myohtatDecember 22, 20111min1479
ကျုပ်.. အလယ်တန်းကျောင်းသားဘဝလောက်က အထိုးအကြိတ်အရှောင်အတိမ်းတွေနဲ့ ကိုယ်လုံပညာ တွေကို သင်ကြားလိုက်စားခဲ့ဘူးပါတယ် … ရိုးသားစွာဝန်ခံရရင် … ဒါတွေအားလုံးတတ်ထားမှ မိမိကိုယ်နဲ့ မိသားစုအသိုင်းအဝိုင်းကိုဘယ်သူမှ အနိုင်ကျင့်စော်ကားရဲမှာမဟုတ်ဘူးလို့ထင်မိခဲ့ပါတယ် … အမှန်တကယ် .. ကျုပ်တို့လေ့လာသင့် တတ်ထားသင့်တာက(ဥပဒေ)ပညာပါဘဲ .. လူဆိုတာ အသက်(၁၀၀)မနေရပေမဲ့ အမှု့(၁၀၀)တော့ကြုံတွေ့ရတတ်ပါတယ် … ကိုယ့်မိသားစု ကိုယ့်ပါတ်ဝန်းကျင်မှာ မတရားတာတွေ ကြုံလာတဲ့အခါ … တကယ်တမ်းကျတော့ ဂျူဒိုတွေ ကရာတေးတွေက အသုံးမဝင်တော့ပါဘူး … ဥပဒေကသာအသုံးဝင်တာပါ .. အဓိက လေ့လာထားသင့်တာက ရဲတွေနဲ့ပါတ်သက်တဲ့ ဥပဒေပါဘဲ … ဥပဒေကိုနားလည်ထားမယ်ဆိုရင် … သူတို့ဘက်က သတိထားတတ်ပြီး ဥပဒေနားမလည်ဘူးဆိုရင်တော့ အနိုင်ကျင့်စော်ကားခံရမှာပါ … ဥပမာအနေနဲ့ တစ်ခုပြောပြချင်ပါတယ် .. သာမန်ဒဏ်ရာလောက်သာရတဲ့ ရိုက်မှု့တစ်ခုဖြစ်သွားပြီဆိုပါတော့ .. ကိုယ့်ဘက်ကလူက တရားခံဆိုရင် […]


myohtatNovember 21, 20111min1486
ပဲခူးခရိုင်ဒေသကြီး ညောင်လေးပင်မြို့နယ် စံဖဲကျေးရွာ၊ဝါးရင်ကုန်းကျေးရွာ၊နှင့် ဝင်္ဂဘော်ကျေးရွာ တို့မှာ .. မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊နှင့် တာဝန်ရှိ ရဲတပ်ဖွဲ့များအား လိုင်းကြေးပေးပြီး တောအရက်များ ချက်လုပ်နေကြပါတယ်။ တာဝန်ရှိသူတို့အားတိုင်ကြား သော်လည်း ချက်ခြင်းသတင်းပေးပြီး ဖယ်ရှားပစ်လို့ … ဘယ်ကိုတိုင်ရမှန်းမသိဖြစ်နေပါတယ် … ဒါ့ကြောင့် .. လိုင်စင်ရ အရက်ချက်လုပ်ငန်းသဖွယ် အရက်ချက်သူများနှင့် လိုင်းကြေးယူပြီး လျှစ်လျှုရှု့ထားကြသော တာဝန်ရှိသူများကိုပါ အရေးယူပေးပါရန် … သက်ဆိုင်ရာသို့ လေးစားစွာတင်ပြအပ်ပါတယ်။      


myohtatOctober 23, 20111min14210
ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ တပ်စွဲထားတဲ့ အင်္ဂလိပ်စစ်တပ်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ကြရာ … အမှတ် ၁၈ ၊ ဘုရင့်အိုင်းရင်းတပ်မှ လက်ဖတင်နင်အာရ်ဒူရန်(Lt.R.Doran) အမှတ် ၉ ၊ မဒရပ်ခြေမြန်တပ်မှ ဂျေအမ်တေလာ (J.M.Yaylor) နှင့် ဝင်ချက်စတာသင်္ဘောမှ ကပတိန် စီဂျီလော့ (C.G.Locke) တို့ ကျဆုံးကြပြီး ရွှေတိဂုံရင်ပြင်တော်၏အရှေ့မြောက်ထောင့်(တနင်္ဂနွေထောင့်)မှာမြှုပ်နှံခဲ့ပါသည်။ ၁၉၁၉ ခုနှစ်တွင် ရင်ပြင်တော်ပေါ်တွင်တပ်စွဲထားသော အင်္ဂလိပ်စစ်တပ်အားဖယ်ရှားပေးရန်မြန်မာတို့မှ တောင်းဆိုကြပြီး … ၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နေ့ နံက် ရ နာရီခန့်တွင် ကုန်းတော်ပေါ်၌မြှုပ်နှံထားသော အင်္ဂလိပ် အလောင်းများအား စစ်အခန်းအနားဖြင့် ကန်တိုမင်ပန်းခြံ (ဦးဥတ္တမပန်းခြံ)သို့ ရွှေ့ပြောင်းမြှုပ်နှံခဲ့ပါသည်။ မောင်ကြည်သန့် ၏ မြန်မာ့ဖြစ်ရပ်(၁၀၀) စာအုပ်မှ ကောက်နှုတ် တင်ပြပါသည်။


myohtatOctober 23, 20111min18313
တရားသူကြီး လုပ်စားလာတာ ကြာပြီ … ညကမက်တဲ့ အိပ်မက်မျိုး တစ်ခါမှမမက်ဘူးဘူး … ကျုပ်အိပ်မက်က .. ဒီလိုဗျ … ကျုပ်က တရားရုံးမှာအမှု့တစ်ခုကိုစီရင်ရတယ်ဗျာ .. တရားလို တရားခံနဲ့ သက်သေတွေရှေ့မှာ … ကျုပ်ထိုင်တဲ့စားပွဲရှေ့က အဝတ်စနီလေးနဲ့ပတ်ထားတဲ့ ကျမ်းကျိန်လွှာကိုကျုပ်ကကောက်ကိုင်ပြီး … ကျွန်ုပ်စစ်ဆေးနေသောအမှု့နှင့်ပါတ်သက်ပြီး ကျွန်ုပ်သည် … မှန်ကန်စွာဖြင့် တရားမျှတစွာအဆုံးအဖြတ်ပေးပါမည် … မမှန်မကန်ဆုံးဖြတ်ပါက ကျမ်းစာတွင်ပါသော ဘေးဆိုးရန်ဆိုးမှန်သမျှတို့သည် …  အကျွန်ုပ်အား ကျရောက်ပါစေသား … တရားသဖြင့်မှန်ကန်စွာ အဆုံးအဖြတ်ပေးပါက … ကျမ်းစာတွင်ပါဝင်သော … ကောင်းကျိုးချမ်းသာမှန်သမျှတို့သည် ရပါစေသား … ကျုပ် .. အိပ်ယာကနေလန့်နိုးသွားတယ် .. တရားသူကြီးကကျမ်းကျိန်ရတယ်ဆိုတာ အစဉ်အလာမှမရှိတာဗျာ … ပေါက်ပေါက်ရှာရှာကိုမက်တဲ့အိပ်မက် .. ကျုပ်တို့တရားသူကြီးတွေဆိုတာ ဥပဒေကို […]


myohtatOctober 15, 20111min3336
မြန်မာပြည်မှာ အရက်မျိုးစုံကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပြီး ကံစမ်းမဲတွေကိုလဲ ငွေသားကံစမ်းမဲ နိုင်ငံခြားခရီးစဉ် မော်တော်ကား မော်တော်ဆိုင်ကယ် တီဗွီ ဟမ်းဖုန်း စသည့်ကံစမ်းမဲများကို မက်လောက်အောင်ကြေငြာထားပါတယ် ကံစမ်းမဲဆိုတာ ဥပဒေနဲ့ငြိစွန်းနေပြီဆိုတာ မသိလို့လား သိလျှက်နဲ့ အရေးမစိုက်ကြတာလား မသိဘူး။ ဘယ်နေရာကြည့်ကြည့် ကံစမ်းမဲတွေဖြစ်နေပြီ နေပြည်တော် ရုံးအမှတ် (10) မှ တာဝန်ရှိလူကြီးမင်းများအနေနှင့် ၎င်း ကံစမ်းမဲအစီအစဉ်များအား ထည့်သင့် မထည့်သင့် စဉ်းစားပေးစေလိုပါတယ်။ ကံစမ်းမဲများ၏စွဲဆောင်မှုကြောင့် လူငယ်လူရွယ်လေးများ၏ အနာဂါတ် ရင်လေးစရာဖြစ်နေပါတယ်။