nyomaungSeptember 1, 20101min842
နင့်ကိုငါဘယ်လောက်ချစ်မိသွားတယ်ဆိုတာမသိဘူး နင်နဲ ့ဝေးရမှာကိုဘယ်လောက်ကြောက်တယ်ဆိုတာမသိဘူး အလွမ်းတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာမသိဘူး နင်ကထားခဲ့ရင်ဘာတွေလုပ်ရမှန်းမသိဘူး နင်ပျော်နေတာကိုကြည် ့ပြီးဘာပြောရမှာလဲဆိုတာမသိဘူး အချစ်ဆိုတာဘာလဲမသိဘူး နင်ငါ့ဆီပြန်လာရင်ငါပျော်မှာလားမသိဘူး နင်ပြန်မလာရင်ကောငါဝမ်းနည်းနေမှာလားမသိဘူး နင်ငါ့ကိုဘာလို ့ထားခဲ့လဲမသိဘူး ငါမသိတာတွေကိုနင်နားမလည်ဘူးဆိုတာမသိဘူး…………….


nyomaungAugust 29, 20101min908
မင်းကမိရိုးဖလာ လား။ဗုဒ္ဒဘာသာအစစ်လား။မင်းယုံကြည်တဲ့ဘာသာတရားအတွက်အသက်စွန် ့ဝံ့လား။ ခုမင်းအလုပ်လုပ်နေတာကဘာအတွက်လဲ။ဒိအလုပ်က မင်းရှေ ့ရေးအတွက်ဘာအကျိုးရှိလဲ။တိုးတက်မှာလား။ဒိတိုင်းပဲဆက်သွားနေမှာလား။ ဘဝမှာဘာရည်မှန်းချက်တွေရှိလဲ။ဘယ်လိုနေထိုင်မှုမျိုးနဲ ့နေထို်င်သွားမှာလဲ။တိုင်းပြည်မပြောနဲ ့ကိုယ့်မိဘဆွေမျိုးတွေကိုဘယ်လိုကာကွယ် စောင့်ရှောက်မှာလဲ။မိဘကိုမွေးကျေးဇူးဆပ်နိုင်ပြီလား။သူငယ်ချင်းတွေအပေါ်တကယ်ချစ်ခင်ရဲ ့လား။ကိုယ့်ကောင်းကြာင်းပြောလို ့ခင်တာလား။ သူတို ့ကိုဘာတွေပေးဆပ်ပြီးပြီလဲ။သူတို ့ဆီကဘာမှပြန်မလိုချင်ပဲနဲ ့ကူညီခဲ့တာတွေဟုတ်ရဲ ့လား။တခါမှသူတို ့အပေါ်မကောင်းမမြင်ဘူးလို ့ ပြောနိုင်လား။မင်းနေထိုင်မှုကသူများတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေစေသလား။အလုပ်လုပ်တာတကယ်စေတနာပါရဲ ့လား။မင်းတိုးတက်ဖို ့တကယ် ကြိုးစားနေတာဟုတ်ပါ့မလား။သူများမသိဘဲဘာအခွင့်အရေးတွေယူပြီးသွားပြီလဲ။ အများကြီးရှိသေးတယ်ထင်တာပဲ။