တြတ္ပီDecember 3, 20111min1349
ခုတစ်လော ဆိုင်ကယ်တွေ ခဏ ခဏ တွန်းလာတာတွေ့လို့ မေးကြည့်မိတော့ ကာပရိုက်တာ မကောင်းတာလို့ပြောပါတယ်။ ခဏခဏ ဆေးပေးရတယ် လို့လဲပြောပါသေးတယ်။ ဒါနဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုမေးကြည့်လိုက်တော့ ဆီမသန့်တာလို့ပြောပါတယ်။ ဆီက ဘယ်လိုမသန့်မှန်းတော့မမေးမိလိုက်ပါဘူး။ ဒါနဲ့ ဆီဆိုင် ကိုဝင်ပြီး ဆီထည့်ရင်းနဲ့ မေးကြည့်လိုက်ပါတယ်။ သူများတွေကတော့  အောက်တိန်း ကိုထည့်လို့ပြောတာနဲ့ အောက်တိန်း ဝယ်လိုက်ပါတယ်။ ဆီဆိုင်က ဆီသန့်ပါတယ်လို့ပြန်ပြောတယ်။ ကျွန်တော်လည်း သေသေချာချာမေးကြည့်မိပါတယ်။“ဆီသန့်တယ်ဆိုတော့ မသန့်တာရောရှိလားခင်ဗျာ?” “ဟာ ရှိတာပေါ့ဟု ဆိုကာ ထုတ်ပြသည်၊ ဒီမှာလာကြည့် ဒါက ဓါတ်ဆီ အစစ်၊ ဒါက အတု ၊ ဟုတ်ပါသည်၊ အစစ်က လက်ပေါ်ကိုတင်ကြည့်တော့ လက်ကအေးသွားပါသည်၊ နောက်ပြီးတော့ ခဏလေးနဲ့ လက်က ခြောက်သွားပါသည်။ အတု ကြတော့ 5 မိနစ်နေလဲ လက်ကမခြောက်ပါဘူး။ […]