naychanyanOctober 18, 20101min530
မင်းခိုက်စိုးစန်၏ အပိုင်းအစများ (ကလေးအတွေး) (၁) “သား…ကျောင်းမသွားချင်ဘူးမေမေ´´ “ဘာဖြစ်လို့လဲသားရဲ့´´ “ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလု်ိ့ ခိုင်းလိမ့်မယ်မေမေရဲ့´´ “ဒါများ….ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´ “မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ…..´´ (၂) အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့) အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ်လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။ မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့ စဉ်းစားနည်း(Speculative Thinking) ရှိနေတာပဲမဟုတ်လား။ အမေ လုပ်တဲ့သူက “ကကြီး´´ရေးခိုင်းရင် “ကကြီး´´ရေးလိုက်၊ “ခခွေး´´ ရေးခိုင်းရင် “ခခွေး´`ရေးလိုက်၊ “ဂငယ်´´ ရေးခိုင်းတဲ့ အခါကျတော့လည်း “ဂငယ်´´ရေးလိုက်ပေါ့လို့ […]


naychanyanOctober 9, 20101min1174
မေးခွန်း (၁) ဖြစ်ရပ် တစ်ခုက တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်သွားတဲ့ စကားပုံကဘာလဲဟင်……….. မေးခွန်း (၂) သဘာဝအလျှောက် လှုပ်ရှားရမယ့် သူက မလှုပ်ရှားပဲ မလှုပ်ရှားရမယ့်သူက စတင်လှုပ်ရှားတဲ့ စကားပုံကရောဘာလဲဟင်……… မေးခွန်း (၃) တစ်သက်လုံး ပြုလုပ်လာတဲ့ ထုထည်ကြီးကို ချေလိုက်တဲ့ စကားပုံက ဘာလဲသိလား……… မေးခွန်း (၄) အခွင့်အရေးများကို မခံစားရဘဲ မျှော်လင့်ရရုံ သက်သက်လို့ မဓိပ္ပါယ်ရတဲ့ စကားပုံကဘာဖြစ်မယ်ထင်လဲ……….. မေးခွန်း (၅) ရပ်တိုင်း ရွာတိုင်းမှာ မိမိအား ကူညီထောက်ပံ့မှု မိတ်ဆွေကောင်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားပုံက ဘာလေးလဲဟင်……. မေးခွန်း (၆) ကိုယ်မဟုတ်ဘဲ လူတစ်ယောက်ရဲ့အပြစ်ကို ကိုယ်စား ဝင်ခံပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားပုံကရော ဘာဖြစ်နိုင်မလဲ…….. မေးခွန်း (ရ) ဆင်းရဲမှာကို […]


naychanyanOctober 9, 20101min772
တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။ “လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!” ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။ “ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို သုတ်ပေးသူဖြစ်တယ်” သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊ သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့… သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က “ငါတို့ကသူငယ်ချင်း” ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။


naychanyanOctober 9, 20101min642
ညီမလေးကဲ့သို့ ချစ်ခင်ရပါသော ညီမလေးက ….နောက် 2 နှစ်ဆို PR တွေကို extension မပေးတော့ဘူးတဲ့….သမီး citizen လုပ်ရတော့မယ်တဲ့…… ကြားလိုက်တဲ့အချိန်မှာ တော်တော်အံ့ဩမိပါတယ်…..ဘာလို့လဲဆိုတော့ တစ်ချိန်က သူကိုယ်တိုင်ပဲပြောခဲ့တာက……သမီးကတော့ ဒီနိုင်ငံမှာ မနေနိုင်ဘူး….တစ်ချိန်ကြရင် ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်မှာတဲ့ လေ…… ညီမလေးကို …….အချိန်မပေးနိုင်ခဲ့တာကြောင့်………ဒီအကြောင်းကို မပြောဖြစ်ခဲ့ရပါဘူး……. အခြေအနေ အချိန်အခါကို လိုက်ပြီး ဆုံးဖြတ်ချက်တွေ ပြောင်းလဲရတယ်..တွေ့တဲ့ကွေ့ကို တွေ့တဲ့တက်နဲ့ လှော်ရတယ်ဆိုပေမယ့်….ကိုယ့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမယ့်…..နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း ထဲ့စဉ်းစားစေချင်ပါတယ် ……… အဲဒီနိုင်ငံရဲ့………..ရုန်းကန်လှုပ်ရှားရတဲ့ အခြေအနေကို အမ ပြောတာထက် သမီးက ကိုယ်တိုင်နေနေတဲ့သူဆိုတော့ ပိုသိမှာပါ…… ဘဝဆိုတာ ရုန်းကန်ရမယ်…….တစ်ခုခုကို effort လုပ်မှ……ထိုက်တန်တဲ့တစ်ခုခု ပြန်ရမယ်ဆိုတာ မှန်ပါတယ်….. ဒါပေမယ့် သာမာန်ထက်ပိုပြီး ရုန်းကန်လှုပ်ရှားရရင် သာမာန်ထက်ပိုတဲ့ ပြန်ရမှုတော့ရှိရမှာပေါ့……. ငွေကြေးပမာဏအားဖြင့်တော့……အထိုက်အလျောက်ပြန်ရကြပါတယ်……(ပညာအရည်အချင်းအလိုက်……ကိုယ့်ရဲ့ကြိုးစားမှုအလိုက်….အတိတ်ကံ%အလိုက်….…………physical နဲ့တိုင်းတာလို့ရတဲ့ ပြန်ရချက်တွေ ထိုက်တန်သလောက်ပြန်ရကြပါတယ်)………..facility […]


naychanyanOctober 9, 20101min586
တကယ်လည်း ချစ်ခဲ့ဖူးပါတယ်။ တကယ်လည်း ပျော်ရွှင်ခဲ့ဖူးတယ်။ တကယ်လည်း ခံစားခဲ့ရဖူးပါတယ်။ တကယ်လည်း ပေါင်းစည်းချင်မိပါတယ်။ တကယ်လည်း ဆုတောင်းခဲ့ဖူးပါတယ်။ တကယ်လည်း လွမ်းခဲ့ဖူးပါတယ်။ တကယ်လည်း နာကျည်းဖူးပါတယ်။ တကယ်လည်း ငိုကြွေးခဲ့ရတယ်။ တကယ်လည်း စိတ်နာခဲ့ပါတယ်။ နောက်ဆုံးတော့လည်း …. တကယ် မုန်းခဲ့ရပါတယ်… ဒါပေမယ့်လည်း… တကယ် တမ်းတနေမိပါသေးတယ်။ 


naychanyanOctober 9, 20101min1016
ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို အခြေအနေ မျိုးတွေ အထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာ ကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။ လက်တွေ့ဘဝထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။ ၁။ “မင်းကိုချစ်တယ်” ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် […]


naychanyanOctober 9, 20101min653
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနိုင်မှာဖြစ်တယ်။ ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်။ ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ ၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ ၅) ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဉာဏ်တွေမယုတ်လျော့သွားစေနဲ့။ ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။ ၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူအခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ […]