mrphilipsAugust 22, 20121min21113
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်းပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကိုသမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကိုလာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။ အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ […]


mrphilipsAugust 12, 20121min28713
  တောင်ဂုတ်မြို ့တွင် ဇွန်လ(၃)ရက်နေ ့ ခရီးသွား ၁ဝ ယောက်အသတ်မခံရခင် ကြိုတင်ဝေထားသော စာမူရင်းကိုတင်ပြလိုက်သည်။ နောက်ထပ် ထူးခြားသတင်းများကို တင်ပြပေးပါမည်။ (တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ်ဆယ်ဦးကို ရာနဲ့ချီတဲ့ လူတွေက ဝိုင်းပြီး ရိုက်သတ်ကြတယ်။သေတဲ့အလောင်းတွေကို အလယ်မှာချပြီး မိန်းမယောက်ျားတွေကခုန်ပြီး အောင်ပွဲခံတယ်။ အရက်ပုလင်းခွံတွေကို အလောင်းတွေပေါ် ပစ်ချတယ်။အလောင်းတွေကို သေးနဲ့ပန်းတယ်။ အလောင်းတွေပေါ် အန်ချတယ်။ ဆီလောင်းပြီးခရီးသည်တင်ကားရော၊အလောင်းများကို မီးရှို ့ရန်ပြုလုပ်။မိန်းမတွေ အရှက်မဲ့တဲ့ပုံသဏ္ဍာန်တွေနဲ့ အလောင်းတွေပေါ် တက်နင်းပြီး ကပြအောင်ပွဲခံတယ်။ နောက်ဆုံး အလောင်းတွေကို သံတွဲကိုသယ်သွားတော့ ကားပေါ်ကို တိရစာ္ဆန်တွေလို ရက်ရက်စက်စက် ပစ်တင်ပေးလိုက်တယ်။ ကျနော်ပြောခဲ့သလိုတွေ သူတို့ လုပ်ခဲ့လား၊ မလုပ်ခဲ့လားဆိုတာကိုတော့ ဒီပုံကိုသာ ကြည့်လိုက်ကြပါ။ ဒါ သံတွဲမြို့ကို အလောင်းတွေ ပြန်ယူလာတော့ ကားပေါ်မှာ အလောင်းတွေနဲ့ […]