ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ တစ်ခုလုံးမကြာသေးမီရက်များဆီက ရေလွှမ်းမိုးခဲ့မှု ကြောင့်နစ်မြုပ်ခဲ့ရသော ဟွန်ဒါကားများကို ဟွန်ဒါကုမ္ပဏီမှ ဖျက်ဆီးခဲ့ကြောင်း Dec 28 ရက်နေ ့ကသတင်းထုတ်ပြန်ပါတယ်။ဖျက်စီးခဲ့တဲ့ ဟွန်ဒါကားတွေဟာ အစီးပေါင်း ၁၀၅၅စီး ဖြစ်ပါတယ်။ထိုကားအမျိုးအစားများကတော့ ဘရီရို၊ဂျက်ဇ်၊စီးတီး၊စီဗစ်၊ဟွန်ဒါ အက်ကော့ဖ်၊ စီအာဗွီ တွေဘဲဖြစ်ပါတယ်။ ယင်းကားများသည် ရေမြုပ်ခံရပြီးနောက် အင်ဂျင်မှဆီယိုစိမ့်ခြင်း၊ထိခိုက်ထားခြင်း၊စက်ပစ္စည်းအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ထိုကားများကို ဝန်ချီစက်ဖြင့်ရွှေ ့ပြောင်း ပြီးဖျက်ဆီးသည့်နေရာ၌ ထုချေကာသံရည်ကျိုပြီးနောက်ပြန်လည်အသုံးပြုမည်ဟုကြားရပါ တယ်။ တဆက်တည်းမှာဘဲ ဟွန်ဒါကုမ္ပဏီမှ မိမိတို ့သည်အရည်အသွေးကောင်းမွန်သော မော်တော် ယဉ်များကိုသာ ဝယ်ယူသူများအား ဖြန် ့ဖြူးသွားမည်ဟုကြေညာလိုက်ပါတယ်။ အင်း……စဉ်းစားရင်းနဲ ့မကောင်းဖြစ်တော့မယ်ဗျာ။ဘာကြောင့်များ နိုင်ငံခြင်းကပ်နေရဲ ့သားနဲ ့သူ ့အဆင့်ရဲ ့တဝက်လောက်လေးတောင်မမှီရသလဲတွေးမိပြန်ပါတယ်။ကျနော်တို ့နိုင်ငံများ. တော်ချက်ကတော့ သူများနိုင်ငံတွေက စွန် ့ပစ်၊မိုင်နှုန်းပြည့်၊reject ကားတွေကို သိန်းကိုရာချီ၊ထောင်ချီပေးဝယ်နေရတာ တခြားနိုင်ငံတွေအတွက်ရီစရာပါလားဗျာ။ အင်း…..ဟိုးတလော ဒါမှမဟုတ်ရင် တစ်ချိန်,….. […]


ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ ၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။ ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု ၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) ဩဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု ၃။ […]


ပြီးခဲ့သော ဒီဇင်ဘာ(၁၃)ရက်နေ ့က ရခိုင်ပြည်နယ် စစ်တွေမြို ့တွင် သံတွဲခရိုင်အသင်းနှင့် စစ်တွေ အသင်းတို ့ယှဉ်ပြိုင်ကစားကြရာတွင် စစ်တွေအသင်းက (၂:၀)ဖြင့်အနိုင်ရဗိုလ်စွဲသွားပါတယ်။ပြည်နယ်လက်ရွေးစင်တွေကိုရွေးချယ်သွားမှာဖြစ်တဲ့ အတွက် အသင်းများအားလုံးကြိုးစားကစားကြတာတွေ ့ရသလို၊ပထမဆု ငွေသိန်း(၂၀)ကြောင့် ပိုကြိုးစားကြတယ်ဆိုလဲ မမှားဘူးထင်ပါတယ်။ ထုံးစံအတိုင်းပါဘဲ ဗိုလ်လုပွဲမှာ အိမ်ရှင် ဖြစ်တဲ့ စစ်တွေ ဘက်ကဒိုင်ကတော့ ကူပြီးဝင်မကစားတော့ရုံတမယ်ပါဘဲ။သံတွဲမြို ့နယ်ဘောလုံးအသင်းကတော့ ဒုတိယဆုငွေ (၁၀)သိန်းဘဲရယူနိုင်ခဲ့ပါတယ်။ဒိုင်းဆုကြီးနဲ ့လဲ လက်တစ်လှမ်းရောက်မှလွဲခဲ့ရပီပေါ့ဗျာ။ ဒီနှစ် ၂၀၁၁ခုနှစ် ပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲချီးမြှင့်ငွေကတော့ ရခိုင်ပြည်နယ်ရဲ ့သမိုင်းတလျှောက်အမြင့်မားဆုံးဆုကြေးဖြစ်ပါတယ်။ကျွန်တော်ရေးသားခဲ့တဲ့ “စေတနာမပါသော ဘောလုံးပွဲတစ်ပွဲပြီးစီးခြင်း”ပို ့စ်က လူကြီးမင်းများနားတိုင်အောင် ပေါက်ရောက်သွား မယ်လို ့ယူဆခဲ့ပါတယ်နော်။ ဒီပွဲမှာ ကျွန်တော်တို ့သံတွဲခရိုင်မှ အားကစားသမား(၇)ဦးထိ ပြည်နယ်အသင်းတွက်ရွေးချယ်ခံရတာကို တော့ အားရကျေနပ်စရာလို ့ဘဲတွေးရပါမယ်ဗျာ။ နောက်နှစ်တွေမှာလဲ ခုထက်ကောင်းသော အားပေးချီးမြှောက်မှုများဖြင့် အားကစားကို မြှင့်တင်သွားပါမယ်လို […]


စာမရေးဖြစ်၊မဖတ်ဖြစ်တာ နည်းနည်းကြာတော့ Mandalay Gazette နဲ ့စိမ်းသလို လိုဖြစ်သွားတယ်။ဒီနေ ့တွေ ့ရ၊မြင်ရကြားရ တာလေးတစ်ခုက စိတ်မချမ်းသာတာဖြစ်နေ တော့ ရေးချင်လာတော့ ဝင်ရေးဖြစ်ပါပီ။အားလုံးသော ညီအကိုမောင်နှမ၊ရွာသူရွာသားများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာခြင်းနဲ ့ပြည့်စုံကြစေဖို ့ရာ sweet December မှာ နှုတ်ခွန်းဆက်ပါရစေဗျား။ ယနေ ့ထိကျွန်တော်နဲ ့ထိတွေ ့နေရတဲ ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ(အနီးစပ်ဆုံး မိမိမြို ့)ပညာရေးနဲ ့ပတ်သက်လို ့ပြောစရာတွေရှိလာပြန်ပါပီ။“ပညာရေးဖြင့် ခေတ်မှီဖွံ ့ဖြိုး တိုးတက်သောနိုင်ငံတော်တည်ဆောက်အံ့”ဆိုတဲ ့ဆိုင်းဘုတ် အစိမ်းအောက်ခံမှာ အဖြူရောင် စာလုံးနဲ ့ရေးထားတဲ့ ဘုတ်တွေကိုမြင်ဖူးတွေ ့ဖူးကြမှာပါ။ဆောင်ပုဒ်က သိပ်ကောင်းပါတယ်။ တကယ်တမ်းသာဖြစ်မယ်ဆိုရင် ဝမ်းသာစရာပါလား။ခက်နေတာက လဲဗျာ ကျွန်တော် တို ့နိုင်ငံက ဆောင်ပုဒ်တွေ၊အပြောတွေကောင်းပ၊ညွန် ့ပဆိုပေမယ့် အလုပ်ကတော့ သိပ်မတွင်လှပါဘူး။ ပညာရေးနဲ ့တည်ဆောက်ရမယ့်နိုင်ငံမှာ ဘယ်လိုဆရာမျိုးတွေက […]


စာပေစကားဝိုင်းတစ်ခုမှာပြောဖြစ်ကြတာပါ။ လူငယ်တစ်ဦး ဆရာဝန်ဘွဲ ့ရသည်။ဆေးခန်းဖွင့်သည်။သို ့သော်ဘယ်လောက်မျှမကြာပါ ထိုဆရာဝန်သည် နားကြပ်ကိုပစ်လျှက် ကလောင်ကိုင်ကာစာရေးဆရာလုပ်သွားလေသည်။ သို ့နှင့်…… “အလကားဗျာ. ဆရာဝန်တစ်ယောက်ဆုံရှုံးရတယ်၊နောက်သူ ့နေရာမှာ ဖြစ်လာရမယ့် ဆရာဝန်တစ်ယောက်နစ်နာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ”ဟုပြောနေကြတယ်ပေါ့။ “အံမယ်. ဆရာဝန်ဖြစ်လို ့ ထက်ထက်မြက်မြက်နဲ ့စာရေးကောင်းတာဗျာ။ဆယ်တန်းမှာ အတော်ဆုံးတွေက ဆရာဝန်တွေပဲ လုပ်ရတာမလား။တခြားနေရာတွေမှာ လည်းလူတော်တွေ လိုတာပဲ။ခင်များတို ့ကြည့်လေ ဆရာဝန်လုပ်ရင် သူ ့ဆေးခန်းလာတဲ့ လူနာလောက်ဘဲ ဆေးကုနိုင်မှာပေါ့။အခုတနိုင်ငံလုံးကို စာနဲ ့ကူပေးနေတယ်လေ”ဟု တစ်ဖက်မှဆိုသူကလဲ ဆိုလေသည်။ ဒီနေရာမှာ ကိုယ့်အမြင်ကိုတော့ နည်းနည်းပြောချင်လို ့မနေနိုင်ဝင်ပြောလိုက်တယ်။ ဒီနေ ့ခေတ်မှာ ခုပြောတဲ့ဆရာဝန်က (၁)သူဝါသနာပါလို ့စာရေးတဲ့ဖက်ကူးသွားတာလဲဖြစ်နိုင်တယ်။(၂)ယနေ ့ခေတ်သာမန်ဆေးတက္ကသိုလ်ကျောင်းပြီးစဆရာဝန်တွေ ကိုယ့်ထမင်းကိုယ်တောင်ရှာစားဖို ့နေနေသာ၊လဘက်ရည်ဖိုးတောင် ပုံမှန်ဝင်ရဲ ့လား မေးရမယ့်အနေအထားမို ့ပါ။ နောက်တစ်ခု ထပ်ပြီးကျွန်တော် ကိုယ်တိုင်နဲ […]


ခုတလောရွာထဲမှာလဲ ထိန်းမနိုင်သိမ်းမနိုင်တဲ့ သူတွေကြောင့် သံတွဲသား၊သံတွဲသူတွေကို တော်တော်လေးအထင်လွဲနေကြမယ်ထင်ပါရဲ ့ဗျာ။တကယ်တော့ အသံမစဲတဲ့ မြို ့သံတွဲ၊ဖွဲလံကြဲတဲ ့မြို ့သံတွဲ(ကိုမောင်ပေ့ဟန်)ဖြစ်နေပေသော်လဲ အများတကာမြို ့တွေထက်တော့ ပိုလွန်းနေသော်လဲ တစ်ချို ့ကိစ္စတွေများဆို ခြုံပုတ်ထဲက လက်သီးထောင်ပြနေသူတွေ၊ကြောင့် ယိုသူမရှက်၊မြင်သူရှက်နေရပါလေရော့လား။ တကယ်တော့ ကျွန်တော့်ဇာတိမြို ့ကလေးက တကယ်အေးချမ်းချင်ပါရဲ ့ဗျာ။နို ့ပေမယ့် (Elite)အချို ့ကြောင့် ပျက်နေရတယ်၊ကျော်နေရတယ်ဆိုတာတော့ မငြင်းသာပြန်ပါဘူး။ အေးချမ်းတဲ့ ဆောင်းရဲ ့အရိပ်ကနေကဗျာလေးတစ်ပုဒ်ဝေမျှပေးချင်ပါတယ်။ဒီကဗျာလေးကိုရေးသားသူကိုတော့ အမည်ဝှက်ထားပါမယ်နော်။ပဟေဠိ အဖြေညှိကြတာပေါ့။သံတွဲကရော၊ရွာထဲက ညီအကို၊ဆရာသမားများပါ ခန် ့မှန်းပေးကြပါအုံး။ ဒီနေရာမှာစာရေးသူရဲ ့ကလောင်ကွဲတွေထဲက ပထမဆုံးကလောင်လဲဖြစ်၊ကဗျာမှာပါတဲ့ ရေးသူလဲဖြစ်တဲ့ ရွှေတွဲကျော်ပါတဲ့။ ပင်လယ်ဝေးလို ့တင့် အေးလိုက်ပါတဲ့ ဆောင်းရာသီ တွဲမြို ့ဌာနီ ခြုံကတ္တီ လုံပြီလို ့ရှိဘူး ကဗျာနော်၊ဆရာကျော်စီမံရေးတယ် တွေးလို ့စိတ်ကူး။ ။


     မြန်မာအသင်းကခုဆီးဂိမ်းမှာ အားသွန်ခိုက်စိုက်နဲ ့ကစားရင်း၊လှေလှော်ရင်းတက်ကျိုးသလို မမျှော်လင့်ပါဘဲ ဗိုလ်လုပွဲဝေးရတယ်လို ့ဘဲပြောပြော၊ပြုပြင်ပြောင်းလဲဖို ့လိုနေတဲ့ စိတ်ဓာတ်တွေကြောင့်ဗိုလ်လုပွဲနဲ ့လွဲတယ်ပြောပိုမှန်မယ်ထင်ပါတယ်။အနီးစပ်ဆုံးပွဲဖြစ်တဲ့ အိုမန်နဲ ့ပွဲမှာ အိမ်ရှင်ဖြစ်နေရဲ ့သားနဲ ့ကျေပွန်လိုက်တဲ့တာဝန်ဗျာ၊ဧည့်သည်အသင်းကိုပေးလိုက်တဲ့မေတ္တာတွေက ရေဗူးတွေ၊လောက်လေးတွေ၊ဖိနပ်တွေစုံနေတာပါဘဲ။ဒါက ပွဲကြိုက်သူတွေရဲ ့အပြုအမူတွေ၊ဒါပေမယ့် သူ ့မြေကိုယ့်မြေကစားကြတဲ့နေရာမှာ သူတို ့ဆီသွားကစားတော့လဲ အနည်းနဲ ့အများတော့ ဘက်လိုက်တာ၊တို ့တာလေး၊ဆော်တာလေးမရှိဘူးမပြောလိုပါဘူး။ကိုယ့်နိုင်ငံသားနဲ ့ဆိုမနိုင်မှာစိုးလို ့မွေးစားသားတွေတောင်ခေါ် ကစားနေရတာလေဗျာနော့။     ပြောရင်းနဲ ့ဝေးသွားတယ်ဗျာ၊ ယနေ ့ကျင်းပနေတဲ့ ပရော်ဖက်ရှင်တဝက်ပါတဲ့ MNL မှာတောင်မှ အာမခံချက်မရှိတော့လို ့ ကိုယ့်ဌာနပြန်ကစားနေတဲ့ ဘောလုံးသမားတွေရှိတယ်။ပြောချင်တာက မြန်မာ့ဘောလုံးလောက ယိုယွင်းပျက်စီးနေတာ ဘယ်ခါမှခေါင်းထောင်မှာမဟုတ်ပါဘူးလို ့တောင်ထင်မိတယ်။ဆိုလိုတာက လူတွေရဲ ့အားကစားပေါ်မှာ မြင်တဲ့အမြင်တော်တော်လေးပြောင်းလဲသွားပါပီ။တကယ်ပါဘဲ အားမှကစားလို ့ရတဲ့အားကစားဖြစ်သွားပါပီ။နေ ့စဉ်ဖြတ်သန်းနေထိုင်ရတဲ့ လူသားတွေကကိုယ့်ဝမ်းရေးကို ပိုဦးစားပေးနေရတာ၊ဝါသနာကိုဦးစားပေးရင် အိမ်မှာစားစရာမရှိဖြစ်နေမယ်။      အားပေးတဲ့သူကလဲအားတော့ပေးပါရဲ ့ဗျာ၊မစို ့မပို ့နဲ ့လှောင်ပြုံး ပြုံးရမယ့် ဆုငွေလေးနှစ်ပဲတစ်ပြားရယ်ပါ။မတော်လို ့ကျိုးမယ်ကန်းမယ်၊နာမယ်၊ဖျားမယ် မည်သူမျှတာဝန်မယူ၊ဝါသနာပါလို ့သာကစားနေရတာဘယ်သူမှအားခွန်ကုန်အောင်မသုံးဘူး၊တကယ်အစွမ်းအစရှိတဲ့ ဦးနှောက်သုံးကစားတတ်တဲ့ ကစားသမားကောင်းတွေ ဘယ်သူမှမကစားတော့ဘူး။ ဘေးထိုင်ပွဲကြည့်လုပ်နေရင် သက်သာတယ်လေဗျာ။     ပြောတော့ပြောမိပါပီနည်းနည်းတော့လိုရင်းလေး နဲ ့ဝေးသွားပီလားမသိဘူး။တောင်းပန်ပါတယ်. သီးခံဖတ်ရှုကြပါ။     ကျွန်တော်ကိုယ်တိုင်က ဘောလုံးအားကစားကို ဝါသနာပါလေတော့ တခြားအားကစားနည်းတွေပေါ်အာရုံလျော့ပြီး […]


ဝေဒနာနဲ ့လူပါ…… သောကတွေ လက်ကျန် ဒဏ်ရာတွေခံစား အတိတ်ဆိုတာကြီးကို မေ့ထားချင်ခဲ့ စိတ်တွေက တေလေ နေနှယ်ပူလောင် အလွမ်းတွေ ဆူဝေ တမ်းတနေဆဲ လွမ်းရယ်တဲ့ ကြင်မပြေ ဖြေသိမ့်စရာရယ် ဝေး…… ဒဏ်ရာလေး ကသေရာပါ ဘဝဆုံးထိ. မေ့အတွက်သက်သေဖြစ်လိုက်မယ်ထင့်။ ဟိုး မှာကြည့်စမ်း…. ရာသီတွေလဲ ပြောင်းလို ့ ဆောင်းနှင်းလေးတွေငို လောကတခွင် မြူတွေဆိုင်းနေပီ. မေ။ ဟိုးမှာ ကြည့်လိုက်စမ်း…. ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်နေရာတွေဖယ်ပေးနေရပီ ဆောင်းနှင်းစက်လေးတွေ တဖေါက်ဖေါက်ကျလေတိုင်းမှာ. သူ???? ရော်ရွက်တို ့တဖြုတ်ဖြုတ်ကြွေတိုင်း. သူ???? ဘယ်တော့မှ…… ဘယ်တော့မှ……. ဘယ်သောအခါမှ…… ရောက်မလာတော့ဘူး,,,,,,??????


လောင်သွားခဲ့ပြန်ပီ နောက်ထပ်ဈေးကြီးတစ်ခု။မော်လမြိုင်ဈေးကြီး၊မင်္ဂလာဈေးတို ့၊ရတနာပုံဈေးတို ့လဲ လောင်သွားခဲ့ပြီးပြီ။တန်ဖိုးပေါင်းမြောက်မြားစွာလဲ ဆုံးရှုံးသွားခဲ့ပါပီ။ဒါဟာ မတော်မဆပေါ့ဆမီးတွေဆိုရင် တော်ပါသေးရဲ ့၊အကယ်၍ ဈေးတွေကိုသာ ရွေးပြီးရှို ့နေတယ်ဆိုရင် တော့တော်တော်ကိုမကောင်းတော့ပါဘူး။ခုလဲ လောင်သွားပြန်ပီ ရခိုင်ပြည်နယ် ကဈေးတစ်ခု။……… ———— ရခိုင်ပြည်နယ် မင်းပြားမြို့တွင် (နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ရနာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။ မီးလောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး ဈေးအနီးအနားတွင် နေထိုင်သူ ဒေသခံအမျိုးသမီးတဦးက ယခုကဲ့သို့ ပြောသည်။ “ဈေးမီးလောင်တယ်လို့ စသိရတာက ညနေ ရနာရီလောက် ရှိမယ်ထင်ပါတယ်။ မီးအားကပြင်းတော့ ဘယ်လိုမှ ငြိမ်းမရပါဘူး။ အခု(ည ၁ဝနာရီ ဒေသစံတော်ချိန်)ထိ မီးက လောင်းကျွမ်းနေတုန်းပါပဲ။ ဈေးကြီးတခုလုံးလည်း ပြာကျသွားပါပီ။” မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ကိုမူ သူမအနေဖြင့် အတိအကျမသိရှိကြောင်းလည်း ပြောသည်။ […]


   တစ်ထောင့်တစ်ညပုံပြင်တွေသာ ပြောလို ့ကုန်သွားနိုင်တယ် လူတွေရဲ ့အကျင့်ပျက်ခြစား၊တိရစ္ဆာန်စိတ်ပေါက်နေတာကို ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပေါ့….    ဘာရယ်တော့မဟုတ်ပါဘူး။မင်းမှုထမ်း ၊အစိုးရဝန်ကိုထမ်းပြီးဆိုတာနဲ ့ခိုးမစားရင် စားဖို ့တောင်အနိုင်နိုင်ပေါ့၊ကုသိုလ်ကောင်းမှုအလှူအတန်းဆိုတာဝေးရောပေါ့နော့။တစ်ချို ့ရုံးဌာနတွေများဆို တစ်နှစ်ပတ်လုံးကျွေးမွေးစရိတ်(၇၀၀)ကျပ်နဲ ့ရပ်တည်နေရတာ ဒီကနေ ့ဖွတ်ကြားဒီမိုကရေစီခေတ်ထိပါဘဲ။    အဲဒီလို မလောက်ငှလေတော့ ရုံးဌာနတွေမှာ ဖြတ်စား၊လာဘ်စားတွေပေါ်လာတာအဆန်းမဟုတ်ပါဘူးနော့။ဒီနေ ့ထိအောက်ခြေမှာ ဝန်ထမ်းစုတ်၊ဝန်ထမ်းပျက်တွေ ကိုစိတ်ထင်သလိုခိုးစားခိုင်း၊ဝှက်ခိုင်း၊နောက်ဖေးမီးဖိုချောင်လှေကားကနေ အထုပ်ပါမှဝင်ရတဲ့အိမ် ရှိနေသေးတဲ့ဒီခေတ်ဟာ ဖွတ်ကြားခေတ်၊ကတုံးပေါ်ထိပ်ကွက်တဲ့ခေတ်၊ပါလေရာငပိချက် အာဏာရူးတွေမှော်ထတဲ့ခေတ်ပျက်ပါဘဲ။   အများအားဖြင့်ကျွန်တော်တို ့ဒေသခံတွေရဲ ့အများစုသောလူထုက ဆင်းရဲသားလူတန်းစားတွေမို ့၊ဒီလူတွေအပေါ်မှာ အနိုင်ကျင့် ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ၊အမြတ်ထုတ်တဲ့စိတ်ဓာတ်မျိုးကို သာမန်အောက်တန်းကျတဲ့စိတ်ဓာတ်ပြောလို ့မရတော့ဘူး။ဒီစိတ်က အင်မတန်ယုတ်ညံ့တဲ့တဲ့ “လူ ့တိရစ္ဆာန်တို ့”ရဲ ့စိတ်ဘဲဖြစ်တယ်လေ။ဆရာတစ်ယောက်ကပြောတာကတော့““လူ ့တိရစ္ဆာန်တွေများသထက်များလာရင် လူ ့လောကကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်ကြီးဖြစ်သွားပါမယ်””တဲ့။   ကျွန်တော်တို ့ဟာလူ ့လောကကြီးကိုခဏတာအလည်လာသူတွေမို ့တနေ ့ပြန်ကြရမှာပေါ့။အိမ်အပြန်လမ်းလေးဖြောင့်အောင်လို ့………..


ဂန္တဝင်မြောက် နှုတ်ခမ်းပါးက မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ……. မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ… အပြင်မှာ.  မှောင်သလား လင်းသလား…???? မကွဲပြားတော့ဘူး။ နေထွက်၊နေဝင် ကျွန်တော်နဲ ့မသက်ဆိုင်သလို… မေ့ကို စွဲလမ်းမှုဟာ ကော်ပီသီချင်းမဟုတ် နီကိုတင်းမဟုတ် အဓမ္မမှုမဟုတ်ပေမယ့်….????? နောက်လူတွေ ဘာသာပြန်ဖို ့ ထားပေးခဲ့ရင်း…. ကျွန်တော်ကတော့  အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့ အနာဂတ်ကို အမှတ်တမဲ့နဲ ့……. ခရီးဆက်နေဆဲ…………။ ဘဝဆိုတာသာ ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့ Whiteboard တစ်ချပ်ပေါ်က မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင် ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို ပြန်ချေဖျက်ခွင့်ရချင်တယ်……. ဘယ်သူမှ မဖိတ်ခေါ်ဘဲ ငါဝင်ရောက်လာခဲ့သလို ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….