ကိုပါႀကီးJune 29, 20121min14514
ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ [ကိုယ်ရေးအကျဉ်း] ပိုစ့်လေးကကောင်းလို့ Facebook ပေါ်က ရလို့ ထပိဆင့်ဖော်ပြပေးတာပါ။ ဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ…. ၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ- “ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ … ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့ဩဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက […]


ကိုပါႀကီးJune 21, 20121min15110
သာသနာနဲ့မညီတဲ့တရားဟောပိတ်ပင်မှု ဓမ္မကထိက ဆရာတော်တွေကို တရားဟောခွင့် ပိတ်ပင်တာဟာ ဗုဒ္ဓသာသနာတော်နဲ့ ဆီလျှော်ခြင်း မရှိဘူးလို့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ က ဇွန်လ ၁၆ ရက်နေ့က မိန့်ကြားလိုက်ပါတယ်။ ဆရာတော် ဦးသုမင်္ဂလဟာ သူ့ရဲ့ (၄၆) နှစ်မြောက်မွေးနေ့အလှူပွဲမှာ အခုလိုမိန့်ကြားလိုက်တာဖြစ်ပါတယ်။တဆက်တည်းမှာလည်း အဲဒီလို တရားဟောခွင့် ပိတ်ပင်တာဟာ နောက်ဆက်တွဲဖြစ်တဲ့ ဒါနကုသိုလ်တွေကို ပိတ်ပင်ရာ ရောက်တယ် ဆိုတာကို လည်း ဆရာတော်က ရှင်းပြခဲ့ပါတယ်။ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲကို ဘဒ္ဒန္တ အင်္ဂ ီသ အဂ္ဂမဟာပဏ္ဍိတ တိုင်း ဥက္ကဌ ရွှေကျင်ဆရာတော်နဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော် သံဃာတော်တွေလည်း ကြွရောက် ချီးမြင့်ခဲ့ကြပါတယ်။ ဆရာတော်ဟာ သူတရားဟောလို့ရတဲ့ ဓမ္မပူဇာတွေကို ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေ […]


ကိုပါႀကီးFebruary 14, 20121min836
နိုင်ငံတော် သံဃာ့မဟာနာယကမှ ဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်။ (http://www.thithtoolwin.com/2012/02/blog-post_3631.html) ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။ ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။ ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ […]


ကိုပါႀကီးFebruary 10, 20124min1134
ဆရာတော် ဦးဉာဏိဿ နှင့် ဒလိုင်းလားမား (ငြိမ်းချမ်းရေးနိုဘယ်ဆုရ) ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမန်တူးတူး (ငြိမ်းချမ်းရေးနိုဘယ်ဆုရ) အိုဘားမား (အမေရကန်သမ္မတ) (ငြိမ်းချမ်းရေးနိုဘယ်ဆုရ) တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဘာကြောင့် ကမာ္ဘလူသားတွေက လေးစားနေကြသလဲ. သူကိုလေးစားတယ်ဆိုတာက ခရစ်ယာန် ဟိန္ဒူ မွတ်စလင် ဘာသာမဲ့ သူအကြောင်းကို တက်သိနားလယ်သူ အများစုက လေးစားကြပါတယ်။ သူဘာကြောင့် ဒီလို ချစ်ခင်လေးစားခြင်းကို ခံနေရသလဲ။ သူဟာ ဘုရားစကားကို နားထောင်တယ်။ မေတ္တာတရားကို အခြေခံတယ်။ ဘာသာရေး အစွန်းမရောက်ဘူး။ ဒါတွေဟာ ဒလိုင်းလားမားရဲ့ဂုဏ်ပုဒ်တွေပေါ့.။ မြန်မာနိုင်ငံက ဘာသာရေး ထေရဝါဒ အစွန်းရောက်များ ၊တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဒဿနတွေကို ဖတ်စေချင်ပါတယ်။ ဒီလို ဒလိုင်းလားမားလို့ ဘုန်းကြီးတွေရှိနေလို့ ကမာ္ဘ့ ှဗုဒ်ဓဘာသာဆိုပြီး သိနေတာဖြစ်ပါတယ်။ ဒလိုင်းလားမားတို့ရဲ့ ကြို့းပန်းအားထုတ်မှု့ကြောင့် ကမာ္ဘက […]


ကိုပါႀကီးFebruary 8, 20121min672
၂၀၁ဝ ရွေးကောက်ပွဲအလွန် ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စစ်အစိုးရက ဘာသာ၊ သာသနာကို ကြည်ညိုချင်ဟန်ဆောင်ပြီး အမြဲပြောနေတာပါ၊ တကယ်က ၁၉၆၂ခုနှစ်ကစပြီး စစ်အစိုးရ သူ့အာဏာ မြဲရေးအတွက် အလွန် အ တဲ့ ဘုန်းကြီးအိုကြီးတွေကို စုပြီး သံဃာမဟာနာယကအဖွဲ့ ထောင်တယ်၊ ဘွဲ့တံဆိပ်တွေနဲ့ဖိ၊ နောက်ဆုံး ဆရာတော်ကြီးတွေလဲ သံဃာမဟာနယက (၄၇)ပါးကနေ အပါး အရေအတွက် လျှော့ချမယ် လုပ်တော့ ဘယ်ဆရာတော်ကမှ မဟန ရာထူးကနေ မထွက်ချင်ဘူး။ အလွန်ရိုး ကြည်ညိုစရာ ကောင်းတဲ့ ဆရာတော်ကြီးများဟာ နှုတ်တော်က အမှန်တရားတွေ မဟရဲ မဟောရဲကြပါဘူး။ သံဃမဟာနယကအဖွဲ့ရဲ့ ဝန်ကြီး တနေရာကနေ ပျောက်မသွားဖို့အတွက် မဟောရဲကြတာပါ။ ဗိုလ်ချုပ်တွေကလည်း သူတို့ဆီ သိပ် […]


ကိုပါႀကီးFebruary 5, 20121min502
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် နိုင်ငံရေးစခဲ့ရပုံ ဗုဒ္ဓဘာသာဝင်များ ကြားဖူးနားဝရှိတဲ့ မြစ်ရေခွဲဝေ သုံးစွဲရေး အငြင်းပွားမှုမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ် ဖြစ်ပွားခဲ့တယ်။ ကပ္ပိလ နဲ့ ကောလိယ နှစ်ပြည်ထောင်အကြား ဖြတ်သန်း စီးဆင်းသွားသော ရောဟဏီမြစ်ရေကို သူအရင်ယူထိုက်၊ ငါအရင်ယူထိုက် စကားနိုင်လုကြရာမှ နောက်ဆုံး နှစ်ပြည်ထောင် စစ်ဖြစ်မယ့် အခြေအနေသို့ ရောက်ခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွာက ကောင်းကင်ယံ၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ နှစ်ပြည်ထောင် မင်းသားတို့အား ငြိမ်းချမ်းရေး တရား အဖြစ် မဟာသမယသုတ် တရားတော်ကို တိုက်ကျွေးခြင်းဖြင့် ပြေငြိမ်းစေခဲ့ပါတယ်။ မြစ်ရေခွဲဝေ သုံးစွဲရေး ပြဿနာကြောင့် စစ်ဖြစ်မည့် အခြေအနေမှ လွန်မြောက်ကာ နှစ်ဘက်သော မင်းညီမင်းသားတို့အား သာသနာ့ ဘောင်သို့ ဝင်စေခဲ့တယ်၊ မဟာသမယသုတ် တရားတော်ကို မဟာသက္ကရာဇ် ၁၄၈-ခု၊ နယုန်လပြည့်နေ့တွင် […]


ကိုပါႀကီးFebruary 3, 20122min848
“မြန်မာဘုန်းကြီးတွေ အထင်သေးတဲ့ ထိုင်းသာသနာ“   ဒီလောက်ကြီးကျယ်ပြီး ခန်းနားထည်ဝါတဲ့ အလုပ်တွေကို မြန်မာဘုန်းတော်ကြီးများ လုပ်နိုင်စွမ်းမရှိပါ။ အိမ်ကျယ်များသာဖြစ်ကြပါသည်။ ကမ္ဘာမှာ ဗုဒ်ဓဘာသာလို့သိအောင် လုပ်ပြနေတာ တိဘက် ဒလိုင်းလားမား မဟာယာနနှင့် ထိုင်း သီရိလင်္ကာ ဘုန်းကြီးများသာဖြစ်ကြပါတယ်။ မြန်မာဘုန်းတော်ကြီးတွေက ကမာ္ဘမှာ မြန်မာလူမျိုးတွေ မရှိရင် သာသနာမပြုတတ်တော့ပါဘူး။ …………. မဟာယာနတွေ ထေရ်ရဝါဒတွေပြောနေရင်လဲ အပိုပဲ။ မြန်မာပြည်တွင်းမှာပဲ ခွဲခြားဆက်ဆံနေရတာပါ။ ပြည်ပထွက်ကြည့်ပါ။ ထေရဝါဒဆိုသူတွေ မဟာယာနဲ့ အတူတူ ဆွမ်းများ ဘုဉ်ပေးကြပါတယ်။ ….. ထိုင်း သီရိလင်္ကာဆိုတာ ထေရဝါဒ အမည်ခံပဲ။ ဒါပေမယ့်။ မြန်မာဘုန်းတော်ကြီးတွေလောက် သဘောထားမကျဉ်းမြောင်းပေ။ အချင်းချင်း ရုံကမ်းတွေကို မရောက်ကြပေ။ ……. မိမိညံဖျင်းကြောင်းကို သိကြလော့ …… ပြုပြင်စရာတွေရှိပါက ပြုပြင်ကြလော…. မြန်မာဘုန်းကြီးတွေ အချင်းချင်း […]


ကိုပါႀကီးDecember 18, 20111min1075
ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေညဝါဆရာတော်ကို အရေးယူပေးဖို့ စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား ရှက်မိပါတယ်။ ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေညဝါဆရာတော်က ဘယ်လို ရာဇဝတ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။ သံဃာ့မဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာအချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ […]