ကို မွန္April 10, 20131min631
သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အိမ်တစ်လုံးကို ရွာသား ၅ဝ လောက်က ဝိုင်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ အဲဒီထဲက ၄ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ နောက်နေ့မှာတော့ လူ ၄၀ဝ လောက်က ခွင့်ပြုချက်မရှိပဲ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြကြ ပြန်ပါတယ်။ အဲဒီမှာတော့ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းပါတယ်။ အတွင်းသတင်းတွေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ခရိုင်ရဲမှူးက အမိန့်ပေးခဲ့ပါတယ်။ ခုတော့ အဲဒီအမှုတွေမှာပါဝင်ခဲ့တဲ့သူတွေက်ို ဖမ်းဆီးဖို့ အမိန့်ရောက်လာပါတယ်။ ဒါပေမယ့် အားလုံး ဟိုပြေး ဒီပြေးကုန်ကြတော့ မြို့နယ်ရဲမှူးကြောင့်လို့ ပြောပါသတဲ့။ ရဲဆိုတာ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို တာဝန်ယူကြရတာပါ။ ခုတော့ မတည်မငြိမ်ဖြစ်အောင်လုပ်နေသူတွေကို လွှတ်ပစ်ခိုင်းသတဲ့။ အဲတော့ ဘာဖြစ်ပါသလဲ….။ နောက်ဆုံးသိရတာကတော့ ခရိုင်ရဲမှူး ပါရာဒို စီးနေကြောင်းပါ…။ […]


ကို မွန္April 10, 20131min660
သံတွဲခရိုင်တရားရုံးတွင် အသ်က ( ၁၉ )နှစ်အရွယ် ကမန် လူငယ်တစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ရခိုင် အမျိုးသမီးတစ်ဦးတို့ မှုခင်းဖြစ်ပွားလျက်ရှိရာ အမှုမှာ အမျိုးသမီးက မုဒိမ်းမှုဖြင့် စွပ်စွဲထားခြင်းဖြစ်ပါသည်။ ထိုအမှုအား သံတွဲခရိုင်တရားရုံးတွင် အသ်က ( ၁၉ )နှစ်အရွယ် ကမန် လူငယ်တစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ရခိုင် အမျိုးသမီးတစ်ဦးတို့ မှုခင်းဖြစ်ပွားလျက်ရှိရာ အမှုမှာ အမျိုးသမီးက မုဒိမ်းမှုဖြင့် စွပ်စွဲထားခြင်းဖြစ်ပါသည်။ ထိုအမှုအား ကုလားနှင့် ဖြစ်သောအမှုဟု ဆိုကာ သံတွဲခရိုင် တရားရုံးတော်တွင် နေ့မနား၊ ညမအား အပြင်းအထန် စစ်ဆေးလျက်ရှိနေပြီး ခရိုင်တရားသူကြီးနှင့် တရားခံရှေ့နေအား ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။ ၎င်းအမှုမှ စွပ်စွဲခံရသူ လူငယ်အား ကြီးလေးသော ထောင်ဒဏ် […]


ကို မွန္January 18, 20131min903
သံတွဲမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးဦးခင်မောင်သောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီး ဦးလှဟန်၏ ခမက်ဖြစ်သူ ဦးဝင်းနိုင်တို့ပူးပေါင်းကာ လာဘ်စားမှုများ ပြုလုပ်နေကြပါသည်။ ဦးဝင်းနိုင်မှာ စည်ပင်ဝန်ကြီးက ငါ့ ခမက် ၊ ငါပိုင်ပါတယ် ဟူသော အချိုးမျိုးဖြင့် ပြောဆို လာဘ်ယူလျက်ရှိပါသည်။ ငွေတောင်း၍မရသော အမှုများတွင် ရက်ချိန်းများစွာခွာချိန်းပြီး အချိန်ဆွဲပါသည်။ ဦးဝင်းနိုင်က ဦးလှဟန်အား ဒွါရာဝတီဈေးသစ်ကြီးတွင် ဆိုင်ခန်းနှစ်ခန်း ကိုအကြံအဖန်ပြုလုပ်ပြီးပေးကမ်းထားပါသည်။ ဦးလှဟန်နည်းတူ ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်သော အမျိုးသားလွှတ်တော်မှ ဦးမြင့်လှိုင်မှာ ပညာရေးဝန်ကြီးဌာန မှ မူလတန်းကျောင်း ၁ဝ ကျောင်း ဆောက်လုပ်ရန်အတွက် ကန်ထရိုက်များထံမှ တစ်ကျောင်းလျှင် သိန်း ၂ဝ စီ ရယူထားပါသည်။ ၎င်းမှာ သံတွဲမြို့နယ်အကျိုးအတွက် ဆောင်ရွက်ပေးခြင်းမရှိပဲ ဝန်ကြီး၊ တိုင်းမှူးတို့လာလျှင် ကျွေးမွေး လက်ဆောင်ပေးတတ်သော ကိုယ်ကျိုးရှာ စီးပွားရေးသမားတစ်ဦးသာ ဖြစ်ပါသည်။ အထက်ပါကိစ္စများအား သက်ဆိုင်ရာမှ […]


ကို မွန္August 6, 20121min1766
၂၀၁၂၊ ဇွန် ၃ ရက်က တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုဟာတောင်ကုတ်သား များရဲ့ လူမဆန်စွာရက်စက်မှုကြီး ဖြစ်ပါတယ်။ ဘာလက်နက်မှ မပါတဲ့ တရားထိုင်ပုဂ္ဂိုလ် သူတော်စင်များကို တုတ်၊ ဓား လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ တောင်ကုတ်သားတွေကို နိုင်ငံတော် သမ္မတကြီးက ခုံရုံးဖွဲ့စစ်ဆေးပြီး အရေးယူမယ်လို့ သိရတဲ့နောက် ဝမ်းမြောက်ကျေးဇူးတင်ခဲ့ရတယ်။             ဒါပေမယ့် အခုတော့ မျက်မြင်သက်သေ မရှိလို့ အမှုပိတ်ရတော့မလိုလို၊ လူသေမှုပဲပြောင်းရတော့မလိုလို နဲ့ လွှတ်တော်အမတ် ဒေါက်တာ စံလှိုင်နဲ့ ရဲမှူးတို့စကားက စဉ်းစားစရာတွေ ဖြစ်လာစေခဲ့ပါတယ်။ ခုံရုံးအဖွဲ့ရဲ့ အစီရင်ခံစာတင်ပြီးတာ တစ်လကျော်ခဲ့ပြီ ဆိုတော့ သံသယက ပိုမိုခိုင်မာလာပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေဟာ ဘင်္ဂါလီလူမျိုးတွေမဟုတ်ပဲ […]