DavitMay 29, 20121min70848
ကူးယူဖေါ်ပြတာပါ……….. ရှို့တဲ့ကောင်တော့ မလွယ်တော့ဘူး….. ***************************************** Popular Myanmar News Journal မေလ(၂၇)ရက်နေ့က ဓါတ်ဆီလောင်းပြီး မီးရှို့ခံရသူအမျိုးသမီးသည် ယနေ့(၂၉)ရက်နေ့ မွန်းလွဲ (၃) နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ **************************************** ပွိုင့်မပေးပါနှင့်သဂျီးခင်ဗျား……………


DavitMay 25, 20121min29820
ပြောရင်းကို ရယ်ချင်သဗျား…… ဒေးဗစ်ရယ် … မင်းနှယ့် …. ဘာတွေရယ်ချင်သတုန်းဆိုတော့ကားးးးးးးးးးး…….. ဒီလိုဗျ….ကျွန်တော်တို့ ဒီရွာထဲမှာပဲဖြစ်ဖြစ်၊ အခြားအခြားသော Blog တွေမှာပဲဖြစ်ဖြစ် Post တို့ Comment တို့ရေးလိုက်လို့ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာဟာ အခြားသော ဂျာနယ်၊ Website ထဲမှာဖေါ်ပြပြီးသားကို ကူးယူရင် မူရင်းဆိုဒ်ကို Credit ပေးတဲ့အနေနဲ့ ကူးယူဖေါ်ပြတဲ့ ဂျာနယ်၊ Website တို့ရဲ့ နာမည်နဲ့ Link ကိုဖေါ်ပြပေးရပါတယ်။ ဒီလိုမှ မဖေါ်ပြဘဲ မိမိကိုယ်တိုင် Create လုပ်ပြီးရေးသလိုလိုနဲ့ရေးခဲ့ရင် ဘယ်လောက်ရှက်ဖို့ကောင်းသလဲပေါ့နော်…..ရွာသူရွာသားတွေလည်း အဲ့ဒိလိုမျိုးဘယ်သူ့မှလုပ်ခဲ့ကြတာကို မတွေ့ခဲ့ဘူးပါဘူး။ ခုတော့ဗျာ……နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်လို့ကြွေးကြော်ထားတဲ့ အချို့သောဂျာနယ်မှာဗျာ (ဂျာနယ်အားလုံးနှင့် ဂျာနယ်လစ်အားလုံးကို မဆိုလိုပါ) အခြားသော Blog တွေ၊ သတင်းဆိုဒ်တွေက နည်းပညာသတင်း၊ စီးပွားရေးသတင်း၊ ထူးခြားဖြစ်စဉ်သတင်းတွေကို တထပ်တည်းနီးပါးကူးယူပြီး ဂျာနယ်ထဲမှာ ပေါ်ပေါ်ထင်ထင်ကြီးကို ဖေါ်ပြနေကြသဗျာ။ ပြီးတော့ […]


DavitMay 23, 20121min54133
ကျွန်တော်အခုပြောချင်တဲ့တစ်ခုကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မီးတွေပျက်/ဖျက်/မလာ တဲ့ကိစ္စနဲ့ပါတ်သက်ပြီး သိရသမျှလေးတွေကိုပြောထားတာပါ။ ဒီလိုပါ…. ကျွန်တော့်တို့မှာ ညီအကို 3 ယောက်ရှိပါတယ်…အဲ့ဒိထဲကမှကျွန်တော်ကအကြီးဆုံးပါ။ ကျွန်တော့်ညီအငယ်ဆုံးက BE.EP နဲ့ကျောင်းပြီးသွားပြီး 1 နှစ်ခွဲလောက်အကြာမှာ ရဲရွာရေအားလျှပ်စစ်မှာ အလုပ်ရုံခွဲမှူးရာထူးနဲ့တာဝန်ကျတာ ခုဆိုရင် 3 နှစ်ခွဲလောက်ရှိပြီပေါ့။ ဒီနေ့မနက်ပဲ ရန်ကုန်မှာရှိတဲ့ကျွန်တော်တို့အိမ်တက်မင်္ဂလာအတွက် သူပြန်ရောက်လာပါတယ်။ ဒါနဲ့ပဲ သူနဲ့မီးအကြောင်းကိုစကားစပြောဖြစ်တယ်ခင်ဗျ။ ကျွန်တော်ကမေးတာပေါ့… “မန္တလေးနဲ့ ရန်ကုန်တို့မှာ ဖယောင်းတိုင်ထွန်းပြီး မီးလာဖို့အတွက်ဆန္ဒပြနေကြတာမင်းတို့သိတယ်မဟုတ်လား” လို့မေးတော့။ သူကပြန်ဖြေပါတယ် “ဆန္ဒပြလည်း လျှပ်စစ်ဝန်ကြီးဌာနတွေဘက်က ဘာမှမတက်နိုင်ကြဘူး အကို ”တဲ့…..ဒါနဲ့ကျွန်တော်က “ဟေ….ဒါဆိုမင်းတို့ဝန်ကြီးဌာနကလူကြီးတွေက ပြည်သူတွေကို သောက်ဂရုမစိုက်တာလား…သောက်ရေးမလုပ်တာလား” ဆိုပြီးမေးတော့ သူက “အာ…အကိုကလည်း…အဲ့လိုဆန္ဒပြလို့သူတို့လည်းခေါင်းမီးတောက်နေတယ်…ကျွန်တော်ပြောချင်တာက မိုးမှမရွာတာ..မိုးမရွာတော့ ဆည်တွေမှာရေကအရမ်းနည်းနေတယ်… ပေးချင်ပေမဲ့ လုံးဝကိုပေးမရဘူး…ဥပမာ..မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတဲ့ကျွန်တော်လုပ်နေတဲ့ ရဲရွာမှာဆိုရင်တောင် စက်လေးလုံး(တာဘိုင်လေးလုံး)ရှိတယ်အကိုရာ…တာဘိုင်တစ်လုံးကိုအပြည့်လည်ရင် 200 မဂ္ဂါဝပ်ထွက်တယ်…ဒီတော့ 4 လုံးအပြည့်လည်ရင် 800 ထွက်တယ်အကိုရာ…ဒါဆိုရင် မပိုဘူးဆိုတောင်မှ ပြည့်ပြည့်ဝဝနီးပါးပေးနိုင်တယ်..ခုတော့ ရေအရမ်းနည်းနေလို့ တစ်ရက်ကို တာဘိုင် 2 လုံးဘဲလည်နေရတယ်။ […]


DavitMay 11, 20121min42424
ဒီတစ်ခါတော့ 2 သိန်းဖုန်းဝယ်ပြီးနောက်ဆက်တွဲဖြစ်တတ်တာလေး 2 ခုလောက်ကိုပြောချင်ပါတယ်။ (သိထားတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေအတွက်အကူအညီလေး ပေးလို့ရအောင်ပါ။) 1. ဖြစ်ပုံကတော့ 2 သိန်းနဲ့ဝယ်ထားတဲ့ GSM (WCDMA မပါပါ) တွေက ဖုန်းတော့ ချက်ခြင်းဆက်လို့ရတယ်ဗျ။ ဒါပေမဲ့ ဝယ်တဲ့ဖုန်းရဲ့ 50% လောက်က Message ကိုပို့လို့မရဘူးဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က SIM Card ကိုလိုင်းဖွင့်ရုံသာဖွင့်ပေးပြီးတော့ Message Center နံပါတ်ကို ဖုန်းတိုင်းမှာ ထည့်ပေးမထားတတ်ဘူးဗျ။ (ကျွန်တော့်အဖေ ပြီးခဲ့တဲ့ 2 နှစ်လောက်က 15 သိန်းခွဲတန် G ကိုဝယ်တော့လည်းဒီအတိုင်းပဲဖြစ်နေပါတယ်။) ဒါကြောင့်မသိတဲ့သူက ဖုန်းဝယ်ပြီးကဒ်ချိုး၊ ပြီးတော့ဆက်… အိုကေနေတာပဲ။ အဲ….Message လည်းကိုယ့်ဆီဝင်နေတာပဲ ….. ကိုယ်ကပြန်လည်းပို့ရော …. စတွေ့ပြီ “ Not connect ”  တို့ဘာတို့ဆိုပြီးပေါ်နေတာ။ အဲ့ဒိပြသနာကိုဖြေရှင်းဖို့ ( Message ပို့လို့ရဖို့အတွက်)မသိတဲ့သူတစ်ချို့ကတော့ […]


DavitMay 7, 20121min39213
ခုလို  “ကားဈေးတွေထိုးကျကုန်ပြီး ဖုန်းဈေးတွေလည်းမကြာမီမျှော်”  ရမဲ့အချိန်လေးမှာ  “အင်တာနက်ဇာတ်လမ်း”  ကလာမဲ့  “စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုန်ဂိုဏ်း” ဇာတ်ကားလေးကို  “ချိုပေါ့ကျ”  လေးတစ်ခွက်လောက်သောက်ပြီး ထိုင်ကြည့်နေချင်တဲ့  “ကျွန်တော့်စိတ်ကူး”  လေးပေါ်လာတုန်းပေါ့ဗျာ…..  “တိုင်းပြည်မွဲကြောင်း နည်းလမ်းကောင်း”  တွေကိုဖေါ်ဆောင်ခဲ့ပြီး  “ကြောက်စရာကောင်းသောလူ”  တစ်ဦးဖြစ်တဲ့  “ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်”  တယ်ဆိုတဲ့ သတင်းလည်းကြားလိုက်ရရော  “လူလည်ကြီးမောင်ကမ်း”  တော့ထိသွားပြီဆိုတာသိလိုက်ရသဗျို့။ ဒါနဲ့စကားမစပ်ပြောရဦးမယ်ဗျ … “ဧရာဝတီ ခရီးစဉ်” တုန်းက  “ဗုဒ္ဓဆိုင်ရာ မှက်သားစရာ”  တွေပါထည့်ပြောသွားတဲ့  “ဂေဇက်ရွာသူကြီးရဲ့ ပြောပေါက်ဆိုပေါက်”  ကတော့ဗျာ… တယ်မှက်သားစရာပဲဗျို့။  “လှိုင်သာယာ ကစင်ကျောင်းဆရာတော်ကြီး၏ ဓါတ်တော်များကြွင်းကျန်ခဲ့”  ဆိုတဲ့သတင်းလည်းကြားရော ကျွန်တော့်သူငယ်ချင်း 3 ယောက်ဗျာ ဘာပြောတယ်မှက်သတုန်း….တစ်ယောက်က  “ဒဂယ်လား နှစ်ကယ်လား really”  ဆိုပြီးသိပ်မယုံတဲ့သူက မယုံ၊  “ယုံမှက်ပြီးပုံအပ်ထားချင်တယ်ကွာ”  လို့ဆိုတဲ့သူကဆို … နောက်တစ်ယောက်ဆိုကြည်ညိုလွန်းလို့  “ဘယ်မှာဘာယူလာပြီး လှူရမလဲတဲ့”  ဆိုပြီးဝိုင်းမေးနေကြလို့  “ကျွန်တော်နဲ့ […]


DavitApril 27, 20121min64135
ဒီအကြောင်းနဲ့ပက်သက်ပြီး သိတဲ့သူတွေရှိပေမဲ့ သိပ်မသိသေးတဲ့သူတွေ များနေမယ်ထင်လို့ တင်လိုက်တာဗျ…ရွာထဲကသူတော်တော်များများတော့သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ့်အနီးအနားက သူတွေကို လက်တို့လို့ရအောင် ရေးလိုက်တာပါ။ ကဲ    စကြမယ်ဗျာ…. ဒီလိုဗျ….(ဒါနဲ့တင်စကားက တော်တော်ရှည်သွားပြီ….ဟီး…) 2 သိန်းဖုန်းတွေကိုဝယ်နေကြတာကိုကြည့်ရတာ တော်တော်ကို စိတ်ညစ်ဖို့ကောင်းသဗျ။ ( ဟဲ့ ဒေးဗစ်ရ…သူ့ပိုက်ဆံရှိလို့ သူ့ဟာ့သူဝယ်တာ ဘာဖြစ်သဒုံးလို့တော့ မပြောနဲ့ဗျ…) မတန်တဲ့ 2 သိန်းဖုန်းကို ဝယ်ဖို့ဗျာ…တန်းစီလိုက်ကြရတာ …. တစ်ချို့ဆိုရင် နေပူထဲမှာ ခေါင်းတောင်ကိုက်တယ်တဲ့….  အပူရှိန်ကလည်း ရန်ကုန်မြို့မှာ ဒီနေ့ဆိုရင် 41 ဒီဂရီ ဆိုလားဘာလား…ချွေးတဒီးဒီးကျပြီး တန်းစီစောင့်….ပြီးတော့ရောင်းရမဲ့ကဒ်ပြည့်သွားရင်လည်း … တိန်….သေဘီလေ။ အဲ့ဒိဒုက္ခတွေမခံချင်လို့ အပြင်ဆိုင်မှာဝယ်တော့လည်း 2 သိန်းအပြင် တစ်သောင်းတို့၊ 1 သောင်းခွဲတို့ပိုပေးရ။ (ခုဟာက….အေး …ငါတို့ကတော့ 2 သိန်းထက်လည်းပိုမပေးနိုင်ဘူး…အေးဆေးမှ နောက်ဆယ်လေးငါးရက်လောက်ကြာ လူရှင်းတော့မှ သွားဝယ်မယ် ဆိုသူတွေအတွက်ပါ) အဲ့ဒိဒုက္ခတွေကို မခံချင်ပဲ 2 သိန်းအတိနဲ့ ချက်ခြင်းလည်းဝယ်လို့ရမဲ့ နေရာလေးတစ်ခုကို ညွှန်ချင်တာပါ။ အဲဒိနေရကတော့ဗျာ…လှိုင်တက္ကသိုလ် […]