natureJanuary 30, 20121min27026
ဘာသာရေးဓမြတိုက်မှုကြောင့်အကျဉ်းချခံနေရသောဓမ္မဝိဟာရီဆရာတော် သည် ထေရဝါဒဗုဒ္ဓဘာသာအိမ်ကြီးကို အနုကြမ်းစီး ဓမြတိုက် အပိုင်စီးရန်ခပ်တည်တည် အိမ်ရှေ့တံခါးပေါက်ကို လာခေါက်သဖြင့် အကျဉ်းချခံနေရပြီဖြစ်ပါသည်။ သို့ပါသော်လည်း သူ၏ နောက်လိုက်တပည့်တပန်းများမှာနောင်တရ ကြောက်ရွံ့ခြင်းမရှိပဲ မလျှော့သော်ဇွဲဖြင့် နောက်ဖေးပေါက်မှသော်လည်းကောင်း ၊ ခွေးတိုးပေါက်မှသော်လည်းကောင်း ဆက်လက်ဝင်ရောက်၍ ဓမြတိုက်ရန်မပြတ်ကြံစည်လျှက် ရှိနေကြမြဲဖြစ်ပါသည်။ ပုထုဇဉ် သံဃာများ၏ အားနည်းချက် ပျော့ကွက်များကို ရှာဖွေအပြစ်တင်ရှုပ်ချပြီး ထေရဝါဒကို ယုံကြည်သူများအချင်းချင်း စိတ်ဝမ်းကွဲပြီး ယုံကြည်မှု ပျက်ပြားစေရန် အမျိုးမျိုး သပ်လျှိုသွေးခွဲလျှက်ရှိဆဲဖြစ်ပါသည်။ ထေ၇ဝါဒနှင့် သံဃာမဟာနာယက အဖွဲ့အစည်းကိုလည်း ပြည်သူများအထင်မှားစေရန်အမျိုးမျိုး  ပုတ်ခတ်ဝေဖန် ရန်တိုက်ပေးလျှက်ရှိပါသည်။ ထိုကြောင့်ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလို နောင်တရခြင်းမရှိပဲ ထေရဝါဒဗုဒ္ဓဘာအား  ဓမြတိုက် အပိုင်စီးရန် ဆက်လက်၍ ကြံစည်နေသော ထေရဝါဒဗုဒ္ဓဘာသာအတွက်အန္တရာယ်ကြီးသော ဓမ္မဝိဟာရီဆရာတော်၏ ကျန်ရှိသောအပေါင်းအပါများကိုပါ အာဏာစက်နှင့် ဓမ္မစက်ပေါင်း ပြီး ဖမ်းဆီးအရေးယူသင့်ပါသည်။ မြွေပွေးဆိုသည်မှာ ခါးပိုက်ပိုုက်ထားရန်မသင့်ပါ။ ယခုအချိန်သည်ထေရဝါဒ […]


natureJanuary 26, 20121min831
ငယ်ငယ်တုန်းက တွက်ခဲ့ဘူးတဲ့စိတ်တွက်ကလေးတခုပါ။ 3×3 မက်ထရစ်တခုကို အလျှားလိုက် ဒေါင်လိုက် ကန့်လန့်ဖြတ် ဘယ်လိုပေါင်းပေါင်း ရလာဒ်တူအောင် ဂဏန်းတွေကို ဘယ်လိုဖြည့်မယ်ဆိုတာစိတ်တွက်ကလေးတွက်ကြည့်ကြရအောင်။ ပေါင်းတဲ့ရလာဒ်ဟာ ၃နဲ့စာ းလို့ပြတ်တဲ့ဂဏန်းဖြစ်ရပါမယ်။ ဥပမာ- 15,18,21,24,….,30,…….. (၁၅ထက်သေးတဲ့ဂဏန်းကိုလိုချင်ရင်တော့ ပေါင်းရမဲ့ဂဏန်းမှာ အနှုတ်ဂဏန်းတွေပါလာပါလိမ့်မယ်။ ဥပမာအားဖြင့် ဘယ်လိုပေါင်းပေါင်း ၁၅ ရဖို့ပေါင်းမယ်ဆိုပါစို့။ ၁။  ကိုယ်လိုချင်တဲ့ဂဏန်းကို ၃နဲ့စားပါ။   ၁၅ ကို ၃ နဲ့စားရင် ၅ ရပါတယ်။  ၁၅/၃=၅ ၂။ ရတဲ့ ၅ကို မက်ထရစ်ရဲ့ ဗဟိုမှာထည့်ပါ။   matrix no-22 ၃။ အကွက်ကိုးကွက်ဖြစ်တဲ့အတွက်ဂဏန်းကိုးလုံးရှိရပါမယ်။ ၅ဟာအလယ်တဲ့တဲ့ဂဏန်းဖြစ်ပြီးတော့ အသေးဆုံး အစဂဏန်းကတော့ — > ၅ – ၄  = ၁ ဖြစ်ပါတယ်။ အကြီးဆုံးဂဏန်းကတော့  ———-> […]


natureJanuary 25, 20121min14010
  ရွာထဲမှာ ၅၀၀ဝကျပ်တန်ဖုံး တွေအကြောင်းဖတ်မိတော့ဈေးပေါပေါနဲ့ ဖုံးကိုင် ရတော့မယ်ဆိုလိုစိတ်ဝင်စားမိပါတယ်။ အဲဒီအတွက်လည်း သမတုကီးဆီ စာတင်ုကမယ်လို့သိရပါတယ်။ ဒါပေမဲ့ဈေးနှုန်းသိပ်ပေါပြီး ကလေးကစားစရာဈေးသာသာ ဖြစ်နေလို့ ဖြစ်နိုင်ချေနဲတယ်လို့ သံသယဝင်မိပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ထင်မြင်မိပါတယ်။ ဒီ၅၀၀ဝတန် ဖုံးက  သူများဆောက်ထားပြီးသား အိမ်ကို သော့ခတ်ပြီး တက်နေသလိုများဖြစ်နေမလားလို့ထင်မိတယ်။ အဲဒါဆိုအိမ်ဆောက်စရာမလိုပဲ သော့တလုံးဖိုးပဲကုန်ပါမယ်။ ဒီလိုပဲ တာဝါတိုင် ဆောက်စရာမလိုပဲ ဖုန်း၁ လုံးဖိုးပဲ ကုန်ပြီး တော်တော်လေးအလုပ်ဖြစ်နိုင်ပါတယ်။ ဒါဟာနိုင်ငံရေးဖွချက်တွေများဖြစ်နေလေမလားလို့သံသယဝင်မိပါတယ်။ သူုကီးရေ စာလုံးက ဘာဖောင့်တွေလဲမသိဘူး။ နဂိုလက်ကွက်နဲ့မတူဘူး။ q       w      e      r    y     u     i     o     p […]


natureJanuary 7, 20121min16714
၂၀၁၁ ခုနှစ်က ရထားမှောက်လို့ လူတွေသေခဲ့ကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာရထားသံလမ်းတွေရဲ့ကြံ့ခိုင်မှု အားနည်းနေတယ်လို့ယူဆမိပါတယ်။ တနေ့က ကျွန်တော်လည်း ဒညင်းကုန်းဘူတာကို ရောက်ချိန်မှာ အမှတ်တမဲ့နဲ့ တွေ့ရှိလိုက်ရတာကတော့ လူစည်ကားချိန် မှာ ရထားတွဲမှာလူတွေအပြည့်နဲ့ ဒညင်းကုန်းဘူတာကို ဝင်လာချိန်မှာ ရထားသံလမ်းကဇလီဖားတုံးတွေဟာ အနည်းငယ်ကြွတက်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒါတွေဟာအန္တရာယ်ရှိနိုင်မလားလို့တွေးမိပါတယ်။ ဒါကြောင့်ရထားစီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် မိုးရာသီမရောက်မီ ရထားလမ်းများကြံ့ခိုင်မှုကိုစစ်ဆေးသင့်တယ်လို့ယူဆပါတယ်။ အထူးသဖြင့် ရေဝပ်တတ်တဲ့ နေရာတွေ အစိုဓါက်ရှိတဲနေရာတွေမှာ ရှိတဲ့ ဇလီဖားတုံးတွေရဲ့ကြံ့ခိုင်မှုကို အထူးစစ်ဆေးဖို့လိုမယ်ထင်ပါတယ်။   https://myanmargazette.net/90448/creative-writing


natureJanuary 4, 20121min483
ယနေ့မြန်မာနိုင်ငံရှိအသင်းအဖွဲ့များဟာလည်း ဒီမိုကရေစီစံနစ်ကို စတင်ကျင့်သုံးသင့်ပြီလို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အသင်းအဖွဲ့အများစုဟာ အီးစီ များရဲ့ အာဏာရှင်ဆန်တဲ့ သင်းဖွဲ့စည်းမျဉ်းတွေကြောင့် အသင်းသားအများစုရဲ့ အခွင့်အရေးများဆုံးရှုံးနေကြပြီး အသင်းရဲ့လှုပ်ရှားမှုများမှာလည်း အသင်းသားများဟာ စိတ်ပါဝင်စားမှုလျှော့နည်းနေကြပါတယ်။အသင်းရဲ့စည်းကမ်းတွေကို ကြောက်ကြောက်နဲ့လိုက်နာနေရပါတယ်။ အထူးသဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်ဟာ အီစီအဟောင်းတွေရေးဆွဲခဲ့တဲ့ အာဏာရှင်ဆန်တဲ့သင်းဖွဲ့စည်းမျဉ်းတွေကို ဆက်လက်သုံးစွဲနေကြပါတယ်။ အသင်းရဲ့စည်းကမ်းတွေဟာ အီးစီတွေသဘောကျရေးဆွဲ ကြပြီး အသင်းသားတွေရဲ့ အခွင့်အရေးကို ဆုံးရှုံးစေပါတယ် ။ သင်းဖွဲ့စည်မျဉ်းမှာ အသင်းသားများသည် အသင်း၏စည်းကမ်းများကို လိုက်နာရန်တာဝန်ရှိပြီး မလိုက်နာက အသင်းမှထုတ်ပယ်ခြင်းခံရမည်လို့ပါပါတယ်။ အသင်းမှထုတ်ပယ်ဖို့ကိုလည်း အီစီတွေကပဲ ဆုံးဖြတ်ပါတယ်။ ထုတ်ပယ်ခံရမဲ့သူက ဝိတ်ပါလာရင်တော့ သူတို့အပြစ်လွတ်အောင် အသင်းသားတွေကို အစည်းအဝေးခေါ်တတ်ပါတယ်။ စည်းကမ်းလိုက်နာတာကတော့ကောင်းပါတယ်။ ဒါပေမဲ့ဒီစည်းကမ်းတွေ အီးစီတွေသဘောကျထုတ်ပြီး စည်းကမ်းမလိုက်နာရင် အသင်းကထုတ်မယ်ဆိုတာကို ကျွန်တော် နားလည်သလိုဘာသာပြန်ရရင်တော့ ငါ့စကားနားထောင် ၊ နားမထောင်ရင်အသင်းကထုတ်မယ်။အသင်းကထုတ်ရင် ဒိုင်ကိုလာပြီးအရောင်းအဝယ်လုပ်ခွင့်မရှိ။အရောင်းအဝယ်မလုပ်ရရင်ထမင်းငတ်သွားမယ်။ အတိုချုပ်ရရင်တော့ ငါ့စကားနားမထောင်ရင် မင်းတို့ထမင်းအိုးကွဲသွားမယ်ဟူသော ခြိမ်းခြောက်မှုကြီးဟုထင်မြင်မိပါသည်။ […]


natureJanuary 1, 20121min19527
ရွာသားများအားလုံး၂၀၁၂ခုနှစ်  နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ။ ကြီးပွါးတိုးတက်ပါစေ ။ အလုပ်အကိုင်တွေအောင်မြင်ပါစေ။ ပွိုင့်တွေရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၂ ရောက်လာလို့ ၁နှစ်တိုး လာတာနဲ့အမျှ ကျွန်တော်တို့အားလုံးလဲ အသက်၁နှစ်ပိုကြီးလာကြပြီဖြစ်ပါတယ်။ ကျွန်တော်ငှားထားတဲ့ ၇၅နှစ်ဂရံသက်တမ်းရှိတဲ့ခန္ဓာအိမ်ကြီးဟာလည်း၄ရနှစ်က ၄၈နှစ်ပြည့်ပြီဖြစ်လို့ ခန္ဓာအိမ်ကြီးပေါ်ကဆင်းပေးဖို့ ဟာလည်း ၂၈နှစ်လိုရာကနေ ၂ရနှစ်ပဲ လိုပါတော့တယ်။ ကျွန်တော်ရွာထဲဝင်လာတာလည်း ၁နှစ်ပြည့်ကာနီး ပြီဖြစ်လို့ ဒီ၁နှစ်အတွင်းမှာသိကျွမ်းခဲ့ရတဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရွာသားများ နဲ့ရွာလည်နေခဲ့တဲ့ ပျော်စရာ၂၀၁၁ ခုနှစ်ဟာ မမေ့နိုင်တဲ့နှစ်တနှစ်ဖြစ်ပါတယ်။ MG ဟာလည်း မနှစ်က ထက်ဒီနှစ်မှာ များစွာသိသာထင်ရှားစွာ အောင်မြင်တိုးတက် လာတယ်ဆိုတာ သိသာထင်ရှားပြီး လူတိုင်းမငြင်းနိုင်တဲ့ အချက်ကလေးတချက်ပါ။ အောင်မြင်ရတဲ့အကြောင်းအရင်းကလည်း သူကြီးရဲ့ သဘောထားကြီးပြီး ပညာသားပါတဲ့ ထိမ်းကြောင်းမှုကအဓိကဆိုတာဘယ်သူမှ ငြင်းမရပါဘူး။အမြင်မတူသည့်အခါ သူကြီးအားဝိုင်းတွယ်ကြသော်လည်း သူကြီးကား ခေသူမဟုတ်ပါ။ ထို့ကြောင့်သူကြီးဟုခေါ်လေသတည်းလို့ […]


natureDecember 25, 20111min18512
မြန်မာနိုင်ငံတော်သီချင်းဆိုသောအခါ ကမာ္ဘမကြေဟူသောစကားလုံးပါသည်ကိုမြန်မာပြည်သူားတိုင်းသတိထားမိမည်ဖြစ်ပါသည်။ ထိုကမာ္ဘမကြေ  ဟူသောစကားလုံးသည် ပညတ်သွားရာဓါက်သက်ပါဆိုသကဲ့သို့ တကမာ္ဘလုံး မကျေမနပ်ဖြစ်နေမည်ဟုထင်မြင်ယူဆမိသဖြင့် မနှစ်သက်မိချေ။ မည်သို့မည်ပုံ ထိုစကားလုံးပါလာသည်ကိုတော့မသိပါ။ ကာရန်မိရန်ထည့်လိုက်ရပုံရပါသည်။ ကာရန်မိရန်ထည့်လိုက်သည်ဆိုကလည်း …သာသနာမြေ ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးပေ …ဟုဆိုက ဗုဒ္ဓသာသနာသည်မြန်မာပြည်သူားများ၏  အမွေအနှစ် ဖြစ်သည်ဟူသော အဓိပါယ်ဖြင့် ပိုမိုသင့်လျှော်မည်ဟုထင်မိပါသည်။ NLD ပါတီစတင်တည်ထောင်ခါစက ခမောက်ပုံကိုပါတီတံဆိပ်အဖြစ်ရွေးသောအခါ  ကျွန်တော်သည်ရိုးရှင်းသောခမောက်ပုံကိုရွေး သဖြင့်ရိုးရှင်းလွန်းသည်ဟုအပြစ်တင်မိပါသည်။ သို့သော် သူတို့ဖွင့်သောအဓိပါယ်ကို သိသောအခါတွင် ချီးကြူးမိလေသည်။ ခမောက်သည် လူတို့၏ထိတ်ဆုံးမှ နေ၍ အရိပ်ပေးပြီးအေးချမ်းစေသည်ဟုသိရသောအခါတွင် ချီကြူးမိလေသည်။ ယခုအခါခွပ်ဒေါင်းကိုရွေးမည်ဟု သိရပါသည်။ ခွပ်ဒေါင်းတံဆိပ်သည် ၈၈ အရေးအခင်းတွင်ကျောင်းသားများသုံးစွဲခဲ့သောတံဆိပ်ဖြစ်ပါသည်။ အဓိပါယ်က မည်သို့ရှိပါလေသနည်း။ ခွပ်ခြင်းဟူသည် ရန်ဖြစ်ခြင်း ၊ ဆတ်ဆတ်ထိမခံခြင်း ၊ ရန်လိုခြင်းသဘောများလားဟုတွေးတောမိပါသည်။ ခွပ်ခြင်း ရန်ဖြစ်ခြင်းသည် နိုင်ငံတော်သီချင်းတွင် ပါဝင်နေသောကမာ္ဘမကြေဟူသော အချက်နှင့်လည်း  ကိုက်ညီနေပေသည်။ ဒေါင်း ဟူ […]


natureDecember 25, 20111min21914
ကျွန်တော်တို့ မြန်မာပြည်သားများဟာ ဆန္ဒန်ဆင်မင်း ဇတ်ကိုတော်တော်များများ သိကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အကျီစားသန်ရန်များဆိုတဲ့အတိုင်း ချစ်ခင်သောစိတ်နဲ့ သူရဲ့ မိဘုရာကြီးကို ခါချဉ်ထုတ်နဲ့ စနောက်လိုက်မိတဲ့ ဆန္ဒန်ဆင်မင်းကြီးဟာ အညိုးကြီးလှတဲ့မိဘုရားကြီးရဲ့ နောက်ဘဝမှာ ကလဲ့စားခြေတာကိုပြန်ခံလိုက်ရတဲ့အကြောင်းလေးပါ။ မိဘုရားကြီးဟာလည်းဆင်မင်းရဲ့အစွယ်လည်းရရော ရင်ကွဲနာကျပြီးသေတယ်လို့ဆိုပါတယ်။ နောက်ဘဝမှာ တိုင်းပြည်တပြည်က မိဘုရားဖြစ်သွားတဲ့ ဆန္ဒန်ဆင်မင်းရဲ့မိဘုရားဟာ ဆင်မင်းကို ကလဲ့စာခြေဖို့အတွက် ဆင်မင်းရဲ့အစွယ်ကို လိုချင်ကြောင်းဘုရင်ကြီးကို မရမက အတင်းပူဆာတော့ ဘုရင်ကြီးက ဆင်မင်းရဲ့အစွယ်ကိုယူဖို့အတွက် သောနုတ္ထို အမည်ရှိသော ကျွမ်းကျင်လိမ္မာသောမုဆိုးကိုလွှတ်ပါတယ်။ တကယ်တန်းယှဉ်ပြိုင်ရင်ဆင်မင်းရဲ့ အင်အားကို မယှဉ်နိုင်တာကြောင့် ဆင်မင်းရဲ့အားနည်းချက်ဖြစ်တဲ့ သံဃာတော်များကို ကြည်ညိုလေးစားပြီးသတ်ဖြတ်ခြင်းမပြုတဲ့ ဘုရားအလောင်းဆင်မင်းရဲ့ ကြီးမားတဲ့ခန္တီပါရမီကို အခွင့်ကောင်းယူပြီး အသုံးချခဲ့ပါတယ်။ ဘုရားအလောင်းဆင်မင်းဟာ သူရဲ့ရန်သူကို သတ်ရန်ကြည့်လိုက်သောအခါ သူယုတ်မာမှန်းသိသော်လည်း မြင့်မြတ်သော သင်္ကန်းကို ဝတ်ရုံထားသောကြောင့် ၎င်း အရင်ဘဝက သူအားအညိုးကြီးခဲ့သောသူချစ်သော မိဘုရားကြီးစိတ်ပြေစေရန်အတွက်၎င်း ခန္တီပါရမီပြည့်သူဖြစ်သဖြင့် […]


natureSeptember 30, 20111min14011
စိတ်ကူးရလို့ ကြံကြံဖန်ဖန်ရေးလိုက်တာပါ။ ဗုဒ္ဓဘာသာတွေရဲ့ သာဓုခေါ် ရင် ကုသိုလ်တဝက်ရတယ် ဆိုတာနဲ့ပတ်သက်လို့ ကိုယ့်အယူအဆလေးတွေ ကို တင်ပြတာဖြစ်ပါတယ်။ သာဓုခေါ်လို့ တဝက်ရတယ်ဆို ကိုယ်ပိုင်တဲ့ ၅ဝ ကို လှုပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ သူများလှုတဲ့ ၁၀ဝတန် အလှုကို သာဓုခေါ်ပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ ဒါနထက်သီလမြတ်တယ် သီလထက်ဘာဝနာ မြတ်တယ်ဆိုပြီးတော့ ငွေကုန်လို့ ဒါနမပြုသူများ အတွက် ငွေမကုန်ပဲ သာဓုခေါ်တဲ့နည်းလေး ဟာတော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်။ ဒီလိုလုပ်လို့ ၅ဝ ရတာချင်းတူရင်တော့ သာဓုခေါ်ရတာပိုကိုက်ပါတယ်။  ကြီးမားတဲ့ ကွာခြားချက်တခုရှိမယ်ထင်ပါတယ်။ ရွာသားများ ရောဘယ်လို ထင်ပါသလဲ။ အကြောင်းကြောင့်အကျိုးဖြစ်တယ် ။ အကြောင်းတရား နှင့်ကင်းသော အကျိုးတရားမရှိလို့ဘုရားကဟောခဲ့ပါတယ်။ ဒါကိုဆက်စပ်ပြီးတွေးကြည့်မယ်ဆိုရင် ကိုယ်လှုတဲ့ ၅ဝ ဟာ […]


natureSeptember 25, 20111min1326
ဗုဒ္ဓတရားတော်က အကြောင်းကြောင့် အကျိုးဖြစ်တယ် ။အကြောင်းနှင့် ကင်းသော အကျိုးတရားသည်မရှိလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တခုခုဖြစ်ရင် အကြောင်းမှန်ဆိုတဲ့ မှန်ကန်တဲ့  ရေသောက်မြစ် ကိုရှာဖွေရှင်းလင်းနိုင်မှသာ ကိုယ်လိုချင်တဲ့ အကျိုးတရားကို ရနိုင်ပါတယ်။  ယခုရေးသားချက်များသည် ကျွန်တော်၏ အယူအဆများသာဖြစ်ပါသည်။ ကျွန်တော်စဉ်းစားမိတာကတော့ ကောသလအိမ်မက် ၁၆ချက်ထဲက သူတော်ကောင်းများသည် သူယုတ်မာများကို ခစားရမယ်လို့ ပါ ပါတယ်။ ဒါဟာ ဘာအကြောင်းကြောင့် ဖြစ်နိုင်သလဲလို့ ကြံကြံဖန်ဖန် စဉ်းစာမိပါတယ်။ တကယ်ဆို သူတော်ကောင်းတွေက အထက်ကနေသင့်တယ်လို့ လူတိုင်းယူဆကြပါတယ်။ ဘာကြောင့်လည်းဆိုတာကို စဉ်းစားမိတဲ့အခါ- ဘာဖြစ်လို့ ခစားရလဲဆိုတော့ စားဝတ်နေရေးအတွက်ငွေကြေးမပြည့်စုံလို့ လိုအပ်တဲ့ ငွေကြေးရရှိအောင် လို့ထင်ပါတယ်။ ဘာဖြစ်လို့ငွေကြေးမပြည့်စုံရလဲဆိုတော့ ဒါနတရားအားနည်းလို့ထင်ပါတယ်။ ဘာဖြစ်လို့ ဒါန အားနည်းရလဲဆိုတော့ ဒါနထက် သီလမြတ်တယ်။ သီလထက် ဘာဝနာ မြတ်တယ်ဆိုတာကို လွဲမှားစွာ […]


natureSeptember 25, 20111min30347
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆိုတာတွေကို တော်တော်လေး ကြားနေရပါတယ်။ ဆင်းရဲမွဲတေမှုကို ဘာ့ကြောင့် ဖြစ်ပေါ်လာရတယ်။ ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ ရွာသားများ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါတယ်။ ကျွန်တော်ကတော့်ကျွန်တော့အမြင်ကို သာ တင်ပြခြင်းဖြစ်လို့ လိုအပ်ချက်အားနည်းချက် တွေ ရှိနိုင်ပါတယ်။ ဆင်းရဲမွဲတေမှု ဘာကြောင့်ဖြစ်ရလဲဆိုရင် ရိုးရိုးရှင်းရှင်းပြောရရင်တော့ ဝင်ငွေမရှိလို့ ငွေ မရှိလို့ဆိုတာကတော့ ဘယ်သူမှ ငြင်းနိုင်ကြမယ်မဟုတ်ပါဘူး။ ဘာကြောင့်ငွေမရှိတာလဲဆိုတာကို ရှင်းနိုင်ရင် ဆင်းရဲမွဲတေမှု ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို ရှင်းပြီးသားဖြစ်ပါမယ်။ ငွေရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရှုင်းနိုင်ရင် ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာတဦးနဲ့တဦး အယူအဆ များစွာ ကွာခြားနိုင်ပြီး တော်တော်လည်း ကျယ်ပြန့်ပါတယ်။ ဗုဒ္ဓရဲ့ တရားသဘောနဲ့ ကြည့်ရင်တော့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ရေသောက်မြစ်ကို မှန်ကန်အောင် ဖြေရှင်းနိုင်ရင် မုချ ပြေလည်နိုင်တယ်လို့ ယုံကြည်ပါတယ်။အကြောင်းမှန်ကတော့ […]


natureSeptember 24, 20111min1984
၂၂။ သိုက်ဆရာတယောက်၏ အမှု (The Musgrave Ritual) တနေ့သော စနေနေ့ ညနေ အချိန်တွင် ကျွန်တော်နှင့် ဦးစံရှား တို့သည် အိမ်ဦးခန်းတွင် ထိုင်လျှက် အမှု စုံထောက်ရန်မရှိသဖြင့် အရိပ်ပြပွဲသို့ သွားရန် ပြင်ဆင်နေကြစဉ် အသက် ၃ဝ ခန့်ရှိသော ယောကျာင်္းတယောက်သည် အိမ်ပေါ်ထပ်သို့ တက်လာ၍  ဦးစံရှား၏ လက်ကို ဆွဲပြီးလျှင် – “မိတ်ဆွေကြီးနဲ့ ကွဲနေတာ ကြာလှပြီ အခုမှပဲ ကိစ္စရှိလို့ တွေ့ရပေတော့တယ်” ဟု ဝမ်းသာအားရ ပြောလေ၏။ ထိုအခါ ဦးစံရှားက “အလို ကိုကျော်မင်းပါလား ဘယ်တုန်းက ရောက်လာသလဲ ၊ ခင်ဗျား သထုံမှာ နေတယ်ဆို ” မင်း။  ။ ဟုတ်ကဲ့၊ သထုံ ဒိစတြိတ် […]


natureSeptember 20, 20111min27623
အရင်က မြန်မာပြည်မှာ ကားတွေ ရောက်လာရင် ရောက်ရောက်ခြင်း ကားမှ သာမိုစတက်ကို ဖြုတ်ကြပါတယ်။ သာမိုစတက်ဟာအင်ဂျင်ကိုအေးအောင်လုပ်တဲ့ (Cooling System) ရေလိုင်းကို ပိတ်ထားတာကို တွေ့ရတာကြောင့်ပါ လို့ပြောပါတယ်။ သာမိုစတက် ကို မဖြုတ်ကြဖို့ အကြံပေးချင်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ယူကြပါ။ မကြိုက်တဲ့သူတွေကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ။ ကန့်ကွက်စရာမရှိပါ။ ကားမှသာမိုစတက်ဟာ ရေလိုင်းကို ပိတ်ထားတာကြောင့် အင်ဂျင်စမောင်းမောင်းခြင်းအင်ဂျင် အပူချိန် ကို အလျှင်အမြန်တက်စေပါတယ်။ အင်ဂျင်အပူချိန်တက်လာရင် ရေလိုင်းကို ပိတ်ထားတဲ့ သာမိုစတက်ဟာ ဟ သွားပြီး အင်ဂျင်ရဲ့ အအေးပေးစံနစ်ကို စတင် လည်ပတ်စေပါတယ်။ အအေးပေးစံနစ် ရေရဲ့ လည်ပတ်မှုကို အပူချိန် ၊ သာမိုစတက်နဲ့ ထိမ်းညှိ ပေးထားခြင်းဖြစ်ပါတယ်။ သာမိုစတက်ဟာ အင်ဂျင်ရဲ့အလုပ်လုပ်လို့ကောင်းမဲ့ အပူချိန်ကို အလျှင်အမြန်ရောက်ရှိအောင် အလိုအလျှောက်ထိန်းညှိ ပေးတာဖြစ်ပါတယ်။ […]