လူ ဆိုတာဟာ အပေါင်းအသင်းအစုအဖွဲ့နဲ့မှ အသက်ရှင်နေထိုင်နိုင်တဲ့သတ္တဝါမျိုးပါ။ ဒါကြောင့်မို့ ကျွန်မတို့တစ်ဦးချင်းစီအတွက် ရင်ဖွင့် ရယ်မော တိုင်ပင် ဖို့ရန် မိတ်ဆွေအပေါင်းအသင်းများစွာ လိုပါတယ်။   ကျွန်မအထက်တန်းအရွယ်တုန်းက ကျွန်မနဲ့အတန်းတူ သူငယ်ချင်းညီအစ်မနှစ်ယောက်ကို အလွန်ခင်မိပါတယ်။နေ့တိုင်း အားတိုင်း သူတို့အိမ်သွားသွားနေလွန်းတော့ ကျွန်မရဲ့အစ်မလတ်ကကျွန်မကို ပြောတယ်။ “ညီမလေး အခုတွေ့နေရတဲ့သူငယ်ချင်းတွေထက်ခင်တာ တက္ကသိုလ်ကျရင်တွေ့လာရလိမ့်မယ်” တဲ့ ကျွန်မ လက်မခံခဲ့ပါဘူး။ငယ်ကချစ်အနှစ်တစ်ရာတဲ့ ငယ်သူငယ်ချင်းကမှအခင်ရဆုံးလို့ထင်မိတယ်။အမှန်တော့ သူတို့ညီအစ်မဟာ ကျွန်မရဲ့ မူလတန်းဘဝတည်းက သူငယ်ချင်းတွေမဟုတ်ပဲ မူလတန်းဘဝကသူငယ်ချင်းတွေကိုတောင်မေ့ပြီး သူတို့ကိုပိုခင်နေမိတာ ကိုယ့်ကိုယ်ကို သတိမပြုမိရှိနေခဲ့တာပါ။   ကျွန်မအစ်မပြောတဲ့စကားကသိပ်မှန်ပါတယ်။ ကျွန်မ ဥပဒေတက်နေရာက ခုနကပြောတဲ့ သူငယ်ချင်းညီအစ်မတက်နေတဲ့ သိပ္ပံတွဲကို ပြောင်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဝိဇ္ဖာ-သိပ္ပံ ကျောင်းတက်ချိန် မနက် နေ့လည် ကွာတာမို့ ခင်လွန်းတဲ့ကျွန်မ မေဂျာပြောင်းခဲ့မိတော့ ညီအစ်မနှစ်ယောက်ထဲက အငယ်မလေးနဲ့ကျွန်မ တစ်မေဂျာတည်း […]


မြင်နေရတာတွေကို ရင်ထဲမကောင်းပါ။ ဘယ်သူ့ကိုမှ ဘယ်ဘက်ကိုမှလည်း ဝေဖန် လေကန်မလုပ်လိုတော့။ ရှင်းရှင်းပြောရရင် ဒေါ်စုကိုယ်တိုင်က အချိန်တန်ပါတယ်။ ပြတ်သားသင့်ပါတယ်ဆိုရင် ကျွန်ုပ်တို့ဘက်က အပြည့်အဝမထောက်ခံနိုင်စရာအကြောင်းကိုမရှိ။ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရှာမယ့် အဖြစ်မျိုးတွေမကြုံစေလိုတော့။ သွေးတိုးလှုံ့ဆော်ကြမယ့်အစား နားချဖျောင်းဖျပြီး ကိုယ့်ခေါင်းဆောင်ကောင်းကိုအရင်လမ်းဖွင့်ပေးကြစေချင်တယ်။ ကိုယ့်ထက်တတ်သိနားလည်တဲ့ ခေါင်းဆောင်တောင် ပြတ်ပြတ်သားသားမရပ်တည်နိုင်သေးတာမို့ ခဏလောက်သီးခံလိုက်ကြတာပိုမကောင်းဘူးလားလို့။   ဒေါ်စုကိုထောက်ခံသူတွေကပဲ ဒေါ်စုရဲ့Image ကိုဖျက်နေကြပြီလား။ :b: (ရင်ထဲတကယ်မကောင်းလို့ရေးမိတဲ့စာ) 😕


ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်မှုတ်တယ်လို့ သုံးတဲ့လူတစ်ယောက်မှမရှိပဲ ကျွန်မသားနဲ့သမီးက ဆေးလိပ်သောက်တာကို ဆေးလိပ်မှုတ်တယ်လို့ပြောလေ့ရှိတယ်။   နောက်တစ်ခု ကျွန်မသားလေးက စာမဖတ်တတ်သေးပါဘူး။နံပါတ်တွေကိုတော့ အင်္ဂလိပ်လို့ကော မြန်မာလိုပါသိတယ်။ ဒါပေမယ့် သူက စာဖတ်တတ်သလိုပုံစံအမြဲဖမ်းတယ်။ သူသိချင်တဲ့ စာတစ်ခုခု(ဥပမာ မုန့်တံဆိပ်ပဲဖြစ်ဖြစ်-သီချင်းခွေပဲဖြစ်ဖြစ်) ကို တစ်ယောက်ယောက်ကိုဖတ်ခိုင်းပြီးမှတ်ထားလေ့ရှိတယ်။ ကျွန်မကိုဖတ်ခိုင်းထားတာဆို သူ့အဖေကို၊သူ့အဖေကိုဖတ်ခိုင်းထားတာဆို ကျွန်မကိုလာပြီး သူမှတ်ထားတဲ့ တစ်ခုခုကိုပြာကာ မေကြီး ဒါက ဘာလို့ရေးထားတာ စသည်ဖြင့် သူဖတ်သလိုလိုပြောလေ့ရှိတယ်။ တစ်ရက် သူ့အစ်မက သူ့လက်ဖဝါးမှာ စာရေးပေးလိုက်တယ်။ဘာရေးလိုက်တယ်ဆိုတာလည်းပြောပြလိုက်ပုံရတယ်။ သူကကျွန်မကိုလာပြတယ်။ “မေကြီး ဒီမှာကြည့်လိုက် ချစ်စရာဘုံဘုံ ပျော်ရွှင်ဘုံဘုံတဲ့” ကျွန်မကဖတ်ကြည့်လိုက်တော့ “အီးပေါက်ဘုံဘုံ နံနံစော်စော်”တဲ့ ကျွန်မသမီး ချောက်ချလိုက်ပြီဆိုတာသိပြီး “ဘယ်ကသာအဲ့ဒါအမှားကြီး သားစာဖတ်တတ်အောင်ကြိုးစားနို့မို့ မမက သားကိုညာညာရေးနေတာသားခံနေရမှာ” လက်မခံသေးဘူး “မေကလည်း ဒီမှာ နှစ်တန်းလေ တစ်တန်းက ချစ်စရာဘုံဘုံ အောက်ကပျော်ရွှင်ဘုံဘုံ” […]


FBမှာ ပလူပျံနေတဲ့ ဝါအမျိုးမျိုးကို ဖတ်ပြီး ကိုယ်တိုင်တွေးမိတာ ခံစားမိတာကို ညဥ့်နက်သန်းခေါင် ထရေးမိတယ်။   တခြားအကြီးကြီး​တွေ​တော့ မ​ပြောတတ်​ပါဘူး ဟိုတုန်​းက NLD ​တွေနဲ့အခု NLD​တွေနဲ့ အရမ်​းကွာ​နေတာကို​တော့သိတယ်​။ အထူးသဖြင်​့ နယ်​ဘက်​​တွေမှာပိုဆိုးတယ်   အရင်တုန်းက NLD ​ပါတီဝင်တွေက ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ အ​မေစုကိုဝန်းရံကြတယ်   အခု​ခတ်NLD အများစုက လူကြိုက်​များတဲ့ပါတီ တနည်းအားဖြင့် ​​ဟော့​​​နေ​​​​တဲ့ပါတီမှာ နာမည်ရချင်ကြတယ်။ ပါတီဝင်ဖြစ်​​နေတာကို ပြချင်ကြတယ်​​ တနည်းအားဖြင့် ကြွားချင်ကြတယ်။   စစ်​အစိုးရ လက်​​အောက်​မှာ ပြားပြားဝပ်ခဲ့စဉ်က NLD ပါတီဝင်​​တွေ​​​​မှာ ကိုယ်​့အနီးတဝိုက်ကလူ​တွအ​ကြောင်းကိုပဲေဲ​ပြာရရင်   ကျွန်မဦးလေးတစ်ယောက်ဟာ အမေစုနောက်လိုက်ရင်း အစိုးရအလုပ်ကို တာ့တာပြလိုက်ရတယ။်   ကျွန်မ အစ်မသူငယ်ချင်းတို့ဆွေမျိုးတစ်စုဟာ NLD ပါတီဝင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုအခင်းတစ်စုံ တစ်ရာကြုံတိုင်း […]


ကျွန်မကလေးတွေက မြန်မာသီချင်းပဲဖြစ်ဖြစ် အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ် သူတို့နားထဲကြားတာကို ကွက်လပ်ပေါက်မကျန်အောင် သူတို့အတွေးနဲ့ဖြည့်ဆိုလေ့ရှိတယ်။ **မိုးလင်းတိုင်းမှာမရေရာတာတွေ တွေ့အောင်ပြန်ရှာ ပြီးဆုံးသွားတာ ခုံမင်နေတဲ့စိတ်နဲ့ မနက်စာကိုယ့်လမင်းလေး**** ဆိုပြီးခဏ ခဏအော်ဆိုတတ်ကြသလို သင်္ကြန်ပြီးနောက် သူတို့မောင်နှမဆိုဆိုနေတာက ***မနှစ်ကပေးတဲ့အင်္ဂလိပ်စာ ရေတွေစိုလို့ပျက်ကုန်ပြီ*** တဲ့ ကျွန်မက လိပ်စာလို့သေသေရှာရှာပြောတော့ လိပ်စာဆိုတဲ့အဓိပ္ပါယ်ကို အကျယ်ရှင်းရပြန်ရော။ တစ်ရက်က ကျွန်မသားလေးက *မေကြီးထမင်းစားတယ*် ဆိုလေတော့ ကျွန်မက *အေးအေး မေမေခူးလိုက်ဦးမယ်* လို့ပြောမိပါတယ်။မီးဖိုခန်းထဲထိလိုက်လာပြီး ငြင်းတော့ အတွန့်တက်တော့တယ်။(သူကသူ့စိတ်မှာမဟုတ်ဘူးထင်ရင် အိမ်သာထဲဝင်တောင် အိမ်သာရှေ့ကနေ လိုက်ငြင်းတတ်တဲ့အကျင့်ရှိတယ်။) *မေ့မေ့ မေမေက ထမင်းကိုအပင်စိုက်တာလား ချက်တာလား* တဲ့ ကျွန်မကလည်း *ချက်တာပေါ့သားရဲ့ ထမင်းပါဆို ချက်မှစားလို့ရမှာပေါ့* ဆိုတော့ *ဒါဆိုဘာလို့ ထမင်းထည့်ဦးမယ်လို့မပြောလည်း ထမင်းခူးမယ်တဲ့ အပင်စိုက်ထားမှခူးလို့ရမှာပေါ့* လို့ရေပက်မဝင်အောင်အတွန့်တက်ပြီး ကျွန်မဘာမှပြန်မပြောနိုင်ခင် ကျွန်မမှားကြောင်းသူ့အဖေကိုသွားသံတော်ဦးတင်လိုက်သေး။ တစ်ရက် ကျွန်မသမီးကကျောင်းကပြန်ရောက်တော့ *မေကြီး […]


ကျွန်မသားသမီးနှစ်ယောက်ဟာ အတော်လေးကိုမှအမေးအမြန်းထူလှပါတယ်။   သူတို့အမေးအမြန်းထူကြောင်းကို ကျွန်မတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူတို့မောင်နှမနဲ့ထိတွေ့ ဆက်ဆံဖူးတဲ့လူတော်တော်များများဩချရတယ်။   ကျွန်မသမီးဟာ စကားပြောတတ်စအရွယ်ကစလို့ အခု၆နှစ်သမီးထိအောင် ကြည့်သမျှတီဗွီ၊ဗွီဒီယိုနဲ့   ပတ်ဝန်းကျင်တခွင် တွေ့မြင်သမျှှကို တွေးတောမေးမြန်းလေ့ရှိတယ်။   အတန်းပညာနည်းပါးတဲ့ သူ့သူငယ်ချင်းရဲ့မိခင်က သူ့ရဲ့ကလေးတွေကိုဘယ်လိုပြောလဲဆိုရင်   “တုံလေးကိုငါနဲ့နှစ်ယောက်တည်း မထားခဲ့ကြပါနဲ့ သူမေးသမျှတွေငါမဖြေနိုင်လို့ပါ” ဆိုသတဲ့။   ကျွန်မတို့ပြန်ကြားတဲ့အခါမှာ အတော်လေးမှသဘောကျမိတယ်။   အမှန်ပဲလေ မိဘတွေဖြစ်တဲ့ကျွန်မတို့တောင် တခါတလေ သူတို့မောင်နှမရဲ့မေးခွန်းတွေကြောင့် စိတ်မရှည် လက်မရှည်နဲ့ အော်ငေါက်မိသေးတယ်။   သားလေးစကားကောင်းကောင်းမပြောတတ်ခင်တည်းက သမီးနဲ့အတူတီဗွီကြည့်ပြီဆိုမှဖြင့် သူ့ရဲ့မေးခွန်းပေါင်းများစွာကြောင့် ကျွန်မတို့မှာ   ဘာအစီအစဉ်ကိုမှစိတ်ပါဝင်စားစွာသေချာကြည့်ခွင့်မရပါဘူး။   နိုင်ငံခြားကားပေါင်းစုံမှ စကားမတူတဲ့ လူမျိုးတိုင်းကို ဘာလူမျိုးလဲလို့မေးတတ်တာလဲအကြိမ်ကြိမ်။   ဖြေပြန်တော့လည်း သူတို့နိုင်ငံတွေက နှင်းကျလား၊ပူလား၊အေးလား၊ဘာတွေစားတာလဲ၊သူတို့ကဘာလို့ ဟိုလိုနေတာလဲ၊ဒီလိုလုပ်တာလဲ   စသဖြင့် […]


`ကထူးဆန်းနဲ့ထူးဆန်းတဲ့တွေ့ဆုံမှု´ ဒီနေ့ lu lu ရဲ့ “ဘာထူးဆန်းလို့လဲ´´ ဆိုတဲ့ပို့စ်မှာ ကထူးဆန်း ပျောက်နေတယ်လို့မန့်ထားတာ့တွေ့ လိုက်မှ ကထူးဆန်းနဲ့ကျွန်မချစ်သူ ထူးဆန်းစွာ အွန်လိုင်းမှာဆုံစည်းခဲ့ဖူးတာလေးကိုသတိယသွားတယ်။ ကထူးဆန်း နဲ့ ကိုပေတို့ဟာ ကျွန်မရဲ့ရွာအဝင် မှာ လှိုက်လှဲအားပေးခဲ့ကြသူတွေမို့ဘယ်တော့မှ မမေ့ပါ။ သူတို့ကမေ့သွားလောက်ရင်တောင် ကျွန်မကမေ့မည်မဟုတ်။ ကျွန်မရွာထဲတရားဝင်မရောက်ခင် တစ်နှစ်လောက်က ကျွန်မချစ်ချစ်ဟာ ကိုထူးဆန်းဆိုတဲ့လူတစ်ယောက်နဲ့ ဂျီတော့မှာ စကားစမြည်ကြာကြာပြောဖူးကြောင်း အစိုးရအလုပ်လုပ်နေနိုင်တာ လေးစားပါကြောင်း သူကတော့ပြည်ပမှာလုပ်နေတာဖြစ်ကြောင်း တွေပြောဖြစ်ကြသတဲ့။ အွန်လိုင်းပြတိုက်က ကိုထူးဆန်းဖြစ်တဲ့အတွက် ရွာက ကထူးဆန်းဟုတ်မဟုတ်ကျွန်မမသိပါ။ ဒါပေမယ့် အွန်လိုင်းမှာ ပုံစံတစ်မျိုးစီ အဖွဲ့တစ်ခုစီနဲ့သုံးနေတဲ ့ကျွန်မတို့နှစ်ယောက်လုံး ထူးဆန်းသောလူတစ်ဦးနှင့် တစ်နေရာစီမှာ ဆုံဆည်းမိကြောင်းလေးကို ထူးဆန်းစွာရေးချင်လာတာကြောင့် နုတ်ပက်ထဲတင်ရေးပြီးဖုန်းနဲ့ပင်တင်လိုက်မိပါတယ်။ စာစဉ်မပြေပြစ်က ဖုန်းအပြစ်ပါရှင်။့


-အခုခေတ်ကာလတွင် ‘အစိုးရအားပြစ်တင်ရှုံ့ချနိုင်က သတင်းကောင်းဖြစ်၏ ‘ဟုသတင်းထောက်များ လက်ကိုင်ပြုထားကြသည်။ -လူအများပြစ်တင်ဝေဖန်သမှု အများပြုကြသည်ကို သိုင်းဝိုင်းချဲ့ထွင်လျက် နေရာယူကြ၏။ -သူတစ်ပါးအားအပုပ်ချခြင်းဖြင့် ဆရာသဘာ ယောင်ယောင် လေလုံးထွားကြ၏။ အများစု၏ရင်မှာ စေတနာစိတ်ထက် နေရာယူလိုစိတ်ကသာများပြားနေသည်မို့ ကိုယ်ချင်းစာစိတ်ဟူသည်မထားတတ်တော့ ကိုယ့်မျက်ချေးကိုမမြင်ရလေအောင် မှန်များပင်မကြည့်ချေတော့ ခွေးမျက်ချီး ကြောင်မျက်ချီးကအစ လိုက်ရှာနေတော့သည်


ဓမ္မာ သောက (လက်ခံရမလား)   ကျွန်မတို့ရဲ့ဖေဖေဟာ သားသမီးတွေရဲ့စားဝတ်နေရေး၊ပညာရေးတွေကြောင့် အစိုးရဝန်ထမ်းဘဝကနေ အသက်ငယ်ငယ်နဲ့ဆေးပင်စင်ယူကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးစုံမှာ ကျင်လည်ခဲ့ရတယ်။ ကိုယ်ပိုင်စီးပွားရေးလို့ဆိုပေမယ့် စီးပွားရေးလုပ်ငန်းအခက်အခဲတွေကြား စိတ်မောလူမောနဲ့ ပင်ပမ်းကြီးစွာ နှစ်ပေါင်းများစွာ ရုန်းကန်လို့ သားသမီးတွေအတွက်တာဝန်ကျေခဲ့ရှာတယ်။   ဆေးလိပ်၊အရက်၊လောင်းကစား၊အပျော်အပါးကင်းစွာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်း အမျိုးပေါင်းများ စွာကို အခြေကျတိုးတက်လိမ့်နိုးနိုး အကြိုးစားကြီးကြိုးစားခဲ့သော်ငြားလည်း မိသားစုစားလောက်ရုံ၊ သားသမီးတွေပညာသင်နိုင်ရုံကလွဲပြီး ကြီးပွားချမ်းသာမှုမရှိနိုင်ခဲ့ဘူး။ လုပ်ငန်းတစ်မျိုးဟာ အောင်မြင်လာပြီဆိုတိုင်း အခက်အခဲတစ်ခုခုကြောင့် ပျက်စီးခဲ့ရတယ်။ ဒါပေမယ့် ဖေဖေဟာ စိတ်ဓာတ်မကျပဲ သားသမီးတွေအတွက် လုပ်ငန်းမျိုးစုံအောင် လုပ်ကိုင်ရှာဖွေခဲ့ရှာ တယ်။ ဆေးလိပ်ခုံ၊ငပိပွဲရုံ၊မုန့်ဟင်းခါးဖို၊တရုတ်မုန့်ဖုတ်လုပ်ငန်း၊ပဲကြော်/လှော်ဖိုနဲ့လ္ဘက်ခြောက်လုပ်ငန်း၊စက်ဘီးပစ္စည်းအရောင်းဆိုင်၊ သစ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊ကားရထားအငှားလုပ်ငန်း၊ခရီးသည်တင်ယာဉ်လေး၊ ကုန်တင်ယာဉ်ကြီး လလ္ဘက်ရည်ဆိုင် စသည်ဖြင့် လုပ်ငန်းမျိုးစုံအောင် တစ်မျိုးမျိုးပြီးတစ်မျိုးပြောင်းလဲစီးပွားရှာခဲ့လိုက်တာ အသက်သာ ၆ဝကျော်သွားတယ် ကျွန်မတို့မိသားစုမချမ်းသာခဲ့ပါဘူး။ အခုဆိုရင် ဖေဖေဟာ သားသမီးလုပ်စားကိုအားကိုးရတဲ့ ဘဝရောက်နေရှာပါပြီ။   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ […]


  ဒီလမှာမြန်းဂဇက်ဆုပေးပွဲနဲ့တွေ့ဆုံပွဲရှိနေလို့ ဆန်ကာတင်ပို့စ်နဲ့ဆုရပို့စ်ကို စောစောသိချင်ကြမှာအမှန်ပါ။   တင်ပေးရမယ်လို့သိပြီးချိန်ကစလို့ ဒီပို့စ်နှစ်ပုဒ်ကို စောစောတင်နိုင်ဖို့စိတ်လောနေမိပါတယ်။   ဒီကြားထဲ ရွာ့ဖူးစာမင်္ဂလာပွဲကြောင့် ရွာသူားတော်တော်များများ အလုပ်များနေတာမို့   ဖတ်ရွေးအဖွဲ့မှတဆင့်၊ဥက္ကဌကြီးမှာတဆင့်၊အန်စာတုံးထံမှ မျှော်နေတဲ့ ဆန်ကာတင်၊ဆုရှင်ပို့စ်တွေက   အချိန်နီးကပ်မှရောက်လာတာမို့   အားလုံးကိုလည်ပင်းရှည်စေမှာအမှန်ပါ။   ဒါ့ကြောင့်မို့ အန်စာတုံးထံမှအဖြေတွေရောက်လာလာခြင်း ပို့စ်နှစ်ခုကို ၂ရက်ဆက်တင်ပေးလိုက်ရပါတယ်။   ဒီမနက်မှ ဆုရှင်အဖြေကို ရရခြင်း မနက်စောစောတင်လိုက်ချင်ပေမယ့်။လူက နေမကောင်းချင်သလိုလို။   အသက်၃ဝပြည့်ပြီးကတည်းက ကလီစာတွေလည်းမကောင်းချင်တော့ဘူးထင်ရဲ့။   တစ်ခုခုဆိုရင် ငါ့ကိုယ်တွင်း ဘယ်ကလီစာများ ဘာဖြစ်နေပါလိမ့်လို့ တွေးပူပြီး ငယ်ငယ်က ခပ်ပေပေနေခဲ့တာတွေနဲ့   အနာဂတ်မှာ ကျဆင်းလာတော့မယ့်ဇရာအတွက် ကြိုတင်မပြင်ဆင်ခဲ့မိတာတွေအတွက်နောင်တရချင်သလိုလိုဖြစ်မိတယ်။   နောင်တဆိုတော့လည်း နောင်မှရနေလို့အပိုမဟုတ်လား။ဒါကြောင့်မို့လည်း ယခုအရွယ်မှာတည်းက နောက်ထပ်ကျဆင်းလာ   ဦးမယ့်ဇရာအတွက် ကြိုတင်တွေးဆ […]


“ရင်ခုန်ဖွယ်ရာ ဒီဇင်ဘာအတွက်”   ဒီဇင်ဘာလအတွက် ရင်ခုန်စရာဆန်ကာတင်နဲ့အကြိုက်ဆုံးစာချစ်သူစာမူဆုရှင်ကြေငြာပို့စ်ကို မျှော်နေပေမယ့် ကိုယ်တိုင်တင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကိုယ်တိုင်စဉ်းစားနေမိတာတစ်ခုကလဲ ဇန်နဝါရီလမှာ တွေ့ဆုံပွဲနဲ့ဆုပေးပွဲရှိနေတဲ့အတွက်ကြောင့် ဒီဇင်ဘာလ ဆုစာရင်းကို စောစောကြေငြာကြမှာပဲဆိုတာလေးပါ။ စဉ်းစားနေမိတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဥက္ကဌကြီးထံမှ ကြေငြာပို့စ်နှစ်ပုဒ်တင်ပေးရန် သဘောထားကိုမေးလာတယ်ဆိုတော့ မဆိုင်းမတွပဲ ခုဆိုခု အကြမ်းချရေး လိုက်မိတယ်။ ……………….. အတော်ပဲဖြစ်သွားတာတစ်ခုက အရင်လတွေတုန်းက ကွန်နက်ရှင်အရကော၊လျှပ်စစ်မီးကြောင့်ပါ ဖုန်းနဲ့သုံးလို့ သိပ်အဆင်မပြေတဲ့ ဂဇက်မှာ ပို့စ်တွေကို ပုံမှန်ဝင်မဖတ်နိုင်ခဲ့ဘူး။ ဒီလတော့ တစ်လလုံးနီးပါး တင်သမျှပို့စ်တွေကိုအားလုံးနီးပါး ဖတ်ဖြစ်၊မန့်ဖြစ်ခဲ့တာမို့ တော်တော်လေးဝမ်းသာသွားမိတယ်။ ဒါနဲ့ပဲ ဒေတာတွေယူဖို့ညွှန်ပြထားတဲ့ ပရော်ဖက်ဆာဒေါက်တာအံစာထံသို့ ကွန်တက်လိုက်တော့တာပေါ့။   “ဟဲလို အံစာတုံးလား”   “ယောက္ခမ ..ပြော…”   ထုံးစံအတိုင်း အိပ်ချင်မူးတူးအသံနဲ့ပြန်ထူးတာကိုကြားရပါပြီ။   “ဥက္ကဌကြီးကအွန်လိုက်လို့ ဖတ်ရွေးအဖွဲ့ကဆန်ကာတိုက်ပြီး တင်ကျန်ခဲ့တာလေးတွေ တစ်ဆိတ်လောက်” […]


အရင်နှစ်က ရွာအတွက် animation gif card လေးတွေလုပ်ပြီး New Year လက်ဆောင်ပို့စ်တင်ခဲ့ပါတယ်။   ဒီနှစ်တော့..   ဒီနှစ် နှစ်ကုန်ခါနီးလမှာ စိတ်ဓာတ်ကျစရာ ဇဝေဇဝါပေါင်းများစွာနဲ့ စိတ်ညစ်ညူးရုှပ်ထွေးနေမိပါတယ်။   အဲဒီလိုစိတ်ညစ်ညူးရှုပ်ထွေးတာတွေကို ဖုံးအုပ်ဖြစ်ချင်တိုင်း ရုပ်ရှင်ကောင်းကောင်းရှာကြည့်မိတယ်။   ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီ(အထူးသဖြင့်ဒရမ်မာ)ဖြစ်တာကြောင့် ဒီနှစ်နှစ်ကုန်လက်ဆောင်အတွက်   ရွာထဲက မိတ်ဆွေတွေကို ပျို၊အို၊ကြီး၊ငယ်၊ရွယ်၊လတ် အလိုက် ကြည့်စရာ ရုပ်ရှင်လေးတွေ လက်ဆောင်ပေး   ဖို့ စိတ်ကူးပြီး ရှာဖွေစုဆောင်းလိုက်ပါတယ်။   နာမည်ကြီးရုပ်ရှင် တစ်ချို့ကတော့ တော်တော်များများကြည့်ဖူးမှာပါ။   သို့ပေမယ့် ရွာသူတစ်ယောက်ရဲ့နှစ်ကုန်လက်ဆောင်လေးတွေကို ချစ်ခင်မြတ်နိုးမှုအပြည့်နဲ့ လက်ခံပေးကြ   မယ် တစ်စုံတစ်ရာပြန်ပြောပေးကြမယ်ဆိုရင်ပဲ စိတ်ညည်းညူနေတဲ့ကြားက ရှာဖွေစုဆောင်းရကျိုးနပ်ပါပြီ။   ^^^^^^^^^^^^^^^^^^^^^^^^^^^ ^^^^^^^^^^^^^^^^ ^^^^^^^ […]