anybodyJuly 22, 20121min753
ဇူလိုင်လ (၁၉)ရက်နေ့၊ နံနက် ဝ၉၀ဝ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမတွင် အမျိုးသားခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ကြပါသည်။ www.royalcherry.blogspot.com မှကူးယူဖော်ပြပါသည်။


anybodyJune 24, 20121min17013
(ရင်ဖွင့်ခွင့်လေးပေးကြပါ)တကယ်တော့ အချစ်ကမြင်နိုင်တဲ့အရာမဟုတ်ပါဘူး အချစ်ဆိုတာ စိတ္တဇနာမ်ဖြစ်နေလို့ပါပဲ သို့သော်တစ်မျိုးတစ်ဖုံမြင်နိုင်တယ် အဲဒါကခံစားမှုဆိုတဲ့အရာပါပဲ။ကျတော်တို့ချစ်သူနှစ်ယောက် လွန်ခဲ့တဲ့ရက်အနည်းက အနည်းငယ်အဆင်မပြေမှုလေးတွေဖြစ်ခဲ့တယ်။သောကြာနေ့ဖုန်းပြောဖြစ်ခဲ့တယ် (ဒီနေ့ သောကြာနေ့ မင်းဆီကိုဖုန်းဆက်ရမယ်ဟေ့ မနက်ဖြန်စနေနေ့ မင်းနဲ့ငါဆုံမယ်ဟေ့)ဆိုတဲ့အတိုင်းပဲ ချစ်သူနဲ့တွေ့ချင်တဲ့အကြောင်းပြောခဲ့တယ် ဒီနေ့ သောကြာနေ့က သူပင်ပန်းတယ်ပေါ့ မနက်ဖြန်မတွေ့တော့ဘူး၊နောက်စကားတစ်ခွန်းက မတွေ့ချင်တော့ဘူးဆိုတာပါပဲ။ကျတော်ဘယ်လိုခံစားရမလည်း ဝင်ပြီးခံစားကြည့်နော် ညနေပိုင်းအချိန်လေးတော့တွေ့ချင်ခဲ့တယ်လေ တစ်နေ့လုံးနားလိုက်ပေါ့။ဒီလိုနဲ့ကျတော်ချစ်သူနဲ့တွေ့ခွင့်မရတဲ့အတွက် စိတ်အရမ်းဆိုးသွားတယ် အဲဒါနဲ့ပတ်သက်လို့ စကားတွေများခဲ့ရတော့တာပေါ့ အာလပ်ရက်လေးမှာ ချစ်သူနဲ့ကြည်ကြည်နူးနူးလေးနေချင်တဲ့စိတ်ကလွန်ကဲမှုကြောင့်ပါပဲ။အဆင်မပြေမှုတွေကြောင့် အရက်တွေကျတော်သောက်ဖြစ်ခဲ့တယ် နောက်တစ်ရက် တနင်္ဂနွေမှာလည်းအလုပ်ကိုမသွားနိုင်တော့ပါဘူး ဘာမှမလုပ်ချင်တော့ဘူး ချစ်သူပဲလိုအပ်တယ် ကျတော်အဲလိုမျိုးစွဲလန်းနေပြီ။ ကျတော်တို့တွေ ကြည်ကြည်နူးနူးနဲ့အတူမဆုံရတဲ့နေ့တွေ ရက်ပေါင်း(20)လောက်ရှိသွားခဲ့ပြီလေ ကျတော်တွေ့ချင်တာမလွန်ပါဘူး။နေ့စဉ်မကြာမကြာမလွတ်မလပ်တော့မြင်တွေ့ရပါတယ် ဒါပေမဲ့ခံစားလို့မရဘူးလေ ကိုယ့်မှာလည်းအလုပ်တွေနဲ့ သူ့မှာလည်းအလုပ်တွေနဲ့လေ။အချိန်တွေကြာစိတ်တွေဆိုးခဲ့ကြပေမဲ့ ရင်ဘက်ထဲမှာတမ်းတမ်းတတရှိနေတာဟာ ကျတော်မမြင်လိုက်တဲ့အချစ်ပါပဲ။ ကျတော်အရက်တွေသောက်တာ သူအရမ်းမုန်းတယ် ကျတော်လည်းအမြဲတမ်းမသောက်ပါဘူး။လူမှုရေးအရ ပွဲတစ်ခုခုရှိမှပါ။ဒီလိုနဲ့ဆက်ပြောရမယ်ဆို ကျတော့်ချစ်သူကို mail account တစ်ခုဖွင့်ပေးထားတယ် အပြင်ရောက်နေတဲ့သူငယ်ချင်းတွေနဲ့အဆက်အသွယ်လုပ်ပြီး စကားပြောခွင့်ရစေချင်လို့ပါ။ ချစ်သူက အင်တာနက်ပေါ်မှာ ဘာမှတော့မဟုတ်ပါဘူး […]


anybodyJune 12, 20121min400
တောင်ကြီးမြို့နယ် တောင်နီကျေးရွာရှိ မူလဈေးကို (2.6.2012)တွင် ပုဒ်မ (188) ထုတ်ပြန်ပြီး ဈေးပိတ်ကာ ဈေးသစ်သို့ပြောင်းရွေ့ဖွင့်လှစ်ရန်ဆောင်ရွက်ခြင်းအပေါ် ကျေးရွာလူထုနှင့် ပြည်သူများက မခံမရပ်ဖြစ်ပြီး စုဝေးဆန္ဒဖော်ထုတ်ခဲ့ပါကြပါသည်။(7.6.2012)ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွတ်တာ် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(1)ကိုယ်စားလှယ် ဦးဉာဏ်လင်းထံသို့ ထိုကျေးရွာရပ်မိရပ်ဖနှင့် ဈေးကော်မတီအဖွဲ့ဝင်များက (11.6.2012)ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး (12.6.2012)ရက်နေ့တွင် မူလဈေးဟောင်းအား ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း လာရောက်ဆွေးနွေးတင်ပြကြရာ ဦးဉာဏ်လင်းမှပြည်သူများ၏ကိုယ်စား ရှမ်းပြည်နယ်အစိုးရဝန်ကြီးချူပ်ထံသို့ စာဖြင့်တောင်နီဈေးဟောင်းအား (12.6.2012)တွင်ပြည်လည်ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ အစိုးရအဖွဲ့မှ ပြည်သူ့ဆန္ဒအရ ဈေးဟောင်းအားပြန်လည်ဖွင့်လှစ်စေခဲ့ကြောင်း သိရှိရပါသည်။ ဒါဟာပြည်သူများဟာ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်ချက်ဆိုတဲ့အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယခုအကြောင်းအရာအား ပမထာထားပြီး ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်အတွင်မှကိုယ်စားလှယ်များဟာဖြင့် ယခုလို ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ပေးစေလိုကြောင်း ယခုပို့နဲ့အတူတင်ပြအပ်ပါသည်။(သွားပြီးငိုက်မနေနဲ့နော် :D)


anybodyJune 8, 20121min1284
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား အရည်အချင်းပြည့်ဝပြီး ပြည်သူများကို ဦးဆောင်နိုင်သော၊ ပြည်သူ့ကိုယ်စားပြု အမာခံများဖြစ်စေရေး၊ ပြည်သူက ယုံကြည်အားကိုးသော ပြည်သူ့ပါတီကြီးဖြစ်စေရေး၊ ပါတီအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဒီမိုကရေစီ နည်းစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပါတီကော်မတီဝင်များ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းအား တစ်နိုင်ငံလုံး ပျံ့နှံ့စွာ ဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် ပထမအဆင့် ရပ်ကွက်/ကျေးရွာအုပ်စု များရှိ ပါတီဝင်များမှ အုပ်စုခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များကို မဲပေးစနစ်ဖြင့် ပဏာမရွေးချယ်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်လည်း အဆိုပါရွေးချယ်ပွဲကို ရွေးချယ်နိုင်ရန်အတွက် (၈-၅-၂၀၁၂)ရက်နေ့ နံနက် ဝ၉းဝဝ နာရီအချိန် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး (၁)ဦး၊ EC ၂ ဦး စုစုပေါင်း (၃)ဦး တက်ရောက်စေပြီး ၎င်းတို့မြို့နယ်ရှိ နယ်မြေအခြေအနေသုံးသပ်ချက်၊ အုပ်ချုပ်ရေးနှင့်ပါတီ၏ ဆက်ဆံရေး၊ အုပ်ချုပ်ရေးနှင့် […]