myanmarnavy seadogMarch 7, 20131min147
တစ်နေ့က စက်မှုလက်မှုက အရာရှိငယ်တစ်ယောက်မူးမူးနဲ့ ရင်ဖွင့်လေရဲ့။ အကြောင်းက နိုင်ငံခြားကို ချစ်ကြည်ရေး စေလွှတ်တဲ့ စစ်ရေယာဉ် (ဒုံးတင်) ၅၆၁ နဲ့ ၅၆၂ ကို စင်္ကာပူနိုင်ငံကိုမစေလွှတ်ခင် အားခြင်းပြင်ဆင်ရေးတွေလုပ် ဒုံးတင်အခွံလွတ် (ပိန်လိမ်နေသော ဒုံးပျံမပါ C801 type) တွေတပ် EOD စနစ်အတု ရေယာဉ်ခေါင်မိုးပေါ်မှာ အားခြင်း ဂဟေဆော် ကြိုးတောင်မပါဘူးတဲ့။ ရေဒါအတု( လက်နက်စနစ်) တွေတပ် ။ အလေးချိန် ၄ တန်လောက်ကို ရေယာဉ်ခေါင်မိုးပေါ် ကြည့်မကောင်းရှုမကောင်း တင်ထားလိုက်ကြတာ စင်္ကာပူရောက်တော့ စင်္ကာပူရေတပ်ကကောင်တွေ ရေယာဉ်ပေါ်တက်လေ့လာပြီး အလွန်အံ့အားသင့်ကြလို့ မြန်မာနိုင်ငံရဲ့ ကြိုးမဲ့စနစ်သုံး အဆင့်အလွန့်အလွန်မြင့် စွမ်းအားရှင် လက်နက်စနစ်တွေကိုလေ့လာဘို့ မြန်မာပြည်ကိုရောက်ရှိနေကြကြောင်းပါ။ အခုမြန်မာနိုင်ငံရေတပ်မတော်ကြီးမှာ တပ်ဆင်ထားတဲ့ ဒုံးပျံတွေဟာ မပစ်ခင် သရဏဂုံတင်။ အမြောက်တွေကြတော့ တပ်ထားတဲ့ […]


myanmarnavy seadogMarch 7, 20131min225
Myanmar NAVY မှာ အရာရှိတွေဟာ ကောင်းရင် ကောင်းသလို ဆိုးရင် ဆိုးသလို ရဲဘော်တွေက နာမည်ပြောင်ပေး ကွယ်ရာမှာ တိ်တ်တိတ်ခေါ်ကြပါတယ်။ ဒီလိုခေါ်ရင် အဲဒီနာမည်ပြောင်များကို နှစ်နဲ့ချီလာတော့ သူတို့ရဲ့ best man များကတဆင့် အဲဒီအရာရှိတွေ ကိုယ့်နာမည်ကိုယ် သိသွားကြပါတယ်။ ငါးမည်ရ ဖင်ကြီးမ ခေါ် ပရိုမီနာ အကြောင်းကတော့ ညီငယ် နေမင်းသူ ရေးသွားပြီမို့ သူ့အကြောင်းတော့ မရေးတော့ပါဘူး။ မှုန်တိုင်းကြီး ဗိုလ်မှူးကြီးတင်မောင်ညွန့် ရဲဘော်တွေ အလေးမပြုဘဲ သူ့ရှေ့က ဖြတ်ရင် မှုန်တိုင်းကျသလို ဒေါသ ကြီးတတ်လို့ သူလည်းထွက်သွားပါပြီ။ ရန်ရှာ ဗိုလ်မှူးရန်နိုင် ယခု လက်ရှိ တရခ မှာ ဆရာကြီးတွေကိုမိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ ရန်ရှာ ဒေါသကြီး ကိုယ်ကြိုးရှာ အရာရှိဆိုး လို့နာမည်ကြီးပါတယ်။ […]


myanmarnavy seadogMarch 6, 20131min26416
ကျုပ် တပ်မတော်(ရေ) ထဲရောက်ကာစ မနူးမနပ်အရွယ်က စစ်ရေယာဉ်မှူး ဗိုလ်ကြီးတစ်ဦး အိမ်ကိုပေးတဲ့စာတစ်စောင်ကောက်ရဖတ်ခဲ့ဘူးပါတယ်။ စာက မိခင်ဆီရေးတဲ့စာပါ။ “အမေ သားအတွက်အမေ မောခဲ့ရသမျှ အမေ မောပြေစေရပါ့မယ် သားတိုက်ရေယာဉ်(   ) မှာ စစ်ရေယာဉ်မှူးဖြစ်နေပြီအမေ မကြာခင်အမေရယ် ညီမလေးတို့ရယ် ပြည့်ပြည့်စုံစုံနဲ့ ချမ်းချမ်းသာသာ နေရတော့မှာပါ……” ကျုပ် အဲဒီစာကို ကောက်ရတဲ့အချိန် အဲဒီစစ်ရေယာဉ်မှူး မရှိတော့ပါဘူး ပြောင်းရွေ့သွားပါပြီ။ အဲဒီအချိန်က စာပါ အကြောင်းအရာတွေနားမလည်ခဲ့ပါဘူး။ အခုတော့ အဲဒီစာလေးကို အားလုံးသိဘို့ရှင်းပြဘို့လိုလာပါပြီ။ စစ်တက္ကသိုလ် ဆင်းအရာရှိတွေထဲက တပ်မတော်ရေ ကိုရောက်ရှိလာတဲ့ အရာရှိငယ်တွေဟာ ဆိပ်ကြီး(သံလျှင်)မှာ JOC လို့ခေါ်တဲ့ ရေတပ်အရာရှိငယ်သင်တန်းကိုတက်ရပါတယ်။ အဲဒီမှာ ရေတပ်ဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပြီးရင် မင်းညီမင်းသားတွေလို သင်တန်းဆင်းပွဲကို ခမ်းနားစွာ ကျင်းပသင်တန်းဆင်းပေးပြီးရင်ဗိုလ် ဘဝနဲ့ ရင်းဖွဲ့ ရေယာဉ်တွေမှာ တွဲဘက်အရာရှိငယ်ဘဝနဲ့ ရေတပ်ဆိုင်ရာအတွေ့ […]


myanmarnavy seadogMarch 6, 20131min1438
ကျုပ်သူငယ်ချင်းတစ်ယောက် မနေ့ကရောက်လာတယ် အားကိုးတကြီးနဲ့ဗျာ။ ဆိပ်ကြီး ရလရ(၁) ကနေပြောင်းချင်လို့တဲ့ ဘယ်လောက်ကုန်ကုန်ဆိုဘဲ၊ ကျုပ်သူရောက်တဲ့နှစ် တွက်ကြည့်တော့ ၂နှစ်ကျော်နေပြီ ဘယ်နှယ်ဗျာ တနှစ်လောက်အောင့်အီးနေလိုက်ရင် ကြိုက်တဲ့ ဌာနချုပ်ကိုသွား ဘာမှ ဂါစရာမလိုဘူး။ ဘယ်လိုမှဖျောင့်ဖျလို့မရဘူး ရခိုင်ရောက်ချင်လဲရောက် ပြောင်းဘို့ကိုလုပ်ပေးဆိုဘဲ။ အဲဒါနဲ့မေးကြည့်မိတယ် အဲဒီမှာလက်ရှိရောက်နေတဲ့ ဗိုလ်မှူးချုပ် မြင့်နွယ် ဆိုလား ရောက်ကထဲက အရာရှိ စစ်သည် နည်းပြတွေကို နေစရာမရှိအောင် ကျစ်။ ဒုက္ခပေး လိမ်ကျစ်နေတာ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး သုံးယောက် တပြိုင်နက်ထွက်စာတင်ကြတယ် ဆိုလားဘဲ။ ရေကြောင်းကဌာနမှူး ဒုမှူးကြီး လွင်မိုး၊ လက်နက်ကဌာနမှူး ဒုမှူးကြီး ထွန်းနေအောင်။ နောက် ဆက်သွယ်ရေးနဲ့အီလက်ထရောနစ်သင်တန်းဌာနက ဒုမှူးကြီး သန့်လွင်မောင် တို့တဲ့ ကျော်မကောင်း ကြားမကောင်းဗျာ ။ ကျုပ်တသက်မှာဒီလိုအရာရှိဆိုးမျိုး ဒီတစ်ခါဘဲကြားဘူးတယ်။ အင်းတော်လို အဖြစ်ဆိုးမျိုး […]