နည်ရဲဇော်October 16, 20111min29718
ကျွန်တော်ဟာအားနာတတ်သူလား၊ ပျော့ညံ့တတ်သူလား။ နှစ်ခုစလုံးလည်းဖြစ်ချင်ဖြစ်မည်။ သေချာတာကတော့ လူမှုဆက်ဆံရေးမှာ “ဟင့်အင်း“ဟုပြောရမှာအင်မတန်ဝန်လေးတတ်သည်။ ဒါပေမယ့် အခါများစွာမှာ “ဟင့်အင်း“ငြင်းလိုက်မိပြီးမှ နောင်တ ရနေတတ်တာများလာတော့ ဒါကို ပြန်သုံးသပ်ကြည့်လာ ရတော့သည်။ တော်ရုံတန်ရုံ သိကျွမ်းသည့်မိတ်ဆွေ မင်္ဂလာဆောင်ကို လက်ဖွဲ့ပို့ပေးလိုက်လို့ရပါလျက် လမ်းမှာတွေ့မတော်တဆတွေ့ကာ လာဖြစ်အောင်လာခဲ့ဦးနော်ဆိုလို့ သတို့သားနှင့်သတို့သမီး လမ်းလျှောက်တာ၊ ရေခဲမုန့်ခွံ့ကျွေးတာကို ရွှေတွေသီးနေအောင်ဝတ်ထားသည့် အန်တီကြီးတွေအပြိုင်ကြွားကြတာသုံးနာရီလောက်ထိုင်ကြည့်ခဲ့ဖူးသည်။ အလှူတွေမှာ မုန့်ဟင်းခါးစားတဲ့အခါ အိမ်ကမနက်စာစားလာခဲ့ပြီးဖြစ်လို့ ဟန်မပျက် တစ်ပွဲလောက်စားပါလျက် “စားပါဦး။ ထပ်ထည့်ပါဦး။ အဝစားနော်မစားရင်စိတ်ဆိုးမှာ” ဟုပြောပြောဆိုဆိုနဲ့ပန်းကန်ထဲထည့်လာသည့်အခါ မကုန်ကုန်အောင်စားခဲ့ရတာမျိုးလည်းရှိသည်။ စာကြည့်နေတုန်း ရုပ်ရှင်သွားကြည့်ဖို့ခေါ်သည့် သူငယ်ချင်းကို တစ်ခါငြင်း၊ နှစ်ခါငြင်း၊ သုံးလးခါထပ်ခေါ်တော့ လိုက်သွားရတာမျိုးလည်းရှိသည်။ လူ့ဘဝမှာ “ဟင့်အင်း” ဟုမငြင်းရမည့်အခြေအနေမျိုးတွေလည်းအများကြီးရှိပါသည်။ ဒုက္ခရောက်နေသည့်မိတ်ဆွေ အကူအညီတောင်းလာသည့်အခါ ကိုယ်ကလည်း ကူညီနိုင်ပါက ငြင်းဖို့မသင့်ဘူးပေါ့။ လောကဝတ္တရား၊ မိသားစု ဝတ္တရား၊ အလုပ်ဝတ္တရားအရ ”NO” […]


နည်ရဲဇော်October 7, 20111min1658
လူသားနှစ်ဦး။ ရောဂါကသည်းတာချင်းလည်းအတူတူ။ ဆေးရုံအခန်းတစ်ခုအတွင်းလာဆုံမိကြသည်။ တစ်ယောက်ကတော့ သူ့အဆုပ်ထဲက အရည်တွေ စီးဆင်းစေရန် နေ့ခင်းဘက်ဆို တစ်နာရီလောက် ခုတင်ပေါ်ထထိုင်ခွင့်ရှိသည်။ သူ့ကုတင်က ထိုအခန်းအတွင်းရှိတစ်ခုတည်းသော ပြတင်းပေါက်ဘေး နားတွင်ရှိသည်။ တစ်ခြားတစ်ယောက်ကတော့ တစ်ချိန်လုံး ကုတင်ပေါ်မှာကျောခင်းနေရရှာသည်။ သူတို့နှစ်ယောက်သား ရောက်တတ်ရာရာ စကားပြောရင်းဖြင့်သာပျင်းရိညည်းငွေ့ဖွယ်အချိန်တွေ ကို ဖြတ်သန်းကြရသည်။ အိမ်ကမိန်းမနဲ့ကလေးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ သူတို့စစ်ထဲဝင်တုန်းကအကြောင်း၊ အားလပ်ချိန်ပျော်ပွဲစားထွက်တုန်းကအကြောင်း စုံအောင်ပြောကြသည်။ နေ့ခင်းဘက် ခုတင်ပေါ်လှဲနေရာကနေ ထထိုင်ခွင့်ရတဲ့အချိန်ဆို သူက ပြတင်းပေါက်ကတဆင့် အပြင်ဘက်က မြင်ရသမျှကို သူ့အခန်းဖော်အား ပြောပြလေ့ရှိသည်။ တဖက်ကုတင်က ပုဂ္ဂိုလ်အတွက်တော့ ဒီတစ်နာရီလေးအတွင်း  သူ့ကမ္ဘာလေးသည် အသွေးအရောင်စုံလှုပ်ရှားသက်ဝင်နေ သည့် ဆေးရုံခန်းရဲ့အပြင်သို့ဖြန့်ကျက်ကွန့်မြူးနိုင်ပေသည်။ ပြတင်းပေါက်မှ လှပသည့်ရေကန်လေး ရှိသည့် ပန်းခြံကိုလှမ်းမြင်ရနိုင်သည်။ ကလေးငယ်များ လှေကလေးတွေစီးကြ၊ ငွေငန်းဖြူနှင့် ဘဲများမြူးထူး ရေကူးကြ။ ငယ်ရွယ်သူစုံတွဲလေးများလက်ခြင်းချိတ်လျက် ရောင်စုံယှက်သွေးဖြာနေသည့် […]


နည်ရဲဇော်October 3, 20113min1142
ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။ ၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent […]


နည်ရဲဇော်September 12, 20113min1887
လိုချင်တောင့်တနေတဲ့ Android ဖုန်းလေး ဒီတစ်ခါတော့ မျက်စိမှိတ်ပြီးဝယ်လာခဲ့ပါပြီ။ Samsaung Galaxy mini S5570 လေးပါ။(ကြွားတယ်လို့မထင်ကြစေချင်ပါ) ဒီဖုန်းလေးရကတည်းက ပထမဦးဆုံးကျိုးစားမိတာကတော့ မြန်မာစာသုံးနိုင်ရေး၊ ဇော်ဂျီဖောင့် သုံးနိုင်ရေးပါပဲ။ ဒီလိုနဲ့ Myanmar Tutorial နဲ့ google မှာရှာရင်းဖတ်ရင်း၊ စမ်းသပ်ရင်းနဲ့ အောင်မြင်စွာ မြန်မာစာ သုံးနိုင်ခဲ့ပါပြီ။ ကွန်ပျူတာနှင့်ပတ်သက်လျှင် အရမ်းကျွမ်းကျင်တဲ့သူမဟုတ်ပေမယ့် သူများတကာတွေရေးထားတာဖတ်ပြီး ကိုယ်က တခြားလူတွေကိုပြန်မဖြန့်ဝေပေးလျင် ယူပဲယူပြီး ပြန်မပေးတတ်သလို တာဝန်မကျေရာ ခံစားရတာမို့ မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ သိပြီးတတ်ပြီးသားလူများ သီးခံတော်မူကြပါ။ အဆင့် ၁။ Android ဖုန်းတွေမှာ ဇော်ဂျီဖောင့် ထည့်နိုင်ဖို့ အရင်းဆုံး root လုပ်ဖို့လိုပါတယ်။ root လုပ်တယ်ဆိုတာက Android OS မှာ system admin အနေနဲ့ […]


နည်ရဲဇော်September 11, 20111min43956
ကျွန်တော်ကပဲကြော်ငြာတွေကို အမြင်ကတ်နေသလား၊ ကြော်ငြာတွေကပဲ လွန်နေသလားတော့မသိပါဘူး။ မနေ့က အသိတစ်ယောက်ယူလာပြတဲ့ အရက်ကြော်ငြာတစ်ခုအကြောင်းမနေနိုင်မထိုင်နိုင်ရေးမိလိုက်ပါတယ်။ ကုန်ပစ္စည်း အသစ်ကြော်ညာဆိုတော့ ဈေးကွက်အတွင်း လူသိအောင်၊ ကိုယ့်အမှတ်တံဆိပ်ကို ထင်ရှားအောင်ထိုးဖောက်ရမှာပေါ့။ ဒီလိုထိုးဖောက်တဲ့အခါမှာ အောက်က အရက်ကြော်ငြာကတော့ ထင်းယုံမက ပြူးတောင်ပြူးနေပါပေ့ါလား။                                                                           […]


နည်ရဲဇော်August 21, 20111min18312
31 March 2011 14:35:24 ချယ်ရီပင်ကိုင်းကျိုး “ကျောင်းဆင်းပြီးလည်းကျွန်တော်ဆက်နေလို့ရပါတယ်“ဆရာဟားဘတ်ကိုကျွန်တော်ပြောလိုက်တယ်။ “ဒါပေမယ့် ကျွန်တော့်ကိုကြိမ်နဲ့ရိုက်ပြီးကျောင်းစောစောဆင်းပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အဖေကကျောင်းကအပြန်နှစ်နာရီနောက်ကျလို့ ကျွန်တော့်ကိုကြိမ်နဲ့စော်မှာပဲ။ “မင်းကကြိမ်နဲ့ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး´´ဆရာဟားဘတ်ကပြန်ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကိုအဲဒီချယ်ရီပင်ကို သွားတက်တဲ့အတွက် ဒဏ်တော့ပေးမှရမယ်။ မင်းတို့ကောင်လေးတွေပိုသိပါတယ်။ တခြားငါးယောက်ကတော့ တစ်ယောက်တစ်ဒေါ်လာပေးပြီးပြီ။ မင်းတစ်ယောက်ပဲ အဲဒီအပင်ဖိုးလျော်ဖို့ကျန်တော့တယ်။ မင်းကွာ တစ်ဒေါ်လာလေးတောင် ချေးလို့မရဘူးလား။“ “ဟင့်အင်း“ကျွန်တော်ဖြေလိုက်သည်။ “ကျွန်တော်ပြစ်ဒဏ်ပဲခံမယ်။ ခပ်မြန်မြန်ပြစ်ဒဏ်မျိုးဖြစ်ရင်ကောင်းမယ်။ ကျွန်တော်မကြောက်ပါဘူး“  ဆရာဟားဘတ်ကကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဆရာကလူကောင်ကြီးသူဖြစ်သည်။ မီးခိုးရောင်ဝတ်စုံဝတ်ထားသည်။ သူ့ဝတ်စုံက သူ့ဆံပင်ဖြူတွေနှင့်လိုက်ဖက်လှသည်။ “ဆရာကျွန်တော့်အဖေအကြောင်းမသိပါဘူး။ သူကရှေးဆန်တယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အသက်နှစ်ဆယ့်တစ်နှစ်အထိ သူစကားလိုက်နာရတုန်းပဲ။ သူက ကလေးကိုအလိုလိုက်ရင်ပျက်စီးတတ်တယ်ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံးတဲ့သူပဲ။ သူ့ကို ချယ်ရီပင်ကိစ္စနားလည်အောင်ဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့အမျိုးထဲမှာ တစ်ဦးတည်းသောပထမဆုံးအထက်တန်းကျောင်းတက်နိုင်တဲ့သူလေ။ ဆရာက“ကဲ ဒါဆိုရင်တော့ မင်းပြစ်ဒဏ်ခံမှဖြစ်မယ်။ မင်းဒီနေ့ကျောင်းဆင်းပြီးနှစ်နာရီ၊ မနက်ဖြန်နှစ်နာရီနေရမယ်။ မင်းကို တစ်နာရီကိုနှစ်ဆယ့်ငါးပြားပေးမယ်။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ဒီပိုက်ဆံဟာတော်တော်များတဲ့ငွေပဲ။ မင်း […]


နည်ရဲဇော်August 15, 20111min26112
ထိုင်းနိုင်ငံ အယုဒ္ဓယမရောက်ဖူးသူများအတွက် ဓာတ်ပုံ ဆိုတဲ့ ပိုစ်မှာ ဝင်ဆွေးနွေးတာလေးတွေဖတ်မိပြီ ဒီပိုစ်လေးကိုရေးဖြစ်လိုက်ပါတယ်။ comment ထဲမှာဝင်ရေးချင်သော်လည်း ရေးရမည့်အကြောင်းအရာကများနေသည့်အတွက် သီးခြားတင်လိုက်ပါတယ်။ မြန်မာ့သမိုင်းတစ်လျောက်တွင် ဗမာမင်း တို့သည် ဗမာအချင်းချင်းလည်းစစ်တိုက်ခဲ့ကြပါသည်။ အနောက်ဖက်တွင် ရခိုင်၊ အရှေ့မြောက်တွင် ရှမ်း၊ တောင်ဖက်တွင် မွန်၊ ထိုမှလွန်၍ ထိုင်း တို့နှင့်စစ်ခင်းခဲ့ကြပါသည်။ ဗမာနှင့်ယိုးဒယား စစ်တိုက်ခဲ့သမျှကို သိသလောက်ပြောရလျှင် တောင်ငူခေတ် ဗမာနှင့်အယုဒ္ဒယခေတ် ထိုင်း စစ်ပွဲ (၇) ကြိမ်၊ ကုန်းဘောင်ခေတ်မှာ(၉) ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ်တိုက်ခဲ့ကြပါတယ်တဲ့။ အခု ဗမာအများစု ဝါးတားတားသိနေတဲ့ အယုဒ္ဒယပျက်တဲ့စစ်ပွဲဟာ ၁၇၆၅ ကနေ ၁၇၆ရ အထိနှစ်နှစ် ကြာဖြစ်ခဲ့တဲ့ ဆင်ဖြူရှင်ဘုရင်လက်ထက်ကစစ်ပွဲပါ။ ၁၇၅၉ ခုနှစ်ကဖြစ်ခဲ့တဲ့ အလောင်းဘုရား ရဲ့စစ်ပွဲအဆက်ပါပဲ။ ဦးအောင်ဇေယျ တို့ ဝါးရင်းတုတ်ကိုင်ပြီးတက်သိမ်းတယ်ဆိုတာမဟုတ်ပါ။ […]


နည်ရဲဇော်July 21, 20112min1819
မနေ့က အိမ်မှာကိုယ်တိုက်ဆပ်ပြာကုန်နေ၍ ဆပ်ပြာတစ်တုံးဝယ်လာခဲ့သည်။ ထုပ်ပိုးပုံက သပ်သပ်ရပ်ရပ်နှင့် အကုန်လုံး အင်္ဂလိပ်လိုရေးထားသည်။ အစက နိုင်ငံခြားက လာတာထင်ထားတာ သေချာဖတ်ကြည့်မှ Made in Myanmar ဆိုတာတွေ့ရတော့ နည်းနည်း ဂုဏ်ယူမိသွားသည်။ တို့နိုင်ငံလည်း မခေဘူးပေါ့။ ဒါမျိုးတွေနိုင်ငံတစ်ကာနှင့် ရင်ဘောင်တန်းထုတ်နိုင်နေပြီပဲ။ ကျွန်တော်က လည်းအကျင့်တစ်ခုရှိတာက ကုန်ပစ္စည်းကြေညာလေးများတွေ့ရင် သေသေချာချာ လိုက်ဖတ်တတ်သည်။ အဲဒီ ဆပ်ပြာရဲ့ကြော်ငြာလေး ဖတ်ကြည့်ရင်းက ဘဝင်မကျတာလေးတွေ့လာသည်။   xxx promotes good health and safe hygiene. Herbal contents prevent itchiness and skin inflammation. (ဘာဆေးဖက်ဝင်အပင်တွေလဲမသိ) Naturally formulated menthol  generates coolness and freshness all day long. […]


သေသောသူကြာလျှင်မေ့ တစ်ကယ်လား ရင်နှင့်ရင်းရတဲ့နှလုံးသားများ အစားထိုးမရ နှစ်တစ်ရာမှာ တစ်ယောက်ဖွား သူ့လိုလူရှိမလား ? သည် အချိန် သည် ရက် နှစ်စဉ် ခံစားရ ဥဩဆွဲသံမကြားရတာကြာခဲ့ပြီ။ မေ့ပစ်ခဲ့ကြပြီလား သူရဲကောင်းတစ်ယောက်ရဲ့ အရိုးသားဆုံးအိပ်မက် “ကြည်ရယ်…. ပဲပြုတ်နဲ့နံပြားစားချင်တယ်” တဲ့ . . .။ ဦးညွှတ်ကြပါစို့ ကျွန်တော်တို့ ဘယ်အထိစောင့်ရမလဲ အို ဖခင် . . . သင်လိုချင်ခဲ့တာ အမှန်တရား စစ်မှန်စွာဖြောင့်မတ်မှု တစ်ဖန်ပြန်နိုးထခဲ့ပါတော့။ မျျှော်နေမယ်. . . “အောင်ဆန်း . . .” ကျွန်တော်သားလေးမွေးတဲ့အခါ ပေးမယ် အဖေ့နံမည် အဖေ့လိုလူမျိုး မြန်မာပြည်မှာ ထွန်းကားဖို့ ကျွန်တော်တို့ ဘယ်လောက်အထိစောင့်ရမလဲ ? ဒါဟာကဗျာမဟုတ် မီးလောင်တိုက်အသွင်းခံခဲ့ရတဲ့ ကျွန်တော်တို့နှလုံးသားများ […]


နည်ရဲဇော်July 11, 20113min1414
“မိတ်ဆွေကို ကျုပ်တစ်ခုအတပ်ပြောလိုက်မယ်။ ခင်ဗျားမှာ ပြဿနာတစ်ခုရှိနေရမယ်” တနေ့က မြို့ထဲမှအပြန် လမ်းမှာတွေ့သော မိတ်ဆွေဟောင်းတစ်ဦးက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ဗေဒင်ဆရာအိုက်တင်အပြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။   ကျွန်တော်လည်း စိတ်အငေါ်တူးတူးဖြင့် “ဟုတ်ပါ့ကိုယ့်လူရာ။ ပြဿနာဆိုတာ တစ်ခုမပြောနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ဗျ။ ကျုပ်မှာနေ့တိုင်း ခေါင်းကိုပူနေတာပဲ” ဟုပြောမိ၏။ ထိုမိတ်ဆွေက အောင်နိုင်သူလေသံဖြင့် “ဒါဆိုရင်တော့ ခင်ဗျား ဦးထုပ်ခြောက်လုံးဆောင်းဖို့တော့လိုနေပြီဗျို့”။ ကျွန်တော်လည်း “ေတာ်စမ်းပါကိုယ့်လူရာ။ နဂိုကမှ ခေါင်းတွေပူနေရတဲ့အထဲ ဦးထုပ်ခြောက်လုံးမပြောနဲ့ တစ်လုံးတောင် မဆောင်းနိုင်ပါ ဘူးဗျာ။”   ထိုအခါ မိတ်ဆွေကြီးက လောကတွင်အလွန်သနားဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကို မြင်တွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဟန် ခေါင်းကိုခါယမ်းရင်း “နိုး နိုး။ တကယ့်ဦးထုပ်ကိုပြောနေတာမဟုတ်ဘူးဗျ။ ကဲဗျာ ခင်ဗျားနားလည်ေအာင် လင်းရတော့မှာပေါ့။ ဟောဟိုက လက်ဖက်ရည်ဆိုင်သွားကြရအောင်။ ကျွန်တော်တိုက်ပါ့မယ်။ “ ကျွန်တော်လည်း […]


“တရုတ်နိုင်ငံတွင် လူငယ်ပိုင်း​များ​မှာ Appleကုမ္ပဏီထုတ် iPhone တစ်လုံး​ ပိုင်ဆိုင်နိုင်ရန် အလွန်ရူး​သွပ် ေ​တာင့်​တ​နေ​လေ့​ ရှိသည်ကို မိန်း​ကလေး​ တစ်ဦး​က သက်သေပြခဲ့​သည်။ အသက် ၂ဝ ဝန်း​ကျင်သာ ရှိ​သေး​သာ တရုတ်မိန်း​ကေ​လး​ တစ်ဦး​ သည်  Weibo (တရုတ် Version ဖြစ်သည့်​ Twitter)တွင် သူမအ ​နေနှင့်​  iPhone 4 တစ်လုံး​ကို ပိုင်ဆိုင်ရန် ဆန္ဒရှိ​  နေေြ​ကာင်း​၊​ သို့ေ​သာ်လည်း​ ဝယ်ယူရန် မတတ်နိုင်သဖြင့်​ ထိုဖုန်း​ကို ဝယ်ယူေ​ပး​သူအား​ သူမ၏ အပျိုစင်ဘဝကို ေ​ပး​အပ်ရန် အသင့်ရှိေြ​ကာေ​ပြာကြား​ခဲ့​သည်။ ထိုမိန်း​က​လေး​က သူမအတွက် iPhone 4 တစ်လုံး​ ဝယ်ေ​ပး​သူ မည်သူနှင့်​မဆို တစ်ညအိပ်မည်ဟု Weibo တွင် ​ရေး​သား​ခဲ့​သည်။ ဂွမ်​ဒေါင်း​တွင်နေထိုင်ေ​သာ မိန်း​ကေ​လး​က သူမသည် […]


နည်ရဲဇော်June 25, 20111min1557
အပြာရောင် အစိမ်းရောင် အလင်းတုများမော်ကြွား တစ်ဖြတ်ဖြတ်တောက်ပ အပြုံးတုတစ်စနှစ်စ ။ ဇွန်းသံပန်းကန်သံ ငြင်းခုန်သံတွေကြား သဘာဝတရားကိုပစ်ထား . . . တစ်ကျိုက်နှစ်ကျိုက် မျိုလိုက်တဲ့သူရာ ခန္ဓာတစ်ခုလုံးပျံ့နှံ့သွားခဲ့ . . . ဟိုလူကငြင်းခုံ၊ ဒီလူကပယ်ချ ပို့စ်မော်ဒန်ဘဝ ထိုသူကပြောပြ။ ခေါင်းဆံပင်ဖြူဖြူနဲ့ယမကာစုပ်တဲ့သူ သူ့ချစ်သူမော်ဒန်မအကြောင်း မိုးလုံးပြည့် ဥပမာေတွေပေး သူလွယ်တဲ့မြန်မာလွယ်အိတ်ကလေးကိုမှ အားမနာ အဆုံးမတော့ အိမ်ရှင်မကိုပေးရမယ့်အသပြာ တစ်ဝိုင်းစာကိုရှင်း မင်း … နောက်နေ့လာခဲ့ဦးတဲ့၊ . . . နည်ရဲဇော်


နည်ရဲဇော်June 24, 20111min1186
အဖွားအိုသည်  အိမ်တွင်းတစ်နေရာဆီသို့ ဦးတည်နေသည်။  အသက်က ၇ဝ ကျော် ၈ဝ ခန့် သူမကို ကြည့်ရသည် မှာ စက္ကူအရုပ်လေးတစ်ရုပ်လိုပင်။ လေတိုက်လျှင် လွင့်ပါသွားမလားထင်ရသည်။ သူမ၏လှုပ်ရှားမှုတွေက အင်မတန်မှ  ဖြည်းညှင်းညင်သာ၏။ ခြေတစ်လှမ်းကိုသတိဖြင့် ကြွလှမ်းပြီး ပြန်ချ၊ နောက်တစ်လှမ်း လှမ်းဖို့  ကျန်ခြေတစ်ဖက်ကို အားယူကာမတင်၊  လဲသွားမှာစိုးသဖြင့် နံရံကိုကိုင်ထားသောလက်ကလေးက  အရေပြားဖုံး ထားသည့် အရိုးသွယ်သွယ်ကလေးမျှသာ။   အလင်းရောင်ကောင်းစွာမရသည့် အခန်းလေးသည် ညဖက်လျှောက်ရသည့် ခရီးလမ်းတစ်ခုလိုပင်။ မျက်လုံးတွေမှုန်နေသဖြင့်  တစ်ခါတစ်ခါနံရံကိုသွားပြီး မျက်နှာမူမိ သည်။  သူမသွားချင်သည်မှာ ရေအိမ်ရှိရာသို့ဖြစ်သည်။ ကျွန်တော့်မှာ သူမကိုကြည့်ပြီး ဒီနေ့အဖို့ လိုရာ ကိုမှ ရောက်နိုင်ပါဦးမလားဟု ပင့်သက်မောရင်း မိမိထိုင်နေသည့် ဧည့်ခန်းအတွင်း တီဗွီ ရှေ့မှာ ဂိမ်းထိုင်ကစားနေသည့်  သူမ၏မြေးကလေးထံ အကြည့်ရောက်နေသည်။  အဖွားအိုက သူသွားချင်သည့်နေရာ […]