natureSeptember 17, 2011378min1280
ကျနော်ဟာ ရှားလော့ဟုမ်းဝတ္ထုကို ငယ်ငယ်လေးကတည်းကကြိုက်ခဲ့တာပါ။ ကျွန်တော်လိုပဲ ရွာသားများလဲကြိုက်ကြမယ်ထင်ပါတယ်။ ပထမတော့ စာဖတ်သူများရဲ့စိတ်ဝင်စားမှုရှိမရှိ သိချင်တာနဲ့ …မျှော် …. ဆိုတဲ့စကားလုံးလေးတခုတည်းနဲ့ပိုစ်တင်ခဲ့ပါတယ်။ ဦစံရှားရဲ့ ဘောင်ဒရီလမ်းလူသတ်မှု ဟာ  နာမည်ကြီးလို့ အရင်ဆုံး စတင်ဖို့ စိတ်ကူးပါတယ်။ ရေးရင်းရေးရင်းနဲ့ အင်မတန်ရှည်သော အရှည်ဆုံးပို့စ်တခုဖြစ်မှန်းသိလို့ ဆက်မရေးဖို့ စိတ်ကူးမိပါတယ်။ Reading Count တွေကို ကြည့်တော့ တက်လာတာနဲ့ ပြီးအောင်ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်လည်း သူများတွေရေးတဲ့ဇာတ်လမ်းတွေ တဝက်တပျက်နဲ့ ရပ်ထားရင်မကြိုက်လို့ ကိုယ်ချင်းစာပြီး ဆက်ရေးတာပါ။ ဇာတ်လမ်းပင်မ မပျောက်အောင် အနည်းငယ် ချုံ့ရေးလိုက်ပါတယ်။ တိုတာလေးတွေထပ်ရေးပေးဖို့ စိတ်ကူးထားပါတယ်။ ပို့စ်အဟောင်းတွေ ဘယ်နေ့က ဘယ်ပို့စ်တွေတက်တယ်ဆိုတာကို အောက်ဖက်ကညာဒေါင့်က ပြက္ခဒိန်မှာ pointer ထောက်ကြည့်လိုက်လို့ရပါတယ်။ ရွှေဥဒေါင်း ဦးစံရှားပေါင်းချုပ် ပုဂံစာတည်းအဖွဲ့၏ မှတ်ချက် ထုုတ်ဝေသူ၏ ကျေးဇူးတင်လွှာ […]


natureSeptember 16, 20111min780
၂.၅ မှ- ဒဿကသည် မြင်းတကောင်ကိုဆွဲလျှက် အလယ်မှလားပေါ်တွင် ချန္ဒရာကို တင်လျှက် နောက်ဆုံးမှ ဖလိက က မြင်းတကောင်ကိုစီးလျှက် တညဥ့်လုံး ခရီးသွားကြလေ၏။ ပါတလိပုတ္တရနယ်နမိတ် အစွန်သို့ ရောက်သောအခါ သေနတ်ထမ်းလျှက်ရှိသော ကင်းစောင့်က အသင့် အနေအထားနှင့် ၅၊၆၊၇၊ ဟုပြောလိုက်သောအခါ ဒဿက က ရ၊ ၈၊ ၉၊ဟု ပြန်ပြောလိုက်သဖြင့် သွားကြတော့ဟု ခွင့်ပြုလိုက်လေသည်။ ထိုအခါ ဒဿကတို့သည် မြင်းပေါ်သို့တက်၍ ခပ်သုတ်သုတ်နှင်လာကြပြီး စိတ်ထဲတွင်လည်း လွတ်ပြီ ၊ ကျွတ်ပြီဟူ၍ အောက်မေ့မိကြလေသတည်း။    ၅ ဆင်ပြောင်ကြီး အမြီးတစ်လစ်။   ဒဿကတို့အဖွဲ့သည် တနေ့လုံး ခရီးသွားကြ၍ မိုင် ၃ဝ ခန့် ပေါက်ရောက်ခဲ့ကြပြီဟူ၍ ခန့်မှန်းကြလေသည်။ ထိုညဉ့်၌ ယင်းတို့သည် အေးချမ်းလှသောလေမှ […]


natureSeptember 11, 20111min821
2.4 မှအဆက်- တင် ။ ။ဒါထက် အလောင်းနံဘေးမှာတွေ့တဲ့ဦးထုတ်အသစ်ကို ဆရာသတိထားမိရဲ့လား။ ရှား။ ။ ထားမိတယ် ဒါလဟိုဇီလမ်း တိုက်နံပါတ် ၃၃၉ အိုရီရန်တယ် ဦးထုတ် ကုမ်ပဏီက ။ ကိုသန်းတင်မှာ ထင်သလောက်အသားမယူနိုင်သဖြင့် ဂွကျသွားလေ၏။ တင်။ ။ဪ ဆရာလည်း သတိပြုမိတာကိုး။ နို့ အဲဒီဆိုင်ကော ဆရာရောက်သေးလားဆရာ။ ရှား။ ။မရောက်ပေါင်ဗျာ။ တင်။ ။ဒီတချက်တော့ ဆရာရှန်းသွားတာကိုး ၊ သဲလွန်စဆိုတာ ကြီးသောငယ်သော ရွေးမနေပဲ တွေ့သမျှ ကောက်လိုက်ရတာမျိုးကလား ဆရာရဲ့။ ဒါထက် အိုရီရန်တယ် ကုမ္ပဏီ သွားပြီးစုံစမ်းတော့ ဘရွတ်ကင်းလမ်း တိုက်နံပါတ် ၄၈ မှာ နေတဲ့ မစ္စတာ ဝေဿက ဆိုတဲ့ လ ူကမှာသွားလို့ .. အော်ဒါမိတ်.. […]


natureSeptember 11, 20111min560
သက်တမ်းရင့်ကားများကိုပယ်ဖျက်ကာ ကားသစ်များနှင့်အစားထိုးမည်။ …လဲလှယ်ရာတွင် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ကားဟောင်းများကို ယာဉ်မှတ်ပုံတင်စာအုပ်နှင့် အတူ သတ်မှတ်ထားသည့် နေရာသို့ မောင်းနှင်ပို့ဆောင်အပ်နှံရမည်ဖြစ်ကြောင်း၊ လာရောက်အပ်နှံသည့် ကားဟောင်းများကို သံရည်ကြိုစက် သို့ပို့ဆောင်ဖျက်ဆီးမည်ဟု သိရသည်။….. မည်သူမျှ ကိုယ်ဆန္ဒနှင့် လာရောက်အပ်နှံမည်မထင်ပါ။ တန်ဘိုးနိမ့်ကားများသည် လူလတ်တန်းစားများဝယ်စီးခြင်းဖြစ်သဖြင့် သိန်းရာကျော်တန်သောကားတစီးကို အပ်မည်ဆိုလျှင် လက်ထဲမှသိန်းတရာ ကျပ်မှာ သုညကျပ်သို့ရောက်သွားပေမည်။ လူလတ်တန်းစားများမှာ ကားကို အပ်ပြီးလျှင် နောက်တစီး ထပ်ဝယ်နိုင်မည်မထင်ပါ။ ဤသတင်းကြောင့် တန်ဖိုးနိမ့်ကားများ ဝယ်ယူမှုများရပ်ဆိုင်းသွားပြီး  ဈေးကျသွာလိမ့်မည်ဟုထင်ပါသည်။ သင်တို့၏ လက်ထဲတွင်ရောတန်ဖိုးနဲကားများ ရှိပါသလား?။ သွားအပ်ဖို့ရည်ရွယ်ချက်ရှိပါသလား ?။ ဥပမာ-ချမ်းသာသောအိမ်မှ သူဌေးတဦးသည် သူဝတ်ထားသောပုဆိုး အနည်းငယ်မျှ ပေါက်သွားလျှင် စွန့်ပစ် ပေးပစ် မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်သူဝတ်ဆင်ထားသောပုဆိုး၏ တန်ဘိုးမှာ သူပိုင်ဆိုင်သော တန်ဘိုးနှင့်စာလျှင် လစ်လျှူရှု၍ ရသော ပမာဏဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ […]


natureAugust 17, 20111min771
မြန်မာနိုင်ငံတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး သဘောမတူသဖြင့် နယ်စပ်တွင်တိုက်ပွဲများ ဖြစ်နေသည်ဟု ကြားသိရပါသည်။ တိုက်ပွဲများ ဖြစ်သောဒေသရှိ တိုင်းရင်းသားများ၏ တိုက်ပွဲကြောင့် အသက်အန္တရာယ်မှလွတ်အောင် အိုးအိမ်ပြစ်ပြေး နေကြရသော ဒုက္ခများမှာလွန်စွာမှ ကြီးမားလှပေသည်။ သူတို့၏ ဒုက္ခကို ကိုယ်ခြင်းစာ သနားမိပါသည်။ တိုက်ပွဲများဖြစ်ပြီဆိုရင် ကျနော့် အမြင် ကောင်ကျိုးမရှိဟုထင်ပါသည်။  ကိုယ်ကနိုင်ပြီဆိုရင်လဲ ရှုံးသူများသည် ကြောက်ပြီး ထွက်ပြေးမည်ဟု မထင်ပါ။ ပါးကိုက်လျှင်နားပြန်ကိုက်မည်ဆိုသည့်အတိုင်း ပြောက်ကျားစစ်ဆင်ခြင်း ၊ ပြည်တွင်းသို့ဝင်၍ ဗုံးခွဲခြင်များ ပြုလိမ့်မည်ဟုထင်ပါသည်။ စစ်သားများ ပြည်သူပြည်သားများ များစွာ အသက်ဆုံးရှုံးနိုင်ပါသည်။ ဆင်းရဲဒုက္ခ ရောက်နိုင်ပါသည်။စစ်စရိပ်များလည်း များစွာ ကုန်ကျပါလိမ့်မည်။ နယ်စပ်တွင်နေသူများသည် နယ်ခြားစောင့်တပ်ဖွဲ့ဖွဲရန် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူတို့၏နေရာကို သူတို့ကာကွယ်ကြပါလိမ့်မည်။ နိုင်ငံခြားကျူးကျော်မှုများ ရှိသည် ဆိုလျှင်လည်း သူတို့၏ နေရာကို ဖြတ်ကျော်ရန်သူတို့၏ခုခံမှုကို ခံရပါလိမ့်မည်။ […]


natureAugust 6, 20111min33222
စိတ်ဝင်စားသူများအောင် မဲဆွယ်တဲ့ အနေနဲ့ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တပ်ထားပါတယ်။ အခုပိုစ့်ကို ရက်လနှစ်နဲ့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ၈လ ၂၀၁၁ကို 8/11 လို့ရေးပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ နောက်လ ၉လဆို 9/11 လို့ရေးရင် ဘင်လာဒင်နဲ့မှားပြီး ဝိုင်း သမကြမဲ့ ရွာသားများကို ကြောက်လို့ ကိုယ်အန္တရာယ်ကြိုကာကွယ်တဲ့ အနေနဲ့ ပြောင်းလိုက်တာပါ။ ကြိုတင်ပြီး စကားခံ လိုတာကတော့ ကျနော်ဟာ ပညာရှင်တဦး မဟုတ်ပဲ ကိုယ့်ဘဝ အတွေ့အကြုံက ရရှိလာတဲ့ ထင်မြင်ချက်ကလေးတွေကို ရေးခြင်းဖြစ်လို့ မှားတာ အားနဲချက်တွေရှိတာတွေရှိရင် ခွင့်လွှတ်သီးခံဘိ်ု့ တောင်းပန်ပါတယ်။ (သီးမခံပဲ ကွန်မန့်ပေးလဲ ၃ပွိုင့်ရတယ် 🙂  ) မကြာမီက မြို့ပတ်ရထားခတွေတက်မယ်။ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ […]


natureAugust 4, 20111min681
မြန်မာပြည်မှာ မှာ ဈေးနှုံး တွေကို ဖော်ပြရင် အများအားဖြင့်တော့ ဒီနေ့ ဘယ်ဈေး မနေ့ကဘယ်ဈေး ဆိုပြီး လွယ်ဖော်ပြတတ်ကြပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင် မှာဆိုလည်းဒီအတိုင်းပါပဲ။ ဒီ ဖော်ပြနည်းကို တကယ် အရောင်းအဝယ် လုပ်တဲ့ လူတွေ စိတ်ဝင်စားမှုနည်းပါ:ကြတယ်လို့ထင်ပါတယ်။ စိတ်ဝင်စားစရာဈေးနှုံးဖော်ပြပုံလေးတခု တွေ့ဖူးလို့ တင်ပြချင်ပါတယ်။ အရောင်းအဝယ်လုပ်တဲ့သူတွေ စိတ်ဝင်စားအောင်တင်ပြတဲ့နည်းကတော့ ဈေးနှုန်းကို ဖတ်လိုက်တာနဲ့ အရောင်းအဝယ် အေးတယ်သွက်တယ်ဆိုတာ သိအောင် အကျိုးရှိအောင်  ဖော်ပြတာပါပဲ။အောက်ပါအချက်တွေ ပါဝင်ဖို့လိုပါမယ်။ 1.opening price 2. closing price 3. high price 4.low price 6. last update price 7. seller name, commodity, amount, calling price 8. […]


natureAugust 2, 20111min1254
ကွန်ပြူတာကို သုံးကြတဲ့အခါ အင်္ဂလိပ်လက်ကွက် ကိုတော့ လူတော်တော်များများ လွယ်လွယ်ရိုက်တတ်ကြပါတယ်။ တချို့ကတော့ လက်ကွက်နဲ့ မရိုက်ပဲ တလုံးချင်းရှာရိုက်တဲ့ သူတွေလည်း ရှိပါတယ်။ ကျနော်လည်း ယခင်က တလုံးချင်းရှာရိုက်ခဲ့ရပါတယ်။ အခုတော့ post တင်ရင်းလက်ကွက်တွေကို ကျင့်လာတာ နဲနဲပါးပါးတော့ ရလာပါပြီ။ မြန်မာလက်ကွက်တွေဟာ font တခုနဲ့တခု စာလုံးနေရာ အထားအသို မတူလို့ အင်္ဂလိပ်လက်ကွက်ထက် ပိုခက်တယ်လို့ထင်ပါတယ်။ မြန်မာလက်ကွက်ရဲ့ အထားအသို ကို စာရိုက်ရင်လွယ်အောင် ကျနော့်ရဲ့ အတွေ့အကြုံကလေးကိုတင်ပြလိုပါတယ်။ မြန်မာလက်ကွက်မှမဟုတ်ပါဘူး ။ ဘယ်လက်ကွက် မဆို အခြေခံကျတဲ့စာလုံး တော်တော်များများကို သိနိုင်ပါတယ်။ character map ကနေရှာရိုက်ရင်လည်းရပါတယ်။ သုံးရမဲ့ software ကတော့ page maker,word , excel တို့ဖြစ်ပါတယ်။ pageamker နဲ့ […]


natureJuly 31, 20111min16910
သူကြီးက ခေါင်းစဉ်ကို တိုတိုရေးပါဆိုလို့ သူကြီးကို ကြောက်တာနဲ့  nature ကို အတိုကောက် N+လို့ ရေးလိုက်ပါတယ်။  တတ်နိုင်သလောက်တိုထားပါတယ် သူကြီးရေ။ post ကို အဓိပါယ်ပေါ်အောင် ခေါင်းစဉ်ပေးရလို့ ဒိထက်တိုလို့မရတော့ပါ။  nature က သဘာဝတရား + က အကောင်းမြင်ဝါဒ ဆိုတော့ သဘာဝကို အကောင်းမြင်တဲ့ဝါဒပေါ့။ ကျနော်ဟာ ပညာရှင်တယောက်မဟုတ်ပဲ ကိုယ်ဘဝ အတွေ့အကြုံ နဲ့ ရရှိလာတဲ့ ထင်မြင်ချက်တွေကို တင်ပြခြင်းဖြစ်လို့ မှားတာရှိရင် ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။ ဆန်ဟာမြန်မာနိုင်ငံရဲ့ အဓိက အစားအစာပါ။ ယခင်က စပါးကို တနှစ်တစ်သီးသာ (တစ်ကြိမ်သာ)စိုက်ပျိုးတယ်လို့ သိရပါတယ်။ယခုအခါမှာတော့ တနှစ်ကို ၂သီးစား (၂ကြိမ်) နွေစပါး မိုးစပါးဆိုပြီး တနှစ်ကို နှစ်ကြိမ် စိုက်ပျိုးလာပါတယ်။ ဒါနဲ့အတူဒီနှစ်ပိုင်းအတွင်းမှာ မြေဆီ(မြေဩဇာ) […]


natureJuly 30, 20111min1499
လူသားတွေဟာ ငွေစက္ကူကို မသုံးမှီ စစချင်း ကုန်ပစ္စည်းခြင်းဖလှယ်ကြပါတယ်။ နောက်မှာ ဆား ကို ငွေအဖြစ်အသုံးပြု (ငယ်ငယ်တုန်းကသင်ဖူးတာ) ကြပြီး ဖြေးဖြေးနဲ့ နောက်ပိုင်းမှာ ငွေစက္ကူကို အသုံးပြုလာကြပါတယ်။ ငွေအကြွေ ၅ပြားစေ့ ၊ ၁ဝပြားစေ့ ၊ ၂၅ ပြားစေ့(မတ်စေ့) ၊ ၅ဝ ပြားစေ့ (ငါးမူးစေ့) တွေဟာ အရေကျိုသူတွေရဲ့ လက်ချက်နဲ့ ပျောက်ကွယ်ခဲ့ရပါတယ်။ အခုခေတ်မှာ အကြွေဆိုတာ ၁ဝ ကျပ်တန် ၊ ၂ဝ ကျပ်တန် ၊ ၅ဝ ကျပ်တန် ၊ ၁၀ဝ ကျပ်တန် ၊ ၂၀ဝ ကျပ်တန် ငွေစက္ကူ တွေဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ၁ပြားစေ့ ၂စေ့ ကို ၅ပြားနဲ့ ဝယ်ပြီး သားရေကွင်းကြေး […]


natureJuly 20, 20111min62727
ဂျပိုးကို ဘယ်လို နှိမ်နှင်းရမလဲ။ ဂျပိုးတွေဟာ ရှိလာပြီဆိုရင် အင်မတန် ရှင်းရခက်ပါတယ်။ အစာမစာရပေမဲ့လည်း တော်တော် ကြာကြာအသက်ရှင်နေနိုင်ပါတယ်။ ညသန်းကောင်ဆိုရင် အစာရှာထွက်တတ်ပါတယ်(၂နာရီခန့်)။ စာအုပ်ထဲမှာ ဖတ်ကြည့်တော့ ကြောင်ပန်းရွက်  ၊ ဒူးရင်းသီးအခွံ ၊ ပရုပ်လုံးတွေက ဂျပိုး ပြေးတယ်လို့ဆိုပါတယ်။ Hair Dryer တွေနဲ့လည်းမှုတ်ကြည့်ဖူးပါတယ်။ မြန်မာပြည်မှာတော့ ဂျပိုးရှိရင် နေပူလှမ်း ဖျာကိုတုတ်နဲ့ ရိုက်တတ်ကြပါတယ်။ ဂျပိုးနှိမ်နှင်းရေး အတွေ့အကြုံ လေးများရှိရင်တင်ပေးကြပါဦး။   ဒီလိုအကူအညီတောင်းပြီး ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ဂျပိုးသေဆေး ဟာသလေးတခုပြန်သတိရတယ်။ တခါတုန်းက ရွာတရွာမှာ လူတယောက်ဟာ သူ့အိမ်မှာ ဂျပိုးသောင်းကျန်းလို့ မြို့တက်ပြီး ဂျပိုးသတ်ဆေး ဝယ်သတဲ့။ ဂျပိုးသတ်ဆေး ရောင်းတဲ့သူက သူ့ဆေးကို ရဲရဲကြီးအာမခံပြီး ရောင်းသတဲ့။ သူ့ဆေးနဲ့ သတ်လို့ မသေတဲ့ ဂျပိုးတကောင်ကို […]


natureJuly 19, 20111min57
၃ ကြော်ငြာအရ ရောက်လာသူ   ထိုညည့်၌ ဦးစံရှားသည် ဝါသနာအိုးဖြစ်သည့်အလျှောက် ဂျူဗလီဟောရုံကြီးသို့ ..တေးကြီး ဘွဲ့ကြီးများ နားထောင်ရန် ထွက်သွားလေရာ ကျနော့်မှာ သူရိယ မဂ္ဂဇင်းအတွက် ဝန်ခံထားသော ဝထ္ထုကလေး တပုဒ်ကို စီကုံးရေးသားနေရစ်လေ၏။ သို့ပါသောလည်း ကျနော့်မှာ ဝထ္ထုဇာတ်ကြောင်းကို စိတ်အာရုံစိုက်ရန် မဖြစ်နိုင်ပဲ ကိုးဇီးဗီလာ အိမ်၏ ဧည့်ခန်းထဲတွင် ပက်လက်ကြီးလန်လျှက်ရှိသော အလောင်းကြီးကိုသာလျှင် မျက်စိထဲတွင် တပေါ်တည်း ပေါ်လျှက်ရှိရကား နောက်ဆုံး၌ လက်မှ ကလောင်တံကို ချထားလိုက်ပြီလျှင် ကုလားထိုင်ပေါ်တွင် အားပါးတရ စိတ်ကူးနေလေ၏။ ထိုအလောင်းသည် နဂိုအားဖြင့် အရုပ်ဆိုးရုံမျှမက ရက်စက်ကြမ်းကြုတ်ခြင်း ဟော့ရမ်းသော့သွမ်းခြင်း ၊ ဆိုးတေရမ်းကားခြင်း စသော အခြင်းအရာတို့မှာ ယင်း၏ မျက်နှာတွင် ထင်ရှားစွာ တွေ့မြင်နိုင်ရကား ကျနော့်မှာ ထိုသူ၏ အဖြစ်ကို […]


natureJuly 17, 20111min53
ပစ္စည်းများမှာ ၃ ရတီခန့် ရှိသော စိန်လက်စွပ် တကွင်း ၊ စိန်ကြိုးနှင့် ရွှေလက်ပတ်နာရီ ၁လုံး ၊ တစ်ဆယ်ကျပ်တန် စက္ကူ ၅ချပ် ပါသည့် သားရေအိတ်ကလေး ၁လုံး ၊ မူးစေ့ မတ်စေ့ ၁၃ ပဲ၊ ..ဝေဿက. ဟူ သော အမည်ပါသည့် ကားချပ်လေး ၃ချပ် ၊ စာ ၂စောင် ၊ တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဝေဿကသို့ ပေးရန် ဟူ၍၎င်း နောက်တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဟိန္နကသို့ ပေးရန် ဟူ၍၎င်း လိပ်တပ်ထား၏။ ထိုစာ ၂ စောင် စလုံးမှာ သောမတ်ကွတ်ဘဏ်တိုက်မှ ကလကတ္တားမြို့ထွက် သင်္ဘောအကြောင်း နို့တစ်ပေးသော စာများဖြစ်လေသည်။ ပထမစာကို […]