Nann Kay KhineMarch 9, 20121min559
ပြည်ထောင်စုဝန်ကြီးဦးလှထွန်းကပင်စင်စားတွေ ပင်စင်ထုတ်တာမြန်အောင်လို့ရက်တိုးပေးကာမှ အဖွားမှာ မသေတာကံကောင်း တိုးလာတဲ့ပင်စင်လစာလေး လှူရ စားရမလားမှတ်တယ် ဆေးဖိုးဖြစ်သွားတဲ့အဖွားရဲ့ဖြစ်ရပ်ပါ။ 1.3.2012 နေ့ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ၌ ပါရှိသော မေးခွန်းများမေးမြန်းခြင်းကဏ္ဍ၌ လွတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဘဏ်လုပ်ငန်းဆိုင်ရာ မေးခွန်း (၂)ခု နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းကပြန်လည်ဖြေကြားခဲ့သည့် သတင်းစာပါအကြောင်းအရာကိုဖတ်ရှုမိပြီး တိုက်တိုက်ဆိုင်ဆိုင် ကျမသည်အဖွားနှင့်အတူ  မြို့ထဲရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု သို့ ပင်စင်လစာငွေ သွားရောက်ထုပ်ယူရန်သွားခဲ့သည်နှင့်ပတ်သက်ပြီး ဖြစ်ရပ်မှန်လေးတစ်ခုကိုတင်ပြချင်ပါတယ်။ သတင်းစာတွင်ပါရှိသည့်အတိုင်း ယခုအစိုးရသစ်လက်ထက်တွင် အငြိမ်းစားလစာထုတ်ယူရမည့်ရက်ကို 2012 ခုနှစ် ဖေဖော်ဝါရီလမှစ၍ လမကုန်မီ (10)ရက်ထုတ်ပေးရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းပါရှိ၍ အဖွားတစ်ယောက်ဝမ်းသာစွာနှင့် အရင်လိုငွေထုတ်ရင်လူအများကြီးကို စောင့်စရာမလိုတော့ပြီ ဆို၍ ကျောင်းဆရာမ ပင်စင်ငွေလေးအားထုတ်ယူရန်သွားရောက်ခဲ့ပါသည်။ သို့သော်ဘဏ်ဖွင့်ချိန်အမှီသွားရောက်ခဲ့သော်လည်း ရှေ့တွင်ရှိသော လူအုပ်ကြီးက ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိများစွာ ရှိနေခဲ့ပါသည်။ ထုံးစံအတိုင်း ရှေးရိုးမူအတိုင်းပင် လက်ရေးနှင့်ရေးးသွင်း ၊ တန်းစီစနစ်နှင့် […]