moonpoemJanuary 24, 20131min21112
မြန်မာလူမျိုးများသည် နမိတ်ဖတ်ခြင်းကို ယုံကြည်ကြသည်ဟု ကျွန်မထင်သည်။ မနက်စောစောစီးစီး အဆင် မပြေတာနှင့်ကြုံလျှင် တစ်နေကုန် ကံမကောင်းနိုင်တော့ခြင်း၊ အလုပ်တစ်ခု စတင်ချိန်တွင် ဘေးကျရောက်ခဲ့ပါ က ထိုအလုပ်သည် ဆက်လုပ်ရာတွင်လည်း အဆင်မပြေနိုင်တော့ခြင်း စသဖြင့် ဖြစ်ပါသည်။ ကျွန်မသည် အယူသီးသူ တစ်ယောက်မဟုတ်ပါ။ တစ်နေ ့တော့ ကျွန်မကျိုက်ထီးရိုးကို နေ ့ချင်းပြန်သွားဖို ့ဖြစ်လာပါသည်။ နေ့ချင်းပြန်ကျိုက်ထီးရိုး ခရီးစဉ်သည် အထူးရှင်းပြစရာမလိုအောင် တစ်ညအိပ်ခရီးထက်တော့ ပိုပင်ပန်းပါသည်။ မနက်၄နာရီခွဲ ရန်ကုန်မှထွက်ပြီး ည ၈နာရီလောက်ပြန်ရောက်သော ခရီးစဉ်ဖြစ်ဧ။် ။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရသေ့တောင်ထိသာကားစီးခွင့်ရပြီး တောင်ပေါ်ထိ ကားဖြင့် တက်ခွင့်မပေးသောကြောင့် နေ ့ချင်းပြန်ခရီးစဉ်တွင် အတက်ရော အဆင်းရောခြေကျင်တက်ရ ဆင်းရဖြင့် ပင်ပန်းပါသည်။ သွားရင်လည်း မြန်မြန်ရောက်အောင်သွား၊မြန်မြန်တောင်တက်၊ မြန်မြန်ဘုရားဖူး၊ မြန်မြန်ပြန်ဆင်း နှင့် အပန်းဖြေခရီးစဉ်ဟု […]

Kyeik-Hto-Hall-600x800.jpg

moonpoemJanuary 23, 20131min20516
၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံသည် ခရီးသွားဝင်ရောက်မှုများလာပြီးနောက် ရင်ဆိုင်ရသည့် အခက်အခဲမှာ အားလုံးသိကြသည့်အတိုင်း ဟိုတယ်အခန်းမရခြင်းပင်ဖြစ်သည်။ ခရီးသွားဧည့်သည်များ အခန်းမရသကဲ့သို ့ တိုးရစ်ဂိုက်များလည်း အရင်ကလို ဂိုက်အခန်းများပင် ရရန် မလွယ်ကူတော့ပါ။ ဒီနေရာမှာ တစ်ခုလည်း ရှင်းပြချင်ပါသည်။ ရန်ကုန်မှအပ အခြားသော မြို ့များရှိ ဟိုတယ်များတွင် ဂိုက်အခန်းသည် သပ်သပ်ရှိပါသည်။ ဟိုတယ်ခရီးညွှန်ကြားချက်ဖြင့် လိုင်စင်ရ ဧည့်လမ်းညွှန်များသည် နိုင်ငံခြားသား ခရီးသွားများနှင့် အတူ လေယာဉ်စီးသောအခါတွင်လည်း သာမန် မြန်မာလူမျိုးထက်ဈေးနည်းပါသည်။ ဟိုတယ်များတွင်လည်း ဈေးနည်းပါသည်။ (ခရီးသွားမပါလျှင်တော့ ပုံမှန်မြန်မာလူမျိုးဈေးနှုန်းသာဖြစ်ပါသည်။) ဟိုတယ်များရှိ ဧည့်လမ်းညွှန်သုံး ကျွန်မတို ့အခေါ် ဂိုက်အခန်းသည် ဧည့်သည်အလာနည်းသည့် အခါတွင်တော့ ကံကောင်းထောက်မစွာဖြင့် ၎င်းဟိုတယ်ရှိ အိမ်သာ၊ရေချိုးခန်း တွဲရက်ပါသည့် စတန်းဒက် အခန်းကို တည်းခွင့်ရပါသည်။ သို ့သော် ဧည့်သည်ကျသည့်အခါတွင်တော့ […]


moonpoemJanuary 22, 20131min50123
ကျွန်မတိ်ုးရစ်ဂိုက် စလုပ်တာ ၂၀၀၈ခုနှစ်မှာဖြစ်သည်။ နာဂစ်ဖြစ်ပြီးခါစ ဘယ်ဧည့်သည် ဘာလူမျိုးမှ သိပ်မလာကြ။ တစ်လနေလို ့ ၃ခေါက် ခရီးသွားရလျှင်ပင် ကံထူးသူဖြစ်ပေဧ။် ။ စကားပြောရခြင်း၊ခရီးထွက်ရခြင်းကို နှစ်သက်ပြီး တိုးရစ်ဂိုက်ဘဝကို ရွေးချယ်မိခဲ့သော ကျွန်မသည် ထို အချိန်က စကားလည်း သိပ်မပြောရသလို ခရီးလည်း သိပ်မထွက်ခဲ့ရပါ။ ယခုလို တိုးတွေပေါပေါများများ မရှိသဖြင့် ခရီးသွားကုမ်မဏီများကလည်း တိုက်ပိုင် ဧည့်လမ်းညွှန်တွေကိုသာ အသုံးများပြီး ဖရီးလန် ့စ် လိုက်သော ကျွန်မတို ့လို ဂိုက်တွေကို သိပ်လည်း မသုံးကြသေးပါ။ ကုမ်မဏီတွေက စမ်းပြီး ဂိုက်မထည့်ကျတော့ အတွေ ့အကြုံက မရ၊ အတွေ ့အကြုံက မရှိတော့ တခြား ကုမ်မဏီတွေကလည်း မသုံးချင်နှင့် သံသရာလည်ကာ အိပဲ့အိပဲ့နှင့် ဘဝကို ဖြတ်သန်းခဲ့ပါဧ။် […]


moonpoemJanuary 21, 20131min20727
ရွာထဲကို မရောက်ဖြစ်တာ ကြာပြီ။ အရင်တပတ်ကတော့ ခဏဝင်လည်တုန်း ရွာသူရွာသားတွေ စုံညီပွဲလုပ်မည့် အကြောင်းကို ဖတ်လိုက်ရသည်။ ကိုယ်က အရင်တစ်ခေါက် ခဲမှန်ဘူးသည့် စာသူငယ်ဖြစ်ဘူးသဖြင့် ဒီတစ်ခါရော တကယ်လား လာမယ်လာမယ်ပြောပြီး တကယ်တမ်းရော လာကြမှာလား စသည်ဖြင့် အတွေ းတွေဖြင့် စုံညီပွဲကို သွားရမှာကို စိုးရိမ်စိတ်တွေဝင်မိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်။ သွားတော့ကြည့်လိုက်မည်။ ယခုတစ်ခေါက်တော့ ကံကောင်းပါစေဟု ဆုတောင်းလိုက်မိသည်။ မနေ ့က တနင်္ဂနွေနေ ့ဆိုပေမယ့် ပွဲကို နောက်ကျမှာစိုးသဖြင့် စောစောစီးစီး အိပ်ရာထလိုက်သည်။ ကန်တော်ကြီးမှာ ဝင်ကြေးပေးရမယ့် နေရာရောက်တော့ စိတ်အားငယ်စွာဖြင့် မဝံ့မရဲ မေးလိုက်သည်။ အစ်ကို ရေ ကျွန်မက မန်းတလေးဂေဇက် စုံညီပွဲကိုလာတာပါလို့ ဆိုတော့ အယောက်၂ဝကျော်ပြီ ဖြစ်သည့်အတွက် ဝင်ကြေးကတော့ ပေးရမည် ဟုဆိုသည်။ […]


moonpoemJanuary 16, 20131min18014
မမဆူးရေးတဲ့ ကျိုက်ထီးရိုးနဲ ့ပတ်သတ်တဲ့ ဖြစ်စဉ်တစ်ခုကို ဖတ်ပြီး ကိုယ်ကို်ယ်တိုင်လည်း ကြုံတွေ ့ခဲ့ရတဲ့ ဖြစ်ရပ်ကလေးကို ဖောက်သည် ချပါရစေ ရွာသူရွာသားတို ့ရေ။ ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ ့က ကျွန်မတိုးရစ်ဂိုက်အနေနဲ ့ကျိုက်ထီးရိုးကို သွားခဲ့ပါတယ်။ နိုင်ငံခြားသားဆိုရင် ကင်ပွန်းစခန်းကနေ ရသေ့တောင်ထိသာ တော်တက်ကားစီးခွင့်ပြုတာမို ့ရသေ့တောင်မှာ ဆင်းခဲ့ကြတယ်။ ဧည့်သည်က အသက်ကြီးနေပေမယ့် ရသေ့တောင်ကနေ တောင်ပေါ်ထိ လမ်းလျှောက်တက်ချင်တယ်လို ့ ဆိုလာပါတယ်။ ကျွန်မက သူ ့ကို နားချပါသေးတယ်။ ဒီက အထမ်းသမားတွေက ရသေ့တောင်ကနေစပြီး ငှားရင်သာ တစ်သောင်းနဲ ့လိုက်တာ။ လမ်းတဝက်ရောက်မှ အရမ်းမောပန်းပြီး မတက်နိုင်တော့တဲ့သူဆိုရင် အကြပ်ကိုင်ပြီး၁၂၀၀ဝနဲ ့ ဈေးခေါ်တော့တာ။ ဆစ်လို ့လည်း မရဘူးလေ။ မောနေတော့ အကြပ်ကိုင်တဲ့ ဈေးနဲ ့ပဲ […]


moonpoemDecember 18, 20121min1145
ဇန်နဝါရီလ ၄ရက်နေ ့သို ့ရောက်ရှိလို ့လာပါ ပြီ။ ဝိတိုရိယ အထူးကု ဆေးရုံကြီး အဲမှားလို ့ဝိတိုရိယ ဘုရင်မကြီး Moon Poem ဧ။် အိမ်ပြာတော်ရှေ ့တွင် ထုတ်ပြန် ချမှတ်မည့် အမိန် ့ကို ပြည်သူပြည်သားများ ရင်ခုန်စွာစောင့်စားလျက်ရှိကြသည်။ အထူးသဖြင့် အဆနပါတီဝင်များ(ရည်းစားရှိသဖြင့် အေးဆေးနှပ်နိုင်ကြသူများ)တို ့က မင်္ဂလာဘယ်မှာဆောင်ကြမှာလဲ ဆန်ဒိုးနားလား အိုငိုရယ်တယ်မှာလား စသဖြင့် ချမှတ်မည့် အမိန် ့နှင့် မသက်ဆိုင်သည်များကို တောင်စဉ်ရေမရာ ပြောခြင်းဖြင့် လည်းကောင်း၊ လတပပါတီဝင်များ(ရည်းစားမရှိသဖြင့် မိန်းကလေးလှလှလေးများကို လုတင်ပြေးချင်သူများ)တို ့မှလည်း တို မှလည်း အားကျမခံ ရည်းစားဘယ်လိုရွေးမလဲ နန်းခင်ဇေယျာနဲ ့တူတာရွေးမလား မိုးဟေကို်နဲ ့ဆို အဆင်ပြေပါ့မလား စသဖြင့် မဖြစ်နိုင်သည်များကို ငြင်းခုံကာ စောင့်ဆိုင်းလျက်ရှိကြသည်။ […]


moonpoemDecember 18, 20121min824
အမြဲတမ်းပိုက်ဆံကို လောဘတကြီးနဲ ့ရှာတယ်။ ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး။ တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ တော့ အကျိုးရှိအောင်သုံးမယ်လို ့ရည်ရွယ်ရင်း ပိုက်ဆံကို မှိုတက်အောင်ထားတတ်တာ ကျွန်မအကျင့်တစ်ခုပါ။ ကားဝယ်ဖို ့သို့မဟုတ် အိမ်ပိုင်ချင်လို့ ချမ်းချမ်းသာသာ နေနိုင်ဖို ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ ့ အလုပ်လုပ်နေတာပါ။ ဘဏ်မှာစုထားရင် အတိုးရနိုင်ပေမယ့်လို ့ဘဏ်ကိုမယုံကြည်တဲ့အတွက် ကိုယ့်ဗီရိုထဲမှာပဲ ကျစ်ကျစ်ပါအောင်စုထားတတ်တာလေ။ အမေက တစ်ခုခုလို ချင်တယ်ပြောတိုင်း အမေရယ် ပိုက်ဆံငွေခေါင်းကွဲသွားမှာစိုးလို့ပါ အဘွားက တစ်ခုခု စားချင်တယ်ဆိုရင်လည်း ဘာစားစား အိမ်သာထဲရောက်သွားမယ့် အတူတူ ဈေးကြီးတာတွေ မစားပါနဲ ့လား ပိုက်ဆံလေးစု တိုက်ကြီး နဲ ့ကားကြီးနဲ ့နေရတဲ့အခါ ကြိုက်တာစားပေါ့လို ့တရားပြခဲ့သူ။ပြန်တွေးကြည့်ရင်တော့ တော်တော် မသိတတ်ခဲ့ဘဲ မိုက်လုံးကြီးခဲ့သူပေါ့လေ။ တစ်နေ ့တော့ အဘွားရဲ ့ညီမ […]


moonpoemDecember 13, 20121min21315
ပါးချိုင့်လေးနဲ ့ချစ်စရာကောင်းတဲ့ နန်းသူဇာကို ချီတို ဆော့စ်ကြော်ငြာနဲ ့ တွဲပြီး သိကြမယ်လို ့ထင်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း Gold Roastကြော်ငြာ နဲ့ မင်္ဂလာပါဆရာမဆိုပြီး သူ က နာမည်ရလာပါတယ်။ ဒီလိုပဲ ကျော်ထွဋ်ဆွေကိုလည်း ဂျောက်ဂျက်နဲ ့သီချင်းတွဲဆိုတဲ့ နာမည်ရ ရက်ပါ တစ်ယောက်မို ့ သိကြမယ်လို ့ထင်ပါတယ်။ သူ ့ရဲ ့ဘာပါလိမ့် စွတ်နားစွတ်နာ းအချားဟဲ ကျော်ထွဋ်ဆွေစွတ်နား အချားဟဲဆိုတဲ့ မြန်မာသံစစ်စစ် ကော်ပီသီချင်းကလည်း လူသိများတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အဆဲခံရတော့မယ်နဲ ့တူတယ်) အခု ကတော့ သူတို ့ချစ်သူနှစ်ယောက်ရဲ ့ တက်တူးလေးများကို တင်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံကတော့ သူငယ်ချင်းတစ်ယောက်ရဲ ့မေးလ် ကနေရထားတာပါ။


moonpoemDecember 11, 20121min24217
မိဘ၂ပါးနဲ ့အဘွား လူကြီး ၃ယောက်သာ နေနေရတဲ့ မန်းတလေးက အိမ်လေးကို မကြာခဏဆိုသလို ပြန်ချင်ပေမယ့် တစ်ခါတစ်ခါပြန်ရင် ငွေက တစ်သိန်းကျော် လောက်ပြုတ်တတ်တာမို ့သွားဖို ့ဆိုတာ တော်တော်လေး ချိန်ရပါတယ်။ လူ ကုံထံ အသိုင်းအဝိုင်းအတွက် ငွေတစ်သိန်းဆို တာ စာ ဖွ ဲ ့စရာ မဟုတ်ပေမယ့် ကုမဏီ ဝန်ထမ်းတစ်ယောက်အတွက်တော့ တစ်လတစ်လကို ငွေစုမိဖို ့ဆိုတာ တော်တော် ခက်ခဲတဲ့ အရာတစ်ခုပါ။ ဒီတစ်ခါတော့ ကျွန်မတို ့မောင်နှမ ၃ယောက်ပြန်ဖို ့စာတွေ အပြန်အလှန်ရေးကြ၊ တိုင်ပင်ကြနဲ ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ အားလုံးစုပြီး ပြန်ဖြစ်ခဲ့ကြပါတယ်။ မတွေ ့ရတာကြာနေတဲ့ မောင်နှမတွေ ပြန်ဆုံပြီး မိဘတွေကို ဘာနဲ ့ကန်တော့ကြမယ် အမေက […]


moonpoemAugust 29, 20121min725
လုပ်ငန်းခွင် ထဲက အသိမိတ်ဆွေအိမ် မိတ်ဆွေက ဖိတ်တာကြောင့် ဘာရယ်မဟုတ် လိုက်သွားမိတယ်။ သူ ့အိမ်ကလူတွေနဲ ့မိတ်ဆက်ပေးတော့ အားလုံးက အေးတိအေးစက်နဲ ့ဪအေးအေး အဆင်ပြေသလို နေနော်ဆိုတဲ့ စကားတစ်ခွန်းနဲ ့ပဲ မိတ်ဆက်ပေးခြင်းအပိုင်းက ပြီးသွားတယ်။ ဒီအလုပ်ကိုစဝင်တဲ့နေ ့ကလည်း ဒီလိုပါပဲ မန်နေဂျာက အားလုံးနဲ ့မိတ်ဆက်ပေးတဲ့ အချိန် တွေ ့ရတာ ဝမ်းသာပါတယ်။ မသိတာရှိရင်မေးနော်ညီမလေး စသဖြင့် နွေးထွေးစွာ ပြန်လည်တုံ ့ပြန်သူက အနည်းစု ဝတ်ကျေတမ်းကျေ အသက်မပါအပြုံးတွေနဲ ့ပြန်လည်ဖြေဆိုတာ အများစုပါ။ ကျွန်မသာဆိုရင် ကုမ်မဏီကို ပြောင်းလာတဲ့ ဝန်ထမ်းအသစ်ဆိုရင် စိမ်းတဲ့ပတ်ဝန်းကျင်မှာ အားငယ်နေမှာပဲဆိုတဲ့ စိတ်နဲ ့နွေးထွေးစွာကြိုဆိုမိမှာပါ။ သူများတွေအတွက်တော့မသိပါ။ကျွန်မတို ့ မန်းတလေးအိမ်ဆိုရင် တစ်စုံတစ်ယောက်လာလည်တဲ့အခါ ခေါ်လာသူက တစ်အိမ်လုံးနဲ ့မိတ်ဆက်ပေးတာမျိုး၊ကျွန်မတို ့မိဘတွေ၊အဒေါ်တွေကလည်း […]


moonpoemAugust 28, 20121min69929
ကျွန်မမိတ်ဆွေ သတင်းထောက်တစ်ယောက် သတင်းယူပြီး အိမ်အပြန်ပြောပြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သတင်းရဲ ့အဓိကဇာတ်ကောင်ကတော့ဒါရိုက်တာတစ်ယောက်အကြောင်းပါ။ ရုပ်ရှင် မင်းသမီး၊ မော်ဒယ်လ် လုပ်ရင် ပုံမှန်လခစားဝန်ထမ်းတွေထက်ဝင်ငွေကောင်းတဲ့ ဒီခေတ်ကြီးထဲမှာ ဒီလိုအလုပ်လုပ်ချင်တဲ့ သူတွေများလာတာ မရှားပါဘူး။ ဒါတွေကို အခွင့်အရေးယူတဲ့ လူတွေ ပေါ်လာတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လောကမှာမဆိုကူညီချင်တဲ့ စိတ်နဲ ့ တကယ်ကူညီကြတာ ရှိသလို ကူညီသလိုလိုနဲ ့ ဖျက်ဆီးနေကြတာတွေက အပုံအပင်ပါ။ အခုလည်း မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရအောင် သင်တန်းပေးနေတဲ့ ဒါရိုက်တာတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရဘူးဆိုတာ လူကြားသူကြားထဲ အရူးယောင်ဆောင်ဆိုလည်း ဆောင်ရမှာပါပဲ၊ မင်းသားနဲ ့ဖက်ဆိုလည်း ဖက်ရမှာပါပဲ။လိုချင်တဲ့သူအတွက် ပေးဆပ်ရမယ်ဆိုတာ မှန်ပေမယ့်လို ့ဒီဒါရိုက်တာရဲ ့အရှက်မရှိအောင် သင်တန်းပေးတာကတော့ တော်တော်ဆိုးဝါးတယ်လို ့မြင်ပါတယ်။ သူ ့သင်တန်းက မင်းသမီးတွေလူကြားထဲမှာ […]


moonpoemAugust 28, 20121min41222
ကုမ်မဏီ တစ်ခုကိုု ကျွန်မပြောင်းလာပြီးတဲ့နောက်အခြေအနေတစ်ခုကြောင့် ဘန်ကောက်ကို တစ်လအလုပ်ဆင်းဖို ့ ဖြစ်လာပါတယ်။ ကိုယ်တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို သွားရမှာဖြစ်တဲ့အတွက် ကျွန်မပျော်နေမိပါတယ်။ နိုင်ငံခြားဆိုတာ ဘာကြီးလဲဆိုတဲ့ ကလေးကလားအတွေးမျိုးတွေလည်းတွေးမိပါသေးတယ်။ ပတ်စ်ပို့လုပ်ချိန်၊ ဗီဇာလျှောက်ချိန် ခက်ခဲတာတွေကိုတော့ စာမဖွဲ ့တော့ပါဘူး။ ဘန်ကောက်ကို စရောက်တော့ ကုမ်မဏီက ဒရိုက်ဘာက လာကြိုပါတယ်။ အဲဒီနေ ့အလုပ်ဆင်းတော့ ထိုင်းဝန်ထမ်းတွေပြောတဲ့ အင်္ဂလိ်ပ်စကားကို ကျွန်မ လုံးဝနားမလည်ပါဘူး။ Pronunciation အခက်အခဲကြောင့် ကျွန်မပြောတာလည်း သူတို့ နားမလည်ပါဘူး။ ခြေဟန်လက်ဟန်တွေနဲ ့တစ်ကိုယ်လုံးအလုပ်လုပ်ပြီးပြောမှ အဆင်ပြေပါတယ်။ ပုံမှန်ထက်ပင်ပန်းတာပေါ့နော်။ စစချင်း ၃၊၄ရက်ကတော့ သိပ်မသိသာသေးပါဘူး။ တဖြည်းဖြည်းရက်ကြာလာတော့ ဘာကိုလည်း မသိလွမ်းလာတယ်။ နေရတာကလည်း ကုမ်မဏီက ငှားပေးထားတဲ့ ဟိုတယ်မှာ ၁ယောက်တည်း နေရတာပါ။ဒီကြားထဲ ရုံးကမန်နေဂျာက သူအရင်တစ်ခေါက် ဒီမှာ […]


moonpoemAugust 25, 20121min41124
ဒီနေ ့မနက်ဥပုသ်နေ ့ဆိုတော့ ကျွန်မတို ့လမ်းထဲကို ဝါတွင်းကာလဥပုသ်နေ ့တိုင်း ဆွမ်းခံကြွလေ့ရှိတဲ့ မဟာစည် သာသနာ့ရိပ်သာက ရဟန်းတော်တွေကို ကျွန်မဆွမ်းလောင်းပါတယ်။ ဆွမ်းခံကြွလာပါပြီဗျို ့ဆိုတဲ့ ကလေးတစ်ယောက်ကြေညာသံ ကြားတော့ ကျွန်မလည်း အိမ်ထဲကနေ ထွက်လာတယ်။ တခြားအိမ်တွေကလည်း အလျိူလျိူနဲ ့ထွက်လာကြတယ်။ ဆွမ်းခံကြွလာတဲ့ ကိုယ်တော်တွေကို အေးဆေးတည်ငြိမ်စွာကြွလှမ်းလာတာ ဖူးရင်း စိတ်ထဲကြည်နူးမိပါတယ်။ ဒီနေ ့တော့ မနက်လင်းကတည်းစိတ်ကလည်းအေးချမ်းနေတယ်။ဥပုသ်နေ ့မို့နဲ ့ တူပါရဲ ့လို ့ကိုယ့်ကိုယ်ကိုယ်ပြောနေမိတယ်။ခဏနေတော့ ဆူးလေမှတ်တိုင်သွားပြီးကားစောင့်နေတဲ့အချိန် အသက်၂၅လောက်ဥူးဇင်းတစ်ပါးရောက်လာပြီး ဒကာမလေး ဥူးဇင်းဖိနပ်ပြတ်သွားလို ့ငွေလှူပါဦးလို ့ဆိုတယ်။ ပုံမှန်စိတ်နဲ ့ဆိုရင် ဒါတွေအလိမ်အညာတွေပဲဆိုပြီး ငွေထည် ့လေ့မရှိပါဘူး။ ဒါပေမယ့် ဒီနေ ့တော့ အင်း ငါလှူတာကို လှူတာလို့ပဲ သဘောထားလိုက်ပါ့မယ်။ သူ ့ဟာသူ […]