– – – – – – – – – – – – – – – – – – ကင်မလာကို ဘယ်ထဲ ထည့်ရမလဲတော့ ရှေ့ပို့စ် မှာ ပြောပီးသွားပေမယ် ဘယ်လို ထားရမလဲ မပြောရသေးလို့ …  ရှေ ပို့စ်ကို  ဖတ်ပြီး လိုက်လုပ်မယ်ဆိုတဲ့ သူတွေအတွက်ပါ ၁။ Dry Cabinet မှာ ထားတာကတော့ ရှင်းပါတယ်။ ထဲ့ပြီး ပလပ်ထိုး hydrometer လေးကြည့်ရုံပါပဲ။ ၂။ လေလုံတဲ့ သေတာ ထဲထဲ့ပြီး မီးလုံးလေးထွန်းမယ် ဆိုရင်တော့ မီးလုံးနဲ့ အရမ်းကပ်မနေအောင် သတိထားပါ.. အရမ်းပူရင် ဆားကစ်တွေ ပြသနာ ရှိနိုင်ပါတယ်။ […]


– – – – – – – – – – – – – – – – – များသော အားဖြင့်တော့ ကင်မလာရှိတဲ့ သူတွေဟာ ဘယ်ရာသီပဲ ဖြစ်ဖြစ် ကင်မလာ ကို ကင်မလာ အိတ်ထဲ ပဲ ထည့်သိမ်းကြပါတယ်.. နွေဖက်ကတော့ ဘာမှ မဖြစ်ပေမယ့် မိုးတွင်းဖက်ဆိုရင် တော့ ဆန်ဆာ ကိုဖြစ်ဖြစ်၊ လန်းစ် ထဲကို ဖြစ်ဖြစ် မှိုစွဲဖို့ အခွင့်အရေးများပါတယ်.. မိုးတွင်းမှာ ဘယ်လိုထားသင့်တယ်ဆိုတာ အောက်မှာ ရေးထား (သူများပြောတာတွေ ကူးချထား) ပါတယ်.. ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ ပုံရိပ်အရုပ်ဖမ်းပေးတဲ့ စန်ဆာ မှာ မိုးတွင်းကာလတွေမှာ မှိုတွေတက်တပ်ပါတယ် […]


– – – – – – – – – – – – – – – – – – – Reflex mirror ဒီအပိုင်းမှာတော့ လန်းစ်ကနေ အဆင့်ဆင့် ဝင်လာတဲ့ အပိုင်းတွေကို ပြောလာလိုက်တာ ခု ကင်မလာ ဘော်ဒီ ထဲ ကိုရောက် ပါပြီ။ ဘော်ဒီထဲမှာ လန်းစ်က ဝင်လာတဲ့ ပုံရိပ်ဟာ ဆင်ဆာကို မရောက်ခင် တွေ့ရတာကတော့ reflex mirror ဖြစ်ပါတယ်။   reflex mirror ဟာ ဝင်လာတဲ့ ပုံရိပ်ကို ကင်မလာနောက်က လူ မြင်ရအောင် တဆင့် ပြပေးတဲ့ မှန်ချပ်ကလေးဖြစ်ပါတယ်။ […]


– – – – – – – – – – – – – – – – – – – – -ဓာတ်ပုံဆရာတွေကို မချစ်သင့်တဲ့ အကြောင်းအရင်း ၄၁ ချက် မှာတွေ့မိလို့ ပြန်ရှဲလိုက်ပါတယ် Posted by မီးမောင် on June – 9 – 2013 ဓာတ်ပုံဆရာတွေဆိုတာ တခြားသူတွေနဲ့ မတူ ကွဲပြားနေတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အနုပညာရှင်တွေ ဖြစ်သလို လုပ်ငန်းရှင်တွေလည်း ဖြစ်ပါတယ်။ ကင်မရာပစ္စည်းတွေကို အရမ်း ချစ်ကြပြီး တသသ ဖြစ်နေကြတာ တခါတလေ ဘေးလူ အမြင်ကပ်လောက်အောင်ပါပဲ။ ဒီနေ့တော့ […]


  – – – – – –   – – – – – – – – – – – – -ရှေ့ အပိုင်းမှာ ဖော်ပြခဲ့ တဲ့ အပါချာ အကျဉ်းအကျယ်ကြောင့် အိတ်စပိုရှာပြောင်းလဲ သွားပုုံ ဖြစ်ပါတယ်။     မှတ်ထားရမဲ့ အချက်ကတော့ အပါချာကို အလင်းရောင် ကောင်းကောင်းရတဲ့ အခါမှာ ကျဉ်းပြီး၊ အလင်းရောင် နည်း တဲ့ အခါ ကျယ်ရပါမယ်။ အပါချာ အကျဉ်း/အကျယ်ကြောင့် ပြောင်းလဲမှု နောက်တစ်ခုကတော့..  (၂) DOF (Depth of Field)   DOF ကိုဖြစ်စေတဲ့ ကျန်တဲ့ အချက်တွေရှိပါသေးတယ်..နောက် အပိုင်းမှာ […]


  – – – – – – – — – – – – – – – – – – – – – – – – – – ဓာတ်သေပညာကျမ်း (အပိုင်း-၅) အပါချာ ဓာတ်သေပညာရပ်အတွက် အရေးကြီးဆုံးထဲက တစ်ခု  ဖြစ်တဲ့ အပါချာ အကြောင်းပြောမယ်ဆိုရင်။ တံခါးပေါက် နဲ့ဥပမာ ပေးချင် ပါတယ်။ အပါချာ ဆိုတာကလဲ လန်းစ် ကနေဝင်လာတဲ့ အလင်း ကို ကင်မလာထဲ ဝင်ဖို့ အတွက် ထားတဲ့ အလင်းတံခါး ပေါက်ဖြစ်ပါတယ်။   အပါချာကို (f) […]


– – – – – – – – – – – – – – – – – – – ကင်မရာ ဝယ်မယ်ဖို့ ဘာဝယ်ရမှန်း မသိရင် ဒီအဆင့်လေး တွေကြည့်ပါ။ ဘယ်ကမလာ ဘယ် အမျိုးအစား တွေဝယ်ရမလဲ ဆိုတာကိုတော့ ကွကို ဆုံးဖြတ်ပါနော်               အရေးအကြီးဆုံးသိထားရမှာ ကတော့ DSLR ကင်မလာ ကို ရွေးလိုက်တာနဲ့ ပိုက်ဆံထပ် ကုန်တော့မယ်ဆိုတာ သတိရပါ.. ကင်မရာ မှာ ဘယ်တော့မှ ဝယ်တာ အဆုံးသတ်တယ်ဆိုတာ မရှိပါဘူး။ အရင်ဆုံး […]


– – – – – – – – – – – – – – – – – – – – – –   ဓာတ်သေပညာကျမ်း (အပိုင်း-၄)   အဲဒီတော့ ဖိုကယ်လန့်ကြောင့် ပြောင်းလဲမှု ၂ မျိုးဖြစ်သွားတဲ့ ပေါ်ကို အခြခံပြီး လန်းစ်အမျိုးမျိုး အကြောင်းကို ထပ်ရှင်း ပြပေးပါမယ်။   Prime lens မှာ ဖိုကယ်လန့် အသေဖြစ်ပါတယ်. များသော အားဖြင့် လန်းစ်ကို လက်နဲ့ အနီး/အဝေး လှည့်လို့ရပြီး ဒီ prime lens တွေကတော့ လှည့်လို့မရပါဘူး.. 50mm ဆိုရင် […]


– – – – – – – – – – – အများသုံးနေကြတဲ့ လိပ်ခေါင်းလန်းစ် လေးပါတဲ့ ကော်ဆူးမား ကင်မလာ တွေ၊ ပလိုဆူးမား ကင်မလာတွေမှာ လန်းတွေက အသေဖြစ်နေပေမယ့်  (လန်းစ်ပြောင်းလို့ရတဲ့ ကင်မလာ အသေးလေးတွေလဲရှိပါတယ်။ Sony Nex7, Nikon1..) ငုတ်တုတ် လိပ်ခေါင်းလန်းစ် လေးက ဇွန်းဆွဲလို့ တော်တော်ရပါတယ်.. အောက်မှာ ဂီဂီရဲ့ မတ်ဆေ့ကို ခွက်ဒစ်ပြန်လုပ်ပါတယ်။   [ဇွမ်း ဆွဲတဲ့အခါ ဇွမ်း ဘယ်လောက်ဆွဲထားပြီ ဆိုတာကို ပြတဲ့ ဘားလေး စကရင်ပေါ် ပေါ်လာတာ ကြည့်ဖူးမယ် ထင့် အဲ့သည့်မှာ ကန့်လန့်ဖြတ် လိုင်းလေး တစ်လိုင်းပါတယ်.. |_________|______| ဒါမိုးလေးပေါ့ … […]


– – – – – – – – – – – – အပိုင်း(၂) အိတ်စပိုရှာဆိုတဲ့ အလင်း/အမှောင်ကို ကင်မလာထဲမှာ ပါတဲ့ ပုံရိပ်ဖမ်း ဆင်ဆာထဲကို လိုအပ်သလို ရစေဖို့ အဓိကဆောင်ရွက်ပေးမှာ ကတော့ ကင်မလာမှာ ပါတဲ့ ရှက်တာ (shutter) နဲ့ မှန်ဘီလူးမှာ ပါတဲ့ အပါချာ (aperture) ပေါက် တို့ဖြစ်ပါတယ်။  ပုံရိပ်ဟာ မှန်ဘီလူး ထဲက ဝင်လာပြီး အပါချာကို ဖြတ်ပြီး ကင်မလာထဲက ပုံရိပ်ဖမ်းဆင်ဆာ ကိုရောက်ပါတယ်။     လန်းစ်အကြောင်း လန်းစ်တွေကိုပြောမယ်ဆိုရင် ကင်မလာ အသေးလေးတွေမှာ တော့ တွဲရက်ပါတဲ့လန်းစ် တစ်ခုပဲရှိ ပြီး DSLR ကင်မလာ […]


  – – – – – – – – – – – ဓာတ်သေပညာ (အပိုင်း-၁) ၃ မိနစ်အတွင်းဆရာဖြစ်နည်း ရက်ရှည် သင်တန်းပြီးတဲ့ အခါ..အများရဲ့ တောင်းဆိုချက်များ အရ (ဟုတ် ဟုတ် မဟုတ် ဟုတ် ဂလိုပဲရေးသည်) ဓာတ်သေပညာ အကြောင်း ကိုထပ်မံပို့ချလိုက်ပါဂျောင်း ခုတင်ပြမှာကတော့ ဓာတ်သေပညာ ဖြစ်တဲ့အတွက် နဲနဲ ရှုပ်ချင်လည်း ရှုပ်ပါမယ်.. မရှုပ်ချင်လည်း မရှုပ်ပါဘူး.. မရှုပ်ပေမယ့် တစ်ခါတစ်လေ လူအထင်ကြီင်္းအောင် ရှုပ်ထားတာကြောင့် ရှုပ်တာတွေလည်းရှိပါမယ်… ရှုပ်လို့ နားမလည်ရင် မမေးပါနဲ့ ကိုယ့်အားကိုယ်ကိုးပီး သိအောင်လုပ်ပါ (ဟီး ပြန်လည်းမဖြေတတ်တော့)   အပိုင်း-၁ ကိုတော့ အခေါ်အဝေါ်တွေနဲ့စပါမယ်. ဓာတ်သေပညာ မှာ […]


– * – – – – – – – – — – – အင်း မတင်တာလဲကြာပီ.. (ဘယ်ပို့မဆို စတိုင်း ဒီ စကားလုံးနဲ့ ပဲ ဖြစ်နေတယ်..) ့HDR ကလိထားတဲ့ ပုံလေးတွေပါ.. ဖွဘုတ်မှာ တင်ပြီးပါပြီ.. အားမရလို့ ဒီမှာ ထပ်တင်တာ ဟီး       နောက်ဆုံးပုံကတော့ ဂဇတ်ရဲ့ နာမည်ကျော် တစ်ယောက်ဖြစ်ပါတယ်.. ဘီဒူများလဲလို့


– – – – – – – – – – – – – ဂျိတ်တော (ငပလီကမ်းခြေရဲ့ တောင်ဘက်စွန်း) မှာ မနက်ဖက် သွားရိုက်ထားတာပါ.. အဲဒီရွာတွေမှာ ညနေ ၄ နာရီ ၅ နာရီ လောက်ဆို ပင်လယ်ထဲ ငါးဖမ်း ထွက်ကြပါတယ်.. နောက်တစ်နေ့ မနက် ၅ နာရီ လောက်ကစပြီး အလျှိုလျို ပြန်ရောက်ကြပါတယ်.. ဖမ်းမိလာတဲ့ ငါးတွေကို နေမလှမ်းခင် ရောင်းလို့ရတဲ့ ငါးတွေ အရင် ရွေးကြပြီး ဈေးမှာ ရောင်းကြပါတယ်.. အဓိကရတာက ငနီတူ နဲ့ ဆာဒင်း ငါးတွေ ဖြစ်ပါတယ်.. ငါးအကြီးတွေကျတော့ စက်လှေ အကြီးစားတွေက ဖမ်းကြပါတယ်. ညဖက်ဆိုရင် ကမ်းခြေက ကြည့်ရင် ပင်လယ်ထဲမှာ မီးထွန်းပြီး ငါးဖမ်းနေတဲ့ လှေကလေးတွေကို တစ်စီတစ်တန်းကြီး တွေ့ရပါတယ်.. စရောက်တုံးက ဘာမီးတန်း ကြီးလဲမေးတာကို တစ်ယောက်က […]