:chee: ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသောအဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ :chee: ကျွန်မရဲ့ရသစာပေတစ်ပုဒ်ကို အစမရရအောင်ဆွဲထုတ်ပြီးငြင်းခုံပွဲကြီးတစ်ရပ်ကျင်းပနေတဲ့အဘဖောထံကျွန်မ ဝင်မမန့်ဖြစ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် အစကတော့ကျွန်မတို့ကျောင်းမှာကထိန်အတွက်တော်တော်လေးအလုပ်ရှုပ် နေပါသောကြောင့်။ သို့သော် ကျွန်မဝင်အငြင်းပွားစရာမလိုသည့်အတွက်ကြောင့် ဝင်မမန့်ဖြစ်ပါ။ ကျွန်မကအဘဖောကိုလေးစားသူအနေနဲ့သတ်မှတ်ပါတယ်လို့ စိတ်ဝယ်မခံစားမိသလိုအဘဖောက တစ်ယူသန်ကြီးဟုလည်းမမြင်ပါ။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်မို့လို့ပါ။ အဘဖောက ကျွန်မပို့စ်မှာအတင်းဝင်ငြင်းပေမယ့် ကျွန်မကအဘပို့စ်မှာဝင်မငြင်းခြင်းဟာ အဘကိုအမြင်စောင်း၍မဟုတ်ပါ။ အဘရဲ့ကြီးပွားကြောင်းစာစုတွေဟာ ချမ်းသာချင်တဲ့သူတွေတကယ်လိုက်နာရင် တကယ့်ကိုအသုံးဝင်ပါတယ်။ သို့သော် ကျွန်မရဲ့ခံယူချက်ကကျတော့ တစ်မျိုးဖြစ်နေတာနဲ့ ကျွန်မဝတ္ထုတိုနဲ့စတဲ့ဆွေးနွေးပွဲကြီးမှာ ကျွန်မကငြင်းတဲ့ဘက်ကမပါဝင်ခြင်းပါ။ (အဘဖောကိုချစ်ခင်ရင်းနှီးလိုတဲ့စိတ်ရင်း အလျဉ်းရှိပါတယ်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မနေ့ညကရွာထဲဝင်မိပေမယ့် သူများတွေမန့်ထားတာပဲဝင်ဖတ်ရင်း ဝတ္ထုတိုတစ်ပုဒ်သာအပြေးအလွှားတင်သွားနိုင်ပါ တယ်။ အဘနဲ့ကျွန်မစခဲ့တဲ့ကိစ္စမှာကျွန်မဝင်မန့်ဖို့ရာဝင်ကြည့်ပြန်တော့ မန့်ထားတာတွေတော်တော်တောင်များနေပါပြီ။ ကျွန်မအတွက်ကတော့ဆင်းရဲသားတွေဆင်းရဲတာကိုအပြစ်တင်သင့်၊မတင်သင့် ငြင်းဆန်ရန်လုံးဝမရှိ။ ထို့အတွက် အဘရဲ့အငြင်းစကားဝိုင်းတွင်ဝင်မမန့်ဖြစ်တော့ပါ။ ကျွန်မရဲ့ခံယူချက်နဲ့သဘောထားလေးကိုပဲထုတ်ဖော်ဆွေးနွေးပါရစေ။ အားလုံးကလည်းပြန်ဆွေးနွေးမယ်လို့မျှော်လင့်ပါတယ်ရှင်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်မ၏စိတ်ရင်းအမှန်ကိုတစ်ချက်တင်ပြပါရစေ။ ကျွန်မသည်ငယ်စဉ်ကအတည်းက ကိုယ့်ထက်နိမ့်ကျတဲ့သူငယ်ချင်းများကိုပေးကမ်းကျွေးမွေးရတာဝါသနာထုံ သည်။ သူတို့ဘာကြောင့်ဆင်းရဲလဲဆိုတာကျွန်မအတွက်မလိုအပ်။ကျွန်မအတွက်ကတော့ မရှိဆင်းရဲသားတစ်ယောက ကိုပေးကမ်းချင်တဲ့ပရဟိတအငယ်စားလေးတွေအမြဲလိုလိုကိန်းအောင်းနေတတ်သည်။ ကျွန်မသည်ကိုယ့်ကိုယ်ကိုမို့အမွှန်းတင်သည်မဟုတ်။ကျွန်မရှေ့မှာသူများမကောင်းကြောင်းအတင်းအဖျင်းများ လာပြောလျှင်မကြိုက်တတ်။ကျွန်မကိုယ်တိုင်လည်း […]


:gee: သူ့နေရာနဲ့သူ :gee: ဒီကောင်မလေးက သူ့မေဂျာမှာကွင်းတဲ့။ ချစ်စရာလေးပါ အသားဖြူဖြူ မျက်နှာဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လုံးလုံးလေး။ ဝတ်တာစားတာလေးကလည်းလန်းရှာတယ်။နေရာကိုလိုက်ပြီးတော့လည်းဝတ်တတ်တယ်။ ကောင်မလေးက ရှမ်းမလေးပါ။တောင်ငူမြို့မဝင်ခင် ခပေါင်းတံတားအတက်နားက ထန်းတပင် မြို့နယ်ဘက်ခွဲထွက်သွားတဲ့လမ်းအနီးတဝိုက်မှာရှိတဲ့ ရှမ်း၊ပအို့ဝ်တွေနေတဲ့ရွာလေးတစ်ရွာကဆိုပဲ။ တောင်ငူမြို့ကအမျိုးသမီးအဆောင်တစ်ခုမှာနေပြီး တောင်ငူတက္ကသိုလ်မှာနေ့ကျောင်းတက်နေတာ။ ရှမ်းမလေးမို့ မျက်နှာလေးမှာတိုင်းရင်းသူတစ်ယောက်ရဲ့အရောင်ဖုံးလွှမ်းနေပြီးသား။ ပွင့်လင်းရိုးစင်းစွာနဲ့ပြောတတ်ဆိုတတ်ပုံလေးတွေကလည်းချစ်စရာ၊ခင်စရာလေးရယ်။ ကောင်မလေးနာမည်က နန်းမို့မို့တဲ့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ခင်ပွင့်တို့အဆောင်မှာ နန်းမို့မို့အကြောင်းအတော်လေးကိုပြောနေကြသည်။ ပြောကြတာတွေက- ဒီနေ့နန်းမို့မို့ဝတ်လာတဲ့ အကျီ င်္ပုံလေးလှလိုက်တာ။ ဟိုကောင်ကတော့နန်းမိုမို့ကိုလိုက်နေတာ ..စတာတွေရယ်ပါ။ မိန်းကလေးအချင်းချင်းတွတ်ထိုးနေတိုင်း နန်းမို့မို့အကြောင်းကနေ့စဉ်နီးပါးပါစမြဲ။ “အဲဒီနန်းမို့မို့က ငါတို့ရွာကပါဟယ် ရွာမှာတော့လုံးလုံးလို့ပဲခေါ်ကြတယ်။အမလေးကျောင်းမှာသာ ကျော့မော့နေတာ ရွာမှာဆိုသူ့ကိုလာကြည့်လိုက်ဦး အမြဲတမ်းပေတူးညစ်ပတ်နေတာ။သူ့အမေမုဆိုးမ ကဝက်တွေမွေးသလို အရက်လည်းချက်ရောင်းတယ်လေ။လုံးလုံးက ဝက်စာတွေလိုက်သယ်ရသလို အရက်လည်းချက်ရတယ်။ဒီကိုရောက်ပြီဆိုရင် လှပကျော့မော့နေတာ ရွာကလူတွေမြင်ရင်တောင် မမှတ်မိဘူး ဟိဟိ ရှောက်သီးကို သကြားရည်ဆမ်းထားတာပါ” ခင်ပွင့်ကအဆောင်သူတွေကို အမြဲထိုသို့ပြောတတ်သည်။တကယ်လည်း နန်းမို့မို့အကြောင်းတွေက ခင်ပွင့်ပြောသလိုအမှန်တွေချည်း။ နန်းမို့မို့နှင့်ခင်ပွင့်က […]


“ကျောင်းပျော်ကြမယ့်နေ့ရက်များ” “မေမေ ဆရာမကပိုက်ဆံယူလာခိုင်းတာဒီနေ့နောက်ဆုံးတဲ့ မြန်မြန်ပေးတော့လေဗျာ အတန်းထဲမှာသားတို့ပဲပေးဖို့ကျန်တော့တာ” သားလေး မောချေကအလိုမကျတဲ့မျက်နှာထားနဲ့ပြောလာတာမို့ မရွဲဖြူတစ်ယောက် တော်တော်စိတ်ညစ်သွားသဖြင့် ဒေါသကပါထွက်လာသည်။ “ငါလည်းအဲဒီပိုက်ဆံရအောင်ရှာနေတာပဲ ဒီ့ထက်ရှာရရင်ရွာထဲဓားပြတိုက်ဖို့ပဲရှိတော့ တယ် သွားစမ်း လာဂျီကျမနေနဲ့ ပေးနိုင်တဲ့နေ့နင်ရမှာပေါ့” “အီး….အဲဒီပိုက်ဆံမပါရင် သားကိုဆရာမကနေ့တိုင်း ဆူနေရိုက်နေမှာဗျ သားကျောင်း မသွားချင်ဘူး အီး…” အဲဒီလိုဆိုပြန်တော့ မရွဲဖြူစိတ်မကောင်းပြန်။ “ဒါဖြင့်လည်း ဒီနေ့နဲ့နက်ဖြန်ကျောင်းမသွားနဲ့လေငါ့သား သန်ဘက်ခါကျတော့ ကျောင်း နှစ်ရက်ပိတ်တယ် တနလာင်္နေ့ကျရင်တော့ရလောက်ပါတယ် အဲ့ကျမှကျောင်းသွား အမေ လုံးခင်တို့နဲ့ခွင့်တိုင်ခိုင်းလိုက်မယ်လေ” မရွဲဖြူစကားကြောင့် မောင်ချေ ပျော်ရွှင်သွားသည်။ချက်ချင်းပင်လွယ်အိတ်ကိုချကာ အိမ်ထဲမှပြေးထွက်သွားတော့သည်။ဒီကောင်လေး တစ်နေကုန်တစ်နေခန်းလျှောက် ဆော့တော့မည်။ဆော့ပါစေလေ ခမျာ ကျောင်းကကောက်တဲ့ ရံပုံငွေမှမထည့်နိုင်ရှာပဲ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ “ညည်းမှတင်လားရွဲဖြူရယ် အိမ်ကပေသီးတို့ဆိုကျောင်းမသွားတာ တစ်ပတ်လုံးလုံးပဲ ညည်းပဲစဉ်းစားကြည့်အေ တစ်နေ့တစ်နေ့ စားဖို့တောင်အနိုင်နိုင်ဟာ သူတို့ကောက် တဲ့ကျောင်းရံပုံငွေ ၂၀၀ဝကိုဘယ်ကသွားရှာထည့်ရမလဲ အဲဒါတွေကြောင့်ကျုပ်ကလေး ကိုကျောင်းမထားချင်တာ” “ကျွန်မလည်း […]


ကျွန်တော့်အလုပ်က အစိုးရဌာနတစ်ခုက ရုံးအကူဝန်ထမ်း။ရပ်ကွက်ထဲမှာတော့ အမေက “အိမ်ကစိုးလေးရုံးစာရေးအလုပ်ရနေပြီလေ” ဟု ရောချပြောလေ့ရှိသည်။သိပ်စိတ်မဝင်စားတဲ့လူတွေကတော့။ “အင်းအင်းကောင်းတာပေါ့” ဟု မှတ်ချက်ချတတ်ပြီး၊စပ်စပ်စုစုနဲ့မနာလိုစိတ်မွေးတတ်သူတွေကတော့ “တော့်သား ဆယ်တန်းတောင်မအောင်ပဲများ ရုံးစာရေးဖြစ်တယ်ရယ်လို့ ပြာတာ နေမှာပါ” ဟုမဲ့ကာရွဲ့ကာ အားမနာလျှာမကျိုးဆိုတတ်သေးသည်။ ဘာပဲပြောပြော ကျွန်တော့်လို ဆယ်တန်းတစ်ဘုံးဘုံးကျထားတဲ့ကောင်အခုလို ရုံးဌာနတစ်ခုအလုပ်ရတာကိုက ကျွန်တော်တို့မိသားစုအတွက် အင်အားတစ်ရပ်ပါ။ မနက်ဆိုရင် နေမြင့်မှအိပ်ယာထ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လ္ဘက်ရည်ဆိုင်မှာ လမ်းထဲကလူတွေနဲ့တော်ကီပွားဖို့အရေး ဘယ်သူ့ဆီကလက်ဖြန့်တောင်းရမလဲ စဉ်းစားနေရမယ့်အစား၊အမေစီစဉ်ပေးတဲ့ ထမင်းဗူးလေးဆွဲလို့ အိတ်ကပ်ထဲ ငွေလေး၊ငါးရာ ထည့်ပြီး ရုံးသွားရတာဟာ ကျေနပ်စရာပါ။ လမ်းထဲမှာ ကျွန်တော်လို ဆယ်တန်းတစ်ဘုံးဘုံးကျပြီး လတ်လျားလတ်လျားဖြစ်နေတဲ့ ယောကျာ်းလေး၊မိန်းကလေး တော်တော်များတာကြောင့် အခုလို ကျွန်တော်အလုပ် ကလေးအကိုင်ကလေးနဲ့ဖြစ်သွားတာကို အားကျနေကြသည်။ တစ်ချို့ကလဲ ကျွန်တော့်ထက်အရင် ကုမ္ပဏီတွေ၊စတိုးဆိုင်တွေ၊ဝပ်ရှော့တွေမှာ အလုပ်ရနေပြီးဖြစ်ပေမယ့်၊ကျွန်တော့်လို အစိုးရဌာနဆိုင်ရာမှာတော့မည်သူမှ မဝင်နိုင်သေး။အမေကကြံဖန်ကြွားတတ်သေးတာက “ကုမ္ပဏီအလုပ်ဆိုတာအစိုးရတာမဟုတ်ဘူးတော့ တော်ကြာဒေဝါလီခံရင် အလုပ်ကပြုတ်ဦးမယ်” […]


မိုးပြာတစ်ယောက်တစ်ယောက်အခုတလောအင်တာနက်တော်တော်လေးသုံးဖြစ်သည်။CDMA800 ဖုန်းလိုင်း ဝယ်ပြီးစတည်းကမကြာမကြာသုံးဖြစ်လာတာပါ။စသုံးကာစကတော့ စလုံးမှာရောက်နေတဲ့သူငယ်ချင်းတွေနဲ့ ချတ်တင်ပြောရင်း ဖေ့စ်ဘုတ်နဲ့ဆိုရှယ်ဆိုဒ်တွေကိုသုံးဖြစ်လာသည်။ “ဟေ့စစ်ကိုင်းကဘီလူးမ အင်တာနက်သုံးတာသတိထားနော် အွန်လိုင်းမှာ အညစ်အကြေးတွေနင်းမိဦးမယ်။ အဲ ဘဲနာလေးတွေကိုလည်းကြည့်ရှောင်ဦး” စလုံး ရောက်နေတဲ့သူငယ်ချင်း အင်ကြင်းကလှမ်းနောက်သည်။သူငယ်ချင်းတွေက မိုးပြာရဲ့နာမည်ကို Sky Blue ကိုနောက်ပြီး စစ်ကိုင်းကဘီလူးမ ဟုခေါ်ခေါ်စတတ်ကြသည်။ “ဖြစ်စရာလားဟဲ့…ငါ့လိုတံဆိပ်ခတ်ထားတဲ့လူကို” “ဟဲ့ အွန်လိုင်းမှာ နင်တံဆိပ်နှိပ် မနှိပ်မြင်ရတာမို့လား ဟိဟိ တစ်ချို့ကလည်းဇွတ်” “အောင်မယ် အရူးမ တော်စမ်းပါ စကားအကောင်းပြော” မိုးပြာရဲ့သူငယ်ချင်းတွေက အသက်၃ဝနားနီးလာတာတောင် ကလေးတွေလို စကြ၊နောက်ကြတုန်း။ အသက်၅၀၊၆ဝ ထိလည်းယခုလိုပဲနောက်ဦးမှာလို့တောင်ပြောတတ်ကြသေးသည်။ ဒီလိုနဲ့မိုးပြာတစ်ယောက်အင်တာနက်သုံးရင်း၊ဆိုရှယ်ဆိုဒ်တွေသုံးရင်းက အွန်လိုင်းဘော်ဒါတွေတိုးပွားလာခဲ့ သည်။မိုးပြာနဲ့ချတ်တင်ပြောတတ်ကြတဲ့သူငယ်ချင်းတွေထဲမှာ ဂျွန်လေးဆိုတဲ့ကောင်လေးတစ်ယောက်ပါ ရောက်လာသည်။သူကသူ့ကိုယ်သူ ဆေးကျောင်းသားလို့ပြောသည်။မိုးပြာကတော့ ဟုတ်မဟုတ်သံသယမရှိ။ ကိုယ့်မောင်လေးလိုသဘောထားပြီးခင်လိုက်တာပင်။ “မမမိုးအမျိုးသားကဘာအလုပ်လုပ်လဲဗျ” “ကုမ္ပဏီတစ်ခုမှာမန်နေဂျာပါဂျွန်လေးရေ…ဘာလို့လဲ” “ဂျွန်အလုပ်တစ်ခုလောက်လိုချင်လို့ပါ” “ဟင်..ဂျွန်လေးကကျောင်းတက်နေတာမို့လား” “အဲ…ဪ…ဟိုဟာ ဂျွန့်အတွက်မဟုတ်ပါဘူး အိမ်က အစ်ကို့အတွက်ပါ” မိုးပြာရဲ့အကျင့်ကလည်းသူများကိုအင်မတန်မှကူညီချင်တတ်တယ်။ချက်ချင်းပဲတုံ့ပြန်မိတာက […]


ကောင်လေးတစ်ယောက်ရဲ့လမ်းလွဲလေး မိုးကတဖြောက်ဖြောက်ကျနေသည်။ဒီလိုသာဆိုရင်ဖြင့်နဂိုတည်းကအလုပ်သွားရမှာပျင်းသော ညီညီတစ်ယောက်အိပ်ယာထဲကထပါ့မလား။ နေ့လည်စာအတွက်နှစ်ယောက်စာထမင်းဗူးကိုပြင်ဆင်နေရင်းမေရတီစဉ်းစားမိတာပါ။ ညီညီ့အပေါ်အထက်တန်းကျောင်းမှာထဲကစိတ်ဝင်စားနေရသောမေရတီအတွက် ညီညီနဲ့အတူ စူပါမတ်ကတ်တစ်ခုမှာအလုပ်ရကတည်းကအတိုင်းမသိပျော်ခဲ့တာပါ။ အလုပ်စဝင်ကြကတည်းက ညီညီတာဝန်မပေးပဲ နှစ်ယောက်စာထမင်းဗူးထည့်နေကျ။ညီညီကကြုံသလိုစားတတ်တာမို့ ထမင်းဗူးထဲကထမင်းတွေကပြန်ပါလာတာများတတ် သည်။ “ငါ့ထမင်းဗူးကိုနေ့တိုင်းစားပါညီညီရာ နို့မို့ငါ့မှာသွန်ပစ်ရတာနှမြောလွန်းလို့” ဟုဆိုညည်းတတ်လျှင် ကိုရွှေညီညီက မလှုပ်မယှက်မျက်နှာပေးနှင့် “နင့်ကိုဘယ်သူကငါ့အတွက်သယ်လာခိုင်းလို့လဲ နင့်အိမ်ကသိရင်လဲမအိုကေပါဘူးဟာငါ့အတွက်ထည့်မလာနဲ့” ဆိုပြီးတားမြစ်တတ်ပေမယ့် မေရတီကတော့ညီညီ့အတွက်ပိုထည့်မြဲ။ ညီညီတို့အိမ်ကသိပ်မပြေလည်။ညီညီ့အဖေကကားနောက်လိုက်တစ်ဦးဖြစ်ပြီးကျန်းမာရေးကသိပ်မကောင်းလှ။ ညီညီ့အမေကရပ်ကွက်ဈေးလေးထဲတွင် ကုန်စိမ်းနည်းနည်းရောင်းသည်။ညီညီကအလတ်ဖြစ်ပြီးအစ်ကိုဖြစ်သူ အောင်ကိုကိုကအရက်သမား။ ညီမငယ်နှစ်ယောက်ကကျောင်းသူ။ညီညီကရုပ်ကလေးကချောသလောက်နုံချာသည့်ဘဝပေးကြောင့်ေ လာကကြီးကိုအမြဲလိုလိုမကျေနပ် ဖြစ်နေတတ်သည်။ မေရတီတို့ မိသားစုကတော့ ဝန်ထမ်းမိဘတွေနဲ့ဝန်ထမ်းအစ်မလစာ၊မေရတီလစာတို့ ကြောင့် ချောချောင်လည်လည်ရှိသည် ။မေရတီအလုပ်မရခင်ကတည်းက အဆင်ပြေပါ သည်။ မေရတီအလုပ်ရတော့ရတဲ့လစာဟာ မေရတီသုံးဖို့အတွက်သာ။ မေရတီကတော့ဆင်းရဲသည့်ညီညီ့ကိုမကြည့်ရက်၍ တဖက်တလမ်းကတတ်နိုင်သလောက်ဖြည့်ဆည်းပေးပေ မယ့် ညီညီ့အမြင်မှာတော့မရှင်းလင်းသဖြင့် မေရတီ စိတ်မကောင်းဖြစ်ရသည်။ )))))))))))))))))) မေရတီဆိုတဲ့သူငယ်ချင်းမတစ်ယောက်ဟာ ညီညီ့အပေါ်သံယောဇဉ်ပိုနေတာညီညီရိပ်မိပေမယ့် ညီညီ့ဘက်ကတော့ပြိုမကျဖြစ်ခဲ့။မေရတီရဲ့ရုပ်ရည်ကလေးမဆိုးလှပါ ညီညီ့လိုအသားဖြူဖြူမဟုတ်ပေမယ့်ညိုညိုသေးသေးနဲ့သပ်သပ်ရပ်ရပ်ချစ်စရာရုပ်ရည် လေးနဲ့ပါ ။ရွှေတိုရွှေစလေးအနည်းငယ်နဲ့ကိုယ့်ကိုယ်ကိုတင့်တယ်အောင်လည်းပြင်ပြင်ဆင်ဆင်လေးရှိပါသည်။ သို့ပေမယ့် ညီညီမျှော်မှန်းတဲ့ဘဝလက်တွဲဖော်ဟာ အဲဒီလောက်လေးပြေလည်နေရုံနဲ့မဖြစ်သေး။ညီညီ့ရုပ်ရည်နဲ့ဆိုရင်ရုပ်ရည်အသင့်အတင့်နဲ ့ငွေကြေးအတန်အသင့်ချမ်းသာသော […]


[:(] [:|] ကောင်လေးတစ်ယောက်ရဲ့လမ်းလွဲလေး [;)] [:o] မိုးကတဖြောက်ဖြောက်ကျနေသည်။ဒီလိုသာဆိုရင်ဖြင့်နဂိုတည်းကအလုပ်သွားရမှာပျင်းသော ညီညီတစ်ယောက်အိပ်ယာထဲကထပါ့မလား။ နေ့လည်စာအတွက်နှစ်ယောက်စာထမင်းဗူးကိုပြင်ဆင်နေရင်းမေရတီစဉ်းစားမိတာပါ။ ညီညီ့အပေါ်အထက်တန်းကျောင်းမှာထဲကစိတ်ဝင်စားနေရသောမေရတီအတွက် ညီညီနဲ့အတူ စူပါမတ်ကတ်တစ်ခုမှာအလုပ်ရကတည်းကအတိုင်းမသိပျော်ခဲ့တာပါ။ အလုပ်စဝင်ကြကတည်းက ညီညီတာဝန်မပေးပဲ နှစ်ယောက်စာထမင်းဗူးထည့်နေကျ။ညီညီကကြုံသလိုစားတတ်တာမို့ ထမင်းဗူးထဲကထမင်းတွေကပြန်ပါလာတာများတတ် သည်။ “ငါ့ထမင်းဗူးကိုနေ့တိုင်းစားပါညီညီရာ နို့မို့ငါ့မှာသွန်ပစ်ရတာနှမြောလွန်းလို့” ဟုဆိုညည်းတတ်လျှင် ကိုရွှေညီညီက မလှုပ်မယှက်မျက်နှာပေးနှင့် “နင့်ကိုဘယ်သူကငါ့အတွက်သယ်လာခိုင်းလို့လဲ နင့်အိမ်ကသိရင်လဲမအိုကေပါဘူးဟာငါ့အတွက်ထည့်မလာနဲ့” ဆိုပြီးတားမြစ်တတ်ပေမယ့် မေရတီကတော့ညီညီ့အတွက်ပိုထည့်မြဲ။ ညီညီတို့အိမ်ကသိပ်မပြေလည်။ညီညီ့အဖေကကားနောက်လိုက်တစ်ဦးဖြစ်ပြီးကျန်းမာရေးကသိပ်မကောင်းလှ။ ညီညီ့အမေကရပ်ကွက်ဈေးလေးထဲတွင် ကုန်စိမ်းနည်းနည်းရောင်းသည်။ညီညီကအလတ်ဖြစ်ပြီးအစ်ကိုဖြစ်သူ အောင်ကိုကိုကအရက်သမား။ ညီမငယ်နှစ်ယောက်ကကျောင်းသူ။ညီညီကရုပ်ကလေးကချောသလောက်နုံချာသည့်ဘဝပေးကြောင့်ေ လာကကြီးကိုအမြဲလိုလိုမကျေနပ် ဖြစ်နေတတ်သည်။ မေရတီတို့ မိသားစုကတော့ ဝန်ထမ်းမိဘတွေနဲ့ဝန်ထမ်းအစ်မလစာ၊မေရတီလစာတို့ ကြောင့် ချောချောင်လည်လည်ရှိသည် ။မေရတီအလုပ်မရခင်ကတည်းက အဆင်ပြေပါ သည်။ မေရတီအလုပ်ရတော့ရတဲ့လစာဟာ မေရတီသုံးဖို့အတွက်သာ။ မေရတီကတော့ဆင်းရဲသည့်ညီညီ့ကိုမကြည့်ရက်၍ တဖက်တလမ်းကတတ်နိုင်သလောက်ဖြည့်ဆည်းပေးပေ မယ့် ညီညီ့အမြင်မှာတော့မရှင်းလင်းသဖြင့် မေရတီ စိတ်မကောင်းဖြစ်ရသည်။ )))))))))))))))))) မေရတီဆိုတဲ့သူငယ်ချင်းမတစ်ယောက်ဟာ ညီညီ့အပေါ်သံယောဇဉ်ပိုနေတာညီညီရိပ်မိပေမယ့် ညီညီ့ဘက်ကတော့ပြိုမကျဖြစ်ခဲ့။မေရတီရဲ့ရုပ်ရည်ကလေးမဆိုးလှပါ ညီညီ့လိုအသားဖြူဖြူမဟုတ်ပေမယ့်ညိုညိုသေးသေးနဲ့သပ်သပ်ရပ်ရပ်ချစ်စရာရုပ်ရည် လေးနဲ့ပါ ။ရွှေတိုရွှေစလေးအနည်းငယ်နဲ့ကိုယ့်ကိုယ်ကိုတင့်တယ်အောင်လည်းပြင်ပြင်ဆင်ဆင်လေးရှိပါသည်။ […]