mzmDecember 14, 20121min540
ုုဒီဇင်ဘာလအတွင်းမှာကျင်းပပြီး၊ ကျင်းပဆဲဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဟာ ဒီမိုကရေစီလမ်းစဉ်နှင့်ညီ၊ မညီဆိုတာလေးသိချင်လို့ပါ။ ဘာလို့လဲဆိုတော့ အခုကျင်းပနေတဲ့ရွေးကောက်ပွဲ(ရပ်/ကျေးအုပ်ချုပ်ရေးမှူး)ပေါ့။ ပထမဦးဆုံး ရွေးကောက်ပွဲကိုကြီးကြပ်ဖို့၊ ကျင်းပဖို့ ရပ်ကွက်ထဲမှာရှိတဲ့ရပ်မိ၊ရပ်ဖ (၅)ဦးကိုရွေးချယ်ကြပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်မရှိဘဲ တစ်လမ်းချင်းအလိုက် အိမ်ထောင်စု(၁၀)စုမှာ ဆယ်စုမှူးကိုယ်စားလှယ် (၁)ယောက်စီရွေးပါတယ်။ ဥပမာ- လမ်းတစ်လမ်းမှာ အိမ်ထောင်စု (၂၀၀)ရှိလျှင်ဆယ်စုမှူးကိုယ်စားလှယ်(၂၀)ဦးရသည်။ အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်အဖြစ်ဝင်ရွေးခံရမဲ့ပုဂ္ဂိုလ်ဟာ အုပ်ချုပ်ရေးမှူးအဖြစ်လည်း ဝင်ရောက်ရွေးပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ ရပ်ကွက်တစ်ခုလုံးအတွက် အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်(လူနည်းစု)အယောက်(၄၀)ကနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုရွေးချယ်တင်မြောက်မှာပါ။ ယခင်ရွေးကောက်ပွဲတုန်းကလိုရပ်ကွက်သူ/သားများမပါဘဲ လူနည်းစုကရွေးချယ်တင်မြောက်ရတဲ့ ဒီ ရပ်/ကျေး ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒီမိုကရေစီနည်းလမ်းလည်းမကျဘူးလို့ထင်မြင်မိပါကြောင်း…. ဂေဇက်ရွာသူ/ရွာသားတွေရဲ့အမြင်ကိုလည်းသိချင်ပါတယ်။………. ကျွန်တော့်အထင်တော့ အောက်ခြေ(ရပ်ကွက်)ကိုအချင်းချင်းစိတ်ဝမ်းကွဲအောင် အနုနည်းနဲ့ရန်တိုက်ပေးတဲ့ ရွေးကောက်ပွဲဥပဒေတစ်ရပ်အဖြစ်ထင်မြင်မိပါတယ်။ ဝေဖန်ဆွေးနွေးပေးကြပါဦး…………….


mzmJanuary 13, 20121min24416
ကျနော်တို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဂေါပကအဖွဲ့မှ ဘဏ္ဍာထိန်း ဦးအောင်သိန်းအား အတွင်းကျကျ လေ့လာစစ်ဆေး ပြီး လိုအပ်သလိုအရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။ ထိုဘုရားလူကြီး ဦးအောင်သိန်းနှင့်အဖွဲ့သည် နှယ်လည့်အလှူခံလာသော ပိုက်ဆံများထဲမှ ကိုယ်ကျိုးအတွက် အရှက်အကြောက်မရှိ ဘုရားမကြောက် တရားမကြောက် အလွဲသုံးစား ပြုလုပ်နေသည်မှာ သီရိခေမာ ရပ်ကွက်အတွင်းနေထိုင်သူများအားလုံး အသိပင်ပင်ဖြစ်၏။ ထို့ပြင် ဦးအောင်သိန်းသည် ဂေါပကလူကြီးမဖြစ်ခင်ကလည်း ဖဲရိုက်၊အရက်သောက် ခိုးဆိုးပေတေသူတစ်ယောက် ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။ ရပ်ကွက်အတွင်းရှိ အတွင်းသိသူတစ်ယောက်အားမေးမြန်းကြည့်သောအခါ ထိုသူက(ညီလေးမင်းဘဲစဉ်းစားကြည့် အလှူခံလိုက်တဲ့နေ့ဆို ကလေးတွေ ပိုက်ဆံခွက်ထဲက တစ်ထောင်၊နှစ်ထောင်နိုက်တာကျတော့ လူရှေ့သူရှေ့ သူခိုးဆိုပြီး အရှက်လိုက်ခဲွံတာ၊သူတို့လူကြီးတွေ သိန်းချီပြီး ခိုးသုံးတာကျတော့ဘယ်သူမှတောင်မသိလိုက်ဘူး အဲဒီပိုက်ဆံတွေနဲ့ လူကြီးသူကောင်းလိုလို ဘာလိုလိုနဲ့ ရပ်ကွက်ထဲငွေတိုးချေးစားနေကြတာ တကယ့်တကယ် သူတို့ကမှ သူခိုးအစစ်တွေ)ဟုကျနော့်ကိုပြန်ပြောပြပါသည်။ (အရင်တုန်းက အရက်သောက်၊ဖဲရိုက် […]