naykhanaingJune 6, 20101min462
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ ဩစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ […]


naykhanaingJune 6, 20101min812
လိပ်လူသား လို့ခေါ်တဲ့ ကောင်လေးကတော့ ၂ နာရီကြာ သူရဲ့ ကျောပြင်က အရေခွံ အမာကို ခွဲစိတ်ကုသခဲ့ပြီးမှာတော့ အရင်ကနဲ့ မတူတော့တဲ့ ဘဝသစ်တခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Maimaiti Hali ကတော့ တရုတ်နိုင်ငံ တရုတ်နိုင်ငံ မြောက်ပိုင်း ဟီပင်း ကဖြစ်ပါတယ်။ သူ့ဟာ မွေးကတည်းက အသားမာ ကြီးဟာ သူ့ကျောပြင်မှာ ပါရှိခဲ့ပါတယ်။ Maimaiti Musai ဖခင်ဖြစ်သူကတော့ ကျွန်တော့်သားကို ငယ်ငယ်ကတည်းက ခွဲစိတ်ကုသဖို့ ပြောခဲ့ဖူးပါတယ်။ သို့သော်လဲ အသက်ငယ်သေးတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုထိစောင့်ခဲ့ရပါတယ်။ သူအသက် ကြီးလာတာနဲ့ မျှ ကျောပြင်က အသားမာ ဟာ ပိုပြီးမာလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူကျောပြင်က အသားမာဟာ လိပ်ခွံ ကဲ့သို့ မာကျော […]


naykhanaingJune 6, 20101min510
ကော့သောင်း မြို့တွင် ဖွင့်လှစ် ထားသည့် ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ မေလ ၂ရ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာနတွင် ကျင်းပသည့် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ် သမားများ နှင့် ပတ်သက်၍ ညှိနှိုင်း အစည်း အဝေးတွင် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။ ယင်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမောင်မြင့်က ဦးဆောင်ကာ တာဝန် ရှိသူများ တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။ အစည်း အဝေးတွင် […]


naykhanaingJune 5, 20101min450
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမဝင် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။ အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂ဝ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့  အဖမ်းခံရခြင်း ဖြစ်သည်။ ယနေ့ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို လှေပေါ်တွင် တွေ့ရစဉ်(ဓာတ်ပုံ – Manager Online) ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို  တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု […]


naykhanaingJune 5, 20101min782
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိန်းသိမ်း ထားသော ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံ ၂ဝ ကျော် အနက် ၅ ခုကို ရောင်းချ လိုက်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ အမျိုးသား စာကြည့်တိုက် (ဓာတ်ပုံ – ဧရာဝတီ) အဆောက် အအုံ ၅ ခုမှာ ခြောက်ထပ်ရုံး၊ ပြည်သူ့ ကုန်တိုက်၊ MRTV-3 New Studio Complex၊ ရတနာပုံ ရုပ်ရှင်ရုံနှင့် အမျိုးသား စာကြည့်တိုက်တို့ ဖြစ်သည်။ ၂၀၀၉ ခုနှစ် အကုန်ပိုင်း လောက်မှ စတင်၍ နိုင်ငံပိုင် စက်ရုံများ၊ ဝန်ကြီးဌာနများ၊ အလုပ်ရုံများ စသည့် နိုင်ငံပိုင် အဆောက် […]


naykhanaingJune 4, 20101min601
မြန်မာနိုင်ငံမှစာရေးဆရာတစ်ဦးဖြစ်သောကိုဝေမှုးသွင်သည်မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ ၏ အထွေထွေ အတွင်း ရေးမှုး  အနေဖြင့်ရွေးကောက်ပွဲသို့ဝင်ရောက်မည်ဟုသိရသည်။ မြန်မာ ဒီမိုကရေစီ ကွန်ဂရက် ပါတီ သည်ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားပြီး ၎င်းတို ့ပါတီ၏ မဲဆွယ်မှု ကိစ္စ တွင် သုံးမည် ့ ပါတီ ရံပုံငွေ များ အတွက် ရံပုံငွေ ကောက်ခံမှု လည်းပြုမည် ဖြစ်သလို ၊ပါတီဝင် အချို ့က ၎င်းတို ့ ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း များ ကို ပါတီ ပိုင် စီးပွားရေး လုပ်ငန်း အဖြစ် အသွင်း ပြောင်းးလိမ့် မည် ဟု ပြောသည်။စာရေးဆရာ ဝေမှုးသွင် သည် ၁၉၉၆၊၁၉၉၈ ခုနှစ် နှင့် ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး […]


naykhanaingMay 14, 20101min531
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာက လာရောက်စစ်ဆေးဖို့ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်ကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။ မေလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ […]