နီကီတာNovember 1, 20111min37329
လူအများက လိင်တူဆက်ဆံခြင်းကို အကျင်.ယိုယွင်းမှုအဖြစ် မသတ်မှတ်ကြတော.ပေ။ကိုယ်ပိုင်ရွေးချယ်ခွင်.ဖြစ်သည်ဟု ခံယူထားကြသည်။ အချို.ခရစ်ယာန်အသင်းတော်များကလည်း လိင်တူချင်းကို ပုံမှန်လက်ထပ်ခွင်.ကဲ.သို. ခွင်.ပြုလာကြသည်။ ကမ္ဘာဦးဖန်ဆင်းချိန်တွင် လိင်ဆက်ဆံခြင်းသည် ဖော်ရွေသော၊ကောင်းသော၊အရှက်ကင်းသော သဘောရှိပြီး မျိုးပွားရန်ရည်ရွယ်သည်။ (ကမ္ဘာဦး၊ ၁း၂၈,၂း၂၄)သို.သော် လူသားတို.သည် ဖန်ဆင်းရှင်၏ အလိုနှင်.ဆန်.ကျင်၍ ရွေးချယ်ခဲ.ကြသောအခ လိင်ဆက်ဆံမှုသည် လျို.ဝှက်သော တဏှာဆန်သော ကာမ ဖြစ်လာခဲ.သည်။ လိင်တူဆက်ဆံခြင်းကဲ.သို.သော အကျင်.ယိုယွင်းမှုသည် အမှန်ပင်လူသားတို.၏ ကိုယ်ပိုင်ရွေးချယ်ခွင်.သာဖြစ်သည်။သို.သော် ထိုရွေးချယ်မှု သည်  လူ၏မူလစစ်မှန်သော အရည်အသွေး တန်ဖိုးကို ကျဆင်းစေကြောင်းသိသင်.သည်။ သမ္မာကျမ်းစာက လိင်တူဆက်ဆံခြင်းကို လိင်အကျင်.ယိုယွင်းမှုအဖြစ် အပြင်းအထန်တားမြစ်ထားသည်။(ဝတ်ပြုရာ၊၁၈း၂၂,၂ဝး၁၃) သမ္မာကျမ်းစာတွင် ဆန်.ကျင်ဘက်လိင်မိန်းကလေးများအား ချစ်တတ်သည် ထက်သာ၍ ချစ်ကြသော အမျိုးသားလူငယ်မိတ်ဆွေနှစ်ယောက် အကြောင်းကို တွေ.ရသည်။လူငယ်ဒါဝိဒ် သည် ရန်သူ ဂေါလျက်အား အနိုင်ရပြီးနောက် ရှောလုဘုရင်၏ နန်းတော်သို.ရော်လာ၍ ဘုရင်.သား ယောနသန်နှင်.တွေ.ဆုံခဲ.သည်။ […]


နီကီတာNovember 1, 20111min70528
မိရိုးဖလာ ယုံကြည်မှု၊ စွဲလမ်းမှုဆိုတာ လူမျိုးတိုင်းမှာ ရှိတတ်ကြစမြဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာလည်း ဘိုးဘေဘီဘင်လက်ထက်ကတည်းက ယုံကြည်စွဲမြဲမှုတွေအရ ဒီနေ့ ဒီကာလအထိ ဖျောက်ဖျက်လို့မရတဲ့ ယုံကြည်စွဲလမ်းမှုတွေ(ဝါ) အယူသီးမှု ရှိနေကြပါတယ်။ အထူးသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုရေးကိစ္စနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ကိစ္စမှာတောင် စွဲစွဲမြဲမြဲ လို်က်နာလေ့ရှိတာကတော့ ဆံပင်နဲ့ပတ်သက်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်-တဲ့ ဒါကြောင့် အယူသီးသူတချို့အနေနဲ့ မိမိမွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်ကို ဆံပင်ညှပ်တဲ့အလုပ် မလုပ်မိဖို့ ရှောင်ကြပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ အယူအဆအမျိုးမျိုး ရှိလာပြန်ပါတယ်။ တချို့က ဒါဟာ လူတိုင်းအတွက် မဟုတ်ပါ။ တနင်္ဂနွေသားသမီးအတွက်သာ ဖြစ်ပါသတဲ့။ တနင်္ဂနွေသားသမီးအတွက် မိမိမွေးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ရယ်၊ မိမိမွေးနေ့ရဲ့ ဆပွတ်ဖြစ်တဲ့ သောကြာနေ့ရယ်၊ မိမိမွေးနေ့ရဲ့ အညွန့်ဖြစ်တဲ့ […]


နီကီတာOctober 31, 20111min21015
၁) ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာ ကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။ ၂) အစိမ်းရင့်ရောင် အသီးအရွက်များ အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။ ကင်ဆာကို ဖြစ်စေတဲ့ Free Radicals  တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။ ၃) စပျစ်သီး စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။ ၄) လက်ဖက်စိမ်းရည် လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပွားတာကနေကာကွယ်နိုင်သလိုကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ၅) ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ ၆) ဖရဲသီး ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ […]


နီကီတာOctober 31, 20111min1326
One SONG can spark a moment One FLOWER can wake the dream One TREE can start a forest One BIRD can herald spring One SMILE begins a friendship One HANDCLASP lifts a soul One STAR can guide a ship at sea One WORD can frame the goal One VOTE can change a nation One SUNBEAM […]


နီကီတာOctober 27, 20111min22712
သူက အချစ်ကို ချစ်ခြင်းသက်သက်သာ မကဘဲ သက်ဆိုင်ရာဘာသာရပ်တွေကိုပါ သင်ကြားပေးခဲ့တယ် ပထမဆုံးသင်ခန်းစာက စိတ်ခံစားချက်လေ သူ့ဆီက စကားတစ်ခွန်းနဲ့တင် ရင်ခုန်ခြင်း၊စိတ်ကြည်နူးခြင်းတွေ ပေးတတ်သလို စကားတစ်ခွန်းနဲ့တင်ပဲ စိတ်ရှုပ်ခြင်း၊ ဝမ်းနည်းခြင်းတွေလည်း ပေးတတ်ပြန်တယ် မေးလ်တစ်စောင်ကို အကြိမ်ကြိမ် အခါခါ ဖတ်ချင်နေပြန်အောင် ရေးပေးတတ်သလို မြင်တာနဲ့ မျက်ရည်ကျလာအောင်လည်း လုပ်တတ်ပြန်တယ် နောက် စိတ်တို စိတ်ရှုပ်ထွေးပြီး delete လုပ်ဖြစ်အောင်ရောပေါ့ ညတို်င်း အလွမ်းတွေကို ပေးတတ်ပြန်သလို စိတ်ပူပန်ခြင်းနဲ့ အိပ်မပျော်ခြင်း ညတွေကိုပါ ဆောင်ကျဉ်းပေးပြန်တယ် သူရဲ့ ချစ်ြုခင်းကိုလည်း အပြည့်အဝ ယုံကြည့်မိသလို တစ်ခါတစ်ရံ ဝေဝေဝါးဝါးနဲ့ လမ်းပျောက်စေတတ်ပြန်တယ် လူတွေကို အဆုံးစွန်မယုံကြည်တတ်အောင်ရယ် လူတိုင်းကို စေတနာထားပြီး ဆက်ဆံစရာမလိုဘူးဆိုတာကိုပါ ပြောပြခဲ့တယ် မိတ်ဆွေအပေါင်းအသင်းဆိုတာ relationship တစ်ခုထက်မပိုဘူးဆိုတာနဲ့ ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကသာ ကောင်းခြင်း၊ […]


နီကီတာOctober 24, 20111min23525
ညနေ ၅ နာရီထိုးတော့မည်။ ရုံးဆင်းချိန်ရောက်တော့မည်။ ဒီလို အလုပ်ပြန်ချိန်တွေမှာ bus ကားကျပ်တာ မထူးဆန်းလှပေမယ့် ပြန်တဲ့သူတွေက လက်လုပ်လက်စား နေ့စားသမားတွေ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်သည်။ အခြေခံလူတန်းစားတွေရဲ့ ဘဝက ဘယ်တော့မှ ပြောင်းလဲလာမှာလဲ ပြောင်းလဲလာဖို့အတွက်လမ်းကြောင်းတစ်ခုဆိုတာ ဘယ်မှာလဲ အချိန်တန်အရွယ်ရောက် မိန်းကလေးဆိုရင် စက်ရုံဆင်းမယ် ယောကျာ်းလေးဆိုနေ့စားလိုက်လုပ်မယ် မနက် ၈ နာရီမှ စတင်ပြီး ည ၉ နာရီအထိ စက်ရုံဆင်းရသည် ပိတ်ရက်ဆိုတာ ၁ လလုံးနေမှ ၂ ရက် ဘဝကို ပြောင်းလဲဖို့အတွက် ဘယ်မှာလဲအချိန်ပို ပြောင်းလဲဖို့ရော အခွင့်ရေးရှိရဲ့လား မရေရာပါ နေ့စားအလုပ်သမားတွေအတွက်ကရော တစ်နေ့လက်လှုပ်မှ တစ်နေ့စားရသည် ဒီလိုနှင့် သူတို့ရဲ့မျိုးဆက်တွေ ဒီလိုပုံစံတွေပဲ ဆက်ရောက်လာသည် ပညာရေးဆိုသည်ကို အထင်မကြီးတော့ ” ဘွဲ့ရလည်း ဘာထူးမှာလဲကွာ […]


နီကီတာOctober 5, 20111min26517
စာရေးဆရာမ အမရာချို (မိုးဟေကို) >> အိမ်တစ်အိမ်မှာ ယောက်ျားအယောက်တစ်ရာ ဆန့်ချင်ဆန့်မယ် မိန်းမတစ်ယောက်ရဲ့ နှလုံးသားထဲမှာတော့ ယောက်ျားတစ်ယောက်ပဲ ဆန့်တယ်..။     P.S သိပ်ကြိုက်တဲ့ စကားလေးမို့ပါ………:)


နီကီတာOctober 4, 20111min1067
အရောင်မပါတဲ့ မုသားတစ်ခုပါ ကလိန်ကကျစ်ဆိုတဲ ့ခေါင်းစဉ်တပ်ပြီး အရောင်ဆိုးပစ်တယ်…………………..။ အချစ်ကြောင့် ဖြစ်လာတဲ့ စေတနာတစ်ခုပါ မိုက်မဲမှုတစ်ခုဖြစ်အောင် တွန်းပို့ပေးတယ်…………….။ ချည်တိုင်တစ်ခုမှာ ချည်နှောင်ခဲ့တယ်ဆိုရင် တောင် လိုလိုလားလားပေးအပ်ခဲ့တာပါ………။ လိုအပ်ရင် လည်စင်းပေးဖို့အဆင့်သင့်ပါဆိုတာတောင် ငါ့လည်ချောင်းသွေးကိုမှ လတ်လတ်ဆတ်ဆတ် ဖောက်သောက်ချင်တာတဲ့…………။ သို့သော်လည်း သူယူလာတဲ့ ဓားသွားက……………….. တုံး……လွန်း…….လှ………တယ်…………….။