naywoon niJune 12, 20151min1645
“အ​ရှေ့”နဲ့ပလူးပြန်​​တော့ “အ​နောက်​ “က အ​လေးတင်​းတယ်​ ။ “အ​နောက်​ “က အ​ရေး​ပေးပြန်​​တော့ “အ​ရှေ့”က အ​လေးတင်​းပြန်​​ရော ။ အဲ့သည်​လိုနဲ့ ငါတို့နိုင်​ငံက ထွက်​သမျှ သယံဇာတ​တွေ ချိန်​ခွင်​ခွက်​​တွေ​ပေါ် ​ရောက်​ကုန်​​ပေါ့ ။ ဒါ​တောင်​မှ ချိန်​ခွင်​လျှာက မငြိမ်​ချင်​​သေးဘူးရယ်​ ။ ​နေဝန်​းနီ 8:20 PM 2015 Jun 12


naywoon niMay 14, 20151min1357
ချို့တဲ့မှုများ တစ်​ချို့က ကိုယ်​ပိုင်​အသက်​ရှုဖို့ နှာ​ခေါင်​း​ပေါက်​ပါမလာရှာဘူး ဒါ​ကြောင်​့ အသက်​ရှင်​ဖို့ သူတစ်​ပါး နှာ​ခေါင်​း​ပေါက်​ကိုအားကိုးရတယ်​ ။ အချို့က ကိုယ်​တွင်​းလည်​ပတ်​ဖို့ ​သွေးထုတ်​လုပ်​ဖို့ နှလုံး ပါမလာရှာဘူး ဒါ​ကြောင်​့ ​သွေးလည်​ပတ်​ဖို့ သူတစ်​ပါးဆီက ​သွေးစုပ်​ယူ​နေရတယ်​ ။ တစ်​ချို့က လမ်​း​လျှောက်​ဖို့ ​ခြေ​ထောက်​ပါမလာရှာဘူး ဒါ​ကြောင်​့ တစ်​​နေရာက တစ်​​နေရာ ​ရွေ့ဖို့ တစ်​ခြားက​ယောက်​က ထမ်​းပိုး​ပေးရဖို့လိုတယ်​ ။ ဒီလိုလူ​တွေများလာ​တော့ အဖိနှပ်​ခံ ဂုတ်​​သွေးစုပ်​ခံ လူတန်​းစားတစ်​ရပ်​ သီးသန်​့​ပေါ်လာရ​တော့တယ်​ ။ ။ ​နေဝန်​းနီ 11:08 AM 2015 May 14


naywoon niMay 11, 20152min1064
အဲ့ဒိ​ကြော်​ညာ​တွေ တက်​တက်​လာတဲ့ကိစ္စ ။ အရင်​ fb ထဲမှာ ​မေးကြည်​့ဖူးတယ်​ ။ အပ္ပ​ကေးရှင်​းမှာကို ​ကြော်​ညာနဲ့ တွဲရက်​ဖြစ်​​နေတဲ့ အပ္ပ​ကေးရှင်​း​ကြောင်​့ ဆိုလား ။ အပြစ်​ရှာလိုက်​​တော့ ။ လားလား ​တွေ့ပါပြီ ။ ဒီအပ္ပလီ​လေး ……. သို့​ပေမဲ့ ဒီ Music Store Myanmar ဆိုတဲ့ အပ္ပလီ​လေးက Mp3 သီချင်​း ​တော်​​တော်​စုံပြီး ​ဒေါင်​း​လော့ဒ် လုပ်​ရတာလွယ်​ကူ​နေတဲ့ အပြင်​ဖိုင်​ဆိုဒ်​လည်​း မများ​တော့ လွင်​့မပစ်​ရက်​ပြန်​ဘူး ။ ဒါ​ကြောင်​့ အရင်​ဆုံး ရီစတပ်​ချလိုက်​တာ​ပေါ့ ။ အရင်​အကြိမ်​​တွေတုန်​းကလည်​း ဒီလို အပ္ပလီ​ကေးရှင်​း​တွေ SD ကတ်​ထဲက အကုန်​လုံး မ​ပျောက်​ဖူးဘူး​လေ ။ ဆို​တော့ကာ တစ်​ဖျတ်​ဖျတ်​ ​ကြော်​ညာ​တွေ စာတမ်​း​တွေ တက်​​နေ​တော့ မရှည်​တဲ့ […]


naywoon niMay 10, 20152min1277
ဖိုးသူ​တော်​မျက်​စိလည်​ရင်​ ဆန်​ပိုရသတဲ့ ။ ​နေဝန်​းနီ ရွာလည်​တာက​တော့ ကိုင်​ထားတဲ့ ဟမ်​းဆက်​ လွှင်​့ပစ်​ချင်​စိတ်​ မနည်​း ထိမ်​းသိမ်​းထား​နေရတယ်​ ။ ပြဿနာက အင်​တာနက်​သုံး​နေရင်​း စက္ခရင်​ပိတ်​သွားပြီး ​ကြော်​ညာတက်​တက်​လာတဲ့ ပြဿနာပါ ။အ​စောပိုင်​းက​တော့ ဝက်​ဘ်​ပိတ်​ချ်​မှာ တက်​လာတာ ခု​တော့ စက္ခရင်​ပါပိတ်​သွားတဲ့ အဖြစ်​ ။ ဒီလို​လေးကအင်​တာနက်​သုံးတိုင်​း ခဏခဏဖြစ်​တယ်​ ။ ဆယ်​မိနစ်​ကို တစ်​ခါ ​လောက်​ တက်​တက်​လာတာ ။ ​နောက်​ဘာ​တွေ တက်​လာသလဲဆို​တော့ သင်​့ဖုန်​းကို တစ်​စုံတစ်​​ယောက်​က ထွင်​း​ဖောက်​ဖို့ ကြိုးစား​နေသည်​ ဘာ အပ္ပလီ​ကေးရှင်​း ကို အင်​စ​ထော လုပ်​လိုက်​ပါ ဆိုတဲ့ ဝမ်​နင်​ ​တွေပါတက်​လာပြန်​​ရော ။ ဒီလိုကလည်​း ​ဒေါင်​းလုပ်​ လုပ်​မယ်​ကြံတိုင်​း တက်​လာတတ်​တယ်​ ။ ပြီး​တော့ လင်​ချာ ဆိုလားဘာဆိုလား အင်​ထ​ရေလုပ်​ခိုင်​းလား […]


naywoon niMay 4, 20151min43016
အရက်​သမား ပို့စ်​ -၃ ​နေဝန်​းနီ တို့ အရက်​စ​သောက်​တတ်​တဲ့ အချိန်​ကို ပြန်​​ပြောင်​းကြည်​့ရင်​​တော့ အရက်​​သောက်​ကြတဲ့သူ​တွေဟာ အချိန်​​တွေပို​နေတာရယ်​ ။ ပိတ်​မိ​နေတဲ့ လူမှုအသိုက်​အအုံထဲက​နေ ထွက်​​ပေါက်​ရှာတာရယ်​ သွား​တွေ့တယ်​ ။ ​ကျောင်​းချိန်​ အလုပ်​ချိန်​က​နေ အားလပ်​တဲ့ အချိန်​​တွေမှာ ​ဖျော်​​ဖြေ​ရေးကိစ္စ မရှိသ​လောက်​ ။ စိတ်​ပါဝင်​စားရာ အ​တော်​များများ လုပ်​ခွင်​့မရှိဘူး လို့ကန်​့သတ်​ခံထားရတဲ့ ဆိုရှယ်​လစ်​​ခေတ်​​နှောင်​းပိုင်​း ။ ရန်​ကုန်​နဲ့ မန္တ​လေး မှာကလွဲရင်​ ကျန်​တဲ့နယ်​​တွေမှာ စိတ်​အပမ်​း​ဖြေစရာ တီဗွီ ဗီဒီယို လက်​ချိုး​ရေလို့ရတယ်​ ။ တစ်​လမ်​းလုံးမှ လျှပ်​စစ်​မီး သုံးနိုင်​တဲ့အိမ်​ လက်​ညိုးထိုးပြီးလိုက်​​ရေလို့ရတယ်​ ။ ​ပြောမဲ့သာ​ပြောရတာ အဲ့အချိန်​က အရက်​ဆိုင်​ ဆိုတာက အစိုးရ စား​ဖျော်​နဲ့ အမိန်​့ရ အရက်​ဖြူဆိုင်​ပဲ ရှိတာ ။ အပြင်​ဆိုင်​ဆိုလို့ ​ခေါက်​ဆွဲ​ကြော်​​ရောင်​းတဲ့ […]


naywoon niMay 1, 20151min35011
အရက်​သမားပို့စ်​ -၂ မြန်​မာပြည်​မှာက ရှိရှိသမျှလူဦး​ရေရဲ့ ၄၀% ​ကျော်​က အရက်​​သောက်​သုံးကြသူ​တွေပါ ။ ​နေ့စဉ်​ရက်​ဆက်​ မပျက်​မကွက်​ ​သောက်​သုံးသူ​တွေကိုသာ အရက်​သမားလို့ သတ်​မှတ်​ပြီး ​နေ့စဉ်​ရက်​ဆက်​ မသောက်​နိုင်​တဲ့သူ​တွေက​တော့ အရက်​သမားစာရင်​းမဝင်​ပြန်​ပါဘူး ။ (ဥပမာ ​နေဝန်​းနီ တို့လို​ပေါ့ ။ အကြံအဖန်​​လေးရမှ ​ဘောလုံးပွဲ အကြံ​ပေး ၂လုံး အကြံ​ပေး​လေးလုပ်​ က​လေး​တွေကြားထဲ fb အ​ကောင်​့​လေးလုပ်​​ပေး ။ တစ်​ခါတစ်​​လေလည်​း အ​မေ့ဆီက နဲနဲပါးပါးဘတ်​တဲ့ ​ငွေ​ယား​လေးရှိ​နေမှ ဘီယာဆိုင်​​ပြေး ။ ) ​နေ့စဉ်​​သောက်​နိုင်​ဖို့​ဝေးစွ ။ တစ်​ပတ်​တစ်​ရက်​​တောင်​ ဘီယာနားမကပ်​နိုင်​ဘူး ။ ကံများဆိုးချင်​​တော့ ​နေဝန်​းနီ ​ပေးလိုက်​တဲ့ အသင်​းက ခွက်​ခွက်​လန်​​အောင်​ရှုံး​နေ​တော့ ​ဘောလုံးပွဲ​လောင်​းတဲ့သူ​တွေ ​နေဝန်​းနီ မြင်​ရင်​ထွက်​​ပြေး​နေပြီ ။ ၂လုံးသမား​တွေ​ကောပဲ ။ ​နေဝန်​းနီ​ပေးလိုက်​တဲ့ ဂဏန်​းက […]


naywoon niApril 21, 20151min42419
အရက်​သမားပို့စ်​ -၁ ​ခေတ်​​တွေက ​ပြောင်​းလဲလာခဲ့ပြီ။ အမျိုးသမီး​တွေ​တောင်​ လူမြင်​ကွင်​းမှာ ​ပေါ်​ပေါ်ထင်​ထင်​ ဘီယာဘူး ကိုင်​ရဲတဲ့ အချိန်​မှာ အရက်​အ​ကြောင်​း မ​ကောင်​း​ပြောပါက အဆဲ​တောင်​းသလိုဖြစ်​​တော့မယ်​ ။ ဆို​တော့ကာ အရက်​အ​ကြောင်​း အ​ကောင်​းအဆိုး သိခဲ့သ​လောက်​ ကြုံ​တွေ့ခဲ့ရသ​လောက်​က​တော့ဖြင်​့ ဒီလိုပါဗျာ ဆိုပြီး ကိုယ့်​ဂုဏ်​ ကိုယ်​​ဖော်​ မသူ​တော်​အလုပ်​ ဝင်​လုပ်​ရ​တော့မယ်​ ။ နို့မို့ဆို သိ​နေရက်​နဲ့ ကြိုမ​ပြောရ​ကောင်​းလား လို့​တော့ အ​ပြောမခံနိုင်​​ချေဘူး ။ ​ ​နေဝန်​းနီ က အရက်​နဲ့ ဘဝခါးဆက်​ပြတ်​ခဲ့ရသူ ။ အနီးပါတ်​ဝန်​းကျင်​မှာ သိတဲ့သူ​တွေက ဇိုး စာရင်​း အသွင်​းခံထားရသူ ။ ကျင်​လည်​ခဲ့သ​လောက်​ ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ထဲမှာ အနိုင်​နဲ့ပိုင်​းထားသူလို့ ကိုယ့်​ကိုကိုယ် ယူဆထားသူ( ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ဆိုတာ ကိုယ်​့ဝင်​​ငွေ​လေးနဲ့ […]


naywoon niApril 21, 20151min16311
ဂွစာပို့စ်​ အချိန်​ပြည်​့ လူ​တွေကို ဒဲ့ ကြည်​့တတ်​သူဖြစ်​​နေ​တော့ ကြားသမျှ စကား​တွေ မဆုံးခင်​ အ​တွေးက အဆုံးထိ​တွေးမိလိုက်​ပြီးပြီ ။ အဲ့ဒါက မ​ကောင်​းမှန်​းသိ​ပေမယ်​့ ကိုယ်​နဲ့ နှစ်​​ပေါင်​း​လေးဆယ်​​ကျော်​ အတူယှဉ်​တွဲ​နေလာခဲ့တာဆို​တော့ အကျင်​့က ​ဖျောက်​မရတာခက်​တယ်​ ။ တက္ကသိုလ်​တုန်​းက ကဗျာ​ရေး​ဖော်​ ကို​အောင်​ဂျမ်​းရဲ့ ဲ​ဆေးလိပ်​တစ်​တိုနဲ့ လျှာကိုဓားလို​သွေး နာတာရှည်​​ရောဂါ​မွေးမယ်​ ဆိုတဲ့ ကဗျာတစ်​စ လိုပဲ ​ဟော့ဒိ ဖွားဘက်​​တော်​ ပါးစပ်​ကြီးက မ​ပြောရမ​နေနိုင်​​ပေါင်​ ​ပြော​ပြောမိ​နေ​တော့ မခက်​ဘူးလား :)။ တစ်​ရက်​က ဟိုး​လေးတစ်​​ကျော်​ ​ပြော​နေကြတဲ့ကိစ္စ ။ သူတို့​ပြောမှ လူ​တွေ ပိုပြီးစိတ်​ဝင်​စားကြ ။​မေးကြ မြန်​းကြ စုတ်​သပ်​ကြ ။ ​တောက်​​ခေါက်​တဲ့သူက​ခေါက်​ ။ အဆင်​းဘီးတပ်​​ပေးသူကလည်​းမရှား ။ သူတို့မျှမျှ တတ​ပြောပါတယ်​ဆိုမှ ပြစ်​မှုကပိုထင်​ရှားသွားတဲ့ စ​တေးတပ်​​တွေကလည်​း ​ဖေ့စ်​ဘုတ်​ထဲမှာပွစိရိုက်​သွား […]


naywoon niApril 18, 20151min16812
တတ်​သ​လောက်​ မှတ်​သ​လောက်​ သူကြီးက လုပ်​ကြည်​့ဆို​တော့လည်​း လုပ်​ကြည်​့လိုက်​ပြီဗျာ ။ ဒါ​က ကျ​နော်​ အင်​တာတနက်​သုံးသက်​ ငါးနှစ်​အတွင်​းမှာ သိခဲ့တဲ့​တွေ့ကြုံသိကိုအ​ခြေခံပြီး https://m.facebook.com/profile.php?id=1634906803411054&ref=m_notif&notif_t=page_new_likes&actorid=100005733100245 ဒီpage ​လေး လုပ်​လိုက်​ပါတယ်​ ။ ရွာသူရွာသားများ သွားကြည်​့ပါဦး ။ ညက လုပ်​​နေရင်​း လိုဂို​လေး လိုက်​ရှာလိုက်​တာ အင်​တာနက်​​​ဒေတာ ​တော်​​တော်​များများ ကုန်​သွား​ရော ။ သူကြီးမင်​းက သူ့သတင်​းစာကို Scribd မှာတင်​ထားသကိုးဗျ။ အဲ့ဆိုက်​က ​နေဝန်​းနီ လက်​​ရှောင်​ထားတဲ့ဆိုဒ်​ ။ သွားကြည်​့လိုက်​တာနဲ့ သတင်​းစာကမမြင်​ရ​သေးဘူး ။ သူ့ အပ္ပလီ​ကေးရှင်​း အရင်​ဆွဲခိုင်​းသဗျ ။ သူ့အပ္ပလီ မရှိပဲ မိုဘိုင်​းနဲ့ ကြည်​့မရဘူးဆိုတဲ့ သ​ဘောမျိုး ။ pdf ​တွေတင်​တာကို ​နေဝန်​းနီက mediafire.com က တင်​​ပေးတာပဲ သ​ဘောကျတယ်​ […]


naywoon niApril 16, 20151min39911
အလွဲတစ်​ခု​တော့ ပြီးခဲ့ပြန်​ပြီ အလွဲအမှားတို့ ​ပေါင်​းစည်​းပြီး ရလာဒ်​က မြန်​မာလူမျိုးလို့​တောင်​​ပြောလိုက်​ချင်​​သေးရဲ့ ။ ကိုယ်​ပိုင်​ဆိုလို့ မာမာထန်​ထန်​ လက်​ညိုးထိုးပြစရာ တစ်​ခုမှမရှိပါဘဲ အငှားပစ္စည်​းများနဲ့ အကြွားထူတာလဲ မြန်​မာ​တွေပါပဲ ။ အလွဲ​တွေထဲမှာ အလွဲအကြီးဆုံးက​တော့ သင်္ကြန်​ ဆိုတာပါပဲ ။ နှစ်​​ပေါင်​းတစ်​​သောင်​း​လောက်​ရှိတဲ့ ဗြဟ္မဏ ပြက္ခဒိန်​ကို သက္ကရာဇ်​​တွေဖြို ခပ်​တည်​တည်​ယူသုံး ။ ပြက္ခဒိန်​နဲ့ အတူပါလာတဲ့ ဗြဟ္မဏ အယူအဆနဲ့ နှစ်​သစ်​ကူး ပွဲ​တော်​ကို မြန်​မာမှုပြုပြီး ကိုယ်​ပိုင်​ ယဉ်​​ကျေးမှု လုပ်​ခဲ့တာ နှစ်​​ပေါင်​း တစ်​​ထောင်​​ကျော်​ခဲ့ပါပြီ ။ ပ​ဒေသရာဇ်​ ​ခေတ်​​ အဆက်​ဆက်​မှာ သင်္ကြန်​ဟာ မင်​းပွဲစိုးပွဲသက်​သက်​ပဲလား ။ ပြည်​သူ​တွေနဲ့​ကောသက်​ဆိုင်​ရဲ့လားမသိ ။ ကုန်​​း​ဘောင်​​ခေတ်​မှာသာ စာဆိုတို့ သင်္ကြန်​ကိုဖွဲ့တာဖတ်​ဖူးရ ။ ကျန်​တဲ့​ခေတ်​​တွေမှာ​တော့ သင်္ကြန်​မှာ ပြည်​သူတို့ ပါဝင်​ဆင်​နွဲပုံကို […]


naywoon niApril 16, 20151min14513
မတူတဲ့ အ​တွေးနဲ့ ​ရေးပီဗျာ သူကြီးတို့​ပြော်​​နေတဲ့ ကိစ္စ ကျုပ်​စိတ်​ဝင်​စား​နေတာ​တော့ကြာဘီဗျ ။ ဒါ​ပေမဲ့ ကျုပ်​က တစ်​​ယောက်​ထဲ ဘက်​ကွဲ​နေတဲ့ ဂွစာ တစ်​​ယောက်​ဖြစ်​​နေ​တော့ ​ပြောသင်​့မ​ပြောသင်​့ စဉ်​းစား​နေတာ ။ တစ်​ရက်​က အလင်​းဆက်​နဲ့ facebook မှာ စကား​ပြောဖြစ်​ကတည်​းက ​ပြောသင်​့မ​ပြောသင်​့ချိန်​​နေတာ ။ သတင်​းစာ မှာ​ကြော်​ငြာမယ်​ဆိုတဲ့ ကိစ္စ​လေဗျာ ။ အင်​တာနက်​ ဝက်​ဆိုဒ်​ကို အသုံးပြု​စေချင်​လို့ ​ကြော်​ငြာတာက ဂျာနယ်​ သတင်​းစာ က​ကြော်​ငြာတာက လူသိတာပဲရှိမယ်​ ။ အသုံးပြုဖို့မ​သေချာဖူးဗျ ။ အင်​တာနက်​က ​ကြော်​ငြာမှ အင်​တာနက်​သုံး​နေရင်​းနဲ့​တွေ့တဲ့သူက တစ်​ဆက်​ထဲ သွားဖို့ လွယ်​သွားပြီ။ ဒါက ကျ​နော်​​တွေးမိတာ​လေ ။ အလွယ်​ဆုံးဘယ်​က စ​ကြော်​ငြာမလဲ ? ရှင်​းပါတယ်​ ။ တစ်​နိုင်​ငံလုံး facebook ဖြစ်​​နေတာ […]


naywoon niApril 15, 20151min23716
ဇွဲဆု ပူ​လောင် ပြင်​းရှတဲ့ ဧပြီလရဲ့ ​နေလည်​ခင်​း အပူဒဏ်​ကိုအလူးအလဲ ခံစားရင်​းက ည​နေပိုင်​း​ရောက်​​တော့ လက်​ဖက်​ရည်​ဆိုင်​ဖက်​ ထွက်​လာခဲ့တယ်​ ။ ​နေဝန်​းနီ တို့မြို့မှာက လည်​ပတ်​စရာ မရှိ ပန်​းခြံ မရှိ ရုပ်​ရှင်​ရုံ မရှိ (ရုံအခွံ​တော့ရှိ​သေး တစ်​နှစ်​လုံး​နေမှ ဝါဆိုလပြည်​့​နေ့ရယ်​ တန်​​ဆောင်​တိုင်​ ​လေးငါးရယ်​ရယ်​ပဲ ပြတယ်​ ) မာဆတ်​ ​ကေတီဗွီ (No) နိုး ။ ကန်​ကြီးကြီးမားမားဆိုတာလည်​း နတ္တ္ထိ ။ စိတ်​​ပြေလက်​​ပျောက်​ လမ်​း​လျှောက်​ထွက်​စရာမရှိ ။ ပိုက်​ဆံ ​လေးပိုပိုလျှံလျှံ ရှိရင်​​တော့ ​ဖော်​​ဖော်​​ရွေ​ရွေ ​လောကွပ်​​လျှော်​မဲ့ ဘီယာဆိုင်​​တွေပဲရှိတယ်​ ။ နို့မဟုတ်​ရင်​​တော့ ည​နေပိုင်​း ပိုက်​ဆံ နှစ်​ရာနဲ့ လက်​ဖက်​ရည်​တစ်​ခွက်​​သောက်​ လမ်​းသွားလမ်​းလာ​လေးထိုင်​ကြည်​့ ။ အကြမ်​းအိုးနှစ်​လုံး​လောက်​​သောက်​ရင်​း ​လေကန်​ လို့ရတဲ့ လက်​ဖက်​ရည်​ဆိုင်​​လေးကို […]


naywoon niApril 9, 20151min1337
​​လောကဓမ္မ နဲ့​သွေဖယ်​သူများ လမ်​း ရှိမှန်​းသိ​နေရက်​နဲ့ ​လျှောက်​ဖို့စိတ်​မကူးဘူး ။ ပန်​း ပွင်​့​နေမှန်​းသိရက်​နဲ့ ပန်​ဖို့စိတ်​မကူးဘူး ။ ကြမ်​း ခင်​းထားပါရက်​နဲ့ နင်​းဖို့ စိတ်​မကူးဘူး ။ လမ်​း ​ဖြောင်​့ဖြူး​နေတာကို​ရှောင်​ပြီး ခ​ယောင်​း​တောက​ရွေး​လျှောက်​သူ ။ ပန်​း ရနံ့သင်​းတာကိုဖယ်​ပြီး ​တောအရိုင်​းပန်​းမှ ပန်​ခဲ့သူ ။ ကြမ်​း ခင်​းထားတာကိုဖျက်​ပြီး အိမ်​​အောက်​ထပ်​ဆင်​း​နေတဲ့သူ ။ ဘယ်​သူလဲမ​တွေးနဲ့ ခင်​ဗျား​ကော ကျုပ်​​ကော အပါအဝင်​ ။ ​နေဝန်​းနီ 6:12 PM 2015 Apr 9