123456789January 4, 20111min1305
လွတ်လပ်ခြင်း ဟူသည် …… ၁၈၈၅ ခုနှစ် ကုန်းဘောင်မင်းဆက်သီပေါမင်းကိုဖမ်းဆီးပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံလုံး ကိုလိုနီနယ်ချဲ့လက်အောက်ကျ ရောက်ခဲ့ရာမှ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့ဆိုလျှင်နှစ်ပေါင်း (၆၃) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေး(သို့တည်းမဟုတ်) လွတ်လပ်ခြင်း၊ မြန်မာဝေါဟာရအားဖြင့် လွတ်လပ်ရေးဟူသည် ဝေါဟာရ တစ်မျိုးတည်း သာရှိသော် လည်းအင်္ဂလိပ်စာလုံးးတွင်Independent ဆိုသည့်ဝေါဟာရတစ်မျိုး Liberty ဆိုသည့်ဝေါဟာ ရတစ်မျိုး၊ Freedom ဆိုသည့် ဝေါဟာရ တစ်မျိုးကို တွေ့ရှိရသည်။ Independent ဟူသည် အမှီအခိုကင်းခြင်း၊ မှီခိုမှုမှလွတ်မြောက်ခြင်း စသည့်အဓိပ္ပာယ်ဖြစ်သည်။ တနည်းအားဖြင့်တစုံတရာ (သို့မဟုတ်)တဦးတယောက်(သို့မဟုတ်)နိုင်ငံတစ်နိုင်ငံသည် ကိုယ်အားကိုယ်ကိုးမရပ်တည်နိုင်သည့်အခြေအနေတွင် တစုံတရာ(သို့ မဟုတ်) တဦးတယောက်(သို့မဟုတ်)နိုင်ငံတစ်နိုင်ငံအပေါ်တွင် မှီခိုအားထားနေရသည်ကို Dependent ဟုသုံးစွဲကာ၊ ထိုသို့မှီခိုခြင်းမှ ကင်းလွတ်သည်ကို Independent ဟုသုံးစွဲသည့်သဘောဟု ယူဆမိသည်။ Liberty ဟူူသည် […]


123456789November 30, 20101min825
အမျိုးသားအောင်ပွဲနေ့ အမျိုးသားနေ့ဆိုဟုဆိုလိုက်သည်နှင့်တပြိုင်နက် ကျွန်တော့ရင်ထဲတွင် အလိုလိုနားလည်ပြီးသားဖြစ် နေသည့်အချက်မှာ “မြန်မာကျောင်းသားထုသည် မတရားသည့်အမိန့်အာဏာ များကို တွန်းလှန်ခဲ့သည်။ ဖြိုခွင်းခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှုဖြင့် တိုက်ဖျက်ခဲ့ကြသည် ” ဆိုသည့်အချက်ပင်ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့ဟူသည် မြန်မာလူမျိုးတိုင်း တက္ကသိုလ်ပညာကိုသင်ကြားခွင့် မရရှိနိုင်စေရန် အဖက်ဖက်မှ ကန့်သတ်ဖိနှိပ်ထား သည့် တက္ကသိုလ်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ကျောင်းသားထု၏ စည်းလုံးညီညွတ်မှု၊ အနစ်နာခံမှု ၊ ဇွဲ သတ္တိ၊ လုံလဝီရိယတို့၏အောင်မြင်ရာပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။ ကိုလိုနီခေတ်တက္ကသိုလ်ဥပဒေ၌- – – မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ထိုတက္ကသိုလ်လက်အောက်တွင်လည်းကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။ -ထိုတကျောင်းတည်းသောကောလိပ်ကျောင်းသည်လည်းရန်ကုန်မှာပင်ရှိရမည်။ – ထိုကောလိပ်ကျောင်းတွင် စာသင်လိုသော ကျောင်းသူ၊ ကျောင်းသားများတို့သည် ကျောင်း အိပ်ကျောင်းစားများ အဖြစ်နေရမည်။[1] စသည့်အချက်များပါဝင်ပေသည်။ ထိုအချိန်ကမြန်မာနိုင်ငံတွင်တက္ကသိုလ်ဟူ၍မရှိသေးဘဲရန်ကုန်ကောလိပ်နှင့်ယုဒဿန်ကောလိပ်စသည့် ကောလိပ်ကျောင်း နှစ်ကျောင်း သာရှိသည်။ ယင်းကောလိပ်ကျောင်းနှစ်ကျောင်းသည်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် […]