မှ/ဦးစိုးမြင့်(OLC) “စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ။”   မောင်တောမြို့နယ် တောင်ပိုင်းက ပညောင်ပင်ကြီး ဆိုတဲ့ ရွာရဲ့ အနာက်တည့်တည့် လောက်မှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်သင်္ဘောတွေ ရှိနေတာကို ညဘက်တွေမှာ ကြည့်ရင် မီး ထွန်း ကျောက်ချထားတာ တွေ့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အပြီး မောင်တော ဘူသီးတောင် မဲဆန္ဒနယ်တွေက အနိုင်ရတဲ့  ပါတီတွေက သီးခြားပြည်နယ် ဆိုတဲ့ အဆိုတွေ တင်လာလို့ တပ်မတော်က နဲနဲ တင်းမာလာတဲ့နောက် ဒေသခံတွေ ဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးကြတဲ့ အခါမှာ အဲ့ဒီရွာကနေ အဲ့ဒီကျွန်းကို ကူးသွားကြတာလေ။  တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ […]


                                          (၁)စာမူခွင့်ပြုချက်အမှတ်-၄၀၀၁၉၈၀၃၁၂ -၂၀၁၂ ခုနှစ် ဇူလိုင်လ -ပထမအကြိမ်၊အုပ်ရေ (၁၀၀၀) (၂)ထုတ်ဝေသူ-ကြည်လှမောင် စာပေတိုက် (၃)ရေးသားသူ-မောင်ခိုင်ခန် ့(အမျိုးသားစာပေဆုရ) (၄)စာရေးသူရည်ရွယ်ချက်-ဤစာအုပ်အား ဖတ်ရှု၍ မြန်မာလူမျိုးတိုင်း မြေမျို၍ လူမျိုး မပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်ဆိုသော မြန်မာ့ဆိုရိုး စကားကို အလေးအနက်ထား သတိမူနိုင်ကြပါစေဟု မေတ္တာစိတ်ဖြင့် ရည်သန်လျှက်—- (၅)စာအုပ်အမည်- မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ “စာ အမြည်း အနည်းငယ်” ယခုအခါ သီပေါမင်း၏ ဆွေတော်မျိုးတော် များမှာအတော်များနေပီဖြစ်သည်။မြန်မာ […]


       ရခိုင်ရာဇဝင်ထဲက ကမန်တိုင်းရင်းသားတို ့သည် အိမ်နီးနားချင်း ဆက်စပ်နေသော နိုင်ငံတစ်ခု၏ လူမျိုးတစ်မျိုးမှ ပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ်၊““မည် သည့် အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံတွင်မှ ကမန် ဟူသော အမည်ဖြင့် လူမျိုးများနေထိုင် ကြကြောင်း သမိုင်းအထောက်အထား များလုံးဝမရှိပါ””။       ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ် ရပ် မည်သည့်တိုင်းပြည်နိုင်ငံ များတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတပါးသား ကျောထောက်နောက်ခံ လူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံနွယ်ဖွား မျိုးနွယ်စုတစ်စု သာဖြစ်ကြောင်း၊နိုင်ငံတော်၏ သမိုင်းစဉ် တလျှောက်တွင် မည်ကဲ့သို ့အခက်အခဲများ ကြုံကြိုက်ခဲ့ပါစေ၊တိုင်းတပါးနိုင်ငံများသို ့လူမျိုးစုအလိုက်ထွက်ပြေးတိမ်းရှောင်ခြင်း၊တိုင်းတပါး အားကိုးအားထားပြုခြင်းများလည်းမရှိဖူးပါချေ။        အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအတိုင်းပင် ဆက်လက် နေထိုင်လျှက်ရှိသော တိုင်းရင်းသားမျိုးနွယ်စု တစ်ခုပင်ဖြစ်သည်။ကမန်များမှာ […]


              ကမန် ဟူသည့် ဝေါဟာရမှာ ရှေးရခိုင်ဘုရင်အဆက်ဆက်လက်ထက်ကပင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည့် ရခိုင့်ဘုရင့်တပ်မတော်မှ သူရဲကောင်း လေးသည်တော်အ ဖွဲ ့၏အမည်နာမတစ်ခုပင်ဖြစ်သည်။ရခိုင် သုတေသီတို ့၏အဆိုအရ လေး၊မြှားအတတ်၌ ကျွမ်းကျင်သူ “လေးသည်တော်(ဝါ)လေးတော်ပစ်”ဟူ၍အဓိပ္ပာယ်ရ၏။            ပညာရေးဝန်ကြီးဌာစတုတ္ထနှစ်မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ရခိုင် မင်းသမီးဧချင်း ပို ့ချချက်အပိုဒ် ၃၃တွင်တွင်လည်း ကမန်ဆိုသည်မှာ လေးပတတ်ကျွမ်း ကျင်သော စစ်သည်တော်ကိုခေါ်သည်။ရခိုင်တပ်မတော်တွင်လည်း လေးသည်တော် တပ်ပါရှိရာ ၎င်းတပ်တွင်. အမှုထမ်းသူများအား ကမန်ဟုခေါ်သည် ဟုဖော်ပြထား၏။         ကမန် ဆိုသည်မှာ ယခင်ကလူမျိုးတစ်မျိုး၏ အမည်မဟုတ်ဘဲ ရခိုင်ဘုရင့်လေး တပ်မတော် ၏အမည်တစ်ခုသာဖြစ်ပြီး ရခိုင်မင်းနေပြည်တော် ပြိုကွဲပျက်သုဉ်းပြီး နောက် […]


      ရခိုင်ပြည်နယ်၊ရခိုင်လူမျိုးမှာ အစ္စလာမ်ဘာသာကိုးကွယ်သူမရှိပါလို ့ ပြောနေသူများ သမိုင်းကို ပြန်ဖတ်စေလိုပါကြောင်း လောလောဆယ်တွေ ့မိသော စာပေဗိမ္မာန်ထုတ်စာအုပ်တစ်အုပ်မှအကြောင်း အရာများကို မြန်မာဝီကီ မှကူးယူဖော်ပြလိုက်ပါတယ်။သမိုင်းကို မသိလျှင် မပြောတာကောင်းပါလိမ့် မည်ဟု ယူဆလျှက်ပါ။ လွန်ခဲ့သော နှစ်ပေါင်း(၅၈၂)နှစ်လောက်ကပင်ရှိနှင့် နေခဲ့သည်ကို ယခုမှ မရှိဟုငြင်း၍မရတန်ရာ၊စဉ်းစား ကြပါကုန်။   ကမန်လူမျိုးသည်လည်း ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ အကျုံးဝင်ကြောင်း အထင်အရှားတွေ့ရှိရပေသည်။ ““ ကမန် ”” တိုင်းရင်းသားမျိုးနွယ်စုသည် ရခိုင်ပြည်နယ်ကို အခြေပြုမှီတင်းနေထိုင်ကြသော မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ထားသော တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) စုတွင် တစ်စုအပါအဝင်ဖြစ်ပါသည်။ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် […]


Forum တွင်ကျနော်တောင်းဆိုဖူးသော အချက်တစ်ချက်ပါ။သူကြီးပြန်လည်ဖြေကြားခြင်းမပြုသေးပါ။ ကိုရှူံး၏ပို ့စ် https://myanmargazette.net/127914/economic-news-international-news-news-industry-people-in-the-news-us-news-news ဆက်စပ်လျှက် တွေးမိတာပါ။                           kai says:     ကျုပ်ဆီမှာ.. ဒီဖြစ်ရပ်တွေဟာ.. စနစ်တကျနဲ့..ဖန်တီးထားပုံရတယ်လို့.. ယူဆစရာ..                      အထောက်အထားတချို့ရှိတယ်.. မေ၂၅မှာ.. အနောက်ဖက်ကမ်းရိုးတမ်းက.. မွတ်စလင်တယောက်ကပဲ.. အယ်လ်ကိုင်ဒါတွေသံတွဲလာမယ်ဆိုပြီး..ပို့စ်တင်ခဲ့တယ်.. အဲဒီပို့စ်ထဲပဲ.. တယောက်က.. အယ်လ်ကိုင်ဒါမဟုတ်ပဲ.. မွတ်စလင်ကလေးငယ်တွေကိုယဉ်ကျေးလိမ္မာအောင်ဆုံးမသင်ကြားပေးတဲ့ သူတွေဖြစ်တယ်လို့..ကော်မန့်ြ ပန်ရေးခဲ့တယ်.. တကယ်လို့သာ… တကယ်လို့သာ.. အခုရက်ရက်စက်စက်အသတ်ခံရသူတွေဟာ.. အဲဒီသူတွေသာဖြစ်မယ်ဆိုရင်… .. […]


ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “ဝီရသူ” သဘောထား ထုတ်ပြန်ချက်.. “ဝီရသူ” သဘောထား (၃/၇၄) by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 5:24am · ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိ၀ံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။ … (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။ […]


  “ကျွန်တော်က ရန်ကုန်ကနေအစည်းအဝေးရှိလို့ တစ်ယောက်တည်း ကားကို ဖြည်းဖြည်းလေးမောင်းပြီး မနက်၆နာရီလောက် ထွက်လာတာ။ ၉နာရီကျော်လောက်ပဲရှိသေးတယ် မိုင်တိုင်အမှတ် (/)မှာ ကားတစ်စင်းမှောက်ပြီး ကားကလည်း တစ်စောင်းကြီးဖြစ်နေတယ်။ အစည်းအဝေးဆိုပြီး တက်လာတာမို့ ဆေးအိတ်မပါလာတာရယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ဖို့၊ ပြုစုဖို့က ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တာရယ်ကြောင့် ရှေ့ဆက်မောင်းလာပြီး တွေ့တဲ့ရဲစခန်းကို ဝင်သတင်းပို့လိုက်တော့ အဲဒီစခန်းကပုဂိ္ဂုလ်က အဲဒီနေရာက သူတို့အပိုင်မဟုတ်ဘူး၊ သူတို့နဲ့မဆိုင်ဘူး ဆိုပြီးပြန်ပြောတယ်။ ဘာမှဝေးတာမဟုတ်ဘူးနော်။ ကျွန်တော်က အဲဒါဆိုလည်း သက်ဆိုင်တဲ့ အပိုင်စခန်းကို ဆက်ပြီးအမြန်အကြောင်းကြားပေးပါ။ ဘယ်အချိန်ကတည်းက မှောက်နေမှန်းမသိဘူး၊ အချိန်ကြာသွားရင် ခက်မယ်လို့ အတင်းတောင်းတောင်းပန်ပန်နဲ့ပြောခဲ့ရတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော့်အပိုင်မဟုတ်ဘူး ဆိုပြီး ကျွန်တော့်ကိုငြင်းနေစရာမလိုဘူး၊ သူ့ဘာသာပဲ ‘ဟုတ်လား၊ နေရာအတိအကျလေးပြောပေးပါ’ ဆိုပြီး ပြာပြာသလဲနဲ့ သူ့အပိုင်မဟုတ်လည်း ကိုယ့်စခန်းမှာ လာသတင်းပေးနေပြီပဲ၊ သက်ဆိုင်တဲ့စခန်းကို ဆက်သွယ်ရေးစက်တို့ ဖုန်းတို့နဲ့ပြောပေး အရေးတယူဆောင်ရွက်ပေးစေချင်တာပါ၊ […]


  ကမာ္ဘ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမာ္ဘ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။ ဤသည်ကိုက ကမာ္ဘစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ…. ( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။    ။မီးများ ထိန်ထိန်လင်းနေသော ကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာ                  မြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၂ ) ကမာ္ဘ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ဝန်ကြီးရာထူးများအား ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။    ။ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်းယူစရာမလိုသော ကြောင် […]