naywoon niNovember 20, 20101min31020
ကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူး..။ 1990လောက်ကဝန်ထမ်းတွေကိုသတ်မှတ်ထားတဲ့စည်းကမ်းချက်ပါ တစ်ရုံးကနေတစ်ရုံး.. တစ်မြို့ကနေတစ်မြို့စာတွေပို့ကြရင်စာအိတ်ပေါ်မှာ အဲဒိစာသားကိုရော်ဘာတံဆိပ်တုံးနဲ့ရိုက်ပြီးစာပို့ရပါတယ်။ ခုမှသိလာရတာလေးတွေကြောင့်ဒီပိုစ့်ကိုရေးဖြစ်တာပါ..။ အဲဒိအချိန်တုံးကဝန်ထမ်းဆိုတာကဆူးကြားထဲကဘူးသီးလေးတွေပါ..။ မေးခွန်းတွေခဏခဏဖြေခိုင်းပါတယ်.။ သူတို့အကြိုက်လိုက်မဖြေနိုင်ရင်မဖြေတတ်ရင်ပြုတ်ပါတယ်..။ ပြောင်းရပါတယ်..။ ရာထူးတိုးမပေးပါဘူး ဒီစာသားနဲ့အောက်ခြေဝန်ထမ်းတွေကိုချုပ်ကိုင်ထားတာပါ..။ ဒီကိစ္စတွေကျွန်တော်စိတ်မဝင်စားပါဘူး..။ ဒါပေမဲ့မပြောရကိုမနေနိုင်ဖြစ်လာလို့ ရေးတင်လိုက်တာပါ..။ ကျွန်တော်တို့ကိုပါတီနိုင်ငံရေးမလုပ်ရဘူး..။ ဝန်ထမ်းဆိုတာအမျိုဲးသားနိုင်ငံရေးလုပ်နေတာပဲလို့အမြဲပြောကြပါတယ်…။ ဟုတ်ပါတယ်..။အမျိုးသားနိုင်ငံရေးကိုပဲသဆဘာကျပါတယ်..။ စိတ်လည်းဝင်စားပါတယ်..။ လုပ်လည်းလုပ်ပါတယ်..။ ကျွန်တော်တင်တဲ့ပို့စ်တွေ မှာကဗျာကလွဲရင ်ဒါကိုတွေ့နိုင်ပါတယ်..။ ခုဘာလို့ပြောရသလဲ..။ သူတို့ပြောခဲ့တဲ့စကားနဲ့သူတို့ပြန်ညှိနေတာတွေ့လို့ပါ..။ ခင်ဗျားတို့သိတဲ့အတိုင်း ရွေးကောက်ပွဲဝင်ခဲ့တဲ့သူတွေဟာ.. သူတို့ရာထူးတွေမစွန့်ခဲ့ကြပါဘူး..။ ခုနောက်ပိုင်လည်းရာထူးလက်ရှိပါ..။ သူတို့ရွေးကောက်ပွဲဝင်ခဲ့တာ ပါတီတစ်ခု ခေါင်းစဉ်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ အဲဒါဘာလိုသဘောလဲ…။ ကျွန်တော်ပြောတာမှားနေရင်လည်းပြောပြကြပါဦး…….။


naywoon niNovember 18, 20101min650
♥.အချစ်ကိုငါက အပြစ်ဆိုစရာမလိုပဲ လှနေတာပါလို့ဆိုရင် နှုတ်ခမ်းမဲ့မသွားကြပါနဲ ့… ♥နှလုံးသားတံခါးပေါက် အလစ်မှာတစ်အားခေါက်တော့ တားထားတဲ့စည်းတွေပေါက် အတင်းဝင်ရောက်နေရာယူသွားတော့ sing out လုပ်ဖို့မေ့သွားတာ အပြစ်မပြောကြပါနဲ့…….။ ♥အချစ်ကိုက ငါ့ရင်ထဲမှာဗလာဖြစ်နေတာဆိုတော့ (လေဖိအားနဲနေသလိုဖြစ်နေတာ) ငါ့ရင်ဗလာထဲမှာ အချစ်ဟာ…….. လွယ်ကူစွာနားခိုခွင့်ပြုခဲ့မိတာပါ….။ ♥ဒါကြောင့်………. အချစ်ဟာအပြစ်ဆိုစရာမလိုပဲ လှနေခဲ့တာပါ …..။ ♦♣♠♥နေဝန်းနီ


naywoon niNovember 18, 20101min15911
kyawmonkhant ရဲ့ပို့စ်လေးတွေကိုဖတ်လိုက်ရလို့ပါ……… ငွေအကြွေရှားပါးမှုကိုမဖြေရှင်းနိုင်ပါဘူးခင်ဗျား………..ဘာလို့ပါလဲ? ၁။ငွေအကြွေသုံးစွဲနိုင်လောက်အောင်ကုန်ပစ္စည်းများရဲ့ဈေးနှုန်းတွေကနိမ့်မနေပါဘူး..။တော်ကြာဘာကြောင့်…ညာကြောင့်…လမ်းပိတ်လိုက်လို့ တံတားကျိုးလို့..ရေကြီးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကုန်ဈေးနှုန်းကတက်ပြီးရင်းတက်နေလို့ပါပဲ..။အဲဒိလိုမှတက်မနေရင်လည်းအစိုးရကဈေး နှုန်းတွေပြင်ပါတယ်……..ဥပမာ..ရထားခ..ဓါတ်ဆီဈေး..ရွှေဈေးတိုးမြှင့်သတ်မှတ်ပါတယ်..။ ခုလောလောဆယ်သုံးနေကြတဲ့ငါးဆယ်တန်..တစ်ရာတန်..နှစ်ရာတန်တို့ရဲ့သက်တမ်းဟာသိပ်မကျန်တော့ပါဘူး..။ပြောရင်းဆိုရင်းငြင်းရင်းခုန်ရင်းနဲ့ ယခင်ကငါးကျပ်တန်..ဆယ်တ်တို့ရဲ့ဘဝကိုရောက်ကုန်တော့မှာပါ..။ ၂။ဈေးသည်တွေရဲ့သာယာမှုကိုဆက်ပြောရလိမ့်မယ်…. သူတို့ကငွေအကြွေရှားပါးတာကိုအကြောင်းပြုပြီးတစ်ချို့ကရှိပါလျက်နဲ့တစ်မင်မအမ်းကြတာပါ…။သူတို့ရဲ့ကုန်ပစ္စည်းထိုးရောင်းတတ်ပါတယ်..။ လ္ဘက်ရည်ဆိုင်တွေပိုဆိုးပါတယ်..။။အလိပ်တစ်ရာကိုမှ1600/-မပြည့်တဲ့ဆေးပေါ့လိပ်ကိုတစ်ရာဖိုးလေးလိပ်နဲ့အမ်းတာပါ..။ဒီတော့အကြွေအမ်း လိုက်တာနဲ့ဆေးလိပ်ထိုးပေးလိုက်တာသူတို့အတွက်ဘယ်ဟာကပိုကိုက်သလဲ?သူတို့အမ်းလိုက်တဲ့အမြတ်ဟာ..ပင်မရောင်းလိုက်တဲ့ပစ္စည်းပေါ် ကအမြတ်ထက်ပိုများနေတတ်ပါတယ်..။အဲဒိတော့သူတို့ကအမ်းမရောင်းရင်… ၃။ကျွန်တော်တို့ဘာလုပ်သင့်သလဲ? (a)ကိုယ်ဝယ်ချင်တဲ့ပစ္စည်းအများစုရှိတဲ့ဆိုင်ကိုရွေးပါ..။ (b)လက်လီဝယ်တာထက်ပါကင်လိုက်..ပိဿာချိန်လိုက်ဝယ်တာကသက်သာတတ်ပါတယ်..။ဝယ်နိုင်အောင်ကြိုးစားပါ.. (c)သူတို့ကအနုတ်ပြန်အမ်းမှာမဟုတ်တဲ့အတွက်အနုတ်ဆောင်ထားပါ..။ (d)ဘယ်လောက်ဈေးတန်နေပါစေ..ကိုယ့်အတွက်အသုံးမဝင်ရင်…ဒီနေ့မရှိသေးလည်းဘာမှမဖြစ်နိုင်ရင်မဝယ်ပါနဲ့။။ (e)အားနာပြီးဈေးမဝယ်ပါနဲ့..။ ဒါဆိုရင်ခင်ဗျားတိုရဲ့တစ်နေ့တာကုန်ကျစရိတ်ကိုထိန်းနိုင်ပါလိမ့်မယ်….။ ကျွန်တော်ထင်တာကတော့လူထုလက်ထဲမှာအကြွေအနုတ်ကော…အချပ်ကြီးကောနဲသွားအောင်လုပ်နေတယ်လို့မြင်ပါတယ်…….. ဘာလို့လဲဆိုတော့…….တစ်ရပ်ကွက်လုံးကြားအောင်အော်ပြောမှရမဲ့ဖုန်းတွေအတိုင်းအဆမရှိထုတ်ပေးနေတာ………. စက်ပစ္စည်းတွေအတိုင်းအဆမရှိဝင်ခွင့်ပေးထားပြီးမှလိုင်စင်မဲ့ဆိုပြီးပြန်သိမ်းနေတာ……….. ဒီလိုပစ္စည်းတွေဟာသာမာန်လူတန်းစားယောင်လို့တောင်မသီနိုင်ပါဘူး..။ဒါပေမဲ့လူထုကြားမှာလည်ပတ်သုံးစွဲနေတဲ့ငွေကြေးတန်ဘိုးက တော့လျော့ကျစေတာအမှန်ပါတယ်..။ ခုဆိုရင်သူတို့တရားဝင်သတ်မှတ်ထားတဲ့အတိုးနှုန်းကိုလည်းတိုးမြှင့်ထားပြီးဖြစ်ပါတယ်….။ ဒီလိုအခြအနေတွေကြားမှာ kyawmonkhant တို့ပြောနေတဲ့အနုတ်ပြဿနာကိုရှင်းနိုင်မဲ့နည်းလမ်းရှာမတွေ့ပါခင်ဗျားးးးးး ဘာတဲ့..ရှေ့ပိုက်ဆံနဲ့နောက်ပိုက်ဆံခြားနားချက်နဲ့သုံးရင်လည်းမဖြစ်နိုင်ပါဘူးခင်ဗျာ ဘာလို့လဲဆိုတော့အဲဒိလောက်ပညာတတ်တဲ့သူကအနဲစုမို့ပါ… နှစ်လုံးသုံးလုံးကိုသာစိတ်တွက်တွက်တတ်ရင်တွက်တတ်မယ်ကျန်တာကတော့တွက်ရမှာပျင်းကြပါတယ်…. တွက်လည်းတွက်တတ်မှာမဟုတ်ပါဘူး…။ကျွန်တော့ကအရင်အလုပ်တစ်ခုမှာတောရွာတွေချည့်သွားရတဲ့ဌာနမှာလုပ်ဖူးပါတယ်.. ကိုယ့်နိုင်ငံသားတွေအကြောင်းကိုယ်သာအသိဆုံးမို့ပါ


naywoon niNovember 17, 20101min25113
ကျွန်တော်ဒီလောကထဲကိုရောက်တော့ဆေးနဲ့တွေနဲ့မူးဝေနေခဲ့တာ…။ပြီးတော့စက်သံတွေကလည်းတစ်ဂျုံးဂျုံးတစဂျုင်းဂျိုင်းနဲ့……… ကျွန်တော်တို့တွေကိုစုစည်းနှောင်ဖွဲ့ပြီးတစ်ထုပ်စီတစ်ထုပ်စီရေးတွက်ပြီးသေတ္တာတွေထဲထည့်ခံရပါတယ်…။အဲဒိအချိန်ထိကျွန်တော်ဟာဘာကောင်မှန်း မသိခဲ့သေးပါဘူး..။နောက်တော့ရွှေ့လျားနေတဲ့စက်တွေပေါ်ပါလာခဲ့ပြီးစားပွဲတစ်လုံးပေါ်ကိုသွန်ချခံလိုက်ရပါတောတယ်..။ အဲ့ဒိနောက်တော့…. “ပါကင်တွေဖြည်ကွာ” ဆိုတဲ့အသံနဲ့ကျွန်တော်တို့ကိုစုစည်းနှောင်ဖွဲ့ထားတဲ့ကြိုးတွေကိုဖြေပစ်လိုက်ပြီးတစ်ခုနဲ့တစ်ခုမကပ်အောင်ဆွဲပွတ်ပြီးရေတွက်ချင်းခံရပါတယ်..။ ကျွန်တော့အလှည့်မရောက်ခင်မှာပဲရေတွက်နေသူရဲ့လိုအပ်ချက်ပြည့်သွားပြီးတစ်စုံတစ်ယောက်ကိုပေးလိုက်ပါတယ်..။ကျွန်တော်လည်းလောကကကြီးကိုမျက် ဝါးထင်ထင်ပထမဆုံးတွေ့လိုက်ရတဲ့အချိန်ပါ…။ကျွန်တော့ရှေ့ကကောင်တွေကတော့မုတ်ဆိတ်နှုတ်ခမ်းမွေးတွေပရပစ်နဲ့ကုလားကြီးဆီပါသွားပါပြီ။ကျွန်တော့ကို လည်းပြုံးပြီးနှုတ်ဆက်သွားကြရဲ့..။အလယ်လောက်ကပါသွားတဲ့ကောင်ကမကြာခင်မှာပြန်ဆုံမယ်လို့အော်သွားတယ်..။ကျွန်တော်တို့တစ်တွေဟာအသက်ဝင်လာ ကတည်းကအမှောင်ထဲမှာနေလာကြတာလေ….။ခုမှအလင်းရောင်ကိုရကြတာပျော်နေတာပေါ့..။ကျွန်တော်လည်းသိပ်မသန့်ပေမဲ့မွန်းကြပ်နေတဲ့အသက်ကိုဝ အောင်ရှူပစ်လိုက်မိတယ်..။ ကောင်တာကလူကကျွန်တော့တို့ကိုမရေတွက်တော့ပြန်ဘူး..။ကျွန်တော့်ထက်ကြီးတဲ့ကောင်တွေဖက်လှည့်သွားပြန်တယ်..။ဘယ်ရောက်ရောက်ကွာငါက အပေါ်ဆုံးရောက်နေတာမှိန်းလိုက်ဦးမယ်ဆိုပြီးဘာမှမတွေးမိအောင်နေပြီးငိုက်လိုက်ပါတော့တယ်..။ “ငါးသောင်းနဲ့သုံးရာနော်…တစ်ရာတန်ကတော့မရှိဘူးအမကြီးရေ…အမကတစ်ရာပေးကျွန်တော်လေးရာပေးလိုက်မယ်” “နေနေမောင်လေး….နှစ်ရာပဲပေးတော့..မင်းကွမ်းဖိုး…” “ရော့…အမ..ကျေးဇူးပဲ” ငိုက်နေတဲ့ကျွန်တော်လက်နဲ့ကိုင်တွယ်ခြင်းခံရပြီးလန့်နိုးလာပါတော့တယ်…။ငိုက်ကောင်းခြင်းမငိုက်ရလို့နဲနဲတော့ကျွဲမြီးတိုလိုက်ပါသေးတယ်..။ဒါပေမဲ့ ကျွန်တော့ဘဝမှာအဲဒါနောက်ဆုံးငိုက်လိုက်ရခြင်းပါပဲ..။ ကျွန်တော်လည်းအမျိုးသမီးကြီးနောက်ပါသွားတာပေါ့…သူအိတ်ထဲကိုကျန်တဲ့အရွက်တွေထည့်လိုက်ပြီးတော့ကျွန်တော့ကိုလက်ထဲမှာကိုင်ပြီးကောင်တာ ရှေ့ကထွက်သွားပါတော့တယ်..။ရှေ့ရောက်တော့ဆိုက္ကားစီးဦးမလားလို့မေးသံကြားလိုက်ရပြီး….. “အေး……ရော့..အမကိုဈေးလိုက်ပို့” ဆိုပြီးကျွန်တော့ကိုဆိုက္ကားသမားလက်ထဲထိုးထည့်လိုက်ပါတော့တယ်…။ဆိုက္ကားသမားကကျွန်တော့ကိုသေချာခေါက်ရိုးကျိုးသွားအောင်လက်နဲ့ဖိခေါက် လိုက်တာဟာကျွန်တော့်ခါးရိုးတွေ ဖျိုး ဖျိုးဖြစ်ဖြစ်မည်သွားပါတော့တယ်..။နောက်ကျွန်တော့ကိုသူအကျီ င်္အိတ်ထဲထည့်လိုက်ပြီးဆိုက္ကားကိုနင်းပါတော့တယ်…….။ ကျွန်တော်ဘာလဲစဉ်းစားရပါပြီ..။ခုတင်ပဲလူသုံးယောက်လက်ထဲပြောင်းသွားရပြီ..။နောက်ဘယ်နှစ်ယောက်ပြောင်းဦးမှာလဲ? ခါးလည်းကျိုးခဲ့ပြီ အဲဒိနေ့ကကျွန်တော်ဟာကိုယ်ကိုကိုယ်နှစ်ရာတန်ကြောင်း…ကျွန်တော်ထက်တန်ဘိုးကြီးတဲ့ကောင်တွေကငါးရာတန်းနဲ့ တစ်ထောင်တန်တို့ရှိသေးကြောင်းသိလိုက်ရပါတယ်။အဲဒိအချိန်ကငါးထောင်တန်မပေါ်သေးပါ..။ ကျွန်တော်ဟာတစ်နေကုန်ဆိုက္ကားသမားအိတ်ထဲမှာနေရပါတယ်..။သူ့အိတ်ထဲမှာငါးရာတန်တစ်ရွက်နဲ့တစ်ရာတန်လေးရွက်လည်းရှိသေးတယ်..။ ငါးဆယ်တန်တစ်ရွက်ကတော့ညည်းညူနေတာပဲ..။သူ့ပုံကအဖိုးကြီးပုံပေါက်နေပြီ..။ဒဏ်ရာတွေဗလပွနဲ့ပလာစတာတွေလည်းကပ်ထားသေးတယ်..။ငါးရာတန် ကတော့သိပ်အရောတစ်ဝင်မရှိလှဘူး..။ခပ်တည်တည်ပဲ..။အဲတစ်ရာတန်လေးရွက်ကတော့ဆူညံနေအောင်စကားတွေဖောင်ဖွဲနေကြတယ်..။သူတို့ရဲ့………… အတွေ့အကြုံတွေကိုပြောနေလိုက်ကြတာယုံနိုင်စရာတောင်မရှိဘူး..။တော်တော်ဆိုးတဲ့လူတွေ..။ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်တွေပွတ်ကြည့်ပြီးဖဲရိုက်ကြသတဲ့..။ ပြီးတော့ငါးရောင်းတဲ့ငါးစိမ်းသည်ဆီရောက်တော့ငါးဘန်းအောက်ခြေကဖက်ရွက်အောက်ထဲထိုးထည့်တာခံရသတဲ့..။ငါးရေတွေထဲနစ်နေတာတစ်မနက်လုံးပဲတဲ့..။ ကွမ်းယာဆိုင်ရောက်ဖူးတဲ့တစ်ရာတန်ကလည်းအားကျမခံ”မင်းတို့ကဒီလောက်ပဲကြုံဖူးတာလား…ငါကမှကွမ်းယာဆိုင်ကထုံးအိုးထဲကျတာဆရာ…တစ်ကိုယ်လုံးက ိုဖွေးလို့..။အဲဒါဆိုင်ရှင်ကရေဆေးပြီးတစ်နေကုန်နေလှမ်းထားတာ………ကိုယ်ပေါ်ကိုလည်းကျောက်ခဲနဲ့ဖိထားသေးတယ်..ပြီးတော့ဆောင်းတွင်းကြီးဗျာ…”အဲဒိမှာ.. တစ်ရာတန်တစ်ရွက်ကကျန်တဲ့တစ်ရွက်ကိုတိုးတိုးလေးပြောလိုက်တာသူတိုနှစ်ရွက်ကြိတ်ရယ်နေကြပါရော……ဘာလဲမေးတော့လည်းတော်တော်နဲ့မပြောကြဘူး..။ ပြောရတာလည်းမကောင်းပါဘူး..။ညကသူတို့ိုမိန်းမပေါ့နှစ်ယောက်ကသူတို့ရင်သားထဲထိုးတည့်ခံလိုက်ရတဲ့အကြောင်းပြောနေတာ…။ဒီကြားထဲငါးဆယ်တန်အဖိုးကြီး ကလည်းတစ်မှောက်…။မင်းတို့အများသုံးအိမ်သာကရေကန်ထဲကျဖူးလို့လားတဲ့…။ကလေးတွေပိုက်ဆံထောာင်ပြီးဖိနပ်နဲ့ပစ်တာခံရဖူးလို့လားတဲ့..။မင်းတို့ကအနာ အဆာမရှိသေးတော့ပျော်နေမှာပေါ့…။ငါ့လိုတိတ်ကပ်ထားတဲ့ငါးဆယ်တန်ကတော့မပျော်နိုင်ဘူးတဲ့…..။ဘယ်နေ့လူတွေဆွဲဖြဲပစ်ပြီးလွှင့်ပစ်ခံရမလဲဆိုတာပဲစောင့်နေရ တော့တဲ့အချိန်ရောက်နေပြီ..တဲ့။။။အဲဒိနေ့ကကျွန်တော်ကလူလတ်တန်းစားအသစ်စက်စက်ဆိုတော့တော်တော်လေးပိုက်ဆံရာဝင်ပါတယ်..။ငါးထောင်တန်းတွေလည်း မပေါ်သေးဘူးလေ…။။ကွမ်းယာမှနှစ်ကျပ်ဖိုးသုံးယာခောတ်ကိုး……..အဲဒိလိုဆိုတော့ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ လဲတွက်ကြည့်ပေါ့လေ…………လူတွေအနေနဲ့သာအသက်နှစ်ဆယ်ဆိုတာပြဿနာမရှိတာ…ကျွန်တော်တို့မြန်မာပြည်ကပိုက်ဆံအနေနဲ့ကတော့တော်တော်လေး အိုစာနေပါပြီ..။ နေဦးဗျာ…ငယ်ငယ်ကအကြောင်းပြောရတာအာတွေ့တယ်…။ကိုယ်ကအတွေ့အကြုံမရှိ..။ဒုက္ခရောက်ရတာလည်းရှိတာပေါ့..။အဲ့ဒိညကကျွန်တော်တို့တစ်သိုက်ဘယ်.. ရောက်သွားလဲသိလား..?အသုဘအိမ်ကဖဲဝိုင်းဗျ..။ကျွန်တော်ရဲ့ပိုင်ရှင်ဆိုက္ကားသမားကောင်းမှုနဲ့ပေါ့ဗျာ…….။ အဲဒိမှာဘာဖြစ်လဲသိလား..။စောစောကပြောခဲပါတယ်..။ကျွန်တော့ကိုခါးချိုးပစ်တယ်လို့….လေ..။ခုတော့ခါးတင်မဟုတ်တော့ဘူးဗျ..။ဒေါင့်ချိုးထပ်ချိုးပစ်တယ်..။ဒါတင် ်မကသေးဘူးနောက်ထပ်သေးသေးလေးထပ်ချိုးပစ်ပြီးတော့..ရှေ့ကိုပစ်ချလိုက်တယ်..။ခုလိုဆောင်းတွင်းကြီးမှာဗျာ..နာကနာ..အော်လိုလဲမရ..နဲ့..။ပြီးတော့ကျွန်တော့ ကိုပစ်ချရင်းပြောလိုက်တဲ့စကားကတော်တော်ခံရခက်တယ်..။ငါးဆယ်တဲ့လေ…..ကိုယ့်ကိုလည်းအချိုးအခေါက်ခံရသေးတယ်..။ ငါးဆယ်လိုလဲအသတ်မှတ်ခံလိုက်ရသေးတယ်..။ကိုယ့်ပိုင်ရှင်ဆိုတော့လည်းရှူံးပါစေလို့ဆုမတောင်းကောင်းပါဘူး..။ကစားနေတာကတွမ်တီဝမ်းဗျ..။ ကျွန်တော့ပေါ်ကနေဖဲချပ်တွေကကျနေတာ..။ဘာဖဲလဲကျွန်တော်က အရင်ဆုံးမြင်ရတာ…တစ်ဖဲရယ်ဂျက်ဖဲရယ်…။ကျွန်တော်ပျော်သွားတာပေါ့..။သခင်နိုင်ဖို့သေချာနေပြီ..ဟုတ်ပါတယ်..။နိုင်လိုက်တယ်..။နှစ်လှည့်သုံးလှည့်……………… ကျွန်တော့ကိုဝိုင်းထဲကမထုတ်သေးဘူး..။နောက်ကျွန်တော့ထက်အသက်ကြီးတဲ့နှစ်ရာတန်နှစ်ရွက်ရတော့မှ……လပ်ကီးလေးဆိုပြီးကကျွန်တော့ကိုနမ်းလိုက်သေးတယ်….. ကျွန်တော့ကိုလည်းသူအိတ်ထဲပြန်သိမ်းလိုက်ပါတယ်..။စောစောကချိုးထားခေါက်ထားတာတွေပြန်မဖြေပါဘူး..။ဒါပေမဲ့အပြင်မှာအေးလွန်းလို့နွေးထွေးတဲ့သူ့အိတ်ထဲပြန် […]


naywoon niNovember 13, 20101min1048
@  တို့မြန်မာယဉ်ကျေးမှုမှာ ပန်းစည်းပို့တာမရှိ ပန်းခြင်းပေးတာမရှိ လွမ်းသူ့ပန်းခွေပို့တာပဲရှိတယ် ။ @ တို့မြန်မာယဉ်ကျေးမှုမှာ လက်ဆွဲနှုတ်ဆက်တာမရှိ အရက်ခွက်ချင်းခတ်…………..… ချီးယားလို့အော်တာမရှိ ဦးညွှတ်ခြင်းနဲ့ရိုသေစွာကန့်တော့ခြင်းပဲရှိတယ်။ @ တို့မြန်မာယဉ်ကျေးမှုမှာ ဟက်ပီးဘတ်ဒ်ဒေးမရှိ စိန့်ဘလင့်တိုင်းဒေးမရှိ အဘိဓမ္မာနေ့နဲ့ မေတ္တာအခါတော်ပဲရှိတယ်၊ @အဲဒီတော့သူငယ်ချင်း မင်းတို့ ……… သူရို့ ဆီက အတတ်ပညာ နည်းပညာတွေသယ်လာခဲ့ သင်ယူကြပါ ဒါပေမယ့် …… တို့မြန်မာယဉ်ကျေးမှုကိုတော့ မေ့မပစ်နဲ့သူငယ်ချင်း။ ။ နေဝန်းနီ


naywoon niNovember 13, 20101min1286
ကျွန်တော်ဒီပို့စ်ကိုရေးဖို့စောသေးသေးလားမသိဘူး ဘာလို့ဒီနေ့ရေးဖြစ်သလဲဆိုတော့ကျွန်တော်ရေးခဲ့တဲ့ ပို့စ်နှစ်ခုအတွက်ပြန်ဖြေပေးဖို့တာဝန်ရှိလာတယ်ထင်လို့ပါ ကမ္ဘာပေါ်မှာရှိတဲ့အရာတွေကဆန့်ကျင်ဘက်တွေနဲ့ ပေါင်းစပ်ထားတာပါ..။အလင်းနဲ့အမှောင်..အဖြူနဲ့အမဲ ယောက်ျားနဲ့မိန်းမစသည်ဖြင့်ပေါ့..။ဒီလိုဆန့်ကျင်ဘက်တွေ နဲ့ကြီးပြင်းလာကြတဲ့ကျွန်တော်တို့မှာတစ်ဘက်ဘက်ကို ရွေးချယ်ရပ်တည်ကြရပါတယ်..။နှစ်ဘက်စလုံးကိုထောက်ခံ လို့မရပါဘူး..။ ဒါအပြင်ကျွန်တော်တို့ဟာUniversal Truthကိုလည်းလိုက်နာရပါတယ်..။ဒီအမှန်တရားကို မျက်ကွယ်ပြုပြီးကိုရပ်တည်ချင်တဲ့ဘက်ကိုလက်လွှတ် စပယ်သွားရပ်တည်လို့မရပါဘူး..။ဒီတော့ကျွန်တော်တို့စာ ရေးမယ်။မဲပေးမယ်..။အကျင်္ ီဝယ်မယ်..။လုံချည်ဝယ်မယ်..အိမ်ထောင်ပြုမယ် အားလုံးရွေးချယ်ကြရ..တာချည့်ပါပဲ..အဲဒိရွေးချယ်မှုတွေကို ကျွန်တော်တို့ကိုယ်နားလည်ထားတဲ့စံနှုန်းတွေနဲ့ ရွေးချယ်ထားကြတာပါ..။အများညီလို့ဤကိုကျွဲလို့ ရောယောင်အသံထွက်ကြတာလား?ကိုယ့်ဆုံးဖြတ်နဲ့ ကိုယ်ရပ်တည်ကြတာလား..?။ဒီသုံးသပ်ချက်ကိုတင်ပြ ချင်လို့ဒီပို့စ်ကိုတင်မိတာပါ..။ ဒီအရင်ကပို့တွေမှာဖြစ်ရပ်တွေပြပြီးကျွန်တော့ ရပတည်မှုေ တွကိုတင်ပြခဲ့ပါတယ်..။ ဒီရပ်တည်မှုတွေဟာမှန်တယ်လို့ပြောလို့မရပါ ဘူး..။သို့ပေမဲ့University Thuthအရကျွန်တော် မနေနဲ့ကျွန်တော်မှန်တယ်ထင်လို့ရပ်တည်နေတာပါ ဘယ်လိုအကြောင်းနဲ့မှပြောင်းလဲမှာမဟုတ်ပါဘူး ဒါပေမဲ့ဒီမှန်ကန်မှုနဲ့မတွက်ပဲဒီကနေရပ်တည်မှု လွဲနေတာလေးတွေဆက်ပြောချင်လို့စကားပလ္လင်ခံ နေတာပါ..။ဒီကနေ့အပြင်ဘက်ရုပ်ရှင်ဗွီဒီယိုတွေ မှာကြုံနေရတဲ့အကြောင်းအရာကတော့အပြင်မှာ များများစားစားမရှိနိုင်လောက်တဲ့သူဌေးသူကြွယ်တွေ နဲ့ဇာတ်လမ်းတွေဇွတ်ဖန်တီးနေတာပါ..။သူတို့ရဲ့ လူတ်းစားရပ်တည်မှုကဘာလဲ?ဘယ်သူတွေကို ကိုယ်စားပြုနေတာလဲ?သူတို့ကိုကြည့်ရှုနေတဲ့ အများစုဟာသူတို့နေပြတဲ့အိမ်တွေ..။စီးပြတဲ့ကား တွေ..။လုပ်ကိုင်ပြနေတဲ့အလုပ်အကိုင်တွေရုံးခန်း တွေထဲရောက်ဖူးဖို့ဝေးလို့အနားဖြတ်လျှေလာက်ဖူးတဲ့ သူတောင်ခပ်ရှားရှားပါ..။ဒါတွေသူတို့ဘာလို့ရိုက်ပြနေကြသလဲ ကျွန်တော်တော့စဉ်းစားမရတော့ဘူး..။ ငါတို့ရိုက်ချင်တာရိုက်မယ်မင်းတို့လည်းကြည့်ချင်ရာ ကြည့်ဆိုတဲ့သဘောနဲ့လုပ်နေကြတာလားမသိဘူး..။ ဒါကြောင့်လဲပရိဿတ်တော်တော်များများကကိုရီးယား ကားတွေဘက်လှည့်သွားကြတနေမှာ….။ ပရိဿတ်ရင်ကိုလှုပ်ခပ်သွားစေမဲ့ဟာမျိုးထွက်ပေါ် မလာပဲဆောင်းတွင်းမှာနှင်းတွေကြွေသလိုလုပ်နေကြ ရင်တော့နေထွက်တာနဲ့ပျောက်သွားမှာပဲ…။ နောက်မဂ္ဂဇင်းတွေထဲကပုံတွေဟာလည်းအတိုင်းဆမဲ့ ရိုင်းပြနေကြပါပြီ..။ နောက်ဝတ္ထုတွေရုပ်ပြတွေဟာလည်းလူတန်းစားရပ်တည်မှုတွေဟာ ဘယ်ဘက်ကိုရပ်တည်နေကြတာလဲ? နိုင်ငံသားအားလုံးဟာသန်းကြွယ်သူဌေးတွေဖြစ်ကုန်ပြီလား? နောက်သီချင်းတွေ.. […]


naywoon niNovember 12, 20101min30829
လွန်ခဲ့တဲ့သုံးနှစ်လောက်ကပေါ့..။ ကျွန်တော်နဲ့ကျောင်းအတူနေခဲ့/ ပေခဲ့ဖူးတဲ့သူငယ်ချင်းက ရွာတစ်ရွာကအလှူသွားဖို့ခေါ်ပါတယ်..။ သူတစ်ယောက်ထဲဖြစ်နေလို့အဖေါ်ခေါ်တာပါ..။ ရွာကမြို့နဲ့သုံးမိုင်ကျော်လောက်ပဲရှိတာမို့ စက်ဘီးနဲ့ပဲစောစောသွားပြီးစောစောပြန်လာကြဖို့သဘောတူလိုက်ပါတယ်..။ အဲအလှူသွားမဲ့မနက်ရောက်တော့မြန်မာစော နေထွက်ဆိုသလိုပါပဲ ခုနှစ်နာရီခွဲလောက်မှသွားဖို့အဆင်သင့်ဖြစ်ပါတယ်။ “ဟေ့..အလှူသွားမှာပိုက်ပိုက်လေးဘာလေးကောထည့်ခဲ့ရဲ့လား” ကျွန်တော်ကအကြောင်းသိနေလို့သတိပေးလိုက်တာပါ.။ ကျွန်တော်မှာတော့အိတ်ထဲအစောင့်ထည့်ထားတဲ့ ငွေ2500လောက်ပဲ ပါတာမို့စိုးရိမ်ကြီးမေးလိုက်တာပါ..။ ကိုယ့်ကောင်အ ကြောင်းကိုယ်သိတာလည်းပါတာမို့ပါ..။ သူကဒီမြို့နဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ.။ ဒီမြို့နယ်ဘက်တွေမှာထွန်းကားနေတဲ့ယဉ်ကျေးမှုကိုသူမသိလောက်သေးဘူး..။ ပြန်ရောက်တာပဲသုံးလေးရက်လောက်ရှိသေးတာ..။ ဒီတော့အခြားသူဆိုရင်လိုက်ဖို့ငြင်းလိုက်မဲ့ ကိစ္စကိုအားနာလို့လိုက်လာတာလည်းပါတယ်လေ..။ သူက “ဟ..အလှူသွားမှာလေဟာ!မင်္ဂလာဆောင်မှမဟုတ်တာ” စပြီ..။ ဇာတ်လမ်းကဒီတော့သူအမေဖြစ်တဲ့သူကမနေနိုင်တော့ဘူး။ “ဟဲ့သား..လိုရမယ်ရတော့ထည့်သွားဦးလေ.. ဟိုကျမှစာရင်းစာအုပ်နဲ့တိုးနေလို့………..” “ဟာ…အမေတို့ဆီကလည်း……… ပါပါတယ်ဗျာ..ဒီကောင်ကို့စချင်လို့..” သူကဒီအလှူကိုသွားတာအကြောင်းကလည်းရှိကိုး..။ မသွားရင်လည်းဖြစ်သွားရင်လည်းဖြစ်ပေမဲ့ သူ့အိမ်ကစကားကိုမပယ်ရှားချင်သူဆိုတော့ ရောက်အောင်သွားရမှာပေါ့…။ ဒီလိုနဲ့ငယ်ကအကြောင်းပြောရင်း စက်ဘီးလမ်းအတိုင်းမှန်မှန်ပဲနင်းသွားကြပါတယ်.။ မကြာပါဘူးအလှူရှိတဲ့ရွာကိုရောက်ပါပြီ.။ အဲဒိမှာသူကအိမ်ကသဘောတူထားတဲ့ကောင်မလေးအိမ်အရင်သွားရမလား။ အလှူကိုပဲအရင်သွားရမလားမေးလာပါတယ်..။ “ကျွှန်တော်ကအလှူလာတာပဲအလှူအရင်သွားပေါ့..။ မင်းကောင်မလေးလည်းအလှူရောက်နေရော့ပေါ့” ဆိုပြီးအလှူရှိရာမဏ္ဍပ်ကိုသွားခဲ့ကြပါတယ်..။ အဲဒိရောက်တော့အလှူရှင်က အိမ်တစ်အိမ်ကိုခေါ်သွားပြီးသီးသန့်ဧည့်ခံပါတယ်..။ ကျွန်တော့မင်းသားကတော့မျက်စေ့သူငယ်နဲ့ပေါ့..။ အလှူမှာကျွေးတဲ့ ထမင်းရုံထဲမခေါ်ပဲနဲ့သီးသန့်ကျွေးတာဆိုတော့ သူ့စိတ်ထဲမှာရှိူးတိုးရှန့်တန့်ဖြစ်နေပုံလည်းရပါတယ်..။ ဘာလို့လည်းဆိုတော့ကျွန်တော်တို့ဟာသူငယ်ချင်း မင်္ဂလာဆောင်အလှူတို့ကလွဲရင် လူတောထဲသိပ်မဝင်ဆန့်တာလည်းပါပါတယ်..။ မရောက်ဖူးဘူးပေါ့ဗျာ..။ ကျွန်တော်ကပဲဦးဆောင်ပြီးသူ့ကိုခေါ်သွားရတာပေါ့..။ အဲဒိမှာဘာတွေ့လိုက်သလဲဆိုတော့ ကလေးတွေဝတ်ကောင်းစားလှလေးတွေဝတ်ပြီး […]


naywoon niNovember 11, 20101min863
တိမ်နွယ်မဲယှက် အမြင်အာရုံပျက်သုန်း အရှုံးပေးလိုက်ရတော့မလို တစ်ခဏမှာပဲ ငါနဲံ့နီးကပ်စွာပေါ်လာခဲ့ သူမရဲ့လဝန်မျက်နှာကြောင့်လေ…..။။ တည်ငြိမ်မှုစွမ်းအားပျက်ယွင်း ဒီရေအလား ရင်ခုန်သံတွေတိုးလာခဲ့ပြီ….။။ တူထုနှက်သံ ရေကျသံကြား စူးရှရှသူမရဲ့ကိုယ်ပိုင်သံစဉ်တစ်ခုနဲံ့ ငါ့ရင်မှာ…….. စွဲလမ်းမှုပန်းချီကားချပ်တစ်ခု ရေးဆွဲတားမိပြန်ပေါ့…….။ တစ်ချက်…. တိမ်မျှင်နွယ်မည်း ရင်ခုန်ဆဲမှာ လမင်းကိုဖုန်းအုပ် အလုပ်ရှုပ်နေကြပြန်ပေါ့…….။ နဖူးပေါ်ကဆံစများ သိမ်းမဖယ်သော်ငြား ကပိုကရိုသူမရဲ့အလှကြား ငါဖျားသွားပြီ ငါဖျားသွားလေပြီ……..။။။ နေဝန်းနီ


naywoon niNovember 11, 20101min36226
ဒီအချိန်ရောက်လာမှာကိုစိုးကြောက်မိပါသည်။အခုလိုသီတင်းကျွတ်..တန်းဆောင်မုန်းကိုပေါ့ဗျာဘာလို့လဲသိလား? သီတင်းကျွတ်ပြီဆိုတာနဲ့……………. ဝါလသုံးလလုံးအောင့်အီးထားကြတဲ့ဆန္ဒတွေတားမနိုင်ဆီးမရမင်္ဂလာဆောင်ကြတော့မယ်..။အိတ်မပါတဲ့ဖိတ်စာကော။စိတ်မလာတဲ့ဖိတ်စာ ကောအင်နဲ့အားနဲ့လာတော့မယ်လေ..။ခပ်ဝေးဝေးမှာသွားမင်္ဂလာဆောင်ရင်တော်ရဲ့အိမ်နားလေးမှာလာဆောင်မှာကိုပိုပြီးမလိုလားပါဘူး..။ ကိုယ်မဆောင်ရလို့မနာလိုဖြစ်တာမဟုတ်ပါဘူး။တစ်သက်လုံးမှတစ်ခါပဲဆာင်တာပါဆိုတဲ့အနေနဲ့တစ်ညလုံးအိပ်မရအောင်ပတ်ဝန်းကျင်ကိုစိတ် အနှောက်အယှက်ပေးတော့မှာမို့ပါ..။အနားမှာသက်ကြီးရွယ်အိုရှိမှန်းမသိ၊သေကောင်ပေါင်းလဲလူမမာရှိမရှီလည်းမကြည့်တော့ဘူး..။ ဖွင့်ပါလိမ့်မယ်အသံကုန်တင်ပြီးတော့..။နယ်မင်္ဂလာဆောင်ဆိုတာမျိုးကအကျင့်ကောင်းတာမဟုတ်ဘူး။တစ်ကယ်ပြောတာ။ရပ်ဝေးကလာတဲ့ ဧည့်သည်ကနှစ်ရက်လောက်ကြိုရောက်နေတာ။ညံကျွတ်နေအောင်ဧည့်ခံတာ။အရက်သောက်တတ်တဲ့သူပါလာရင်ပိုဆိုးရော.. အရက်ဆီကိုစဉ့်အိုးနဲ့စပ်တိုက်နိုင်တဲ့မင်္ဂလာဆောင်မျိုးဆိုရင်ရှောင်ပေရော့ဝေးဝေး.။ ရှိသေးတယ်။မြို့ပေါ်မှာတော့အဲဒိဓလေ့မထွန်းကားလို့..။ ရွာတွေမှာအတော်လေ့တယ်။စည်းတဲ့..။ ဘယ်လိုစည်းလဲဆိုတော့ရွာထဲမှာဘယ်သူမင်္ဂလာဆောင်ဆောင်-2000 .အနဲဆုံးလက်ဖွဲ့ရမယ်ဆိုတဲ့စည်းမျိုးပေါ့..။မိသားတစ်စုလုံးအကျူံးဝင် တာဆိုတော်သေးတယ်။ခုတော့အဲ့ဒိလိုမဟုတ်ပြန်ဘူး..။ကာလသား/သမီး..လူပျို/အပျိုတွေကလည်းသူတို့စည်းနဲ့သူတို့..။ဒါမှသူတို့မင်္ဂလာ ဆောင်ရင်ပြန်လာမှာလေ…..။ဒီလိုရည်ရွယ်ချက်တွေနဲ့လိုက်နေကြတဲ့မင်္ဂလာလက်ဖွဲ့တွေမင်္ဂလာဆောင်တစ်ခုတစ်ခုနဲတဲ့ကုန်ကျစရိတ်လား ရွာဆိုတာကပုံမှန်ဝင်ငွေရှိတာမဟုတ်ဘူး။သီးနှံအဆင်ပြေမှ..။မိုးလေမှန်မှ။ပိုးမွှားကင်းမှ.။ပွဲစားကဈေးကောင်းပေးချိန်ကိုယ့်သီးနှံပေါ်နေမှငွေကြေး အဆင်ပြေတာမျိုး..။အဲဒိလိုအဆင်ပြေတဲ့သူကရှားပါတယ်။မပြေလည်လို့အတိုးကြီးနဲ့ငွေရှာပြီးနိုင်ငံရပ်ရှားထွက်ရသူတွေအများကြီး..။ထွက်တို်င်း ကောအဆင်ပြေပါ့မယ်လို့ဘယ်သူအာမခံနိုင်တာမှတ်လို့..။ထားပါသားသမီးနှစ်ယောက်ပဲရှိဦးလက်ဖွဲ့ကတင်သုံးလေးတောင်..ကိုယ်ဆီမှာအဆင် သင့်မရှိရင်ဘယ်ကရှာမလဲ?ပိုက်ဆံရှာတယ်ဆိုတာကလဲထွက်ကျတဲ့ဟာလိုလမ်းပေါ်ဟိုကြည့်ဒီကြည့်ရှာလို့ရတာမျိုးမဟုတ်တော့ခက်သားလား မပေါ်သေးတဲ့သီးနှံကိုရွာထဲကချစ်တီးဆီရောင်းလိုက်ရတာပေါ့..။သီးနှံပေါ်ချိန်ပေါ်မူတည်ပြီးဈေးကနှိမ်ခံလိုက်ပေါ့..။(သီးနှံပေါ်ချိန်ကနှစ်လလောက် လိုသေးတယ်ဆိုရင်လက်ရှိပေါက်ဈေးရဲ့တစ်ဝက်လောက်ပဲရတယ်..။တစ်လလောက်ဆိုရင်တော့သုံးချိုးနှစ်ချိုးလောက်ရပါရဲ့)။သားသမီးများများ မွေးထားမိတဲ့အိမ်ဆိုဘယ်နှဲ့လုပ်မလဲ။။မင်္ဂလာဆောင်ဝတ်ဖို့အသစ်လေးဘာလေးကလည်းလူငယ်တွေဆိုတော့ဝတ်ချင်ကြသေးတယ်..။ အဲဒိတော့သူများမင်္ဂလာဆောင်တစ်ဆောင်ဆိုရင်ကြွေးတစ်သောင်းကျော်လောက်တင်…။ရွာထဲမှာမင်္ဂလာဆောင်ဘယ်နှစ်ဆောင်လုပ်မယ်ဆိုတာ ကြားကထဲကဒီနှစ်ကြွေးဘယ်လောက်တင်မယ်ဆိုတာတွက်လို့ရနေပြီ…။ကိုယ့်အလှည့်ကျပြန်ရမှာကဘယ်ဆီနေမှန်မသိဘူးခုတော့သူများလင်ယူ မယားယူတာတစ်ရွာလုံးကမင်္ဂလာဆောင်ပေးနေရသလိုပဲ..။အဲဒါကြောင့်ဒင်းတို့မင်္ဂလာဆောင်မှာအရက်အဝတိုက်နိုင်တာ။မြို့ပေါ်ကအလှပြင်ခေါ် တာ။ဓါတ်ပုံတွေရိုက်ကြ။ခုဆိုဗွီဒီယိုတဲ့..။ဘယ်တုန်းကဘယ်သူကဘယ်လောက်ကုန်တာအဲဒီထက်သာအောင်ဆောင်မယ်ဆိုတာမျိုးတွေချည့်ပဲ….။ ငွေလားပူစရာမလိုပါဘူး..။ရွာကဘယ်နှစ်အိမ်ရှိတာ..။စည်းနဲ့တွက်ရင်ဘယ်လောက်..ဆွေမျိုးတွေကပိုပြီးလက်ဖွဲ့ဦးမှာနဲ့ကာလသားစည်းနဲ့ ဆိုဘယ်လောက်တစ်ခါထဲတွက်ပြီးသား..။မြို့ပေါ်မိတ်နဲ့အခြားရွာတွေကဆွေမျိုးအပေါင်းအသင်းပေါရင်လူတစ်ရာကိုငါးဆယ်ပဲလာတစ်ယောက် ဘယ်လောက်တွက်ပြီးသား..။ဟုတ်တယ်လေ…။ကိုယ့်ပိုက်ဆံနဲ့ကိုယ်မင်္ဂလာဆောင်ကြတာမှမဟုတ်တာ..။မြန်မာလူမျိုးတွေအရှက်မဲ့ပုံများပြော ပါတယ်..။အရင်တုန်းကတော့ဒီလိုမဟုတ်ပါဘူး..။မင်္ဂလာဆောင်တယ်ဆိုတာနှစ်ဘက်မိဘကိုကန်တော့ယုံလောက်နဲ့ပဲပြီးသွားတတ်တာ..။ ဆွေမျိုးအပေါင်းအသင်းတွေကမင်္ဂလာဦးကာလအဆင်ပြေအောင်လိုအပ်တာလေးတွေဖြည့်စည်းပေးပြီးတတ်နိုင်သလောက်စုပြီးလက်ဖွဲ့လိုက်ကြ တာမျိုး..။ချစ်စရာကောင်းတဲ့ဒီဓလေ့ကိုဈေးတွက်တွက်ပြီးဖျက်ဆီးပစ်လိုက်ကြပြီ..။ဒီအချိန်ရောက်လာရင်ဆင်းရဲတဲ့တောင်သူတောင်သားတွေ ရဲ့ညည်းညူသံကြားလာရပြီ..။သူတို့စခဲ့တဲ့လက်ခံခဲ့တဲ့စရိုက်ဆိုးကိုသူတို့မခံစားနိုင်တော့ဘူး။ဘယ်သူကမှပြန်ဖျက်မပစ်နိုင်ကြတော့ဘူး..။ လည်စည်းခံယုံကလွဲပြီး…………….. (အဲဒိလိုစည်းဆိုတာထားတာမင်္ဂလာဆောင်တစ်ခုထဲမှာတင်မဟုတ်တော့ပါဘူး..။အသုဘ၊ရှင်ပြုနားသ၊နဲ့အခြားလူမှုရေးပွဲတွေမှာပါရောက်နေပါပြီ) အဲဒါကြောင့်ဒီအချိန်ရောက်မှာကိုကျွန်တော်ကြောက်နေတာပါ..။ နောက်တစ်ခုရှိသေးတယ်..။ပြောလို့တော့မကောင်းဘူး..။ကိုယ်နဲ့လည်းမဆိုင်ပဲအခမဲ့ငရဲဝင်ယူလိုက်ဦးမယ်..။ ကျွန်တော်တို့မြို့ကတန်ဆောင်တိုင်မှာအပြိုင်အဆိုင်လှူကြတန်းကြ..။ပဒေသပင်တွေသီးကြပေါ့……..။ အဲဒိမှာလည်းသူများတွေနဲ့မတူတဲ့အမြင်ကိုပြောချင်သေးတယ်..။ဘာလဲဆိုတော့အပြိုင်အဆိုင်လှူကြတာကောင်းပါတယ်..။ငွေမတတ်နိုင်တဲ့ သူတွေကပါလိုက်ပြိုင်နေကြတဲ့ကိစ္စပါ..။အဲဒါကိုကျောင်းတွေကနေစပြောရမယ်..။ဒါမှရှင်းသွားမှာ ကျောင်းတွေမှာထုံးစံတစ်ခုရှိပါတယ်..။တစ်ခန်းကိုပဒေသပင်တစ်ခုထွက်ရပါတယ်..။တစ်တန်းကိုမဟုတ်ဘူးနော် တစ်ခန်းကိုပါ..။ဥပမာငါးတန်းကတန်းခွဲခြောက်ခန်းရှိရင်ခြောက်ခုထွက်ရတာပါ..။အဲဒါကိုကျောင်းသားတွေကစုပြီးကိုယ့်ပဒေသပင်ကိုယ်လုပ်ရတာ တတ်နိုင်တဲ့ကျောင်းသားကတော့ကိုယ်တာထည့်ပေါ့..။မတတ်နိုင်တဲ့ကျောင်းသားကဘာလုပ်ရသလဲသိသလား? မြို့ထဲကိုထွက်ပြီးအလှူခံရတာပါ..။သူ့အတန်းအလိုက်သူထွက်ကြတာပါ..။ထိန်းသိမ်းမဲ့သူမပါပါဘူး..။လူကြီးတွေပိုက်ဆံထည့်ချင်အောင်ကလေး တွေခင်မျာဂုံနီအတ်ခွံတွေရှာပြီးအရုပ်ဝတ်စုံချုပ်ဝတ်ပြီးအမျိုးမျိုးသောကနည်းမျိုးစုံနဲ့အလှူခံကြရပါတယ်..။(အဲဒိအထဲမှာခင်ဗျားတို့သားသမီးတွေ ညီ..လေးတွေပါနေရင်ဘယ်လိုခံစားရမလဲ..) နောက်ကလေးတွေကိုတုပြီးရုံးတွေ..လူမှုရေးအဖွဲ့အစည်းတွေကပါသူတို့ရဲ့ကာစတန်မာတွေပေါ်မှာကထိန်ကြေးကောက်ပါတယ်..။ အလှူခံတာမဟုတ်ဘူးနော်..။တစ်ယောက်ကိုဘယ်လောက်ကောက်တာပါ..။ကလေးတွေကိုတော့မပြောတော့ပါဘူး..။သူတို့ကမသိလို့ သိတဲ့သူကမတားလို့….တားချင်တဲ့သူကလည်းတားဆီးနိုင်တဲ့အာဏာမရှိလို့…….ဒီသတောင့်သားတွေကိုတော့ပြောရလိမ့်မယ်..။ ကောက်လို့ရတဲ့ငွေအကုန်ထည့်လှူရဲ့လားလို့…….ပါ နောက်ဆုံးတော့ကျွန်တော်ကသာဒီအချိန်ရောက်မှာကြောက်နေတာပါ..။မင်္ဂလာတွေလည်းဆောင်နေကပါပြီ ကလေးတွေလည်းလမ်းကြိုလမ်းကြားမကျန်ဂုံနီအိတ်ဝတ်စုံနဲ့မမောနိုင်မပမ်းနိုင်ဂျွမ်းတွေထိုးပြီးအလှူခံနေကြပါပြီ ဟိုအကောင်တွေလည်းအလှူခံကောက်ရငွေတွေရေနေကြပါပြီ..။ နောက်နှစ်တွေလည်းဒီလိုပဲရှိဦးမှာပဲ ဒီလိုဓလေ့ဆိုးတွေကိုဘယ်သူမှလာပြီးမဖျက်ဆီကြတော့ဘူးလား? […]


naywoon niNovember 10, 20101min19912
ဒီကဗျာလေးကMr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ပါ ကိုအောင်ပုရေ…..မကြိုက်ရင်မန္တလေးက..ကိုပေါက်ကိုရေးခိုင်းနော် Mr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ကဗျာ ညအမှောင်မသဲကွဲပေမဲ့ နေ့လည်မှာသူထင်ရှားတယ် မစိမ်းပင်ရယ်……..။။ မည်သညာမော်လီသော်လည်း ရွာခြေမှာခေါ်မညီ  တာကြောင့် မမြစိမ်းဖြစ်နေရ ကိုကိုပုချစ်နေရင်ပြီးရောတဲ့လေ…..။။ နေ့အခါလွမ်းတယ်စိတ်တွေနဲ့ ရှေးပုံပြင်မင်းသမီးလေးလို့ပေါ့ (ကိုကိုပုရယ်) မမြစိမ်းလုပ်တမ်းစကားမိတာနဲ့ ပြားကိုးဆယ်မြစိမ်းဖြစ်ရတယ် စိတ်ညစ်တယ်ကွယ်…။ အဲဒါနဲ့တလင်းပြင်ကွပ်ပျစ်ကျယ်မယ် ထမင်းလုံးစီမယ်အတွေးရယ်နဲ့ အိပ်မိပါတယ်(ကိုကိုပုရယ်) လေပြေငယ်သုတ်ဖြူးပါလို့ ကိုကိုပုနဲ့တိုးမည်(ထုတ်ဆီးတိုးတာနော်) ဒီလိုရယ်အိပ်မက်နေကောင်းတုံး နေ့ခင်းဘက်လျှပ်ပြက်မိတယ် ကိုကိုပုချောင်း………။။


naywoon niNovember 10, 20101min863
ဘာတွေကိုယုံကြည်ရမလဲဟေ့××××ငါ့အနာဂါတ်မယုံသေးဘူး×××စစ်ပွဲပြီးစ မြို့ပျက်ကြီးလို……..စိတ်ကူးတွေအကုန်ပြိုလဲ???????? နေဝန်းနီတစ်ယောက်ဂေါက်သွားပြီလို့တော့မထင်လိုက်ပါနဲ့1986လောက်ကအဆိုတော်ချစ်ကောင်းရဲ့အချစ်ကြေငြာစာတမ်းသီချင်းစိတ်ကူးထဲရောက်လာလို့ပါ အပေါ်မှာရိုက်ပြထားတာအချစ်အကြောင်းတော့မပါသေးဘူး….စာသားတွေကကျွန်တော်တော့ကြိုက်တယ်ဘာလို့လဲဆိုတော့ဒီကနေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေ နဲ့တိုက်ဆိုင်နေလို့ပါ….ဘယ်သတင်းတွေကိုယုံကြည်ရမှန်းမသိဘူး..။လူတွေရဲ့စိတ်ထဲမှာလဲစစ်ပွဲပြီးစမြို့ပျက်ကြီးလိုပဲ…..ရွှင်ရွှင်ပြပြမတွေ့ကြရဘူး..။ အပူအပင်မရှိတဲ့သူတွေတော့ရှိတာပေါ့..သူရို့ကတော့တိုင်းပြည်ဘာဖြစ်နေနေ..နှစ်လုံးသုံးလုံးအထိုးမပျက်စေရဘူး..ဘောလုံးပွဲအကြောင်းကပါးစပ်ကမချဘူး..။ ကျန်တဲ့အချိန်မပြောနဲ့ညလင်းပေါက်လ္ဘက်ရည်ဆိုင်မှာလူအပြည့်..ဘောလုံးပွဲလောင်းရင်ကြည့်နေကြတာ။လောင်းကြေးကလည်းသိန်ချီတယ်လို့ပြောရင်ယုံချင်မှ ယုံ။ဒီလောက်မြို့လေးမှာဖြစ်နိုင်ပါ့မလားမမေးနဲ့..။ဒါလုပ်စားနေတာကြာပြီ။ဖမ်းသံဆီးသံလည်းမကြားရ..။2010မှာထူးခြားတာတွေရှိတယ်လို့သူငယ်ချင်းတစ်ယောက် ကပြောသွားတာမယုံဘူး။အဲဒါတွေက………. ၁။နှစ်လုံးသုံးလုံးမဖမ်းဘူးတဲ့ ၂။ဘောလုံးပွဲတွေကြိုက်သလောက်လောင်းဘာမှမဖြစ်ဘူးတဲ့ ၃။ဗျောက်မဖောက်ရလို့မကြေငြာဘူး။လမ်းဘေးမှာဘန်းနဲ့ချရောင်းတာတောင်ဘာမှမဖြစ်လိုက်ဘူး…… ၄။ဆိုကရေးတီးပွဲမရှိဘူးတဲ့ လိုတာရှိရင်ဖြည့်ပေးလိုက်ဦးနော်။ အဲ…လူ့ပေါက်ပန်းတွေအကြောင်းရောက်သွားပြန်ပြီ…။ ကျွန်တော်ပြောချင်တာကဒီအကြောင်းမဟုတ်ဘူးဗျ..။ဒီနေ့ထွက်နေတဲ့ကောလဟာလတွေအကြောင်းပြောမလို့ပါ..။ ကျွန်တော်တို့နေတဲ့မြို့ကနေပြည်တော်နဲ့နီးတော့ကောလဟာလတွေကဟိုကထွက်လာဒီကထွက်လာနဲ့…။မြဝတီမထိမ်းနိုင်ရင်နေပြည်တော်ကိုပဲလာတေတော့မလို လာရင်ကျွန်တော်တို့နေရာမြို့ကွက်ကလမ်းကြောင်းကျနေတယ်..။အဲဒါဖယ်ခိုင်းရင်ဘာညာပေါ့ဗျာ ဖြစ်နေတာ…ဖြစ်နေကြတာ… ကောလဟာလဆိုတာမျိုးကပြောရင်းပြောရင်းစကားေတွေကားသွားတာမျိုး… ကောလဟာလကြောင့်ပြည်ပျက်တယ်ဆိုတာလဲကြားဖူးရဲ့……. အဲဒိအကြောင်းကိုဘယ်သူ့မှလည်းသေသေချာချာမေးလို့မရ..။ သိတဲ့သူများပြောပြပေးကြပါဦး..။ ဘယ်သူ့တွေများတိတိကျကျသိကြသလဲ?နော် ကောလဟာလဆိုတာကလည်း………. စကားစကား ပြောပါများတော့ ကား၍ကား၍သွားသတည်း…။ တဲ့။


naywoon niNovember 8, 20101min380
အက်ကွဲရှတ အသံများလွင့်ထုတ်နေ မဲ့ခြင်းတရားကိုဆုတ်ကိုင် လက်သုပ်ဝတ်မှာလည်းညစ်ညမ်းပေါ့…။။ ပစ္စည်း…… ပညာ……. စာရိတ္တ…… မေတ္တာတရား…. အသိများကင်းမဲ့ သူတို့ရဲ့ ကျျို့ထိုးသံများ ညံနေပေါ့……..။ လူ့ပေါက်ပန်းတဲ့ ဘဝနွမ်း အင်းအားခမ်းခြောက် ရသမြောက်တဲ့ အစက်အပြောက်များ သင်ရောက်ရာမှာရှိနေမယ်…..။။ သူတို့ရဲ့နွေ သက်ဆိုးရှည်နေ ရေကြည်မိုးပေါက် မ,စင်ရောက်လေတော့ ချောက်အိပ်မက်တွေနဲကလုံးထွေး အနာဂါတ်ဆိုတာလည်းရေးရေးမမြင်..။ နေကြတော့တဲကုပ် တစ်နေ့လုပ်တစ်နေ့စား အရင်းပြုတ်..ကြွေးထူ ခွေးအူ..ကလေးဆူ ညည်းညူသံများပဲ့ထွက် လှေခွက်ပဲကျန်အလံယိုင်နဲ့ မခိုင်တဲ့ကြိုးရဲ့ ပြတ်တောက်မဲကအချိန် မီးမှိန်မှိန်နဲ့စောင့်နေရဲ့…..။။ ချွေရင်လည်းကြွေ နေရင်လည်းမထူး လောကကိုလက်ပစ်ကူး ကြယ်တွေကိုစိတ်ကူးနဲ့ခူးလိုခူး နှင်းဆီဆူးမကြောက် မျောက်ဆိုတာက ဘယ်ဘက်ကမသေချာပဲနဲ့ ညာဘက်ကသစ်ကိုင်းကိုလက်မလွှတ် ဒီဝဋ်ကိုချွတ်မနေ သေချင်လည်းသေ ချွေရင်လည်းကြွေမယ်လေ………။။။။ နေဝန်းနီ


naywoon niNovember 8, 20101min510
ဘဝ…. တခြမ်းကနွမ်းလျ………။ နေရောက်အောက်မှထိုးဖောက် လောကရှေ့မှောက်မှာ ဒူးထောက်ခစား သွား…… သနားစရာမလိုဘူး..။ ဆေးလိပ်တိုနဲ့ လူမှုဘာသာဗေဒ ဒဿနဖွေရှာ အနက်ဇီးမားနားကစ အရစ္စတိုတယ်….ကန့် ကြောက်လန့်မှုဆိုတာမရှိဘူး..။ အတိတ်စိမ်း နမိတ်ပုံပြ တွက်ကြချက်ကြ ဘဝဆိုတာမဟုတ်သေးဘူး…။ (ဆရာ)မောင်သာနိုးရဲ့ ဝူးဝူးတေးကျော် မြူးတူးခုန်ပေါက် ကျောင်းခန်းရောက်တော့မယ်တဲ့ လုံလောက်မှုရှိတယ်မထင်သေးဘူး..။ ပျောက်ဆုံးသွားတဲက ဝိဉာဉ်ပြာများ အမှောင်ထဲမှာကခုန် လောကကြီးကိုခြေစုံကန်နေ..။ နတ်နွယ်ရဲ့ အနီနဲ့အနက် ညိုညစ်ညစ်ဖြစ်သွား ဘာတေါများနေခဲကလဲ.။။။ ကျား…… တစ်ကွက်မှား သွား….ရှုံးပြီ…။။ နံ့သာချယ်မှုန်း လူလုံးရုုပ်ပြ လက်ညိုးထိုးအပြုတ်ချ ဒါလား………ဘဝ…။။ သက်ရောက်မှုတိုင်း လားရာဆန့်ကျင် တန်ပြန်ထိုးဖောက် နျူတန်လည်းကြောက်ဖူးတယ်…။ လိုချင်တာမရ မျက်ရည်ကျစိတ်ကောက်တဲ့ ကလေးငယ်ဘဝကို ပြန်မလိုချင်ပါဘူး…။ သကြားဟာခါးပါသတဲ့ တမာကချိုပါသတဲ့ နွေမှာစောင်ခြုံ ဆောင်းမှာယပ်ခတ် မိုးမှာရေရှား ဝိုးတဝါးအသိ ထိရင်ငြိမယ် ဆူးလယ်ခေါင်ကဘူးသီးလေး…။။ နေဝန်းနီ