Nay ChiJanuary 17, 20141min25113
အဲဒီကွန်ပျူတာလေး…။ 4H 2H B 2B ပုံဆွဲခဲတံတွေမကူနိုင်…။  ရှိတဲ့ခဲတံလေးတစ်ချောင်းနဲ့ ဖိလိုက်ဖော့လိုက်ဆွဲခဲ့ရတဲ့ ပုံဆွဲခတွေကို မသုံးရက် မဝတ်ရက် နဲ့ စုပြီး ဝယ်ထားခဲ့ရတာ..။ အသက် ၂ဝမပြည့်သေးတဲ့ ကောင်မလေး… ကွန်ပျူတာတစ်လုံးဝယ်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ဘဝတုန်းကပေါ့…။ ဒီကွန်ပျူတာလေးဝယ်ပြီးကတည်းက ပိုရလာတဲ့ပုံဆွဲခလေးတွေနဲ့ ပညာတွေဆက်သင်နိုင်ခဲ့ဖူးတယ်…။ သူများလို ကန်တင်းမထိုင်နိုင်၊ ကျောင်းကသွားတဲ့ Trip တွေ မလိုက်နိုင်ပဲ စုစုဆောင်းဆောင်းသုံးစွဲရင်းပဲ တစ်မတ်သားလက်စွပ်လေးတစ်ကွင်းပိုင်ဆိုင်လာခဲ့တယ်…။ အသက် ၂ဝ နဲ့ ၂၃အတွင်းရှိတဲ့ ကောင်မလေးပေါ့…။ အဲဒီလက်စွပ်လေးတစ်ကွင်းနဲ့ ရွှေဈေးတက်ပြီ ကျပြီ လိုက်စုံစမ်းနေတတ်တဲ့ ကိုယ်က အရင်းထပ်မဖြည့်ရပဲ လက်စွပ်ကလေးကနေ လက်ကောက်လေးတစ်ကွင်းထိ ပိုင်ဆိုင်ခဲ့ဖူးတယ်…။ ကံကြမ္မာအပြောင်းအလည်းကြောင့်လား… မိသားစုပေါ်စေတနာမှန်လို့လားမသိပေမဲ့ မကြာခင်ပဲ လစာကောင်းကောင်းအလုပ်တစ်ခုရလာခဲ့တယ်…။ ဒီလိုနဲ့ ကျောင်းကသင်ပေးတဲ့စာနဲ့ကွာဟတဲ့ လက်တွေ့လုပ်ငန်းခွင်ထဲမှာ ငိုလိုက် ရယ်လိုက်၊ […]


Nay ChiJune 13, 20131min20818
သူမ ဆံနွယ်တွေကို ဖွာကနဲ ဖြစ်အောင် တစ်ချက်ရမ်းခါဖြစ်လိုက်သည်…။ စိုထိုင်းဆ မြင့်မားတဲ့ လေပြေတစ်ချက် အဝှေ့မှာ အသက်ရှူရတာပင် လတ်လတ်ဆတ်ဆတ် ရှိလွန်းလှသလိုလို..။ အော်.. မိုးစဲသွားတာ မကြာသေးပဲကိုး…။ ပတ်ဝန်းကျင်တစ်ခုလို့ စိမ်းစိုအေးမြနေပုံက သူမကို လမ်းပေါ်ထွက်လာဖို့ သိသိသာသာပင် ဆွဲဆောင်နေသည်..။ ဒါနဲ့… ကိုယ်ဟန်ကို ခပ်မတ်မတ်ပြင်ရင်း ကျော့ကျော့လေးပဲ လမ်းပေါ်ထွက်လာ ခဲ့မိလိုက်တယ်..။ “တက်ကလောက်… တက်ကလောက်” ဇဝေဇဝါခံစားချက်တချို့ကို ခေါင်းတချက်ရမ်းပြီး မေ့ဖျောက်ပစ်မိသည်..။ ပြီးတော့ ကောင်းကင်ကြီးကို မော့ကြည့်ဖို့ တချက်အားထုတ်ကြည့်တယ်..။ သိပ်တော့အဆင်မပြေလှ…။ ခေါင်းမော့ကြည့်ရတာ သူမအတွက် သက်တောင့်သက်သာ မခံစားရ…။ ကဲ.. ရှိပါစေလေ..။ ရွက်ကြွေလေးတွေနဲ့ စိုစွတ်နေတဲ့ လမ်းမကြီးကလဲ သူမကို ဖော်ဖော်ရွေရွေစောင့်ကြိုနေကြသားပဲ..။ ဒီလိုပါပဲ…။ သူမက သိပ်အားထုတ်လေ့ရှိသူတော့ မဟုတ်…။ ဖြစ်လာသမျှ အနေအထားမှာ အတတ်နိုင်ဆုံး […]


Nay ChiDecember 11, 20121min763
လေပြေဟာ မုန်တိုင်းရဲ့အစမှန်း မရိပ်စားမိခဲ့တဲ့ အမှားကြောင့် အရှိန်ပြင်းပြင်း တိုးဝှေ့တိုက်ခတ်သံတွေနဲ့အတူ စိတ်ဓါတ်တွေ တဖြောင်းဖြောင်း ရိုက်ချိုးခံနေရတယ်..။   နာကျင်ကွဲအက်မှုတွေက ငါ့ရင်ဘတ်နဲ့မတန်တဆ…။   မိုးခြိမ်းသံတွေအဆက်မပြတ်ပေးမိနေပေမဲ့ စိုစွတ်စွတ်မျက်ရည်စက်တချို့နဲ့ နင့်ကိုုအေးမြနေစေချင်ဆဲ…။   ဟုတ်တယ်… လောကဓါတ်တစ်ခုလုံး မှောင် အ တိ ကျ လို့..။   ဒါပေမဲ့… လျပ်စီးတချက်ပြက်လိုက်ချိန်မှာ အမိအရမြင်အောင်ကြည့်စမ်းပါ..။   ငါတစ်ချက်ရှိုက်လိုက်တိုင်းမှာ တိမ်ညိုတွေလွင့်ပါးစတမ်းဆိုရင်တော့ ထာဝရငိုပေးဖို့လဲ အဆင်သင့်..။   မုန်တိုင်းဆဲအပြီး နေသာချိန်မှာတောင် ငါတို့ဆက်နွယ်မှုအတွက် သက်တန့်တစ်စင်းနဲ့ ကျေကျေနပ်နပ် တံတားခင်းပေးဦးမယ်..။   နေခြည်


Nay ChiNovember 28, 20121min873
အ မှတ် တ မဲ့ တွေ အ ခါ ခါ ဆင့် တော့ မှတ် မှတ် ရ ရ နာ ကျင် တယ်…။   ခပ် မျှင် လေး ပါ ပဲ ဒါ ပေ မဲ့… အ တွင်း သား အ ထိ နစ် ဝင် တယ်…။   ကာ လ တစ် ခု ရဲ့ တိုက် စား မှု အောက် ဆွေး မြေ့ သွား မှာ သေ ချာ ပေ မဲ့   တ ဆစ် […]


Nay ChiNovember 25, 20121min14512
ဝတ်ရုံနက်ဝတ်ဆင်ထားရုံနဲ့တော့ မှော်ဆရာမဖြစ်နိုင်ဘူး…။ မှော်ဆရာဖြစ်ရုံနဲ့လဲ ငါ့ကို မညှို့ယူနိုင်သေးဘူး…။   အရိပ်ကိုခိုဝင်ချင်ရင် ကိုယ်တိုင် လှမ်းလျောက်ပြီးဝင်လာမယ်..။ ငါ့ဘာသာရပ်နေတာကိုတော့ လာလွှမ်းမိုးဖို့ အားမထုတ်နဲ့..။   ကဲ…အခုငါက ရိုးပြတ်တောမှာ ပန်းခူးထွက်မယ်..။ မျက်စိမှိတ်ပြီး အိပ်မက်ဟောင်းကို ရှာဖွေမယ်..။   အဲဒီအတွက်.. ဘယ်လို ဂရုဏာတရားမျိုးမှ ကြဲချစရာမလိုအပ်ဘူး..။ ဖြောင့်ဖျနှစ်သိမ့်ဦးမလို့လား ငါက ကမ်းနားကျောက်ဆောင် မဟုတ်ဘူး..။   ထပ် ပြော ဦး မယ် ရေနစ်နေတာက ကယ်တင်ချင်လို့ရမယ်..။ အ ခု ငါ က… ရေ ငုပ် နေ တာ .. .  .။ နေခြည်


Nay ChiNovember 24, 20121min15913
ကျ မ က ည ရဲ့ ည ဆန် မှု ကို နှစ် ခြိုက် သူ..။ မာ ကျူ ရီ ပန် ဆင် ရ တဲ့ ည တွေ ကို ခါး သက် တတ် သူ..။ ပိုး စုန်း ကြူး တစ် ကောင် ရဲ့ ဓါတ် ပြု မှု ကို တောက် ခေါက် ချင် သူ..။   ကျ မ ရဲ့ ည ကို ကြယ် တာ ရာ တွေ နဲ့ အ လှ မ ဆင် […]