲ့ ကရဦးမှာပေါ့လေ။ဘယ်တတ်နိုင်ပါ့မလဲ […]


moonpoemMay 22, 20141min21111
ကျိုက်ထီးရိုးဘုရားသည် တောအထပ်ထပ် တောင်အထပ်ထပ်ကြားတွင် တည်ရှိသဖြင့် နတ်ကြီးသည။် ပါးစပ်မဆော့ရ။တကယ်ဖြစ်တတ်သည်။ ရှေးအခါက လူအုပ်စုများ ဖွဲ့၍ တောင်တက်ရာ၌ လူရွှတ်လူနောက်တစ်ယောက်က တောင်ဒီအတိုင်း တက်ရာတာ မောသကွယ်နောက်ကကျားလိုက်မှ မြန်ပေဦးမယ် ဟု ပြောလေရာ သိပ်မကြာခင်ကျားဟိန်းသံများ ကြားလာရသဖြင့် ပြန်လည်တောင်းပန်မှ ကျားဟိန်းသံ ပျောက်လေ၏ဟု အဘွားက သူတို့ခေတ်က ကျိုက်ထီးရိုးအကြောင်းပြောပြဘူးသည်ကို မှတ်မိနေ၏။ ကျွန်မသည် ငယ်စဉ်က ရောက်ခဲ့ဘူးသော်လည်း သိပ်မမှတ်မိ။သို့သော် ၂၀၁ဝခုနှစ်တွင် ကျိုက်ထီးရိုး ဘုရားကို တိုးဂိုက်အလုပ်ဖြင့် ရောက်သောအခါက ညဘက်ဧည့်သည်နှင့်အတူ ဘုရားတက်ကြသည်။ ် အောက်တိုဘာလဖြစ်ပြီး ဘုရားဖူးဧည့်ပါးသေးသည်က တစ်ကြောင်း ရာသီဥတု သာယာသည်က တစ်ကြောင်း ကြည်ညိုစိတ်များ ပြည့်လျှံကာ ကျိုက်ထီးရိုးဘုရားအား ယခုကဲ့သို့ မကြာခဏလာရောက် ဖူးမြော်ရပါစေသားဟု ဆုတောင်းခဲ့လိုက်၏။ ထိုအချိန်က ယခုကဲ့သို့ တောင်ပေါ်အထိ foreigner […]


moonpoemMay 18, 20141min28517
ဒီတစ်ခါ Tour Leaderက အသက်က ၄ဝကျော် လူပျိုကြီးတဲ့။ သူက ပထမနေ့ကတည်းက မကြာခဏဆိုသလို ကျွန်မကိုစိုက်စိုက်ကြည့်တယ်။ သူကြည့်တာကို ကျွန်မရုတ်တရတ်ပြန်ကြည့်လိုက် ်ပြန်တော့ သူခိုးလူမိသလို ရယ်ပြီး မျက်နှာလွှဲလွှဲသွားတယ်။ နောက်တော့လည်း သူမနေနိုင်ရှာတော့ပါဘူး။ ဘယ်လောက်တောင် မြိုသိပ်ထားရတယ် မသိ။ ဧည့်သည်တွေ နားနေတဲ့အချိန် သူနဲ့ ကျွန်မ နှစ်ယောက်တည်း ဟိုတယ်က ဧည့်ခန်းမကြီးထဲမှာ ထိုင်နေတုန်း ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီုး ဖွင့်ဟမေးမြန်းလာပါတော့တယ်။ မွန်းပိုအမ် ..နင့်ကို ငါတွေ့ကတည်းက သတိထားမိတာ။(ဒီလိုပဲ ဖြစ်ရမယ်လေ ဟင်းဟင်း)။ မေးရမှာ အားတော့နာတယ်။ (ကိစ္စမရှိပါဘူး အသေးအမွှားလေးတွေပါ)။ မေးမယ်နော် စိတ်တော့မရှိနဲ့။ဟိုဟာလေ မွန်းပိုအမ်က မိန်းကလေးမဟုတ်လားဟင်။အဲဒါနဲ့ ဘာဖြစ်လို့ လည်ပင်းမှာ လည်စိကြီးပါတာလဲဟင်တဲ့။ ဟီးဟီး။


moonpoemMay 13, 20141min1775
၂၁၀ဝခုနှစ် ဇန်နဝါရီလ ၄ရက်။ ် ရုံးရှိရာ မြို့ထဲသို့ မွန်းပိုအမ်တစ်ယောက် ကျည်ဆန်ရထားဖြင့်သွားရာ နှုတ်ခမ်းနီဆိုးလို့မပြီးခင် ်၂မိနစ်အတွင်းမှာတင် ရောက်သွား၏။ လူတိုင်းသည်လည်း ကျည်ဆန်ရထားအသုံးများ၍ပွဲလမ်းသဘင်ကိစ္စရှိမှသာ ကားထုတ်စီးကြရာ ပြည်လမ်းတစ်လျှောက် တရားအားထုတ်၍ ရလောက်အောင်ပင် တိတ်ဆိတ်နေ၏။ လွန်ခဲ့သော၁ဝစုနှစ်များမှစပြီး အခြေခံလူတန်းစားများအား အခြေခံလစာ တစ်လ၁၂သိန်းနှင့် ဘွဲ့ရပညာတတ်များအား တစ်လ၂၅သိန်းဟု သတ်မှတ်ထားလေရာ မွန်းပိုအမ်သည် လစာရော အတွေ့အကြုံအရ တစ်လလျှင် သိန်း၈ဝခန့်ရလေသည်။ အိမ်အငှားအရောင်းများသည်လည်းဈေးနှုန်းအတိုင်းအခွန်ဆောင်နေသဖြင့် ဈေးကျသွားကာ ယခုမွန်းပိုအမ်ဝယ်ထားသောအင်းလျားလမ်းမှ အိမ်တစ်လုံးသည် သိန်း၁၀ဝသာရှိ၏။ ုမြန်မာအနှံ့ပတ်သည့် မြို့ပတ်လေယာဉ်များရှိလာပြီး လက်မှတ်တစ်စောင်မှ မြန်မာငွေ ၃ထောင်ကျပ်သာရှိသဖြင့် မွန်းပိုအမ်ရုံးပိတ်ရက်တိုင်း အိမ်ပြန်၏။ ရှေးတုန်းက စာအုပ်များကို ဖတ်ကြည့်သောအခါ ပုဂံခေတ် ရတနာပုံခေတ် စစ်တပ်အုပ်ချုပ်ရေးခေတ် အွန်လိုင်း အဝိုင်းလည်သောခေတ် စသဖြင့်မှတ်သားရလေရာ ကျွန်ုပ်မှာ နားမလည်နိုင်အောင် ရှိရလေ၏။ ယနေ့ခေတ် […]


moonpoemMay 12, 20141min19611
မွန်းစံ အဲဒီစင်ပေါ်က လူ၂ယောက်ဟာ တောင်ပံတဖျတ်ဖျတ်ခတ်လိုက် စင်ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ဘာဖြစ်နေကြတာလဲ။ ဧည့်သည် အမေးရှိသော် အဖြေရှိရတော့မည်။ကိန္နရီ ကိန္နရာကနေတာဖြစ်ကြောင်း။လေပြင်းတိုက်သော တစ်ည ထိုတစ်ညတာဝေးတာကိုပင် ရက်ပေါင်း ၇၀ဝ တိုင်အောင်ငိုကြွေးတာ ဖြစ်ကြောင်း moon poem တစ်ယောက် အားရပါးရ ပွား၏။ ဧည့်သည်၂ယောက် ကျွန်ုပ်အပြောတွင် မြောသွားရက တော်တော်စိတ်ဝင်စားသွားပြီး ဆက်လက် ရှင်းပြပေးရန် ပြောလာသည်။ နောက်တစ်ပုဒ်တွင်တော့ ဘာကသည်မသိ ခဏခဏဆိုနေသော corus ပိုဒ်ကို ဘာသာပြန်ခိုင်းသည်။ ၎င်းတို့ ညွှန်းဆိုနေသော အနှီcorus ပိုဒ်မှာ အလှျံဝေဝေ အလျှံဝေဝေ အလျှံဝေဝေဝေ ဟူသတတ်။ လျှံခြင်း ဝေခြင်းဖြစ်သည့်အတွက် စင်ပေါ်တွင် ထမင်းအိုးတည်ခြင်း မီးမွှေးခြင်းများလားထင်ကာ ရှာသော်လည်း မတွေ့။ ကြံရာမရသည့်အဆုံး အကျွန်ုပ်မှာ ကရဝိတ်ရှိတိုင်လုံးများကြား ပုန်းအောင်းရန် ကြံစည်မိချေ၏။ […]


moonpoemMay 11, 20141min1566
တဖွဲဖွဲတဖြောက်ဖြောက် ဖြင့်ကျနေသော မိုးရေစက်တို ့သည် ကောင်းကင်မှသည် စိန်ပန်းနီနီတို ့ကြား၊ ငုဝါပန်းတို ့ကြားမှ တိုးလျှိုးဝင်ရောက်ကာ ကမာ္ဘမြေကြီးကို လာရောက်နှုတ်ဆက်ကြလေသည်။ မိုးရေစက်တို ့နှင့်အတူ ပန်းအလှရောင်စုံ၊ စိမ်းလန်းသောမြက်ခင်းတို ့သည်လည်း သက်ဝင်လှုပ်ရှားလာလေရာ သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြည့်လို့ကောင်းသော ရုပ်ရှင်ဇာတ်လမ်းတစ်ခုပမာ ။ မိုးစက်တို ့တည်ရှိရာ ကောင်းကင်ထက်သို မော့အကြည့် မျက်ဝန်းအိမ်သည် မိုးရေစက်အချို ့တို ့ကြောင့် စိုစွတ်ဝေဝါးလာလေသည်။ဝေဝါးနေသော မျက်ဝန်းတို ့တွင်တော့ မြင်ယောင်နေမိသည်က အတိတ်က မိုး နေ ့များဆီသို ့…..။ ထစ်ချုန်းမိုးရွာသွန်းသော မိုးနေ ့လယ်ခင်းတစ်ခုတွင် ကျွန်မနှင့်သူ စတင် တွေ ့ဆုံခဲ့ကြသည်။ မိုးနေ ့များတွင်မိုးရွာထဲ လျှောက်သွားရခြင်းသည် နွေ နေ ့များတွင် နေပူပူထဲ သွားရခြင်းထက် […]


moonpoemMay 5, 20141min51430
Remote control တွေနှိပ်ရင် အင်္ဂလိပ်လို ပေါ်တာဆိုတော့ ကျွန်မခွေကြည့်ရင် အကျင့်ပါပြီးplay လိုက်ဦးတို့ ။ကြာတယ်ကွာforwardလုပ်ပစ် လိုက်တို့။မကြည့်ချင်ပြန်တော့stop ပစ်တော့ကွာဆိုပြီးတော့ပဲ ပြောမိတတ်ပါတယ်။ အဲအခုအကျင့်ပြင်ရတော့မယ်။ မြန်မာစာတန်းထိုးစက်တွေပေါ်လာတော့ ကျွန်မ မြန်မာလို ကျင့်ရတော့မယ်လေ။အဲဒီလို ကြွေးကြော်နေတုန်း ်တကယ်တမ်း မြန်မာလိုတိတိကျကျကြားမိပြန် တော့ နားထဲ တစ်မျိုးလားရယ်။ ဘာဖြစ်လို့ဆို ဖြစ်ပုံက တစ်နေ့ကTourသွားရင်း ရွာတစ်ရွာဘက်သွားအလည် အိမ်တစ်အိမ်မှာ အုပ်လိုက်ထိုင်နေတဲ့ ကလေးတွေက tv ဖွင့်ရင်းပြောနေကြတာ ဒီလိုရယ်။ ဆူညံသံများလိုက်တာကွာ။လျှော့လိုက် လျှော့လိုက်။ ဟာ မှားသွားပြီ။အသံက ဘယ်သံဖြစ်နေတယ် ညာသံပြောင်း။(ကျွန်မလက်က တော့ ညာသန်ပါ်) ပြီးရင် အဲဒီသီချင်းကိုပဲ ဖွင့်ထားမယ်။တစ်ပုဒ်တည်းကို ထပ်ခါထပ်ခါပြသခြင်းခလုတ်နှိပ် ်ထားရင် ရပြီ။(တစ်ပုဒ်တည်းကို ထပ်ခါ ထပ်ခါ ပြသခြင်းဆိုတော့ Repeat Oneကိုပြောတာ ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲကနေတော့ […]