အဇဋာMay 27, 20129min3099
    လာလှည့်ပါ…   ညမှာ ကြယ်တွေတောက်ပတဲ့အချိန်   ဒါမှမဟုတ် လမင်းကြီး ရင့်ကျက်၊ နုညံ့လာချိန်…   လာလှည့်ပါ…   ရွှေရောင်၊ ရွှေတန်းတွေ   ဟောဒီ ဝါရွှေရောင် လယ်ကွင်းပြင်ထဲ ကျဆင်းချိန်…   အို…အချစ်ရေ…   မင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်နေပါစေ   မင်းကို ကြိုဆိုလျှက်ပါ…       မင်းဟာ သိပ်ချိုသာတယ်…   အို…အချစ်၊ ချစ်လှစွာသော..အချစ်ရေ…   မင်းဟာ ငှက်သိုက်ထဲက ငှက်မွေးတောင်နုနုလေးတွေလို   ညင်သာလှပါတယ်…   ငါ့နှလုံးသားထဲကို လာလှည့်ပါ…   မင်းရဲ့နူးညံ့မှုတွေနဲ့အတူ အိပ်စက်လှည့်ပါ…   ငှက်ကလေးအိမ်ပြန်ချိန်မှာ   သူ့ရဲ့ငှက်သိုက်က ကြိုဆိုနေသလိုမျိုးပေါ့… […]