loneDecember 19, 20111min23533
ဘတ်(စ်) ကိစ္စအတွက်နဲ့ lone ဒေါသထပ်ထွက်စရာလေးတစ်ခု ပြောချင်လို့ပါ…ပါရမီက လူကြီးတွေ ဘာလုပ်နေကြပါသလဲ……. နဲနဲ စည်းကမ်းတင်းကျပ်ကြပါဦး….. 🙁 အကြောင်းကဒီလို…….. lone အဘွားအိမ်ကိုသွားပြီးအပြန်…ပါရီမီအထူးကားနဲ့ပြန်လာပါတယ်…အထူးကားနော်… ရိုးရိုးကားဆိုပြောမနေနဲ့တော့…အထူးကားတွေက အရင်ကဆို ..TV နဲ့သီချင်းလေးဖွင့်နဲ့…စီးရသေးတယ်..အခုတော့….. :(…. ကားကိုလည်းမောင်းလိုက်တာမှ ဒုံးပျံအလား အောက်မေ့တယ်… မှတ်တိုင်ရောက်ပြန်တော့လည်း…တရေးအိပ်ရလောက်အောင် ရပ်စောင့်တယ်… ကားမှတ်တိုင်တစ်ခုအရောက်မှာ…အဘွားတစ်ယောက်က ကျောက်မြောင်း၊သီတာ ရောက်လားဆိုပြီး တုန်တုန် တုန်တုန် နဲ့ မှတ်တိုင်ကနေလှမ်းမေးတယ်…. အဲဒါကို စပါယ်ယာက … ဘာတွေလာမေးနေမှန်းကိုမသိဘူး..မောင်းမောင်း ဆိုပြီး ..အကြင်နာတရားမရှိ…ေ-ာက်မြင်ကတ်စရာ အခွက်နဲ့…ပြန်ပြောပါတယ်… lone လေ..အဲဒီ့စပါယ်ယာကိုအဲ့ဒီ့လိုပြောအုန်းဟယ်..ဆိုပြီး နရင်း သာပြေးအုပ်လိုက်ချင်တယ်…နောက်ပြီး ဆင်းမယ့်မှတ်တိုင် ရောက်တော့လည်း အစ်မတစ်ယောက်က ကလေးနဲ့ ဆင်းရတာကို…အဲ့ဒီ့စပါယ်ယာ အစုတ်ပလုတ်က..ကြိုထွက်မထားဘူး…အဲ့လောက်တောင်ထိုင်ချင်နေလား….. ထိုင်ခုံနဲ့ဖင်နဲ့ကပ်ပေးလိုက်ရမလားဆိုပြီးပြောသေးတယ်…အမလေးလေးနော်…lone လေဒေါသထွက်လိုက်တာအရမ်းပဲ….သူ့နှမသွားပြောပါလား…။…နောက် lone ဆင်းမယ့်မှတ်တိုင်ရောက်တော့…lone ကို ညီမလေး ဆင်းမှာလား…အောက်တဆင့်ဆင်းရပ်ပေးနော်…ဆိုပြီး lone […]


loneNovember 28, 20111min25830
ဗုဒ္ဓမြတ်စွယ်တော်ပုံကို facebook myanmar sky link မှာတွေ့လို့ အားလုံး ကို ပြန် share လိုက်တာပါ… အရင်ပို့စ်တွေမှာလိုက်ကြည့်တော့တင်ထားတာမတွေ့လို့ပါ…တင်ပြီးသား ဆိုရင်တော့ အားလုံးပဲ…(lone မှားတာရှိရင်တောင်းပန်ပါတယ်…lone ဘက်ကမှားတာပါ..ရွာသူရွာသားအားလုံးအမှန်ပဲလေ..) လေးစားစွာဖြင့် lone…:)


loneNovember 22, 20111min28229
ဟိုးရှေးရှေးတုန်းက ပငေါတိုင်းပြည်မှာ ဒညီး လို့အမည်ရှိတဲ့…မင်းသမီးလေးတစ်ပါး ရှိသတဲ့ကွယ်။ အဲဒီ့ မင်းသမီးလေးဟာ အရမ်းကို ချောမောလှပပြီး ကြည့်မြင် ရသူတိုင်း ရင်သပ်ရှုမောဖွယ် အလွန်ကောင်းသူလေးဖြစ်လေသည်။ မင်းသမီးလေးဟာ ဘယ်လောက်ချောမောလည်း ဆိုရင် ကောင်းကင် က နှူးဘာနတ်သားကပင် သူရဲ့ ဘယ်ညာ နတ်သမီး အားလုံးကို မေ့ရလောက်အောင်ပင် ချောမောသူ ဖြစ်ပါသတဲ့။ တစ်ခုရှိတာက ဒညီးမင်းသမီးလေးဟာ တစ်ခြားသူများနဲ့မတူ ငယ်ငယ်ကတည်းက သားငါး မစားသူလေးဖြစ်သတဲ့ကွယ်။ အသီးအရွက်ကိုပဲ နေ့တိုင်းစားသောက်လေသတဲ့ ။ ပငေါဘုရင်ကြီး ရဲ့ တစ်ဥ တည်းသော ရတနာလေးပေါ့ကွယ်။ ဘုရင်ကြီးဟာ တစ်နေ့တစ်နေ့ အသီးအရွက်တွေ မထပ်အောင် ကျွေးမွေးလေသတဲ့။တစ်နေ့သ၌ တိုင်းပြည်က ရှိသမျှအသီးအရွက်တွေ မှာ မင်းသမီးလေးမစားဖူးတာမရှိသဖြင့် အရင်ကကျွေးဖူးတဲ့ အသီးအရွက်တွေကို ပြန်လည် ကျွေးမွေးသတဲ့။ ဒါပေမယ့် မင်းသမီးလေးက […]


loneNovember 21, 20111min34027
gazette က ရွာသူရွာသားအပေါင်းတို့ ပျင်းနေမှာစိုးလို့ lone ဉာဏ်စမ်းမေးခွန်း လေးတစ်ခုတင်လိုက်တယ်နော် …ဖြေကြည့်ကြပါဦးနော်။ တစ်နေ့မှာ ဘုရားသခင်က ကမ္ဘာကြီးကို ဆေးကြောဖို့အတွက် ကမ္ဘာ ကို ရေလွှမ်းလိုက်တယ်တဲ့။ အဲဒီအချိန်မှာ အရူး တစ်ယောက် က သူမသေချင်တဲ့အကြောင်းကို ဘုရားသခင်ကို သွားပြောတော့ ဘုရားက သူ့မေးခွန်းကို ဖြေနိုင်ရင် အသက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်တယ်… မေးခွန်း ။ ။ ကမ္ဘာပေါ်မှာ အရင်ဦးဆုံး ဖြစ်တည်တဲ့လူနှစ်ယောက် စားတဲ့ အသီးက ဘာသီးလဲ…….? အဖြေ ။ ။ … …. အရူးကတော့ဖြေလိုက်ပါတယ်။ အဲဒီဘာသီးလဲ…… ။     လေးစားစွာဖြင့် lone …. 🙂


loneOctober 21, 20111min19713
နောက်ထပ်အသံကြီး တစ်သံထွက်လာပြန်သည်။………………………… ဒီအသံကြီးက တော့ လူအော်သံဆိုတာကျိန်းသေ ပါသည်။ ဒါပေမယ့် အဲ့ဒီ့ အသံ ကြီးတော့ အိမ်မှာ တစ်ခါမှမကြားဖူးသေးပါ။ … အသံကြီးက အစ်….အစ်…….. အစ်…….ဆိုပြီး အာခေါင်ထဲမှလာတဲ့အသံကြီးဖြစ်သည်။ lone မနေနိုင်တော့ အခန်းဝမှာရပ်နေတဲ့မမ ကို မေးလိုက်သည် ။“ဘာဖြစ်နေကြတာလဲ…အသံပေါင်းစုံနဲ့” မမ က“ အဖွားလေအဖွား ……..”.ဆိုပြီးတစ်နေသည် …ပြီးတော့မှ “အဖွားလျှာကြီး ထွက်နေတယ်……” “လျှာကြီးက တန်းတန်းကြီး ….အရှည်ကြီးပဲ…. လုပ်ကြပါဦး ” ဆိုပြီး ထအော်တော့သည်။ အဲဒီ့ အချိန်မှာ lone မျက်လုံးထဲမှာ လျှာတန်းတန်းထွက် နေတဲ့အဖွားကို ထွက်လာတဲ့အသံနဲ့ ဆက်စပ်ပြီး မြင်ကြည့်သည်။ အသံကြီး က ဆက် တိုက်ကြားနေရသည် ။ ပူစီကလည်း အော်နေသည်။ ထိုအသံကြီး ကလည်း […]


loneOctober 19, 20111min21922
အနောက်ဘက်အခန်းထဲမှ အသံတစ်သံထွက်လာသည်…………………….. ဘာသံလည်း အောက်မေ့တယ် …ဪ…အိမ်က ပူစီ သံ… …. …ဒါပေမယ့် ပူစီ့အသံက အရင်ကနဲ့မတူ နဲနဲဒေါသကြီး နေတယ်ထင်ရသည်။ lone သေသေချာချာ နားထောင်လိုက်သည် ။ဟုတ်ပါတယ်…. ညောင်ညောင်နဲ့မအော်ပဲ ဂီးဂီး နဲ့ စိတ်တို ပြီး အော်နေတဲ့အသံ… lone လည်းပူစီဘာဖြစ်တာလဲဆိုပြီး အနောက်ဘက်ခန်း တံခါး ဝကို လှည့်ကြည့်လိုက်တယ်။ ပူစီက lone ကုတင်ကို ကြည့်ပြီး အော်နေတယ်ထင်ရ တယ်…ဒီဘက်ခန်းကကြည့်ရင် အနောက်ဘက်ခန်း ရဲ့ အခန်းဝ လောက်ကိုပဲ မြင် ရသည်။ ပူစီ့ကိုတော့ ကောင်းကောင်းမြင်နေရသည် ။ ပူစီက ကြည့်ရင်းကြည့်ရင်း နဲ့ အမြှီးပါထောင်လာ ပြီး သဲကြီး မဲကြီးအော်တော့ သည် ။ lone လည်း […]


loneOctober 19, 20111min1819
နေကဝင်ကာလုနီး ညနေစောင်းအချိန်တွင် ဖွားဖွားတစ်ယောက်ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတုန်း lone ကမန်းကတန်း အိမ်က စက်ဘီးကိုယူပြီး လစ်ထွက်လာသည်။ နောက်ပြီး ပန်းခြံအနောက်ဘက်ရှိ ရုပ်ရှင်ရုံနှင့်ကပ်လျက် မုန့်ဈေးတန်းတွင် စိတ်ကြိုက်မုန့်ဝယ်စားလိုက်သည်။ အပြန် လမ်းတွင် အဖွားနဲ့တည့်တည့်တိုးတော့သည်။ ဖွားဖွားက ညနေတိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်နေကျဖြစ်သည်။….ဟဲဟဲ..ခပ်တည်တည်နဲ့ “ ဖွားဖွားဘယ်သွားမလို့လဲ…ပြောင်းဖူးပြုတ်စားချင်လို့ဝယ်ခဲ့နော် ” လို့ ဖွားဖွားကိုပြော လိုက်သည်။ ဖွားဖွား ပန်းခြံအနောက်ဘက်ရှိ မုန့်ဈေးတန်းထဲဝင်သွားတာ လှမ်းမြင် လိုက်သည်..ဟဲဟဲ lone တို့တော့ နှစ်ခါ စားရတော့မည်…ပန်းခြံနှင့်ကပ်လျက်တွင် အတွဲများ ဝင်ဝင်ခွေနေကျ …ပန်းရုံတစ်ရုံရှိသည်။ဖွားဖွား အဲဒီ့ပန်းရုံဘေးမှဖြတ် သွားသည်ကိုလည်း lone မြင်လိုက်သည်…lone ကတော့ ထုံးစံအတိုင်းအိမ်မှာ ဖွားဖွားပြန်အလာကို မျှော်နေလိုက်တယ်… နာရီဝက်လောက်ကြာတော့ ဖွားဖွား ပြန်လာသည်…မျက်နှာက မှုန်ကုပ်ကုပ်နှင့် ပြောင်းဖူး ထုပ်ကိုဆွဲပြီး အိမ်ထဲဝင်လာ သည်… […]


loneOctober 18, 20111min21317
ပါရီမီ လိုင်းကားများအားလုံး ကို သူ့အချိန်နဲ့သူ တစ်စီးကို ဘယ်နှမိနစ်ဆိုပြီး… သတ်မှတ်ထွက်ခွာဖို့ စည်းကမ်းတင်းကျပ်သင့်ပါသည်။ အခုဆိုရင် လူပါတဲ့ကားက မြန်မြန်မောင်းပြီး…လူမပါတဲ့ကားက တစ်မှတ်တိုင်မှာ အကြာကြီးရပ်လေ့ရှိပါတယ်။ တစ်ခါတလေ ဘာမှန်းမသိ တစ်စီးနဲ့တစ်စီး fight ကြသေးသည်။ လိုင်းကားတွေ ကိုစည်းကမ်းတင်းကျပ်ပေးဖို့ ပါရမီ လိုင်းကားက လူကြီးများ ဆောင်ရွက်ပေးကြ ပါ။ အဲဒါမှခရီးသည်တွေလည်း သွားရလာရလွယ်ကူ ပြီး အချိန်တိကျ ရောက်နိုင်ပါ လိမ့်မည်။ တစ်မှတ်တိုင်ကို ရပ်သင့်တဲ့မိနစ်ထက်ပိုမရပ်ပဲ မောင်းစေချင်သည်။ လမ်းတွေမှာစောင့်ပြီး စာအုပ်တစ်အုပ်နဲ့ စာရင်းမှတ်တဲ့ လိုင်းကားလူကြီး များကလည်း သူတို့ကို ၂၀ဝ လောက်ပေးလိုက်ရင်ကျေနပ်နေကြပြီး…လိုင်းကားတွေမောင်း ချင်တဲ့အတိုင်းမောင်းနေတာကို ခွင့်ပြုထားသည်။ ဂျာနယ်တစ်စောင် ထဲမှာလည်း ကားကျပ်လွန်းသောကြောင့် အဖွားအို တစ်ဦးမူးလဲတာကို ဖတ်လိုက်ရသေးသည်။ အဲဒါဟာ တစ်စီးနဲ့တစ်စီး အချိန်ကန့်သတ်ချက်နဲ့ မထွက်တာကြောင့်မဖြစ်သင့်တာ တွေဖြစ်ကုန်ခြင်းဖြစ်သည်။ […]


loneOctober 11, 20111min27022
သီတင်းကျွတ်ဆိုတော့ Lone တို့ ဓလေ့ ထုံးစံအရ သူကြီးကို လေးစားစွာနဲ့ ကန်တော့လိုက်ပါတယ်….ရွာထဲမှသူကြီးနှင့်တကွ lone ထက်အသက်ကြီးသူ အစ်ကို အစ်မ အားလုံးကို lone က ဒီကနေပဲ…ကာယကံတော့ပါမယ်မထင်ပါဘူး… ဝစီကံ မနောကံ  နဲ့ တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွှတ်ပေးပါ လို့ ပြောပါရစေနော်…….. 🙂 … သူကြီးအတွက် ကန်တော့ ပစ္စည်း…. ဒါကတော့ သူကြီးကတော်အတွက် အသည်းပုံလေးနဲ့…. ဒါကတော့ အစ်ကိုတွေအစ်မတွေအတွက် …… lone တို့ စိန်တိုက်က လေ….lone ကကန်တော့ ပြီးပြီဆိုတော့ ထုံးစံအတိုင်း…. မုန့်ဖိုး….ဟဲဟဲ….. 🙂


loneOctober 7, 20113min22521
ဒီစာကို ရတုန်းက Lone လည်း ရေးတဲ့လူကို တော်တော်အမြင်ကတ်သွားတယ်။ ဒီစာကို ရေးတဲ့သူက ကော ဘယ်လောက်တောင် တိုင်းပြည်အတွက် ကြိုးစားပမ်းစား လုပ်ကိုင်ပေးခဲ့ဖူးလို့ ဒီလို ရေးတာလဲ… စာရေးသူကကလောင်တံလေးကိုင်ပြီး…(သို့) keyboard လေးအသုံးပြုပြီးသာရေးတတ်တာ … သူကကော ဘယ်လောက်လုပ် ဆောင်ပြီးလို့ ဒီလိုရေးရတာလဲတော့မသိတော့ပါဘူး… လုပ်ပိုင်ခွင့်ဘာမှ မရတဲ့ အခါမှာလုပ်ရတာ အခက်အခဲတော့ ရှိမှာပဲ… နေရိပ်လိုချင် နေပူကစောင့်ရမှာပါပဲ… အခုရေတွင်းတူး အခုရေကြည်တော့ ဘယ်ရနိုင်မလဲ… အန်တီစုက သူတတ်နိုင်သလောက် လုပ်ဆောင်နေတာကို … ဘာဖြစ်လို့ ဘေးကနေ နှောက်ယှက်စကားဆိုနေရတာလဲ… မကူညီချင်နေပါ…မနှောက်ယှက်ပါနဲ့… အောက်ပါ စာကို ရေးသူအား တိုက်ရိုက်ရည် ရွယ်ပြောချင်ပါသည်…….   On Oct 3, 9:50 am, ဦးဦး ဒေါ်လာ . <uudol…@gmail.com> […]


loneSeptember 26, 20111min13110
ဒီကဗျာလေးက lone ညီမလေး ၈ တန်းကျောင်းသူအရွယ်တုန်းက ရေးထား တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို စာရေးဆရာကြီးဦးစိမ်းနီက ကြိုက်လို့ဆိုပြီး… အင်္လကာဝတ်ရည် MAGAZINE  မှာ ထည့်ပေးခဲ့ပါတယ်… ညီမလေးက အခု ၁ဝ တန်းဆိုတော့ … သူ ၁ဝ တန်းဖြေပြီးမှ Mandalay Gazette မှာ စာလာရေး ဖို့ပြောရဦးမယ်……. ရွာသူရွာသားအပေါင်းတို့လည်း အားပေးကြပါဦးနော်….. ညီမလေးရေးတဲ့ အမေ့အကြောင်းကဒီလိုပါ။…. xxxxx   အမေ့အတွက် ကောင်းကင်မှာ တိမ်တွေရှိရင်လှပခဲ့သလို တို့တစ်တွေမှာ အမေရှိလို့ပြည့်စုံခဲ့ရတယ်… ငါမျှော်မှန်းခဲ့တဲ့ရည်မှန်းချက်ပန်းတိုင်ကို အမေရောက်စေချင်ခဲ့တယ်.. သိပ်မကွာဝေးတဲ့ ကန္တာရခရီးကြမ်းကို အမေလျှောက်လှမ်းခဲ့ရတယ်.. “ သူတို့တွေ အရွယ်ရောက်လာရင်” ဆိုတဲ့ စိတ်ကူးတွေ အမေ့မှာအများကြီးရှိတယ်… ငယ်ရွယ်စဉ်မှာ အမေဟာ ငါတို့ကို ရင်ခွင်ထဲထည့်လို့သိပ်ချစ်ခဲ့တယ်…. တစ်ယောက်တစ်နယ်ဆီ ဝေးလို့သွားရင် […]


loneSeptember 14, 20111min26213
Mobile Guide ဂျာနယ် ထဲမှ ကြည်သာမောင် ရေးသားထားသော“ ရုပ်ရှင်ထဲမှ ခပ်ညံ့ညံ့ အတွေးခေါ်များ” ခေါင်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ ပထမဆုံးဖတ်လိုက်တော့ ဒီခေါင်းစဉ်ကိုသိပ်တော့ မကျေနပ်ဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ခပ်ညံ့ညံ့အတွေးခေါ်ဆိုတာကြီးကိုတော့ မသုံးသင့်ဘူးထင်ပါတယ်။ နောက်ပြီး ဖြစ်နိုင် သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေ… ရုပ်ရှင်ကိုစော်ကားလိုက်သလို ဖြစ်သွားတယ်လို့ ထင်မိပါတယ်။ အဲဒါကြောင့် တို့မြန်မာလူမျိုးတွေက သူများကိုဝေဖန်ဖို့ဆို ထက်ကနဲ ပါပဲ။ ကိုယ်ကိုယ်တိုင် ရိုက်နိုင်လားဆိုတော့ လည်း ဒီလိုရုပ်ရှင်မျိုးမရိုက်နိုင်ကြဘူး။ နောက်ပြီး ဘောလုံးပွဲများတွင်လည်း ထိုနည်းတူစွာပင် ဝေဖန်ကြသေးသည်။ ဘယ်လိုကန်လိုက်ပါလား … ဒီလိုကန်လိုက်ပါလား .. အမှန်တကယ် ဆိုဒီလိုကန်ရင် ရတယ်…ဆိုပြီး ဘောလုံးပွဲကြည့်ရင်းဝေဖန်ရေးသမားများကို လည်း ကြုံဖူးသည်။ နောက်ပြီး မြန်မာနိုင်ငံနမည်ကြီးဘောလုံးသမားများက ဘောလုံးအကြောင်းဝေဖန် ထားတဲ့အစီအစဉ်ကို လည်း ကြည့်ဖူးကြမယ်ထင်ပါသည်။ ကိုယ်ကိုယ်တိုင်ကတော့ သူတို့လိုမကန်နိုင်ဘဲ […]


loneSeptember 13, 20111min18413
၄။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဘဝင်မကျမှုတွေကိုအနိုင်ယူကျော်လွှားပါ။ သင့်ခန္ဓာကိုယ်ကို သင်စိတ်တိုင်းမကျတဲ့ရက်တွေ ရှိနေပါလိမ့်မယ်။ အစာစားတာ ကိုမထိန်းချုပ်နိုင်လို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလို့စသဖြင့်ဘယ်လိုအကြောင်း ပြချက်ကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်မနေပါနဲ့။ အဲဒီအတွက်နဲ့ ကိုယ့်စိတ်ကိုယ် ညှင်းဆဲ ပြီးအရာရာကို အဆိုးမြင်နေစရာမလိုပါဘူး။ သင့်ရဲ့ ခံစားချက်ကို လက်ခံလိုက်ပါ။ ပြီး တော့ ဒါလည်း အချိန်တန်ရင်ပြီးသွားမှာပဲ ဆိုတာ သိထားပါ။ ၅။ ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းနဲ့မဆိုင်ဘူးဆိုတာ အမြဲသတိရပါ။ စိတ်ကျေနပ်မှုရှိစေဖို့ သင့်ကိုယ်သင်ပိုကြည့်ကောင်းအောင် လုပ်ချင်လုပ်ပါ။ ဒါပေမယ့်သင့်ခန္ဓာကိုယ်နဲ့ အသွင်ပြင်ပေါ်မှာ အစွဲလမ်းကြီးလွန်းပြီး တခြားလူတွေနဲ့ နှိုင်းယှဉ်နေမယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုပျောက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့အသွင်အပြင်က ကိုယ့်ကိုပိုမိုပျော်ရွှင်အောင် လုပ်နိုင်သလားဆိုတာ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်ပါ။ ၆။ သဘာဝကပေးတဲ့ရုပ်ခန္ဓာနဲ့ ကျေနပ်ပါ။ လူသိများ ကျော်ကြားတဲ့သူတစ်ဦးနဲ့တူချင်လွန်းလို့ မျက်နှာကို ခွဲစိတ်ပြုပြင်တာ ဟာ […]