moonpoemMay 1, 20141min1042
ဆမာကဒါ တိုင်းပြည်ရဲ့ အလုပ်သားများ အလုပ်သမီးများ ရှင့် ဒီနေ့ဟာ အလုပ်သမားထုကြီးကို ကိုယ်စားပြုတဲ့ မေဒေးနေ့ ပဲ ဖြစ်ပါတယ်။ ယခုအခါ ဆမာကဒါနိုင်ငံတော်တွင် ချပါတီစုံ ပလာတာစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အားလျော်စွာ တစ်နိုင်ငံလုံး အီကြာကွေးများကို အားရပါးရ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်မသည် ဝိတိုရိယ ဘုရင်မတစ်ယောက်အနေနဲ့ ဲ့ပြောကြားလိုတာကတော့ အလုပ်သမားများ ရသင့်ရထိုက်တဲ့ အကြွေးများကို ကိုယ့်ဟာကိုယ် အပေါင်ဆိုင်များတွင် သင့်တော်ရာ နည်းလမ်းများဖြင့် ဖြေရှင်းကြပါလို့ တိုက်တွန်းလိုပါတယ် အလုပ်သမားထုကြီးအနေနဲ့ ကလည်း အလုပ်သမားဆန်နှုန်း ဆီနှုန်း ဆားနှုန်းများကို ထမင်းထည့်ချက်တဲ့ အခါ စားလို့ကောင်းအောင် ချက်ကြပြုတ်ကြပါလို့ နှိုးဆော်လိုပါတယ်။ ဒီကနေ ရှေ့မှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် အလုပ်သမားထုကြီးနဲ့အတူ လက်တွဲပြီး အင်တိုက်အားတိုက် လက်ဝှေ့ထိုးသွားကြမယ်လို့ ပြောကြားရင်း […]


moonpoemApril 30, 20141min21420
ခွင့်လွှတ်ခြင်းအနုပညာတဲ့လား။စကားလုံးက ၃လုံးထဲပေမယ့် အင်မတန်ခက်ခဲတဲ့ အနုပညာတစ်ရပ်ပါ။ ခွင့်လွှတ်ခြင်း စစ်မှန်ရင် သူ့ရဲ့အမှားကို ပြန်ပြီးတော့အပြစ်မတင်ရဘူး။ ပြန်ပြီးတော့ မထိုးဆွရဘူး။ပြန်ပြီးတော့ ကလဲ့စား မချေရဘူး။သူ့နောင်တနဲ့သူ သူ့သင်ခန်းစာနဲ့သုူ သူ့ဘဝသူ ကောင်းမွန်အောင် တည်ဆောက်ခွင့်ပြုလိုက်ခြင်းသည်သာ ခွင့်လွှတ်ခြင်း အစစ်အမှန်ဖြစ်တယ်။ အဲဒီအတွက် ခွင့်လွှတ်ခြင်း ပြုခံရသူအတွက် စိတ်ကျေနပ်ခြင်းရကောင်းရနိုင်ပါတယ်။ဒါပေမယ့်ခွင့်လွှတ်ပေးလိုက်ရသူဘက်မှာတော့ တစ်ဘက်က ပြုခဲ့တဲ့ အမှားများရင် များသလောက် ခံစားခဲ့ရပေမယ့် နာကျည်းခြင်းတွေကို မြိုချနိုင်စွမ်းရှိရမယ်။ ခါးသီးမှုတွေကိုသည်းခံနိုင်စွမ်းရှိရမယ်။နာကျင်ခြင်း တွေကို ဝါးမြိုပစ်နိုင်စွမ်းရှိရမယ်။ ကျွန်မကိုယ် ကျွန်မ ပြန်သုံးသပ်ကြည့်တဲ့အခါ အောက်တန်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေ အပြစ်တွေကို နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့သူတို့တွေရဲ့ အကြောင်းကို မေ့ပစ်လို့တောင် မရသေးတဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ဆိုတာ အတော်လက်လှမ်းဝေးပါတယ်။ ဒါဟာမလွယ်ကူတဲ့ လုပ်ရပ်တစ်ခုပါ။ အသက်အရွယ်တစ်ခုမှာ အခြေအနေအရ အချိန်အခါအရ တရားဓမ္မအရ ခွင့်လွှတ်ခြင်း အနုပညာဆိုတာကို လက်ခံကျင့်သုံးနိုင်လာခဲ့တဲ့ […]


moonpoemApril 26, 20141min1329
ဆမာကဒါနိုင်ငံတော်တွင် လတ်တလော ဝရုန်းသုန်းကားဖြစ်နေကြောင်း သိရသဖြင့် ရှေ ့နေ ဆားတစ်ဗူး မယ်ကြည်မှ ထောက်လှမ်းကြည့်ရာ နွားအုပ်များ မြက်စားအပြီး ရွာထဲဝင်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။သတင်းခေါင်းစဉ်ပါရှင်။ ယမန်နေ ့က အုပ်စုဖွဲ ့အကြမ်းဖက်ခံချင်ခြင်းဟူသောစာသည် ဘုရင်မ ခုံအောက်သို ့ဝင်လာသဖြင့် ထူးဆန်းအံ့ဩစွာဖြင့် ဖောက်ဖတ်ကြည့်ရာ အပျိုကြီးများ အုပ်စုမှ သူငယ်လေးများမှ ၎င်းတို့ အပျိုကြီးများ အုပ်စု လက်ဖက်ရည်ဆိုင်ရှေ ့ဖြတ်လျှောက်သော်လည်း တစ်စက်မှ လှည့်မကြည့်ရာမှ စတင်သည်ဟု သိရပါတယ်။ ယခုအခါ နိုင်ငံတွင် အေးချမ်းသာယာရေးကို ထောက်ရှူပြီး တစ်နိုင်ငံလုံးအား မီးသတ်ပိုက်နှင့် ရေဖျန်းပေးရန်၊ ကိုယ့်အိမ်ရှေ ့ကိုယ် ရေလောင်းကြရန် ဝိတိုရိယဘုရင်မမှ ညွှန်ကြားထားသော်လည်းအခုချိန်ထိ မအေးချမ်းနိုင်သည့် နယ်မြေတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။အဆိုပါမအေးချမ်းနိုင်သော နယ်မြေများမှာ အပျိုကြီးများ စုရျ် နေထိုင်ကြသော […]


moonpoemApril 18, 20141min15513
သင်္ကြန်အတက်နေ ့ညဘက်ရောက်လာပါပြီ။ရေပက်ခံထွက်တဲ့ ကားတွေ၊ဆိုင်ကယ်တွေလည်း အိမ်ပြန်လာကြပြီ။အပျိုပိန်ပိန်ရေမစိမ်နဲ့ အီကြာကွေးအီကြာကွေး။အပျိုဝဝ ရေမချနဲ ့မုန် ့ဖက်ထုပ်မုန် ့ဖက်ထုပ်ဆိုတဲ့ အော်ဟစ်သံတွေ၊ ကားပေါ်က အချင်းချင်း ရေပက်လိုက်လို ့ဟေးခနဲ ဝါးခနဲ အာမေဋိတ်သံတွေဟာလည်း ညဉ် ့နက်လာလေလေတဖြည်းဖြည်းနဲ ့ကြားရတာ လျော့ပါးလာလေလေပါပဲ။ သင်္ကြန်ပြီးခါနီးပြီပေါ့…။သင်္ကြန်ပြီးခါနီးသင်္ကြန်သီချင်းတွေကို နားထောင်ရတာ စိတ်ထဲ ဆွေးမြေ ့လာသလိုခံစားရတယ်။ဒီသင်္ကြန်၄ရက်လုံး ပျော်ခဲ့ သင်္ကြန်သီချင်းတွေ အော်ခဲ့တာဆိုတော့လည်းလေ …။ဖုန်းRingtoneလေးကို သင်္ကြန်မိုး သီချင်းလုပ်ထားရာကနေ ပြန်ပြီးပြောင်းရဦးမယ်။၄ရက်လုံး စည်ကားခဲ့တဲ့ လမ်းမကြီးထက်လည်း နောက်ရက်တွေမှာခြောက်သွေ ့ရော့မယ်။ ပျော်ခဲ့တဲ့ သင်္ကြန်နေ ့ရက်တွေကို စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာတော့…..။ ဒီနှစ်သင်္ကြန်ကို တစ်ခါမှ မကျခဲ့ဘူးတဲ့ မူဆယ်ရွှေလီနယ်စပ်မှာ သွားပြီး ကျဖြစ်ခဲ့တယ်။အစကတော့နယ်စပ်သင်္ကြန်လည်းဖြစ်ပြန်၊ သိပ်လည်း စည်ကားလိမ့်မယ်လို ့မထင်တော့ သင်္ကြန်မှာ ပျော်ပါးဖို ့ထက်မိသားစုနဲ ့အတူ အနားယူဖို […]


moonpoemApril 8, 20141min1468
အခုပြီးခဲ့သော ခရီးစဉ်တွင် မန္တလေးသို ့ကျွန်မရောက်ရှိခဲ့သည်။ဧည့်သည်များကို ကျုံးဘေးတစ်လျှောက် ဒီဇိုင်းအမျိုးမျိုးဖြင့် တည်ဆောက်နေကြသော ကျုံးဘေးရှိမဏ္ဍပ်များအကြောင်း မြန်မာ့နှစ်ကူး၊ သင်္ကြန်ရေသဘင်ပွဲတော်အကြောင်းများကို ပြောပြသည်။ရှော့ပင်းစင်တာဘက် ရောက်သည့်အခါတွင်လည်း ပိတောက်ပန်းများဖြင့် အလှဆင်ထားပြီး ဒိုးသံ ဗုံသံတို ့ဖြင့် သင်္ကြန်သီချင်းများဖွင့်ထားပြန်တော့ ကျွန်မစိတ်ထဲ မြူးလို ့နေပြန်သည်။ ဧည့်သည်တောင် ကျွန်မပုံစံကိုကြည့်ပြီး နောက်သည်။ ရွှေ..မန္တလေးမှာ နေခဲ့ချင်နေပြီနဲ ့ တူတယ်တဲ့။ကျွန်မသည် မန္တလေးသို ့အလုပ်နှင့် မကြာခဏဆိုသလို ရောက်ဖြစ်သော်လည်း အိမ်ကမြိုထဲနှင့်မနီးသဖြင့် မပြန်ဖြစ်ပါ။ဒီတော့လည်း မန္တလေးနှင့် ကိုယ်က သိပ်ရင်းနှီးသော်လည်း စိတ်ကောက်ပြီး မခေါ်ကြသည့် သူငယ်ချင်း တစ်ဦးပမာ စိမ်းကားနေခဲ့သည်သာ။ စိတ်ကောက်နေသည့် မန္တလေးကို ချော့ဖို ့ကျွန်မရက်အကြာကြီး မစောင့်နိုင်ခဲ့ပါ။ ဒါကြောင့်ပဲ မနေ ့က အလုပ်ပြီးပြီဆိုကတည်းက ကျွန်မဒီနေ ့ပြန်ဖို ့ဆုံးဖြတ်ခဲ့သည်လေ။အခု သူနှင့် […]


moonpoemApril 4, 20141min1257
ပုဂံမှာနေခြစ်ခြစ်တောက်ပူနေရာကနေရုတ်တရတ်မိုးထရွာတယ်။ သင်္ကြန်မိုးလားမိုးဦးစောမယ့် သဘောလားတေ့ာမသိ။ ခဏနားနေတုန်း ကားဆရာဦးလေးကြီးနဲ့ စကားတွေပြောဖြစ်ကြတယ်။ ၄လပိုင်းရောက်လာတော့ ဧည့်အဝင်ပါးလာတဲ့ အကြောင်းတွေပေါ့။ ဪ…ဟုတ်ပါရဲ့ ဒီဇင်ဘာလာတုန်းက ပုဂံမှာ ဧည့်အဝင်များတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေ နာမည်ကြီးဘုရားတွေမှာ ကြပ်ပိတ်လို့။ အခုများကျတော့လည်း ကျဲပါးခြောက်သွေ့နေလိုက်တာ။ အင်းပေါ့လေ ရာသီဥတု ခြောက်သွေ့သလို ဧည့်သည်တွေခြောက်သွေ့သလို ကျွန်မလည်း အလွမ်းဒဏ်ရာ စိတ်ဒဏ်ရာတွေနဲ့ ခြောက်သွေ့နေပါရဲ့။ ့ ခြောက်သွေ့နေတဲ့ ကျွန်မအချိန်ကို ပျော်ရွှင်အောင် အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးနိုင်တာ ကျွန်မရဲ့ ဧည့်သည်တွေပါပဲ။ မြန်မာပြည်လာလည်တဲ့ အခိုက် နင်သာမရှိရင် ဒုက္ခလို့ ပြောလာတဲ့ နားဝင်ပီယံစကားလေးတွေဟာ လူသားတစ်ယောက်အတွက် ကိုယ်မရှိလို့ မဖြစ်ပါဘူးလေဆိုတဲ့ အတ္တအချို့နဲ့ရှင်သန်ခွင့်ရှိနေစေပါ တယ်။ ကျွန်မအတွေးကောင်းနေတုန်း မိုးတွေတိတ်သွားသည်။ ကားဆရာကြီးကလည်းပြောလာသည်။တူမကြီးဧည့်သည်တွေပြန်ထွက်တော့မယ်နဲ့တူတယ်တဲ့။ ဟုတ်ကဲ့ပါ ဦးလေးရေ သွားမှာပါကျွန်မသွားနေရဦးမှာပါ။ မသွားလို့မရ နားလို့မရတဲ့အတွက် ဒီခရီးအပြင်နောက်ထပ်လာမယ့် […]


moonpoemMarch 30, 20141min12112
ကျွန်ုပ်သည် ယနေ့မှစ၍ Tourသွားတိုင်း ပေကြိုးကို ယူဆောင်သွားတော့မည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ အကြောင်းမှာ ဥပမာအားဖြင့် ကျွန်ုပ်အနေဖြင့် ဦးပိန်တံတားတွင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်ဟု ရှင်းပြရာ၌ ထိုတိုင်၁တိုင်၏ အမြင့်ပေသည် မည်မျှရှိသနည်းဟု ဂျပန်ဧည့်သည်တော်များမှပြန်လည်မေးခွန်းထုုတ်ချိန်တွင် ဂိန်ခနဲ ဖြစ်ရခြင်း။ ထို့နောက် မန်းလေးတောင်တွင် လှေကားထစ်ပေါင်း ၁၇၂၉ထစ်ရှိသည်ဟု အားတက်သရောပွားနေခိုက် ထိုလှေကားထစ်တို့သညi် ပြေပြစ်ပါသလား မတ်စောက်ပါသလား ပျမ်းမျှအားဖြင့်လှေကားထစ် တစ်ထစ်သည် မည်မျှမြင့်ပါသနည်းဟု စူးစမ်းချိန်၌ တိန်ခနဲ ဖြစ်ရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့အတွက် စာအုပ်များတွင်လည်းကောင်း အင်တာနက်တွင်လည်းကောင်း မရှာဖွေနိုင်သည့် အချိန်တွင် ထိုကဲ့သို့ မေးလာသော ဧည့်သည်တော်ကို ခေတ္တခဏစောင့်ခိုင်းကာ အသင့်ယူလာသောပေကြိုးယူ၍ တိုင်းပြီး အတိအကျ ဖြေဆိုသွားမည် ဖြစ်ပါသည်။ အဲ သို့သော်လည်းဘုရားတွင် ဆုတောင်းမိသည်မှာ ဘုရားရှေ့မှ […]


moonpoemMarch 27, 20141min1137
မြန်မာပြည်ကနေ သူတို ့တွေ ပြန်ကြတော့မယ်ဆိုတော့လည်း ရင်ထဲမှာ ဝမ်းနည်းမိသလိုပါပဲ။ အရင်ကလည်း အုပ်စုလိုက်ခရီးသွားဘူးပေမယ့် ဒီအုပ်စုလောက် လူများတဲ့ ခရီးကို လိုက်ဖူးတဲ့ အတွေ ့အကြုံမရှိသေးသလို ဒီတစ်ခါခရီးစဉ်လောက် ပျော်စရာမကောင်းတာလည်း ပါမယ်နဲ ့တူပါတယ်။ အခုခရီးစဉ်ကတော့ လေယာဉ်စီးလုံးငှားပြီးလာလည်တဲ့ ဧည့်သည်အုပ်စုကြီးတော့ ဧည့်လမ်းညွှန်တွေ အများကြီး ကားတွေအများကြီးနဲ ့ခရီးသွားရတယ်။ တစ်စီးစီမှာလည်း ဧည့်သည်တွေက အနည်းဆုံး ၃ဝနီးပါးပါတာဆိုတော့ သွားတဲ့ ခရီးတွေမှာ တစ်စီးနဲ ့တစ်စီး အချိန်မတိုက်အောင် ညှိညှိနှိုင်းနှိုင်းနဲ ့သွားကြ၊ စားသောက်ဆိုင်ဆိုရင်လည်း အဆင်ပြေအောင်လုပ်ကြ ပြီးရင် ဧည့်သည်အားလုံးရဲ ့ကျန်းမာရေး၊ အခြားလိုအပ်ချက်တွေကို တိုးဂိုက်နဲ ့Tour Leader ညှိညှိနှိုင်းနှိုင်းနဲ ့လုပ်ရဆိုတော့ ပုံမှန် ကိုယ်တစ်ယောက်တည်း ဦးဆောင်သွားရတဲ့ Tour နဲ ့မတူ စိတ်လှုပ်ရှားမှုတွေရှိနေတာတော့ အမှန်ပါပဲ။ […]


moonpoemMarch 20, 20141min1419
အိမ်ပြန်ကြစို ့ညီမလေး…။ညတိုင်း မမ အခုလို စကားပြောလာမည့် အချိန်၊ ကျွန်မလက်ကို နွေးထွေးစွာ ကိုင်ရင်း ရစ်ဝဲနေသည့်မျက်ရည်တွေနှင့် မျက်ဝန်းအစုံကို ရင်ဆိုင်ရတိုင်း ကျွန်မနှင့် မမ အတူတူအိမ်ကို ပြန်ခဲ့ကြချည်းသာ..။ မမ ညီမလေးတကယ်..အိမ်မပြန်ချင်လို့ပါ။ဟို..မိန်းမကြီးနှင့် မတွေ ့ချင်ဘူး။သူတို ့မိသားစုတွေနဲ ့ မတွေ ့ချင်ဘူး။ ညီ်မလေး တကယ်ပင်ပန်းလှပါပြီ။မနက်မိုးမလင်းခင်ကနေ ညမိုးချုပ်တဲ့အထိ အလုပ်လုပ်ရ ကိုယ့်အိမ်ကိုယ်ပြန်ရတာပေမယ့် သူတို ့က ညီမလေးတို ့အဘိုးလေဖြတ်ပြီးစကား မပြောနိုင်တာကို အခွင့်ကောင်းယူအနိုင်ယူ အပိုင်စီးပြီး ညီမလေးတို ့ကို အနိုင်ကျင့်နေတာ၊ ကိုယ့်ဘက်က ကြံ ့ကြံ ့ခံနေနိုင်ရင် ကို်ယ့်ဘက်က အနိုင်ချည်းပဲဆိုတာ သိပေမယ့် ညီမလေးတို ့ဘဝတွေက တကယ့်တော့ ဘဝအဓိပ္ပါယ်ပျောက်ဆုံးနေတာ မဟုတ်ဘူးလားဟင်။ မေမေ့ရဲ ့ဆန္ဒကိုလည်း နားလည်ပါတယ်။ မေမေက […]


moonpoemMarch 19, 20141min1469
ခင်ဗျားဗျာ မိန်းကလေးတန်မဲ့..။ကျွန်တော်ဘယ်နှယ်ခါ ပြောရမလဲ နောက်ကနေ မလိုက်ခဲ့ပါနဲ ့ လို ့ပြောလည်း မရ။ စာလိုက်မပေးနဲ ့ပြောလည်း မရ။အိမ်ရှေ ့ဂစ်တာလာမတီးနဲ ့လို ့ပြောလည်း မရ။ ရုံးရှေ ့လက်ဖက်ရည်ဆိုင်ကနေ တစ်နေကုန် ထိုင်မစောင့်နဲ ့ပြောလည်း မရ။ ကျွန်တော်သွားသမျှနေရာကို တက္ကစီနဲ ့လိုက်လိုက်လာတာကို မကြိုက်ဘူးပြောလည်း မရ။ နေပူပူ မိုးရွာရွာ တောက်လျှောက် ထီးကြီးတကားကားနဲ ့လိုက်မလာပါနဲ ့သူများတွေ တစ်မျိုးမြင်ကုန်မှာ စို းလို ့တားလည်း မရ။ နေ ့လည်နေ ့ခင်း ပျင်းလို ့ဝါးခနဲ သမ်းလိုက်မိပါတယ် နက်စ်ကော်ဖီတစ်ခွက်က ခုံပေါ်ရောက်လာပြီ။ ပူလွန်းလို ့စာအုပ်တစ်အုပ်ကို တဖတ်ဖတ်ယပ်ခတ်မိပါတယ်။ ခဏနေ ပန်ကာတစ်လုံးက ရှေ ့ကို ရောက်လာပြီ။ဟိုတယ်တွေမှာ ဧည့်သည်ထိုင်စောင့်တုန်း […]


moonpoemMarch 17, 20141min15112
သရဲ၊တစ္ဆေ လောကကြီးထဲတွင် ရှိခြင်း၊မရှိခြင်းကို တွေဝေမှုများစွာ မယုံကြည်ခြင်းများစွာ ရှိတတ်သော ကျွန်မကို ထိုနေ ့က အဖြစ်အပျက်က အိပ်မရနိုင်အောင် သက်သေပြခဲ့လေသည်။ ~~~~~~~~~~ အလုပ်သဘောအရ ခရီးထွက်ရတိုင်း ဧည့်သည်တည်းသော ဟိုတယ်တွင်ပင်ဖြစ်စေ၊ တခြားဟိုတယ် တွင်ပင်ဖြစ်စေ တစ်ယောက်တည်းသပ်သပ် အိပ်ရသည်။ပုဂံ၊အင်းလေး၊မန ္တလေး၊ကျိုက်ထီးရိုးစသည့် မြန်မာနိုင်ငံရှိ ခရီးအသွားများသည့် ဒေသများရှိ ဟိုတယ်တော်တော်များများတွင် အိပ်ရသည်က အသားကျလာသော် သရဲ၊တစ္ဆေခြောက်သည် ဆိုခြင်းသည် အိပ်ရာဝင်ပုံပြင်ပမာမျှသာ။မည်သည့် ဟိုတယ် ရောက်ရောက် ခရီးပန်းလာသဖြင့် ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် အိပ်ပျော်သွားသည်က များလေသည်။ အဲ…ထိုနေ ့ကတော့ ပုဂံရှိ သရဲခြောက်သည်ဟု နာမည်ကြီး ဟိုတယ်တစ်ခုတွင် အိပ်ရခြင်း။ သို ့သော် ကျွန်မအတွက် ထိုဟိုတယ်တွင် တည်းတာ တတိယအကြိမ်ရှိပြီဖြစ်သဖြင့် စိတ်ထဲတွင် သိပ်ပြီး ကြောက်လန် ့မှုကတော့ […]


moonpoemMarch 16, 20141min14513
ဘက်ဆဲလားစာရေးဆရာမမွန်းပိုအမ်ရေးသော လိုင်းကားကိုုကျော်၍ မီးပွိုင့်ကိုဖြတ်မည်။ သူငယ်လေးက အချစ်ကို ကိုးကွယ်သတဲ့လား။ အပျိုကြီးဟုပဲ ဆက်၍ခေါ်မည် မမအစရှိသော စာအုပ်များသည် အရောင်းရဆုံး စာရင်းတွင် ထိပ်ဆုံးသို့ရောက်နေလေသည်။ အထက်ပါစာအုပ်များကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ဝိုင်း မောင်မျိုးမင်း(ရင်တွင်းဖြစ်)တို့မှအကယ်ဒမီမှန်းပြီး ဇာတ်ကားရိုက်ရန် အလုအယက်ဝယ်ယူနေကြ ကြောင်းNow Magazine အလင်းတန်းဂျာနယ်တို့တွင် ်ဖတ်ရှုလိုက်ရသည်။မိမိဓာတ်ပုံကိုပါပူးတွဲဖော်ပြရန်ရိုက်ကူးသွားသည့်အတွက်လူသိများလာသည်။ ဟိုနေ့ကSkyNetမှလာရိုက်သော စာရေးဆရာတစ်ယောက်ရဲ့ တစ်နေ့တာဘဝအစီအစဉ်တွင် ်လည်းမနက်စာကိုဗရာကြော်နှင့် လက်ဖက်ရည်တို့ို့စားနေသည်ကို ရိုက်သွားလေရာယခုအခါ လက်ဖက်ရည်ဆိုင်များတွင် အနှီဗရာကြော်နှင့်လက်ဖက်ရည်ကို Moonpoem Breakfastဟု အမည်တပ်ပြီးရောင်းနေရကြောင်း ကြားလိုက်ရသေးသည်။ မွန်းပိုအမ် စိတ်ညစ်မိသည်။မိမိ သည် အောင်မြင်မှုကို လိုလားပြီးစာအုပ်ထုတ်သူ မဟုတ်။ဝါသနာအရစာရေးရာက ဒီလိုထင်ပေါ်လာခြင်း။အခုတော့ ဘဝတွင် မလွတ်လပ်တော့။ ကလောင်နာမည်က အမည်ရင်းထက်နာမည်ကြီးလေရာအမည်ရင်းပင်ပျောက်သလောက်။တခါတရံသူငယ်ချင်းတွေကအမည်ရင်းခေါ်လိုက်လျှင်မကြားရတာ ကြာပြီမို့ အရသာရှိလိုက်ပါဘိ။ အင်းးးအခုတော့လည်း Moon Poemအဖြစ်နှင့်သာ။အေးချမ်းသော ဘဝကို လွမ်းလိုက်ပါဘိ။ တစ်နေရာရာသွားလျှင်ပင် အော်တိုရေးခိုင်းသူများ […]


moonpoemMarch 12, 20141min20315
အခုလိုi phone တွေခေတ်စားနေချိန် ကျွန်မလည်း ကျွန်မ e phoneလေးကို လွမ်းပါသည်။ e phoneဟုခေါ်ရခြင်းကတော့ ထိုphလေးသည် အိမ်သာထဲသို့ပြုတ်ကျခဲ့ဘူးခြင်း ကြောင့်…။ ထိုနေ့က ကျွန်မတို့ သူငယ်ချင်းတသိုက် တိုသည့်ဆံပင်ကို ဆက်ရန် ရှည်သည့်ဆံပင်ကို ညှပ်ရန် မည်းသည့်ဆံပင်ကို နီရန် ဝါသည့်ဆံပင်ကို ချွတ်ရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မြေနီကုန်း လီလီအလှပြင်ဆိုင်ကို ထွက်ခဲ့ကြပါသည်။ ကျွန်မကတော့ မျက်နှာကို ကော်ပတ်စားအပြီး အိမ်သာသွားချင်လာသောကြောင့် အိမ်သာရှိရာဘက် ထွက်ခဲ့လိုက်သည်။ အိမ်သာက ဘိုထိုင်မဟုတ် မြန်မာထိုင်အိမ်သာ။အိမ်သာသွားရန် လိုအပ်သည်များကို ပြင်ဆင်လိုက်ရာ ဂျင်းဘောင်းဘီအိတ်ထဲတွင် ထည့်ထားသော Sony Errisonဖုန်းလေးသည် အိမ်သာချိုင့်ထဲသို့ သက်ဆင်းသွားလေသည်။ စစချင်းတော့ အိမ်သာခွက်ထဲ လက်နှိုက်ရမှာ စိတ်လည်းညစ် ရွံလည်းရွံသဖြင့် ပစ်ထားခဲ့ဖို့ မိုက်မဲစွာ ဆုံးဖြတ်လိုက်သည်။(ကိုယ်ကဘာမှမဘာရသေးဘဲ ရှေ့လူတွေက ဘာသွားတာလေနော်။) […]