ေရႊဘိုသားJanuary 13, 20121min16714
စာလေးကလည်း ရေးလို့သာရေးရမှာ တော်တော်စိတ်မကောင်းဖြစ်မိတဲ့ မြင်ကွင်းလေဗျာ အဲလိုတွေဖြစ်နေတာ ဘယ်သူ့ကြောင့်လည်းလို့လည်း တွေးမိပါတယ် တော်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ် ကျနော်ဗျာ အလုပ်ကအပြန် အင်တာနက်ဆိုင်လေးထဲဝင်လိုက်တယ် အင်တာနက်ဆိုင်ကလေးက နိုင်ငံခြားဖုန်းလည်းရတယ်ဗျ ဆိုင်ကလည်း ကိုယ်တွေလမ်းထဲကဆိုတော့ ကောင်တာကအစ်ကိုနဲ့ သူငယ်ချင်းလိုဖြစ်နေပြီ ဆိုင်ရဲ့ အခင်းအကျင်းလေးကိုအရင်ပြောရအုံးမယ် ဆိုင်က ရှေ့က အင်တာနက် သီးသန့်ဗျာ အနောက်က အခန်းလေးကန့်ထားတယ် အဲဒီအခန်းလေးက နိုင်ငံခြားဖုန်းခေါ်ဆိုဖို့သိးသန့် ကျနော်ထိုင်ပြီးလို့ မကြာဘူးဗျာ အန်တီတစ်ယောက်နဲ့ ကလေး လေးနှစ်ယောက်ဝင်လာကြတယ် ကျနော်ကလည်း ကောင်တာနဲ့ အနီးကစက်မှာထိုင်နေတာဆိုတော့ သူတို့ပြောတာကြားရတယ်ဗျာ သား အန်တီတို့ ဖုန်းခေါ်ချင်လို့ပါတဲ့ ကောင်တာက အစ်ကိုကလည်း အန်တီ ဖုန်းခေါ်ဖို့ဆို နောက်အခန်းလေးထဲဝင်သွားလိုက်ပါတဲ့ နောက်အခန်းလေးထဲ ဝင်သွားလို့ မကြာပါဘူး ဖုန်းခေါ်ပြိးလောက်ပေါ့ ကလေးငိုသံနဲ့ ဖုန်းပြောနေတာကြားရပါလေရောဗျာ အစကတော့သိပ် အာရုံမစိုက်သေးဘူးဗျ ဒီလိုပဲ ကလေးဖုန်းပြောရင်း […]


ေရႊဘိုသားJanuary 9, 20122min13112
                    ကျနော့် အသိတစ်ယောက်က သူ့ဓာတ်ပုံလေးတွေကို Scan ဖတ်ပြီး စတစ်ထဲထည့်ပေးပါဆိုလို့ ကျနော်ရောယူအုံးမယ်ဗျာ ကျနော်တို့ဆိုဒ်ထဲ တင်မလို့ တော်တော်ကိုလှလို့ပါဆိုပြီ ယူလာတာဗျာ ရွာသူရွာသားတွေ ကြည့်ဖို့ပေါ့ တော်တော်ကိုအရည်သွေး ကောင်းတဲ့ဓာတ်ပုံလေးတွေပဲလို့ထင်ပါတယ် ကြည့်ပြီး ကျနော်ကတော့ တော်တော်ကို အေးချမ်းသွားတယ်ဗျာ ရှုခင်းလေးတွေက အေးချမ်းမှုကိုပေးစေတယ်ဗျ ဓာတ်ပုံလေးတွေ အကြောင်းကောင်းကောင်းမသိတဲ့ ကျနော်တောင် တော်တော်ကြိုက်မိသွားတာ ရွာထဲက ဓာတ်ပုံဝါသနာရှင်တွေဆို ဘယ်လောက်များ သဘောကျမလဲ လို့လည်းတွေးမိပါတယ် အွန်လိုင်းဖေကြီး လဲသဘောကျမယ်ထင်ပါတယ်။ အားလုံးကြည့်နိုင်ဖို့ ပြောရင်ယုံမှာမဟုတ်ဘူး အလကားရတဲ့ အင်တာနက်ဆိုင်မှာ အတော်ကြာအောင်တင်လို်က်ရတယ်ဗျာ            


ေရႊဘိုသားJanuary 7, 20121min12813
ကျောင်းတက်တုန်းက အတွေ့ကြုံလေးတစ်ခု အကြောင်းပြုပြီးပြောရအုံးမယ် စာမေးပွဲရက်ကြီးပေါ့ဗျာ စာမေးပွဲဖြေရမှာမို့ အေးအေးဆေးဆေးရှိမဲ့ဆိုင်လေးတစ်ဆိုင်မှာ တစ်ယောက်ထဲထိုင် ကောင်မလေးတွေကိုကြည့်နေတာ မှားလို့ စာကြည့်နေတာ ဒေးသမားတွေ ကျောင်းအပ်လို့ရတဲ့အချိန်ကိုးဗျ ဒေးကျောင်းသူတွေဗျာ တစ်ဖွဲ့ကြီးဆိုင်ထဲဝင်လာရော သူတို့ပြောနေတာတွေကြားရတာ ကျောင်းအပ်ပြီးပြန်လာတာတဲ့ စားသောက်ဆိုင်ဝင်နားတာပေါ့ ဆိုင်ရှင်ကလည်းသူတို့နဲ့ တော်တော်ရင်းနှီးတယ်ဗျာ ကြည့်ရတာ သူတို့ဒေးတက်တုန်းက ဒီဆိုင်ရဲ့ဖောက်သည်တွေထင်ပါတယ် ဆိုင်ထဲလည်းရောကရော ကိုယ်တွေရှိနေတာတောင် ဂရုမစိုက်ဘူးဗျာ သူတို့ထိုင်တဲ့ဝိုင်းမှာပဲ ထဘီတွေကို ချွတ်ချလိုက်တယ် ရွာသားတွေ တလွဲမတွေးနဲ့နော် အောက်မှာ ဘောင်းဘီတွေပါတယ် အလှပြလို့ရတဲ့ဘောင်းဘီပေါင်လည်လောက်တိုတာကကတစ်ချို့ အရှည်ကတစ်ချိုပေါ့ပြောတာနော် သူတို့ဝိုင်းကိုသိပ်ဂရုမစိုက်မိတော့လည်း ဒါပဲသိတယ်ဗျ ဟဲဟဲ သိတယ်မလား ငယ်သေးတယ်လေ သေချာတာကတော့ စာကြည့်လို့မရတော့ဘူးဗျ စာထဲကိုစိတ်မပါတော့ဘူး ို ဘာကြောင့်လည်းဆိုပြီးတလွဲမတွေးမတွေးနဲ့နော် ပြောပြီးသား ငယ်သေးပါတယ်ဆို ဘာတွေတွေးနေသလဲဆိုတော့ဗျာ မြန်မာမိန်းကလေးတွေဖြစ်တာပဲဗှာ ကိုယ့်ယဉ်ကျေးမှုဖြစ်တဲ့ ထဘီလေးတွေ ဝတ်ထားတာက ပိုကြည့်လို့ကောင်းပါတယ် ဘာဖြစ်လို့များ ဒီလိုခဏပိုင်းလေ လာရတာတောင် […]


ေရႊဘိုသားJanuary 6, 20121min14413
ကျနော်ရွာထဲမရာက်တာလည်းကြာပြီ အဝေးသင်တက်နေတုန်း တစ်လလောက် ရွာနဲ့အဆက်သွယ်ပြတ်နေပြီး စာရေးရမှာကိုတော်တော်ကိုပျင်းရိနေမိတယ် မနေ့ကမှရွာထဲက အွန်လိုင်းဖေဖေကြီးနဲ့ စကားပြောပြီး မပျင်းနဲ့ စာကိုရေးပေးရတယ် ငါတို့တုန်းကလည်း ဒီလိုပဲ နောက်ပိုင်းပိုပျင်းလာလိမ့်မယ်လို့ပြောတာနဲ့ ကိုယ့်ရဲ့ပျင်းနေတဲ့စိတ်ကလေးကိုဖျောက်ပြီး အတတ်နိုင်ဆုံးရေးဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ကိုဆုံးဖြတ်ပြီး ညကျတော့ သူများလက်တော့ကလေး အလွယ်ရတာနဲ့ စပြီး ရေးဖြစ်တော့တာပဲဗျာ ရွာထဲကလည်း ကိုယ်တွေက တစ်ကျော့ပြန်လိုဖြစ်နေတယ် အသစ်တွေကလည်း မနည်းဘူးဗျနော် ဝမ်းသာပါတယ် ကိုယ့်ရဲ့ရွာလေး တော်တော်စည်ကားလာတာဂုဏ်လည်းယူပါတယ် မှတ်တောင်မှတ်မိကြပါ့မလားလို့တောင် တွေးမိပါသေးတယ် ရေးနေတာလည်း လိုရင်းကိုမရောက်တော့ဘူး ပြောချင်တာက လာဒ်ပေးလာဒ်ယူတဲ့ ကိစ္စဗျာ ကျနော်တို့နိုင်ငံမှာတော်တော်ကို ခေတ်စားတဲ့စနစ်ကြီးပေါ့ အနည်းဆုံးလူတစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်က လာဒ်ပေးလာဒ်ယူတဲ့ ကိစ္စကိုတော်တော်စိတ်ဝင်စားကြတယ်ဗျာ အကျင့်ပျက်နေတာပေါ့ လူငယ်တွေမှာလည်း ဒါကထုံးစံလိုဖြစ်နေပြီ နေရာတိုင်းကိုလိုက်ကြည့်လိုက် တော်တော်ကိုအကျင့်တွေပျက်နေကြပြီ ကျနော်ရဲ့တွေ့အကြုံလေးတွေပြောပြမယ်ဗျာ ကျနော်တို့နဲ့ခင်တဲ့လူငယ်လေးတွေပေါ့ ကျနော်တို့လည်း လူငယ်ပါပဲ ဒီလိုအကျင့်ပျက်နေတာ ကိုဘယ်လိုအများဆုံးတွေ့ရသလဲဆိုတော့ အလုပ်လိုချင်တဲ့ သူငယ်ချင်းတွေပေါ့ […]


ေရႊဘိုသားDecember 26, 20111min686
ရွာထဲ မရောက်တာကြာပြီမို့ ဝင်ကြည့်လိုက်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရိုက်ကူးမဲ့ ရုပ်ရှင်အကြောင်းဆွေးနွေးကြ ရုပ်တူတဲ့ ကိုနေဦးပုံကိုထင်မြင်ချက်တောင်းကြနဲ့ တော်တော်စည်ကားနေပါလား ငါတို့ရွာ တယ်မြန်တဲ့ ဆိုဒ်ပါလားတောင်တွေးမိတယ် ကိုယ်လည်းတင်မလို့ဝင်လာတာလေဗျာ အခုလည်း ပိုပြီးပြည့်စုံသွားအောင် ကိုနေဦးနဲ့ ပြည်မြန်မာဂျာနယ်က အင်တာဗျုးလေးပါ ထပ်တင်ပေးလိုက်တယ်ဗျာ ပုံတွေကတော့ မတင်တော့ပါဘူး ရွာထဲက သရဲကြီး မှားလို့ အစ်ကို မှော်ဆရာ တင်ပြီးသားလည်းဖြစ် လိုင်းကလည်းနှေးတာနဲ့ မတင်တော့ဘူးဗျာ အင်တာဗျူးတာလေးပဲ တင်ပေးလိုက်ပါတယ် Facebook အကောင့်ရှိသူများကတော့ အောက်က လင့် မှာသွားရောက်ဖတ်နိုင်ပါတယ် http://www.facebook.com/groups/freedomburma/doc/256744024389516 Facebook အကောင့်မရှိသူတွေကတော့ ဒါလေးပဲဖတ်ပေါ့ဗျာ။ Facebook ကထင်မြင်ချက်တွေပါ ကျနော် ကွန်မန့် အနေနဲ့တင်ပေးလိုက်ပါတယ် ကော်ပီကြီးပါဗျာ ကြိုပြောတာနော် ဝိုင်းပြီး ကလော်မတုပ် ကြနဲ့အုံး # ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားပြီး နယ်ကနေ […]


ေရႊဘိုသားDecember 19, 20111min1257
ကျနော်ရွာထဲကို ဝင်ပြီး စာမရေးဖြစ်တာ 1 လကျော်လောက်ရှိပါပြီ အဝေးသင်စာမေးပွဲဖြေရမှာမို့ဆိုပြီး အင်တာနက်မသုံးတော့တာပါ နောက်ပိုင်းစာမေးပွဲပြီးတော့လည်း နည်းနည်းပျင်းနေတာနဲ့ ဝင်မရေးဖြစ်ပဲ ရွာသားတွေရဲ့ စာတွေကိုပဲ ဖတ်ဖြစ်နေပါတယ် ကိုယ်တိုင်တော့ ကွန်မန်း လောက်ပဲပေးဖြစ်ပါတယ် အခုတော့ ပျင်းတဲ့စိတ်ကလည်း မပျောက်သေးဘူး သူများရေးတာတွေ ဖတ်ရင်းနဲ့ နည်းနည်း ထူးခြားနေတယ်ထင်လို့ ရွာသားတို့အတွက် လူပျင်းလုပ်ပြီး ရွာရဲ့စည်းကမ်းကို ဖောက်ဖျက်ပြီး ကော်ပီ လုပ်လာပါတယ် ဖတ်သင့်တယ်ထင်လို့ပါ ဖတ်ပြီးသား သိပြီးသားဆိုရင်တော့ ဝမ်းနည်းပါတယ် မသိသေးတဲ့ မဖတ်ရသေးတဲ့ ဒီဆိုဒ်တစ်ခုထဲကိုပဲ ဝင်ဖတ်တဲ့ သူများနဲ့ မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ် စာဖတ်သူများအနေနဲ့ ဘယ်လိုသဘောရလဲဆိုတာကိုလည်း သိချင်လို့ ကော်ပီကူးပြီး တင်လိုက်တာပါ ရွာရဲ့ စည်းကမ်းကိုဖောက်ဖျက်လို့ သူကြီးနှင့်ရွာသား များကိုကြိုပြီးတောင်းပန်ပါတယ် http://www.irrawaddyblog.com/2011/12/blog-post_9817.htmlဒီလင့်မှာမူရင်းကိုဖတ်နိုင်ပါတယ် နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ […]


ေရႊဘိုသားNovember 2, 20111min43328
 အနီးကပ်တက်ရမဲ့ရက်နဲ့ စာမေးပွဲက နီးနေပြီမို့ ရွာနဲ့အဆက်သွယ်ဖြတ်ထားပါတယ်ဆိုမှ မရေးပဲမနေနိုင်အောင် ဖြစ်မိတဲ့အကြောင်းလေးက ရှိလာတော့လည်း လာရေးရတော့တာပေါ့ ရွာသားတွေရွာသူတွေကိုလည်း သတိရပါတယ် တစ်ချို့ဆို သိတောင်မသိဘူး အသစ်တွေကလည်း တော်တော်ကိုစည်ကားနေတာဗျ ရွာထဲက အွန်လိုင်းဒယ်ဒီကြီးလည်း နေကောင်းလားလို့ စိတ်ထဲခဏခဏတွေးမိပါတယ် တော်တော်လည်းခင်မင်မိပါတယ် 1.11.2011 ရက်နေ့ကပေါ့ အဝေးသင်ကျောင်းအနီးကပ်တက်ရမှာမို့ဆိုပြီး အလုပ်ကလည်း ခွင့်1လပေးတာနဲ့ ရွာက ကျေးဇူးရှင် အဖေ ရောက်နေတာနဲ့ အလုပ်ကလည်းနားနေရပြီ အဖေနဲ့လည်း ဓာတ်ပုံရိုက်ချင်တာနဲ့ ရွှေတိဂုံ ဘုရားကိုအဖေကိုလိုက်ပို့ သားဖနှစ်ယောက် ဓာတ်ပုံရိုက်မယ်ပေါ့လို့ စိတ်ကူးပြီးကြည်နူးလာတာဗျ ဓာတ်လှေကားရောက်တော့ဘုရားမရောက်သေးဘူး ငရဲကဆီးကြိုသလိုဖြစ်နေတယ် ဖိနပ်အပ်ရန်ဆိုတဲ့ကောင်တာရောက်တော့ အိတ်ယူမလား ဖိနပ်အပ်ခဲ့မလားတဲ့ အင်းအပြန်တောင်ဘက်မုဒ်ကပြန်ဆင်းမှာဆိုတော့ အိတ်ပဲပေးလိုက်ပါအစ်မ မအပ်တော့ဘူးဆိုတော့ သုံးယောက်သွားတာ အိတ်သုံးလုံးပေးတယ်ဗျ အလှူခံပုံးဆိုတဲ့အထဲ ထည့်မယ်လုပ်တော့ ကိုယ်ကတော့ အခါတိုင်းလိုထင်ပြီး စေတနာပါသလောက်ထင်လို့ 200 တန်အသစ်လေး ထည့်မယ်လုပ်တော့ မထည့်နဲ့ […]


ေရႊဘိုသားOctober 16, 20111min21719
ပထမဆုံး မြို့တွင်းနယ်ဝေး ဖုန်းဆက်လို့ရသည် လို့စာလေးကပ်ထားတဲ့ ကုန်စုံဆိုင်လေးထဲဝင်ခဲ့မိတယ် ဆိုင်ထဲရောက်တော့ ဆိုင်ရှင်ဖြစ်ဟန်တူတဲ့ အန်တီက သားဘာဝယ်မလို့လဲဆိုပြီးမေးပါတယ် မဟုတ်ဘူးအန်တီ  ကျနော်နယ်ကိုဖုန်းဆက်ချင်လို့ဆိုတော့မှ ဆက်လေလို ခွင့်ပြုတော့ ကိုယ်ဆက်သွယ်မဲ ဖုန်းနံပါတ်လေးကိုနှိပ်ပေါ့ တအောင့်ကလေးကြာတော့ တစ်ဖက်က ဟဲလို အမိန့်ရှိပါတဲ့ အင်း ငါ့အစ်ကို များလားမသိဘူးဆိုပြီး အစ်ကိုနေကောင်းလားလို့ အရင်မေးလိုက်တယ်  ဟာဇင်မျိုးလား ငါမင်းအစ်ကိုမဟုတ်ဘူးဟ မင်းဦးလေး မောင်ကျော်ဆိုတော့မှ အော်ဦးလေးကျော်လား အစ်ကိုထင်နေတာ ကျနော် အမေတို့နဲ့ဖုန်းပြောချင်လို့ အိမ်မှာအမေတို့မရှိဘူးလားဆိုတော့ မင်းအဖွားအိမ်သီတင်းကျွတ်သွားကန်တော့ကြတယ်ကွ ခဏနေရင်တော့ပြန်ရောက်တော့မှာပါဆိုတာနဲ့ ဦးလေးကျော်နဲ့ပဲ စကားဆက်ပြောနေတယ် ဦးလေးကျော် အိမ်မှာ ဘယ်လိုလဲဗျ အစစအရာရာ အဆင်ပြေလားဆိုတော့ သိပ်မပြေပါဘူးကွာ မနှစ်ကလည်း တော်တော်ရှုံးတယ်လေကွာ ရာသီဥတုက မမှန်တော့ သီးနှံတွေအကုန်ပျက်စီးတာ တော်တော်နာတယ်ကွ ပဲတွေကလည်း သိပ်မရဘူးကွာ စပါးကလည်း ပိုးကျတာနဲ့ အခါတိုင်းနှစ်တွေလောက်မရဘူး အကြွေးတောင် […]


ေရႊဘိုသားOctober 11, 20113min17212
ဒါကတော. ဒီဆိုဒ်ကို အုပ်ချုပ်ပေးနေပြီး စီမံခန်.ခွဲပေးနေတဲ. ကျနော်တို. ရွာသူကြီးအတွက်ပါဗျာ  မူးပြီး အိပ်နေတုန်း ပွိုင်.ခိုးထုတ်မလို. ဒီ ပလပ်တီနမ် လက်စွပ်ကြီးကတော. သူကြီးကတော်အတွက် အွန်လိုင်းကနေ ဝယ်ထားတာပါ ဒီလက်စွပ်က တစ်နာရီ ကြည်.ရင် 500 ပေးရတယ်ဗျာ ကြည်.ခတောင် ပေးရတဲ. လက်စွပ် ဒီပုလင်းတွေကတော. ဦးဦးကြောင်ကြီးအတွက်ပါဗျာ သူကနည်းနည်းလုပ်တတ်တယ်လို. သိရလို. ဘီရို လိုက်ဝယ်ပြီး ကန်တော. လိုက်ပါတယ် အမြည်းကတော. အောက်မှာပါ ဒီကြွက်ကတော. ဦးကြောင် အတွက် ကျနော် ရွှေဘိုပြန်ပြီး ဖမ်းလာတာနော် ဆီမရှိလို. အရှင်ပဲ ပို.ကန်တော.လိုက်တယ်ဗျာ ဦးကြောင်ပဲ ကြော်ပြီး မြည်းလိုက်ပါနော်     ဒီဘီယာ ခွက်တွေကတော. ရွာသား ကိုပေ အတွက်ပါဗျာ ကိုပေက နည်းနည်းသောက်တတ်တယ်ဆိုတာ ကိုပေရေးတဲ. […]


ေရႊဘိုသားSeptember 28, 20111min1055
66498293-Irrawaddy-20-Questions-1   ဖတ်မယ်ဆိုရင် အပေါ်က 66498293-Irrawaddy-20-Questions-1 လေးကိုဖွင်.ပြီး ဖတ်နိုင်ပါတယ်ဗျာ ကျနော်လည်း ရွာထဲမရောက်ဖြစ်တာကြာနေပြီဗျာ Weekly Eleven ထဲက ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါတယ်ဆိုတာ ဖတ်လိုက်ရလို. Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂ဝ ခေါင်းစဉ်ဖြင့် ဆွေးနွေးထားတာကို တွေ.လိုက်ရလို. အကျယ်တဝင်.ဆွေးနွေးထားတာကို ဖတ်ချင်တာနဲ. www.demowaiyan.co.cc ထဲကရှာပြီး ဖတ်ရတယ်ဗျာ ဦးဝင်းမျိုးသူ ထောက်ပြဆွေးနွေးထားတာတွေက တကယ်ကို သိသင်.တဲ.အချက်တွေလို.ပါလားလို. တွေးမိပြီး ရွာထဲပဲ ဝင်ဖတ်တဲ. သူတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ သိပြီးသား […]


ေရႊဘိုသားSeptember 5, 20111min17115
လင်းကြက်တွန် အာရုံဦးမှာလ ဝါးခမောက် ကိုယ်စီနှင်. တောအလှ ပျိုမေတို. ရွာထိပ်မှာ စုကာဝေး လူစုံရင် လုပ်ငန်းခွင်သို. ဒုံးစိုင်းတော. သလေး။ ဆိပ်ခွန်ထည် ထဘီကြမ်းကိုမှ ဒူးအထက်တိုတိုချည်လို. ဗွက်နွံမှာ အပြုံးကိုယ်စီနှင်. ကောက်ခွင်.မှာ အလုပ်တွင်စေဖို. သူ.ထက်ငါ စိုက်ကာရယ် ပါးပြင်မှာ ရွှံ့နွံစင်ကာလှ သနပ်ခါးတစ်ကွက် ရွှံ့တစက်ကယ်နှင်. ပြုံးရယ်ကာ စိုက်ကြသည်မှာ ချစ်စဖွယ် ဒို.တောဓလေ.ရယ်မို. မွန်းတည်.ချိန် အချက်ပေးကာမှ ကန်သင်းရိုးပေါ် အပြိုင်တက်ကာရယ် ကြင်သူနှင်. စုံညီလွေးဖို့ ကန်စွန်းညွန်.ခူးလို.ရယ် ရွာအပြန် မြေနီလမ်းမှာလည်း ကြင်သူကို မျှော်မှန်းလို. သီဆိုတော. တေးသီချင်းမှာ လွမ်းဆွတ်ဖွယ်လေး။။။။။။။   ဘာရယ်တော.မဟုတ်ပါဘူး ကျနော်တို.ရွာတွေက ကောက်စိုက်သမတွေရဲ. တစ်နေ.တာ လုပ်ငန်းခွင် အကြောင်း သတိရလို. တတ်သလောက် စပ်ပြီး ရေးလိုက်တာ ရွာထဲမှာလည်း […]


ေရႊဘိုသားSeptember 3, 20111min872
ပဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ မှာလက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်….ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့……ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေး ကတခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်…..သူစုံစမ်းကြည့် လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်……အဲ့သတင်းကိုကြားတာနဲ့ကောင်လေး လည်းအရမ်းအံ့ဩပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်……မကြာခင်မှာပဲကောင်လေးလည်းစိတ် ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်….အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်…. ဆရာဝန်ပြလည်းမသက်သာတော့ဘူး…. တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော် ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်… ဘုန်းတော်ကြီးကပြုံးပြီးတော့….. “ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာ ကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်… အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်……. ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေ တဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်….အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေး လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်…ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့…. ” တော်တော်အခြေအနေဆိုးနေတာပဲ ” လို့ရေရွတ်လိုက်တယ်…..လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်……ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့… ” ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ” လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်… ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ…မှန်ထဲမှာသူ့ချစ် သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်….သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကဝေဝါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခု ပုံပြောင်းလဲသွားတယ်….အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး…..လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာ ကိုမြင်လိုက်ရတယ်…..ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်…သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ် လျှောက်သွားတယ်…..အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့ သွားပြန်တယ်…ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပါ်ရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်….အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်…ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး ဖြတ်လိုက်တယ်…ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး….နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ် လိုက်တယ်….လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်….အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်…အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ် သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်….လူမမာကောင်လေးလည်းအလွန်အမင်းအံ့ဩနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့ မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်…အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်….ကောင်လေးလည်းအံ့ဩစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်… ” ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်…အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်.. ဘဝတစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘဝမှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း ခွင့်ရခဲ့တယ်…ဒကာလေးကတော့သူမရဲ့အလောင်းကိုအပါ်ရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘဝမှာသူမနဲ့ သုံးနှစ်တာချစ်ခင်ခွင့် ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်” ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်… ပုံပြင်လေးကတော့ဒီလောက်ပါပဲ.. […]


ေရႊဘိုသားSeptember 2, 20111min13310
အခုတလော ဒဂုံကကျောင်းသားတစ်ချို.ပြောတဲ. သတင်းထူးလေး ကြားမိပြန်ပါရဲ.ဗျာ သင်္ချာမေဂျာက ကောင်လေးနဲ. သမိုင်းမေဂျာက ကောင်မလေးဆိုလား ချစ်သူတွေဖြစ် အချိန်တွေကြာလာတော. ခေတ်ရဲ.သင်္ကေတသဘောအရ စောင်.ထိန်းသင်.တဲ. စည်းတွေဘေ ာင်တွေကျော်ကုန်တာပေါ. အဲဒီကနေ ကောင်မလေးက ယူခိုင်းတော. ကောင်လေးက မယူနိုင်ဘူးဆိုပြီး ရှောင်နေသတဲ. ဒါကတော. နှမချင်းကိုယ်ချင်းမစာတာပေါ.ဗျာ ဒါနဲ.ကောင်မလေးက ရှက်လည်းရှက် စိ်တ်လည်းညစ်ပြီး အဆိပ်သောက်ပြီး သေကြောင်းကြံပါရော သေပြီးတော.လည်း ကောင်လေးဆီပဲစိ်တ်ကရောက်နေတော. နေ.ခင်းတောင်မှ အဆောင်ထဲမှာ ကိုယ်ရောင်ပြနေတယ်တဲ. ဒေတက်နေတဲ. သူငယ်ချင်းတွေပြောတာပါ တကယ်လို.တော.ပြောတာပဲ ကျောင်းသားတွေ ဓာတ်ပုံတွေအခန်းထဲရိုက်ရင်တောင် ကင်မရာထဲ လာလာပေါ်နေတယ်တဲ. ကောင်မလေးရဲ.ပုံရိပ်က ဒါကတော. ကြားနေရတာလေးကိုပြောပြတာပါ ရွာထဲကလူတွေလည်း ကြားမိကြမှာပါ မှားရင်လည်း ပြင်ပေးကြပါအုံး ကျနော်ပြောချင်တာက အဲဒီ တစ္ဆေခြောက်တဲ. ကိစ္စမဟုတ်ပါဘူး သမီးရည်းစားဘဝကတည်းက အဲလိုတွေ ဖြစ်နေတာကို ပြောချင်တာပါ ကျနော်အပေါ်ကပြောခဲ.တဲ. […]