spyhacker satanSeptember 27, 20121min1918
၁။       ယူနီဖေါင်းချွတ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ဝန်ကြီးဟောင်းများ လွှတ်တော်အတွင်း အုပ်စုဖွဲ့အာဏာရှင်စနစ်တည်ဆောက်နေသည်ကို အမှန်တစ်ကယ်မသိပါသလား။ ၂။       သူရဦးရွှေမန်း၏အသံနှင့် အာဏာရူးဆန္ဒကို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒဖြစ်အောင် လွှတ်တော် အတွင်းဖန်တီးနေသည်ကို အမှန်တကယ်မသိပါသလား။ ၃။       ပြည်သူချစ်သော အမေစုကိုနှစ်ရှည်အိမ်တွင်း အကျယ်ချုပ်ချထာခဲ့ခြင်းနှင့် ဒီပဲယင်းအရေးအခင်း ကိုကိုယ်တိုင်စီမံကြိုးကိုင်အကောင်အထည်ဖေါ်ခဲ့သူကို အမှန်တစ်ကယ်မသိပါသလား။ ၄။       ဒီမိုကရေစီလုိုလားကြသူ (၈၈) ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီအင်အားစုများကို ရက်ရက်စက်စက် နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံရအောင် အဓိကစီမံကြိုးကိုင်ခဲ့သူမှာ ဦးရွှေမန်းဖြစ်သည် ကို အမှန်တစ်ကယ်မသိပါသလား။ ၅။       အယ်ဂျာဇီးယားရုပ်သံလွှင့်အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ပြီးဖြစ်သည့် အာဏာရှင်စနစ် မြောက်ကိုရီးယားနှင့် လျှိုက်ဝှက် လက်နက်ကိစ္စများတွင် အဓိကကိုယ်တိုင် ဦးဆောင်ခဲ့သူမှာ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးရွှေမန်းဖြစ်သည်ကို အမှန်တစ်ကယ်မသိပါသလား။ ၆။       ဒီပဲယင်းအရေးအခင်း အပါအဝင် အရေးကြီးအဆုံးအဖြတ်များကို ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်မှန်များအား ထိုစဉ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်၊ […]


spyhacker satanSeptember 25, 20121min57
ဖွဲစည်းပုုံအခြေခံဥပဒေခုံရုံးကို စွတ်စွဲဖြစ်တင်တဲ့ကိစ္စကို အဓိကကြိုးကိုင် ဦးဆောင်ခဲ့သူဟာ သူရရွှေမန်းပဲဖြစ်တယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဥပဒေကိုမျက်ကွယ်ပြုသူ၊ လွှတ်တော်အထက်မှာ ဘာမှမရှိလို့ ကြုံးဝါးနေသူ ဦးရွှေမန်းရဲ့ ထင်ရှားတဲ့လုပ်ရပ်တွေကတော့…… (၁) လွှတ်တော်အမတ်တွေ ပစ္စည်းစာရင်းတင်ရေး အဆိုကို ပြာပြာသလဲကန့်ကွက်ခဲ့ပါတယ်။ အဂတိလိုက်စားပြီး မတရားသဖြင့်ရရှိထားတဲ့ ပစ္စည်းတွေဟာ လူသိမခံဝန့်လောက်အောင် များပြားနေတယ်ဆိုတာ သိသာလှပါတယ်။ (၂) အင်းယားမြိုင်လူသတ်မှုမှာ ဦးရွှေမန်းရဲ့ သားတွေပါဝင်ပတ်သက်မှုရှိနေပေမဲ့လည်း သူ့ရဲ့ဩဇာအာဏာကို အသုံးပြုပြီ အမှုအပေါ်အောင် ဖုံးဖိထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယနေ့အချိန်ထိ လူသတ်တရားခံ အစစ်အမှန်ကို ရဲက မဖေါ်ထုတ်ရဲပါဘူး။( ဆက်စပ်မှုကို ပြောရရင် ဦးရွှေမန်းသားတွေနဲ့ ယခုအမွေတွေအကုန်ရသွားတဲ့ သားမက်ဖြစ်သူ သုဇော်ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကောင်မလေးရဲ့မိဘတွေက ပေးစားလို့ယူထားတာပါ။ ကောင်မလေးရဲ့ မိဘတွေက ဘာလို့ပေးစားလဲဆိုရင် ကောင်မလေးဟာ နာမည်ကျော်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဇင်ယော်မောင်မောင်နဲ့ဖြစ်နေလို့ပါ။ ဘယ်လိုမှတားလို့မရတဲ့အဆုံး မိဘတွေက […]


spyhacker satanSeptember 6, 20121min1347
“ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ၊ အစစ်အမှန်” ဒေါင်းယောင်ဆောင်သော ကျီး ဦးရွှေမန်း နှင့် ယူနီဖေါင်းချွတ်အာဏာရူး လူတစ်စု၏ ဆင်ကြံ၊ ကြံစည်နေသော လုပ်ရပ်သည် ပြည်သူ့ဆန္ဒ အစစ်အမှန်မဟုတ်၊ စစ်တပ်အာဏာ ယူထားတုံးက ခမည်းခမက်၊ သားသမီးဆွေမျိုးကောင်းစားရေးနှင့် နေချင်းညချင်း သူဌေးဖြစ်လာ ကြသော ယူနီဖေါင်းချွတ် ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ဟောင်း ဝန်ကြီးဟောင်း အာဏာရူး တစ်စု ပေါင်းမိပြီး လွှတ်တော် ထဲမှာ “ရွှေမန်း အသံ”၊ “ရွှေမန်း ဆန္ဒ” ကို “ပြည်သူ့ အသံ”၊ “ပြည်သူ့ ဆန္ဒ” ဖြစ်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အသုံးချနေကြပြီ၊ ပြည်သူချစ်သော “အမေစု” နှင့် ပြည်သူထောင်ခံထားသော လွှတ်တော်ကိုယ်စာလှယ်တော်များ အပါအဝင် စည်းရုံးခံနေကြရပြီ၊ ဥပဒေ၏ အထက်မှာ နေဖို့ ဆင်ကြံကြံနေတဲ့ “ကျီးမိုက်” […]


spyhacker satanAugust 28, 20121min23513
ဦးရွှေမန်း အာဏာရူး မင်းသား ခေါင်းဆောင်းထားတာ အစွယ်တွေ ထွက်လာတော့ ဘီလူးရုပ်အမှန် ပေါ်လားပြီ……. နံမည်ကတော့ ရွှေမန်းဘဲ စိတ်ထားကတော့ တိုင်းပြည်ပျက်အောက် ဖျက်မဲ့သူဘဲ….. အာဏာရူးလူတစ်စုနဲ့ ပေါင်းပြီး ပြည်သူတွေကို ချောက်ထဲ တွန်းပို့နေပြီ…… ရွှေမန်းတီးတဲ့ ဆိုင်းအတိုင်း လွှတ်တော်ကိုယ်စားလှယ်တော်တွေ ဒီအတိုင်းလိုက်ကနေကြရင် ပြည်သူ့ရဲ ဒဏ်ခတ်တာ ခံကြရတော့မည်…… ရွှေမန်းဆန္ဒသည် ပြည်သူ့ဆန္ဒ မဟုတ်ကြောင်း အားလုံးနိုးကြား သတိရှိကြဘို့လိုသည်။


spyhacker satanAugust 28, 20121min702
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၂၁/၂၀၁၂) ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁ဝ ရက် (၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂ရ ရက်) ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် – (၁) ရဲချုပ်ကျော်ကျော်ထွန်း ပြည်ထဲရေးဝန်ကြီးဌာန (၂) ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန (၃) ဦးသန်းဆွေ ယဉ်ကျေးမှုဝန်ကြီးဌာန (၄) ဦးအောင်သိမ်း သမ္မတရုံးဝန်ကြီးဌာန (၅) ဒေါက်တာလင်းအောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန […]


spyhacker satanAugust 27, 20121min841
 ဦးရွှေမန်း အာဏာရူးနေပြီ၊    ရွှေမန်း၏ အသံ၊ ဆန္ဒကို လွှတ်တော်အသံ၊ ဆန္ဒ ပြည်သူ့ အသံ၊ ဆန္ဒ ဖြစ်အောင် အာဏာရူးတို့ တစု ဝိုင်းဝင်း ကြံစည်နေကြပြီ    ပြည်သူမှ ရွေးထားသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ဦးရွှေမန်း၏ တိုင်းပြည်ချောက်နှုတ်ခမ်း ရောက်အောင် ဆင်ကြံကြံနေတာကို ရပ်တန်းကရပ်ရန်၊ ပြည်သူတွေ လွှတ်တော်ကို ရွံမုန်းမသွားရန်၊ ကိုယ်စားလှယ်တော်ကြီးများ အမှန်တရားဘက်က ရပ်တည်ပေးရန် လိုအပ်ပါသည်။    အာဏာရူး ဦးရွှေမန်း လွတ်တော်ကို အသုံးချပြီး၊ တရားဥပဒေ အထက်ကနေဖို့ ကြိုးစားနေတာကို ရောရောင်ပြီး မပါဝင်သင့်ကြပါ။   လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ပြည်သူ့ဘက်မှ၊ အမှန်တရားဘက်မှ ရပ်တည်ပေးဖို့  တို်က်တွန်းအပ်ပါသည်။   “ ပြည်သူ့ အသံ အစစ်အမှန်…………………”