ေရႊဘိုသားOctober 25, 20131min25111
ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး ကြည်နူးကြဖူးတယ် ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး လွမ်းဆွတ်ကြဖူးတယ်။ သစ်ပင်တစ်ချို့ကိုကြည့်ပြီး သံဝေဂတွေရကြဖူးတယ် သစ်ပင်တစ်ချို့ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရကြဖူးတယ်။ လောကကြီးရဲ့သဘာဝအလှတရားတွေကို ခံစားကြဖူးတယ် လောကကြီးရဲ့ သဘာဝအလှတရားတွေကို ဖျက်စီးကြဖူးတယ်။ ညရဲ့အလှတရားတွေကို စောင့်မျှော်ကြည့်ခဲ့ကြဖူးတယ် ညရဲ့အလှတရားတွေကို မေ့လျော့စွာနေခဲ့ကြဖူးတယ်။ လူတစ်ချို့ကိုကြည့်ပြီး ပြုံးခဲ့ကြဖူးတယ် လူတစ်ချို့ကိုကြည့်ပြီး မျက်ရည်ဝဲခဲ့ကြဖူးတယ်။ မြို့ပြကြီးကိုကြည့်ပြီး ပျော်ရွှင်ခဲ့ကြဖူးတယ် မြို့ပြကြီးကိုကြည့်ပြီး စိတ်ညစ်ခဲ့ကြဖူးတယ်။ မူးယစ်စေတဲ့ အရာတွေကြောင့် မှားခဲ့ကြဖူးတယ် မိမိအတ္တတွေ လောဘတွေ ဒေါသတွေ မာနတွေကြောင့် ပိုမှားခဲ့ကြတယ်။ အချိန်ရှိတိုင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်ဝေဖန်ဖို့ သတိရကြပြီး အချိန်ရှိတိုင်း မိမိကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ မေ့လျော့နေခဲ့ကြတယ်။ ိ ထိုသို့သော သတ္တဝါများသည် ကျွန်ုပ်တို့ လူသားတစ်ချို့ပင် ဖြစ်ကြပါသည်။


ေရႊဘိုသားMarch 25, 20121min47318
ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ လူဦးရေ ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်မှာ လုံးလုံးလျားလျား ကျရောက်နေတဲ့ နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဦးဆောင်ကြိုးပမ်းလာပါတယ်။ နိုင်ငံကို ပြောတဲ့ သူရဲ့မိန့်ခွန်းက စကားအတိုင်းဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အတိတ်က အမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားဖို့ သံဓိဌာန်ချ လုပ်ဆောင်လာပါတယ်။ (သမ္မတကြီးတို့ ရွာသားတွေ သောက်သုံးတဲ့ ရေကန်) (သမ္မတကြီး ဦးသိန်းစိန် ဆော့ကစားခဲ့တဲ့ ရွာကလေး) ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ […]


ေရႊဘိုသားMarch 23, 20121min1538
ကျနော်ပြောတဲ့ ဂုဏ်ပြုသင့်သူက ကမ္ဘာ့နံမည်ကြီးတစ်ယောက်မဟုတ်ပါဘူး ကျနော်တို့နဲ့ ဝါသနာတူ မထင်ရှားတဲ့ ဘောလုံးသမားတစ်ယောက်အကြောင်းပါ http://mutdfan.com/index.php/readmore/post/41897 ကျနော်ဒီနေ့နံနက် ကျနော့်ဒုတိယအချစ်တော် www.mutdfan.com ဆိုတဲ့ဘောလုံးဝက်ဆိုဒ်လေးထဲဝင်လိုက်တော့ ဘောလုံးလောကရဲ့ အလှပဆုံး အချိန်၊ မဖြစ်သင့်တဲ့ ပင်နယ်လ်တီကို အားကစားသမား ပီပီသသ ဘယ်လို ကန်ခဲ့သလဲ။ (ဗွီဒီယို) http://mutdfan.com/index.php/readmore/post/41897 ဆိုတဲ့ခေါင်းစဉ်လေးနဲ့ သတင်းတစ်ခုကိုတွေ့မိလို့ ဖတ်ကြည့်လိုက်တာ အီတလီ အပျော်တမ်း ကိုပါ အီတာလီယာ ဒီလက်တန်နီ ဘောလုံးပြိုင်ပွဲ တစ်ခုက Vittorio Esposito ဆိုတဲ့ဘောလုံးသမားတစ်ယောက်ဟာ ဒိုင်လူကြီးကမှားယွင်းစွာသတ်မှတ်ပေးလိုက်တဲ့ ပင်နယ်တီကို ဝင်အောင်မကန်ပဲ မိုးပေါ်ထောင်ကန်ပစ်လိုက်တယ်ဗျာ အဲဒီလို တမင်ကန်ရုံတင်မကဘူး ဒိုင်ကိုလည်း ကျနော့်ကိုမထိခိုက်မိပါဘူး ပင်နယ်တီမဟုတ်ပါဘူးလို့ပြောပါသေးတယ် ဒိုင်ကဆုံးဖြတ်ပြီးလို့ မဖြစ်မနေကန်ရမယ်ဆိုတော့လည်း အားကစားသမား ပီသစွာပဲ တမင်ကိုမိုးပေါ်ထောင်ကန်ပစ်လိုက်တာ အားကစားသမားပီသတဲ့စိတ်ဓာတ် ကတော်တော်လေးစားဖို့ကောင်းပါတယ် တစ်ခြားဘောလုံးသမားတွေဆို ပင်နယ်တီရဖို့တောင် တမင်တကာလုပ်ယူနေကြတဲ့အချိန် […]


ေရႊဘိုသားMarch 21, 20121min26812
လူတွေများ မကောင်းကြဘူးမောင်လေးရယ် သူလုပ်တာ အခုငါတို့မှာအလုပ်တွေရှုပ်နေတာပဲ အခုပဲတူတော်မောင်က ဖုန်းလာဆက်ပါဆိုလို့ လာဆက်တာ တော်တော်မကောင်းတဲ့လူတွေပဲ အပေါ်ကစကားတွေက ကျနော်နဲ့သိတဲ့ အန်တီတစ်ယောက် ညည်းညည်းညူညူပြောနေတာပါ ဒါနဲ့ မနေသာတော့ပဲ စပ်စုမိတယ်ဗျာ ဘာတွေများဖြစ်လာလို့လည်း အန်တီရယ်ဆိုတော့ ငါတူလေ အရင်ပတ်က နိုင်ငံခြားပြန်သွားတာ ဘယ်နိုင်ငံလည်းတော့ ကျနော်လည်း မစပ်စုမိဘူး ထိုင်းနိုင်ငံကတစ်ဆင့် လေယာဉ်နဲ့ပြန်တာလောက်ပဲသိတယ် ထားပါဒါကအဓိကပြောချင်တာမဟုတ်ဘူး သူ့တူကိုလိုက်ပို့တော့ သူ့တူက လေယာဉ်ပေါ်တက်ဖို့အသွားမှာ ရှေ့ခပ်လှမ်းလှမ်းက နိုင်ငံခြားခရီးသွား စုံတွဲက iphone ဆိုလားသိပ်တော့မသိဘူး (တောသားဆိုတော့လေ) ကျကျန်နေရစ်တာကိုသူကမြင်တယ် ဒါ့မို့သူကသွားကောက်လိုက်တယ် ပိုင်ရှင်စုံတွဲကတော့ လေယာဉ်ပေါ်တက်သွားပြီတဲ့ လိုက်ပေးလို့လည်းမရတော့ဘူး လေယာဉ်ကတော့မထွက်သေးဘူးပေါ့ ဒါနဲ့ သူလည်းလိုက်ပေးလို့မရတူတူမို့ လေယာဉ်ကွင်းထဲက တာဝန်ရှိတဲ့ ဌာနကိုသွားအပ်ပြီး ဘယ်လေယာဉ်ပေါ်တက်သွားတာပါဗျာ ပိုင်ရှင်က ကျကျန်နေရစ်တာ လေယာဉ်လည်းမထွက်သေးပါဘူး ပြန်ပေးပေးပါ ဆိုပြီး သူကတော့ သူ့ခရီးသူဆက်ခဲ့သတဲ့ အဲဒီ […]


ေရႊဘိုသားMarch 20, 20121min50825
http://www.facebook.com/#!/photo.php?fbid=341479265889175&set=a.101539929883111.3421.100000813137927&type=1&theater အပေါ်က လင့်မှာလည်း ကြည့်နိုင်ပါတယ်ဗျ ဒါက ကျနော်လက်ဆော့ ထားတဲ့ပုံ ဘယ်ရယ်မဟုတ်ဘူး ရယ်ချင်လို့ ပြောင်းဖူးကြီး မြှောက်ကာမြှောက်ကာ မဲဆွယ်နေတာကို ရယ်ချင်လို့ ဒီပုံကတော့ ကြက်ဖွံ့ အမတ်လောင်းမဲဆွယ်ပုံပါခဗျာ ဟုတ်ကဲ့…မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် သင်ဂုဏ်ယူလို့ ရပါပြီ။ အထူးသဖြင့် ဒီလို …မဟာ့ မဟာ ဉာဏ်ကြီးရှင်တွေ ဦးစီးတဲ့ ကြံ့ဖွတ်ပါတီကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ လူဖြစ်ခွင့်ရတာကိုပဲ သေမယ်ဆိုရင် သေပျော်ပြီလို့ ကျေကျေနပ်နပ် မှတ်ယူနိုင်ပါပြီ။ တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီဝင်လူကြီးမင်းများက တာမွေဈေးကို မပြောင်းစေရပါဘူးလို့ ဒီလိုလေး အတိတ်ပြပြီး မဲဆွယ်ခဲ့ပါတယ်…တဲ့။ (ပြောင်းဖူးပေါ်မှ “မ” လို့ ထင်ထင်ရှားရှားရေးပြထားပါတယ်) ဟုတ်ကဲ့.. ဒီကမ္ဘာပေါ်တွင်သာ မက .. ဘယ်ကမ္ဘာပေါ်မှာမှ မတွေ့နိုင်တဲ့ ခန့်ခန့်ငြားငြား မဲဆွယ်နည်းဖြစ်ပါသည်။ အို.. နိုင်ငံသူ၊ နိုင်ငံသား […]


ေရႊဘိုသားFebruary 28, 20121min947
ပထမဆုံး ကျနော့်သူငယ်ချင်းအကြောင်းလေးအရင်ဖွပေးလိုက်ရအုံးမယ် သူနဲ့ကျနော်က ငယ်ပေါင်းတော့မဟုတ်ဘူးဗျ ဆယ်တန်းမှပေါင်းလာတာ ပေါင်းတယ်ဆိုတာကလည်း သူကကျနော့်ထက်အရင်ဆယ်တန်းအောင်တော့ စာလေးဘာလေးမေးရင်းနဲ့ခင်နေကြတာပါ သူ့အဖေက ဥက္ကဌဆိုတော့ အစိုးရဝန်ထမ်းဖြစ်ချင်နေတဲ့သူတစ်ယောက်ပေါ့ ရှေ့နေတစ်ယောက်ဖြစ်ချင်သတဲ့ဗျာ ဆယ်တန်းအောင်တော့ သူကတော့ Day ကျောင်းကို ဥပဒေအထူးပြုနဲ့ဆက်တက်ပါတယ် ကျနော်ကတော့ အဝေးသင်ပဲတက်နေတာပေါ့ အမြဲတော့တွေ့ဖြစ်ပါတယ် တစ်နယ်တည်းသားတွေဆိုတော့ အမြဲပဲတွေ့တတ်ပါတယ် နေတာကလည်းအတူတူနေတာကိုး အမြဲပဲ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ဖို့ပြောပါတယ် ကျနော့်ကိုလည်း အစိုးရအလုပ်ဝင်လုပ်ပါလား ဘဝအာမခံရှိတယ်လို့ အမြဲနားချလေ့ရှိပါတယ် အခုသူကကျောင်းပြီးတော့ အလုပ်သင်ချိန်ဘာတွေဆင်းနေတာပေါ့ ဆင်းနေတာ ၁ နှစ်လောက်တော့ရှိမယ်ဗျ ပြီးခဲ့တဲ့အပတ်ကမှ စကားပြောဖြစ်ကြတော့ သူရှေ့နေလုပ်ချင်တဲ့အကြောင်းအရာကို ကျနော်သိခွင့်ရပါတော့တယ် စကားပြောဖြစ်တာက တန်ခူးလနယ်ပြန်အုံးမလားပေါ့ ကျနော်ကမပြန်တော့ဘူးဆိုတော့ သူကတော့မပြန်လို့မရဘူး ငါတော့ပြန်အုံးမယ်တဲ့ ဘာ့လို့မပြန်လို့မရတာလည်းလို့ စပ်စုကြည့်တော့ အိမ်နဲ့တိုင်ပင်ရအုံးမယ် ရှေ့ဘာဆက်လုပ်ရမလဲဆိုတာဆိုတော့မှ မင်းရှေ့နေဖြစ်ချင်တာပဲ အခုလည်းအဲဒါနဲ့ပတ်သတ်တဲ့သင်တန်းတွေတက်နေတာ ဒါပဲဆက်လုပ်ပေါ့ဆိုတော့ မဟုတ်ဘူးကွ အခုအတိုင်းဆိုသိပ်မိုက်တော့ဘူး ဘာ့လို့လည်းဆိုတော့မှ အရင်လိုလာဘ်ပေးလာဘ်ယူတွေသိပ်မချောင်တော့ဘူးတဲ့ […]


ေရႊဘိုသားFebruary 16, 20121min23124
ကိုကြီး သမီးမနေ့က သမီးရည်းစားနဲ့လျှောက်လည်တာသိလား ဪ နင်ဒါ့ကြောင့် အလုပ်ကိုအရေးကြီးလို့ဆိုပြီး ခွင့်ယူတာပေါ့ဆိုတော့ ဟုတ်တယ် ကိုယ်ကလည်းခပ်နောက်နောက်ဆိုတော့ မင်းတို့ဘယ်တွေလျှောက်လည်တာလည်းကွ ဗဟုသုတပြောပြစမ်းပါ ငါလည်းရည်းစားရရင် လည်ရအောင်ဆိုတော့ မင်္ဂလာဈေး သွားတာကိုကြီး ဪချစ်သူများနေ့လည်ဖို့ တူညီအဝတ်စားတွေသွားဝယ်တာပေါ့ဆိုတော့ မယ်မင်းသမီးက စပ်ဖြဲဖြဲလုပ်နေလေရောဗျာ ဒါနဲ့ကျနော်က မဟုတ်ဘူးလားဆိုတော့မှ အဲဒီအပေါ်ထပ်မှာ တည်းခိုခန်းရှိတယ် အဲဒီသွားတာပေါ့ဆိုတော့ အင်းတဲ့ ကျနော့်မှာဖြင့် ဘုရား ဘုရား တရုံပဲတနိုင်တော့တယ် ကျနော့် မျက်နှာကဘယ်လိုဖြစ်နေသလဲတော့ ကျနော်မပြောတတ်ဘူး သူကတော့ အဲလိုကြီး မကြည့်ပါနဲ့ ဘာမှမဖြစ်ပါဘူးတဲ့ အော် ခက်ပါပြီ ငါဘာပြောလို့လည်း နင့်ဖာသာ မလုံတဲ့အိုးပွင့်နေတာဆိုတော့ တခစ်ခစ်နဲ့သဘောတွေကျနေတာဗျာ ကျနော်ဖြင့်ယုံဖို့တောင်ခက်တယ် ဘာမှမဖြစ်ဘူးတော့ပြောတယ် သူ့ရည်းစားက သူ့ကို ကြယ်သီတပ်ပေးတာတွေတော့လာပြောသဗျာ ယိုသူမရှက် မြင်သူရှက် ဆိုတာ ဒါမျိုးပြောတာထင်တယ်ဟလို့ တွေးပြီးကိုယ့်ဖာသာ ပြုံးနေတာကိုတောင် ဒီဘဲကြီး ဖီးလ်တွေတက်နေတယ်ထင်တယ်လို့ […]


ေရႊဘိုသားFebruary 14, 20121min19113
“ဟူး–ချစ်သူများနေ့မှာ ငါတစ်ယောက်ထဲအထီးကျန်စွာဖြတ်သန်းရတော့မှာလား” ဒါက ချစ်သူများနေ့မတိုင်ခင်ဖေ့ဘွတ်ထဲမှာ တွေ့မြင်ရတဲ့ စာသားလေးပါ အခုလိုစာသားလေးတွေကို စာဖတ်သူတော်တော်များများလည်း အခုတလောတွေ့ဖူးမှာတော့ သေချာပါတယ် ဘယ်သူတွေအများဆုံးတင်ကြသလဲ ကျနော်တို့လို လူငယ်လေးတွေပါပဲ အထူးသဖြင့် မြို့ပြလူငယ်တွေပါ မြို့ပြပေါ်ကလူငယ်တွေပဲ ဒီအနောက်တိုင်းယဉ်ကျေးမှုနဲ့ ယဉ်ပါးနေတာပါ ကျနော်တို့ တောနယ်ကလူငယ်တွေကတော့ သိတောင်မသိကြပါဘူး သိရင်တောင် ၁ဝ ယောက်မှာ ၁ယောက်လောက်ပဲသိမှာပါ အဲဒီသိတဲ့သူတောင် မြို့ပြကိုရောက်ဖူး လို့ပဲဖြစ်မှာပါ ကျနော်ကိုယ်တိုင်လည်း ၉တန်းနှစ်ရွာမှာကျောင်းတက်နေတုန်းကတောင် ဒီဖေဖော်ဝါရီ ၁၄ ရက်ချစ်သူများနေ့ကိုမသိသေးပါဘူး ၁ဝတန်းနှစ်ရန်ကုန်ပြောင်းလာမှ သိရတာပါ  ကျနော်တို့နယ်ဘက်မှာတော့ ချစ်သူများနေ့မပြောနဲ့ လတွေနှစ်တွေကိုတောင် မြန်မာခုနှစ်မြန်မာလတွေနဲ့တွေပဲ သုံးကြတာပါ။ခေတ်မမှီဘူးလို့ပြောလည်းရပါတယ် ကျနော့်ကိုယ်တွေ့ ပြီးခဲ့တဲ့လက ကျနော့်ညီလေး ရ တန်းကျောင်းသားလေးကို ကျနော်ဖုန်းဆက်တော့ ဘောင်ဘီရှည်ဝယ်ပေးဖို့ လှမ်းမှာပါတယ် အစ်ကိုတောင်လမကုန်သေးလို့ ချွေတာသုံးနေရတာ ခဏစောင့်ဝယ်ပေးလိုက်မယ်ဆိုတော့ အခုတောင် တပိုတွဲလဆန်း 3 ရက်ရောက်နေပါပြီအစ်ကိုရာ […]


ေရႊဘိုသားFebruary 11, 20121min42719
မနေ့က 11.2.2012 နေ့ကပေါ့ဗျာ ကျနော် အလုပ်ကအပြန် ကျောက်မြောင်းက အစ်မအိမ်ကို မရောက်တာကြပီဆိုပြီးဝင်တာ တီဗီ အစီအစဉ်တွေလာနေတာနဲ့ MRTV 4 လိုင်းကိုခဏကြည့်နေမိတာ နံမည်ကြီး ဖိနပ်ကုမ္မဏီးဖြစ်တဲ့ Lily Shoe ကစပွန်ဆာပေးပြီး ကျင်းပတာလို့သိရတဲ့ ရှိုးတစ်ခုပေါ့ဗျာ မော်ဒယ်တွေကလည်း အများကြီးပဲ ကိုယ်တွေကလည်း ဒါမျိုးဆို ဝါသနာက ကြီးပါဘိနဲ့ ကြည့်နေမိတာ မော်ဒယ်တွေများဆိုလည်း Miss Lady ရွေးချယ်ပွဲကိုးဗျ အကဲဖြတ်ဒိုင်က ကျနော်အရမ်းကြိုက်တဲ့ ချင်းမလေး သက်မွန်မြင့် လည်းပါနေတော့ ဆက်ကြည့်နေမိတာ မော်ဒယ် အယောက် 20 ကနေ တဖြည်းဖြည်းရွေးချယ်သွားတာဗျာ နောက်ဆုံး ဆန်ခါတင်မှာ 5 ယောက်ပဲကျန်တော့တယ် မတင်မိုးလွင်ပြောတာ Final အဆင့်ပေါ့ အဲဒီထဲကမှ 1 ယောက်ကို Miss Lady ရွေးချယ်မယ် […]


ေရႊဘိုသားFebruary 7, 20121min31244
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက် ရဲ့ ဖြစ်ရပ်မှန် လေးပါ။ 28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ် ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက် စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့ အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ် General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။ ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး […]


ေရႊဘိုသားJanuary 28, 20121min1405
နေ့တိုင်းရုံးဆင်းရုံးတက် အမြဲကြားရတဲ့အသံက ချစ်ကို တစ်စီးလောက် ဆရာကြီး တစ်စီးလောက် အဲဒီအသံက ကားဒရိုက်ဘာတွေ ကားစပယ်ယာတွေပြောနေကျစကား ကားသမားတွေပြောတာဆိုပြီး ကားအရောင်းအဝယ်ပွဲစားတန်းထဲမှာ ကားအရောင်းအဝယ်အတွက်ပြောတာမဟုတ်ဘူးနော် ခရီးသည်ရဖို့သူ့ထက်ငါအပြိုင်မောင်းရင်း ကျော်တက်ချင်လို့ နောက်ကလာနေတဲ့လမ်းကြောင်းမှန်ကားတွေကို ခွင့်တောင်းကြတာ ဒါနဲ့ပဲ နောက်ကားက ခွင့်ပြုရင်တော်သေးတယ် ခွင့်တောင်းတဲ့ကားကလည်းကျော်ခိုင်းတယ်ထင်ပြီးကျော် ဟိုကလည်းမကျော်ခိုင်းနိုင်ဘူးဆိုပြီးမောင်းလာလို့ကတော့တိုက်ပြီပဲ ဒါကလည်းခဏခဏကြုံဖူးပါတယ် ကျော်လို့ရပြီဆိုတာနဲ့ ဖော်မြူလာဝမ်းကားမောင်း ချန်ပီယံအလားစွတ်မောင်းတော့တာပဲ လူများများရမဲ့ကားမှတ်တိုင်တွေရောက်မှ သဘောင်္ကျောက်ချသလိုရပ်ထားပြီး ကွမ်းယာလေးဆင်းဝယ်လိုက် ကွမ်းယာဆိုင်ကကောင်မလေးတွေနဲ့ စကားလေးပြောနေလိုက်နဲ့ အလုပ်ကိုဖြစ်လို့ ကားပေါ်ကခရီးသည်တွေကို အားနာမယ်တော့မထင်နဲ့ သူတို့ဘဝတူ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယာဉ်လိုင်းချင်းကျော်တက်ပြီး ခရီးသည်ရဖို့လောဘနဲ့ အမြန်မာကျော်မောင်းလာတာ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ စိတ်နဲ့ကျော်တက်လာတာဗျာ ခရီးသည်တွေက သူတို့အသိမှမဟုတ်တာအားမနာတာမဆန်းတော့ပါဘူး ခရီးသည်တွေက အိမ်အပြန်နောက်ကျလို့ မိုးချုပ်နေလို့ မောင်းပါတော့ ထွက်ပါတော့လို့တော့မပြောလိုက်နဲ့ လိုင်းကားတွေက ဆောင်ပုဒ်တစ်ခုထပ်တိုးထားတယ်ဗျ ဘာတဲ့ မြန်ချင်ရင် တက္ကစီငှားစီး ဒီထက်ပိုမြန်ချင်ရင်ကိုယ်ပိုင်ကားဝယ်စီးတဲ့ ဒါက ကားနောက်လိုက်တွေပြောနေကျစကား […]


ေရႊဘိုသားJanuary 23, 20121min19314
ြြြဲ ကျောက်မဲမြို့က နဝမတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံဩထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။ ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (— ) မှ နဝမတန်းကျောင်းသူလေး သုံးယောက်ဟာ အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ——- ( Ph No. ——) နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။ ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် […]


ေရႊဘိုသားJanuary 17, 20121min1078
အခုတလောတွေ့နေရတာကလည်း စိတ်မကောင်းစရာ ဝမ်းနည်းစရာတွေပဲ အရင်တစ်ခါတင်ထားတဲ့ တွေးမိတွေးရာ စိတ်မကောင်းစရာ ဆိုတဲ့ပို့စ်လေး ထဲမှာပါတဲ့ အင်တာနက်ဆိုင်လေးမှာပဲ 15 ရက်နေ့ကပေါ့ဗျာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီးနောက် 2 ရက်အကြာပေါ့ ဆိုင်ထဲက ဘေးတစ်ခုံခြားမှာ ထိုင်နေတဲ့ အစ်မတစ်ယောက် အသက်က 25 လောက်ပေါ့ အွန်လိုင်းမှာ သူ့ရည်းစားနဲ့ ဂျီတော့ ပြောနေတာ သူ့ရည်းစားဆိုတာကလည်း သူတို့ပြောဆိုနေတဲ့ စကားတွေကိုကြားပြီး သိရတာပါ အစကတော့ သိပ်ဂရုမစိုက်သေးပါဘူး နောက်ပိုင်းတော့ ဟိုဘက်ကလည်း နိုင်ငံခြားမှာနေတာဆိုတော့ အကျဉ်းသားတွေ လွှတ်တဲ့ အကြောင်းကိုမေး တယ်ထင်ပါတယ် ဟုတ်တယ် လွှတ်ပေးတယ်လို့ ဒီဘက်ကပြန်ဖြေသံလည်းကြားရတယ်ဗျာ အဲဒီတုန်းကတော့ စိတ်ထဲမှာ ကျေနပ်သေးတယ်ဗျာ နိုင်ငံခြားမှာသာ စီးပွားရှာနေရတာ ကိုယ့်နိုင်ငံလေးလွမ်းတော့လည်း ကိုယ်နိုင်ငံမှာစီးပွားပြန်ရှာချင်တာကြောင့် နိုင်ငံတိုးတက်မဲ့ ကိစ္စကို စိတ်ဝင်တစားရှိကြသေးတော့ ချီးကျူးမိပါသေးတယ် နောက်တော့ဒီဘက်အစ်မ ဖြေလိုက်တဲ့ […]