moonpoemJune 29, 20121min30912
ဒီနေ ့မနက်ကတင် ကျန်းမာရေးဂျာနယ်တစ်ခုကို ဖတ်လိုက်သည်။ ဂျာနယ်မှာ ရေးထားတာက လူတိုင်း မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်သင့်သည်။ညတစ်ကြိမ်တိုက်ဟုဆိုသည်မှာ အိပ်ယာမဝင်ခင်တိုက်ခိုင်းခြင်းဖြစ်ပြီး၊ မနက်တစ်ကြိမ်ဆိုသည်မှာမနက်မိုးလင်းလင်းချင်းဆိုသည်ထက် မနက်စာစားပြီးတိုက်တာ ပိုကောင်းပါသည် ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော်ညကလည်း တိုက်ပြီးသည့်အခါ ဘာမှမစားဘဲ အိပ်သည်။ မနက်မိုးလင်းသောအခါ ထပ်တိုက်သည်။ သို ့သော်မနက်စာ စားပြီးသောအခါ အစာအကြွင်းအကျန်တွေ ရှိနေပါလျက်နှင့် မတိုက်တာကတော့ မဖြစ်သင့်။ဒီတော့ ထိုစာရေးသူပြောတာ မှန်သည်ဟုကျွန်မလက်ခံလိုက်သည်။ သိပ်မကြာပါ ကြေးမုံသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ဖတ်ရပြန်သည်။ လူတော်တော်များများသည် အစာစားပြီးလျှင် သွားတိုက်ရမည် ဆိုသောအရာကို မှတ်သားထားကြသော်လည်း တကယ်တမ်းတော့အစာစားပြီးတိုင်း သွားမတိုက်သင့်ပါ။အဘယ်ကြောင့်ဆိုသော် ကော်ဖီ၊ အချိုမုန် ့စသည်တို့ကို စပြီးသောအခါ အက်စစ်ဓာတ်တစ်မျိုးသည် သွားပေါ်တွင်ကပ်ငြိနေသေးသည်။ ထို့အချိန်တွင် သွားတိုက်လိုက်ပါက သွားကြွေသားအလွှာပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သွားမတိုက်သင့်ကြောင်း။ခံတွင်းသန် ့ရှင်းရေး အတွက်ကား ပလုပ်ကျင်းထားပြီး သိပ်ပြီး သွားတိုက်ချင်နေလျှင် အစာစားပြီး […]


moonpoemJune 21, 20121min22713
ငယ်စဉ်ကျောင်းတက်ခဲ့ရချိန်က နယ်မြို ့လေးတစ်မြို ့လေး ဖြစ်ခဲ့လိုပဲလား မသိ။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် များမှာ လမ်းလျှောက်ပြန်သူ၊ စက်ဘီးစီးသူများသာရှိခဲ့ပြီး ကားလမ်းပိတ်တာတွေ မရှိခဲ့ပါဘူး။ ကျောင်းဆင်းချိန် ဆော့ကစားရင်းပြန်တဲ့ ကလေးတွေများတဲ့အတွက် ယာဉ်တိုက်မှုမဖြစ်အောင် စက်ဘီး၊ဆိုင်ကယ် သတိထားစီးရတာကလွဲလို ့စိတ်ညစ်စရာမကောင်းခဲ့ပါဘူး။ ခုများတော့ ….။အလုပ်အကိုင် ရေကြည်ရာမြက်နုရာဆိုပြီး ရန်ကုန်ပြောင်းလာလိုက်တာ မျက်စိပွင့်နားပွင့်တာလည်း ရှိသလို မျက်စိညစ် နားညစ်တာလည်း ရှိရဲ ့။ မြို ့ထဲကနေ အလုပ်ရှိရာ ဗဟန်းဘက်သွားရင် ကျောင်းတက်ချိန်ဆို နန်ယန်းကျောင်းရှေ ့ပိတ်မိ၊ ပြန်တော့ ဒဂုံ၁ဆင်းချိန်မှာ ပိတ်မိနဲ ့ဘယ်ဘဝကများသူများ သွားမယ့်လမ်းပိတ်ရပ်ခဲ့မိလည်း မသိပါဘူး။ ပြောင်းလာခါစကရန်ကုန်မှာ အခုလို ကားမပေါသေးတော့ ပိတ်မိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီနှစ်တွေမှာ ကားတွေ တော်တော်ပေါလာတော့ လမ်းပိတ်တာ ပိုဆိုးလာတယ်။ ကြားဘူးသလောက်သူများနိုင်ငံတွေမှာ […]


moonpoemJune 12, 20121min1536
ကျွန်မလည်း အခုတော်တော်ကြာပြီ ပိုစ့်တွေမတင်ဖြစ်တာ။ မတင်ဖြစ်ဆို ရုံးက ကျွန်မဒီ ဝက်ဘ်ဆိုက်မှာ စာတင်နေတာမိသွားလို ့ ဒီဆိုက်ကိုရော၊ Facebook ရော g-talkရော အကုန် ပိတ်ထားခြင်းခံလိုက်ရတယ်လေ။ ကဲထားပါတော့ ကျွန်မဒီနေ ့တော့ အားတုန်းအားခိုက် ဝါသနာအရ လမ်းထိပ်က အင်တာနက်ဆိုင်လာပြီး ဘလော့ဂ်လာတင်တာပါ။ ကျွန်မအရင်တစ်ခေါက်ကလည်း ကျွန်မအခုနေနေတဲ့ ၂၈လမ်းနောက်ဖေးလမ်းကြားကအမှိုက်ပြသနာနှင့်ပတ်သတ်ပြီး စာတင်ဘူးပါတယ်။ အခုကတော့ အမှိုက်ထက်ဆိုးတာတွေ ဖြစ်နေလို့ မခံစားနိုင်တော့လို ့လာပြီးရင်ဖွင့်တာပါ။ အားလုံးသိကြတဲ့အတိုင်း ဇွန်လမတိုင်ခင်ကအထိ ရန်ကုန်မှာ မီးတွေပျက်ပါတယ်။ မီးပျက်တော့ ရေတင်လို ့ မရပါဘူး။ မိုးတွင်းဆိုတော့ ထုံးစံအတိုင်း အမှိုက်မရှင်းတဲ့ နောက်ဖေးလမ်းကြားက ရေမြောင်းတွေပိတ်လာပါတယ်။ ရိုးရိုးရေမြောင်းတင်မဟုတ်ဘဲ အိမ်သာပိုက်လိုင်းတွေပါ ပိတ်ပြီး ရေဆိုးတွေ ထွက်လာတော့ တော်တော် စိတ်ညစ်ဖို ့ကောင်းပါတယ်။ ဒါနဲ ့ပဲ […]


moonpoemOctober 17, 20111min25018
သတင်းများတွင် ရေးကြပြောကြသည်။ မြန်မာလူမျိုး၊မှတ်ပုံတင်ရှိသည်ဆိုပါက လွတ်လပ်စွာ ငွေလဲလှယ်ခွင့် ရှိသည်။ မဟုတ်ပါ လုံးဝ မဟုတ်ပါ။ ကျွန်မလွန်ခဲ့သော တစ်ပတ်ကငွေလဲရန် သွားခဲ့သည်။ အောက်တိုဘာလ၉ရက်နေ ့က ထပ်မံမွမ်းမံလိုက်သော ပြင်ဆင်ချက်ကြောင့် မြန်မာလူမျိုးတိုင်းငွေလဲလှယ်ခွင့်မရှိတော့ပါတဲ့။ ပြည်ပသို ့သွားရောက်ပြီး မြန်မာပြည်သို ့ပြန်အရောက်တွင်လေဆိပ်မှပေးသော D-Formလိုပါသည်တဲ့။ ပြည်ပသို ့သွားရောက်ဖူးခြင်းမရှိသော မြန်မာလူမျိုးများအတွက်ကတော့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လက်မှတ်လိုအပ်ပါသည်တဲ့။ ကျွန်မသည် နိုင်ငံခြားကို သွားဘူးသောသူတစ်ယောက်မဟုတ်သလို ၊ ပြည်တွင်းတွင်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်ကို လုပ်ဆောင်ထားသူ မဟုတ်ပါ။ ထို ့အတွက် ကျွန်မတပ်ခေါက်ပြီး ပြန်ခဲ့ရပါသည်။ ဒီကိစ္စမျိုးသည် မဖြစ်သင့်ပါ။ ဒေါ်လာသည် စိန်ထက်တောင် တန်ဖိုးရှိနေသည်လား။ လူတိုင်းပိုက်ဆံရှိလို့တောင် ကိုင်ခွင့်မရှိတော့ဘူးလား။ နောက်ဆုံးတော့ ကျွန်မသည် ထုံးစံအတိုင်း ဗိုလ်ချုပ်ဈေးကို ပြေးရပါတော့သည်။


moonpoemOctober 11, 20111min36440
ရဟတ်ယာဉ် ပျက်ကျပြီး နောက်ပိုင်းတွင် မိမိဘဝ သက်တမ်း တစ်လျှောက် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသော လူတစ်ယောက် အဖြစ် ကျင့်ကြံ နေထိုင်သွားပြီး တိုင်းပြည်နှင့် လူမျိုးအတွက် လိုအပ်ပါက အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံတွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ထူး ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသော ရဟတ်ယာဉ် ပျက်ကျစဉ်က ပါဝင်ခဲ့သော လေယာဉ်မှူး ဦးမောင်မောင်သန်းကို ကြိုဆိုပွဲတွင် သတင်းထောက်များကို ပေးအပ်ခဲ့သည့် “ဝတိံဖျားက နတ်ရေကန်သို့အသွား မရဏတရား၏ ခံတွင်းမှအပြန်”ဟု အမည် ပေးထားသော ရဟတ်ယာဉ် ပျက်ကျပြီး နောက်ဆုံး အသက်ပြန်ရှင်ခဲ့ပုံကို ၎င်းကိုယ်တိုင် […]


moonpoemOctober 10, 20111min76114
ကျွန်မတို ့တတွေကျန်းမာရေး မဂ္ဂဇင်း ဖတ်သောအခါတွင်လည်းကောင်း၊ ဖက်ရှင်မဂ္ဂဇင်း ဖတ်လျှင်သော်လည်းကောင်းတွေ ့ရသည်က ကျန်းမာရေးကောင်းစေရန် လုပ်ရမည့် လေ့ကျင့်ခန်းများ၊ အလှအပဆိုင်ရာ မေးခွန်းတွေ ဆောင်ရန် ရှောင်ရန်တွေသာဖြစ်သည်။ ဗဟုသုတရသည့်အတွက် ဒီစာတွေ ဖတ်ရတာ အကျိုးများပါသည်။ သို ့သော် သူတို ့တွေ မသိတာ တစ်ခုရှိသေးသည်။ ကျွန်မတို ့သည် ရုံးခွင့်ယူချင်သောအခါများတွင် ချောင်းလေးလောက်တော့ ဆိုးပြတတ်ရမည်။ နှာစီး နေတတ်ရမည်လေ။ ထို ့အတွက်ကြောင့် ခဏတစ်ဖြုတ် ကျန်းမာရေးမကောင်းရန်အတွက် ပြုလုပ်ပုံ ပြုလုပ်နည်းများ ဂျာနယ်များတွင် မပါဝင်သေး။ အဲပြီးတော့ ရှိသေးသည်။ ဒါကတော့ အစိုးရရုံးတွေမှာ အဖြစ်များသည်။ ကောင်မလေး နည်းနည်းပါးပါး ကြည့်ကောင်းပြီဆိုလျှင် ချောပြီဆိုလျှင် ဘာဖွင့်ပွဲ ညာဖွင့်ပွဲအတွက် ဖဲကြိုးကိုင်ရန် ဗန်းကိုင်ရန် အစုံကိုင်ရန်ရုံးပိတ်ရက်တွင် ပိုက်ဆံမရသောဖွင့်ပွဲ ပိတ်ပွဲ […]


moonpoemOctober 8, 20111min29723
မြန်မာလူမျိုးများသည် မူကြိုကတည်းက အေ၊ဘီ၊စီ နှင့် စတင်ထိတွေ ့ခွင့် ရှိကြသည်။ ဂျပန်လူမျိုးများဆိုလျှင် အလယ်တန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ကြားခွင့်ရှိသည်။ ဒီ့အတွက်ကြောင့် မြန်မာလူမျိုးတော်တော်များများသည် အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တော့ ပြောတတ်ကြသည်က များလေသည်။ ပြီးတော့ရှိသေးသည်။ တခြားလူမျိုးများသည် အင်္ဂလိပ်အသံထွက် မပီသကြသလောက် မြန်မာလူမျိုးများသည် သရသံများသည့်အတွက် အသံထွက်လည်း အလွယ်တကူနှင့်နားလည်နိုင်လေသည်။ သို့သော် စိတ်မကောင်းစရာကောင်းသည်က မြန်မာလူမျိုးများ ရိုက်ကူးသော ဇာတ်လမ်းများတွင် အသံထွက်မှားခြင်း၊ စာမှားရေးခြင်းများကို ဆိုးဆိုးရွားရွားတွေ ့မြင်နေရသည်။ မတော်တဆအမှားကို ခွင့်လွှတ်နိုင်သော်လည်း မကြာခဏမှားနေခြင်းများကတော့ ပြုပြင်သင့်ပေသည်။ ထို ့ကြောင့် ဒီလို တင်ပြချင်ပါသည်။ အောင်သီရိရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေး၏ ဇာတ်ကားတော်တော်များများတွင် နမူနာဇာတ်လမ်းများကို ပြသပြီးသောအခါ Comming Soonဟု ရေးသားသည်။ Comming သည် မှားယွင်းနေသည်။ ဒါက အကြောင်းမဟုတ်သေး […]


moonpoemOctober 3, 20111min981
၂၁ရာစု၏ ရက်သတ္တပတ်အချစ် တနင်္ဂနွေနေ ့ ကောင်မလေးတစ်ယောက်လမ်းလျှောက်လာတယ် မိုက်တယ်လန်းတယ်ကျွန်တော်ရင်တွေခုန်တယ် တနင်္လာနေ ့ ကောင်မလေးကို ထပ်တွေ ့တယ် ရည်းစားစကားပြောလိုက်တယ် သူမက ဆိုတယ်စဉ်းစားပါဦးမယ် အင်္ဂါနေ ့ ကောင်မလေးကပြောတယ်ရှင်နဲ ့ထပ်တူချစ်နိုင်ပါတယ် ပြောဖို ့မလိုရုပ်ရှင်ထဲကလို လက်ချင်းချိတ်လို ့သီချင်းဆိုတယ်။ ဗုဒ္ဓဟူးနေ ့ တိတ်တခိုးပေးတဲ့အနမ်းလေးအတွက် သူမ စိတ်ကောက်ထပြန်တယ် ကြာသပတေးနေ့ ရှင်ကလူဆိုး မျက်နှာမွဲမို့ ကျွန်မရှင့်ကိုလမ်းခွဲတယ်။ သူ ့စကားအဆုံးစိတ်မကောင်းမိ အစကတည်းက မသိလေလား။ သောကြာနေ ့ ကျွန်တော် မောင်ကီးစိတ်ညစ်ပြီး အရက်ကိုသာ ဖိသောက်၏။ စနေနေ ့ မနက်မိုးလင်းအရက်မူးပြေ သူငယ်ချင်းမေး၊မင်းရည်းစားလေးဘူလဲဆိုတော့ အဲဗျာဟုတ်ပ နာမည်မသိ၊မစုံစမ်းမိ ရည်းစားဖြစ်ပြီးကွဲသွား၏။ *************************** နွေရာသီ တေးဖွဲ ့ နွေအခါ ရေမလာ လျှော်စရာတွေ […]


moonpoemSeptember 30, 20111min21730
(မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရုဆိုသူဖြစ်ပြီး အသက် ၃ဝ ဝန်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ရ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ […]


moonpoemSeptember 30, 20111min11812
ကျွန်မ သင်္ကြန် ပိတ်ရက်ရက်ရှည်ရသဖြင့် မန ္တလေးကို ပြန်စဉ်ကဖြစ်သည်။ ထို နေ ့ညက မိသားစုစုံစုံညီညီဖြင့် စကားပြောနေကြတုန်း ကျွန်မတို ့အဒေါ်က အိမ်ရှေ ့ကို ဘုရားပင့်လာသော အလှူခံ ကားတစ်စီး လာနေသဖြင့် သွားလှူကြရအောင်ဆိုပြီး အဖော်လာညှိသည်။ ကားပေါ်က ဂေါပကလား အလှူခံခေါင်းဆောင်ပဲလားတော့ မသိ ယခု သူတော်စင်အပေါင်း ဖူးတွေ ့နေရသော ဗုဒ္ဓရုပ်ပွားတော်တို ့မှာ ရခိုင်ပြည်နယ်မြောက်ဦးမြို ့မှ စစ်ကိုင်းကို ပင့်လာသည် ့ရုပ်ပွားတော်များ ဖြစ်ကြောင်း ဖူးခွင့်ကြုံလို ့ဖူးရတုန်း သဒ္ဒါတတ်အားနည်းများ မဆို လှူကြပါရန် ဆိုပြီး နှိူးဆော်နေသည်။ ကျွန်မအဒေါ်နှင့် ကျွန်မပေါင်းပြီး ၁၀၀ဝ ကျပ်လှူလိုက်ကြသည်။ ဘေးနားကအိမ်များမှလည်း ထွက်ပြီး လှူနေကြတာ မြင်ရသည်။ မြန်မာလူမျိုးဆိုတာ ဘုရားကြွလာတာ မြင်ရင် […]


moonpoemSeptember 29, 20111min1387
ကျွန်မ ငယ်ငယ်ကလေးကတည်းက ခွေးဆိုရင် မကြောက်တတ်ပါဘူး သိပ်ချစ်တာပါ။ အခုချိန်ထိလည်း မြင်မြင်သမျှ ခွေးဝဲစားကနေ ခွေးလေး ခွေးလတ် ခွေးကြီးတွေကို ပါလာတဲ့ မုန် ့ချကျွေးတုန်းပါပဲ။ မုန် ့ကျွေးတော့ကျွန်မတို ့လမ်းထဲက ခွေးတွေက ကျွန်မကိုမြင်ရင် တရုန်းရုန်းပါပဲ။ ဒါပေမယ့်လည်းပဲ ကျွန်မ ခွေးချစ်တတ်တဲ့အတွက်ကြောင့် ခွေးတွေဘဝ သာယာလှပ ခဲ့ရသလို ကျွန်မကြောင့်လည်း ခွေးကြီးတစ်ကောင်ဘဝ နစ်မွန်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။ (စကားမစပ် သူငယ်ချင်း ဒီစာကို ဆက်ဖတ်မယ်ဆိုရင် ထမင်းစားပြီးမှ အေးအေးဆေးဆေးဖတ်နော် ကြိုတင်သတိပေးထားတာပါ) အဲဒီလိုဘဝပျက်မတတ် နစ်မွန်းလုနီးပါး ခွေးကြီး ရဲ ့နာမည်က ရမ်ဘိုဖြစ်ပါတယ်။ခွေးက အညိုရောင်ဖြစ်ပြီး အကောင်ကကြီးလို ့ ကျွန်မက ရမ်ဘို လို ့နာမည်ပေးထားတာပါ။ ကျွန်မ အထက်တန်းကျောင်းသူဘဝက တီဗွီကနေ အခန်းဆက်လာတဲ့ ဇာတ်လမ်းတွဲ […]


moonpoemSeptember 28, 20111min987
သမီးရေ ဖေကြီးသွားတော့မယ် ဖေကြီးကို အာဘွားပေး။ အင်း ဟိုဘက်ခန်းကနေ ဒီလိုနှုတ်ဆက်သံကို ကြားရပြီဆိုလျှင် ဘာမှပြောစရာမလို မနက်ရနာရီ ထိုးပြီဆိုတာအတတ်သိသည်။ ဟိုဘက်ခန်းက ကျွန်မအလွန်ချစ်သော ၃တန်းတက်နေသည့် ကလေးလေး၏ အဖေက တက္ကစီမောင်းထွက်တော့မှာမို ့ကလေးကို နှုတ်ဆက်ရင်း ညနေပြန်လာရင် ဘာဝယ်ရမလဲလို ့ သူ ့ဇနီးကို မေးနေတာကိုလည်း အတိုင်းသား ကြားနေရသည်။ထိုဦးလေးကြီးသည် အပြင်တွင်တော့ မပြောတတ်ပါ ယခု ကျွန်မအမြင်တွင်တော့ မိသားစုအပေါ် တာဝန်ကျေသော မိဘ ကိုလည်း ရိုသေ သားမယားကိုလည်း တွယ်တာသော သူတစ်ယောက်ဖြစ်သည်။ ကျွန်မလည်း ရုံးသွားဖို ့ပြင်ရတော့မည့်ဖြစ်သည့် အတွက် ရေချိုးလိုက်သည်။ ထို ့နောက် မနက်စာ စားဖို ့ပြင်တုန်း လူတစ်ယောက် ပြေးလားသည့် အသံကြားရသည်။ ခုနက တက္ကစီမောင်းသည့် ဦးလေးကြီး […]


moonpoemSeptember 20, 20111min41812
ကျွန်မတို ့မြန်မာငွေကြေးတွင် အခုလတ်တလောမှသာ ၂၀ဝတန် ၊ ၁၀ဝ တန် အသစ်တွေ မြင်တွေ ့လာရခြင်းဖြစ်ပြီး အရင်ကတော့ စစ်ပြန် ပိုက်ဆံလိုလို၊နာဂစ်ဒဏ်ခံလာရသော ပိုက်ဆံလိုလိုနှင့် အစုတ်အပြတ်တွေသာများလေသည်။ လိုင်းကားသမား အမ်းသည်ဖြစ်စေ၊ ဈေးသည်က အမ်းသည်ဖြစ်စေပိုက်ဆံက အစုတ်မို ့လို ့မယူချင်လို ့မရပါ။ အကြွေ ရှားပါးနေသော အချိန်တွင် အကြွေ သည် ရွှေဖြစ်သည်။ စုတ်စုတ်၊ ပြတ်ပြတ်၊ တိတ်ကပ်သည်ဖြစ်စေ သိမ်းထားရသည်။ ယူထားရလေသည်။ ဒါကြောင့်မို့လို့လဲ ဗိုလ်ချုပ်ဈေးထဲတွင် ၂၀ဝ တန်အရွက်တစ်ရာကို 22000ဖြင့် လဲဈေးရခြင်းဖြစ်သည်။ သို ့သော် အက်ဖ်အီးစီသော်လည်းကောင်း ဒေါ်လာသော်လည်းကောင်း အစက်အပြောက်လေး သေးသေးလေးဆိုရင်တောင် ဘယ်ကမှ လက်မခံပါ။ ကျွန်မတို ့ရုံးဖုန်းအတွက် ဆက်သွယ်ရေးတွင် အက်ဖ်အီးစီး သွားရောက်ဆောင်သောအခါတွင်လည်း အမဲစက် နည်းနည်းစွန်းသည့်အတွက် […]