Nay AyeFebruary 2, 20111min660
ခရမ်းရောင်..ညနေရေ… ပယင်းရောင် အရည်တွေနဲ့… ငါ နစ်နေတဲ့ရက်တွေထဲ.. သူ့ ကိုခေါ်မလာနဲ့.. ပြက္ခဒိန် တစ်ခုတောင် ပြောင်းသွားပြီ.. ငါ့ နာရီ က စက်မရပ်သေးဘူး… ရထား ဥဩသံ ကြားမှာ … နှလုံးသား က ရိတ်သိမ်းချိန် ကို.. စောင့်နေတယ်….။ အနာဂတ် ကို မတွေးမိသေးတဲ့ အချိန်မှာ.. အအေးမိသွားတဲ့ ..လမ်းခွဲချိန်က..ငါ့ ကို ရှေ့ ဘူတာမှာ စောင့်နေတော့.. အိမ်ပြန်ချိန်ဆိုတာ..ငါ့ နာရီလေးမှာ.. မရှိတော့ဘူးပေါ့..။ ။